ရွှေဘို-ကန့်ဘလူ ကုန်ကားပြေးဆွဲမှုကို အကြမ်းဖက်များ ပိတ်ထားသဖြင့် ဒေသခံများ စားဝတ်နေရေး ခက်ခဲနေ

433

Pearl (NP News) - သြဂုတ် ၂၅
အကြမ်းဖက်အဖွဲ့က ရွှေဘိုမှ ကန့်ဘလူသို့ ကုန်ကားပြေးဆွဲမှုပိတ်ထားသည့်အတွက် ဒေသခံ များ စားဝတ်နေရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နှင့် ကန့်ဘလူမြို့ကိုဆက်သွယ်ထားသည့် ရွှေဘို- ကန့်ဘလူ ကားလမ်းမတွင် PDF အဖွဲ့ကြီးစိုးနေပြီး ဒေသခံများအပါအဝင် ကုန်ကားများနှင့် ခရီးသည် တင်ကားများ ကို လမ်းအသုံးပြုခွင့် ပိတ်ထားသည်မှာ (၁)လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
“ကန့်ဘလူ - ကျွန်းလှကနေပြီးတော့မှ ရွှေဘိုကိုသွားလို့မရဘူး။ PDF တွေပိတ်ထားပါတယ်။ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေးနဲ့လည်း သွားလာလို့မရဘူးဖြစ်နေတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ သွားလာရင်တောင် သူတို့က တုတ်တွေနဲ့ ရိုက်တာဆိုတော့ ပြန်လှည့်လာရပါတယ်။ သူတို့ပိတ်ထားတာ လည်း တစ်လကျော်ခဲ့ပြီ။ ပြည်သူတွေလည်း စားဝတ်နေရေး တော်တော်ခက်ခဲနေပြီ။ သူတို့က ရိုက်တာ ဆိုတော့ ဘယ်သူမှမသွားရဲဘူးဖြစ်နေပါတယ်။ ဒေသခံတွေက ရှိတဲ့ဆရာဝန်နဲ့ ဆေးရုံနဲ့တော့ ကုသနေ ကြတာတော့ ရှိတယ်။ နည်းနည်းဆိုးဆိုးရွား ရွားဆိုရင် ရွှေဘို ၊ မန္တလေးသွားဖို့ဆိုရင် ခက်ခဲနေပါတယ်။ လမ်းမပိတ်ခင်ကရောက်ထားတဲ့ ကုန်စုံဆိုင်လေးတွေမှာရှိတဲ့ဟာလေးနဲ့ စားသောက်နေကြတယ်။ လော လောဆယ် ကုန်စုံဆိုင်တွေကလည်း ကုန်ဈေးနှုန်းတွေကကြီးလာတယ်။ လမ်းက ဖြတ်တောက်ထား တော့ ကုန်တွေပြတ်နေတာတွေလည်းရှိတယ်။ ကန့်ဘလူနဲ့ကျွန်းလှက ဒေသခံတွေတော်တော် များများ ဒုက္ခဖြစ်နေရတယ်” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ကျန်းမာရေးအတွက်ပင်လျှင် အဆိုပါလမ်းပိုင်းကို အသုံးပြု၍မရသည့်အတွက် ဒေသခံများ အနေ ဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရကာ စားသုံးဆီများနှင့် အခြားကုန်ခြောက်ပစ္စည်းများ အပြင် မော် တော်ယာဉ်သုံးဆီ ပြတ်လပ်လုနီးပါး ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
အကြမ်းဖက်အဖွဲ့များ ပိုက်ဆံကောက်ကာ အသုံးပြုခိုင်းထားသည့်လမ်းပိုင်းသည်လည်း လမ်း ဆိုးသည့်အတွက် ကားများကိုထွန်စက်များဖြင့် ဆွဲကာသွားလာရပြီး ထွန်စက်ဆွဲခအဖြစ် (၃)သိန်းမှ (၅) သိန်းအထိ ပေးဆောင်နေရကြောင်းလည်း သိရသည်။ “ရွှေဘိုကနေ မြစ်ကြီးနားသွားတဲ့ ကား တွေဆို ရင် ခင်ဦးမြို့နယ် သီတာကွင်းစားသောက်ဆိုင်နားမှာ အထိုင်ချပြီးမှ သူတို့က တပ်မတော်နဲ့ပြည်သူ့စစ် စိုးမိုး အထိုင်ချထားတဲ့ နေရာကိုမသွားခိုင်းဘဲ ကားတွေကို ဇီးကုန်း/မလယ်လမ်းဆုံ-မြေမွန်ရွာ-ပဇီလေး ရွာ-သီရိမွန်ရွာ-လက်ပံကျွန်းရွာ-မှန်နီ ပင်ရွာ။ အဲဒီလို ဖြတ်ခိုင်းတာ။ ကန့်ဘလူနယ် လမ်းမကြီးကို ကွင်းသွား ခိုင်းတာပါ။ ကွင်းခိုင်းတဲ့လမ်းက အရမ်းဆိုးတယ်။ ကားဗွက်နစ်ရင် ထွန်စက်ဆွဲခပေးပြီး ဆွဲရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေ႐ႊဘို-ကန႔္ဘလူ ကုန္ကားေျပးဆြဲမႈကို အၾကမ္းဖက္မ်ား ပိတ္ထားသျဖင့္ ေဒသခံမ်ား စားဝတ္ေနေရး ခက္ခဲေန
Pearl (NP News) - ၾသဂုတ္ ၂၅
အၾကမ္းဖက္အဖြဲ႕က ေ႐ႊဘိုမွ ကန႔္ဘလူသို႔ ကုန္ကားေျပးဆြဲမႈပိတ္ထားသည့္အတြက္ ေဒသခံ မ်ား စားဝတ္ေနေရးခက္ခဲေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုၿမိဳ႕ႏွင့္ ကန႔္ဘလူၿမိဳ႕ကိုဆက္သြယ္ထားသည့္ ေ႐ႊဘို- ကန႔္ဘလူ ကားလမ္းမတြင္ PDF အဖြဲ႕ႀကီးစိုးေနၿပီး ေဒသခံမ်ားအပါအဝင္ ကုန္ကားမ်ားႏွင့္ ခရီးသည္ တင္ကားမ်ား ကို လမ္းအသုံးျပဳခြင့္ ပိတ္ထားသည္မွာ (၁)လေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“ကန႔္ဘလူ - ကြၽန္းလွကေနၿပီးေတာ့မွ ေ႐ႊဘိုကိုသြားလို႔မရဘူး။ PDF ေတြပိတ္ထားပါတယ္။ စီးပြားေရး ၊ လူမႈေရး ၊ က်န္းမာေရးနဲ႔လည္း သြားလာလို႔မရဘူးျဖစ္ေနတယ္။ က်န္းမာေရးနဲ႔ ပတ္သက္လို႔ သြားလာရင္ေတာင္ သူတို႔က တုတ္ေတြနဲ႔ ႐ိုက္တာဆိုေတာ့ ျပန္လွည့္လာရပါတယ္။ သူတို႔ပိတ္ထားတာ လည္း တစ္လေက်ာ္ခဲ့ၿပီ။ ျပည္သူေတြလည္း စားဝတ္ေနေရး ေတာ္ေတာ္ခက္ခဲေနၿပီ။ သူတို႔က ႐ိုက္တာ ဆိုေတာ့ ဘယ္သူမွမသြားရဲဘူးျဖစ္ေနပါတယ္။ ေဒသခံေတြက ရွိတဲ့ဆရာဝန္နဲ႔ ေဆး႐ုံနဲ႔ေတာ့ ကုသေန ၾကတာေတာ့ ရွိတယ္။ နည္းနည္းဆိုးဆိုး႐ြား ႐ြားဆိုရင္ ေ႐ႊဘို ၊ မႏၲေလးသြားဖို႔ဆိုရင္ ခက္ခဲေနပါတယ္။ လမ္းမပိတ္ခင္ကေရာက္ထားတဲ့ ကုန္စုံဆိုင္ေလးေတြမွာရွိတဲ့ဟာေလးနဲ႔ စားေသာက္ေနၾကတယ္။ ေလာ ေလာဆယ္ ကုန္စုံဆိုင္ေတြကလည္း ကုန္ေဈးႏႈန္းေတြကႀကီးလာတယ္။ လမ္းက ျဖတ္ေတာက္ထား ေတာ့ ကုန္ေတြျပတ္ေနတာေတြလည္းရွိတယ္။ ကန႔္ဘလူနဲ႔ကြၽန္းလွက ေဒသခံေတြေတာ္ေတာ္ မ်ားမ်ား ဒုကၡျဖစ္ေနရတယ္” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
က်န္းမာေရးအတြက္ပင္လွ်င္ အဆိုပါလမ္းပိုင္းကို အသုံးျပဳ၍မရသည့္အတြက္ ေဒသခံမ်ား အေန ျဖင့္ အခက္အခဲမ်ားစြာ ရင္ဆိုင္ေနရကာ စားသုံးဆီမ်ားႏွင့္ အျခားကုန္ေျခာက္ပစၥည္းမ်ား အျပင္ ေမာ္ ေတာ္ယာဥ္သုံးဆီ ျပတ္လပ္လုနီးပါး ရင္ဆိုင္ေနရေၾကာင္းလည္း သိရသည္။
အၾကမ္းဖက္အဖြဲ႕မ်ား ပိုက္ဆံေကာက္ကာ အသုံးျပဳခိုင္းထားသည့္လမ္းပိုင္းသည္လည္း လမ္း ဆိုးသည့္အတြက္ ကားမ်ားကိုထြန္စက္မ်ားျဖင့္ ဆြဲကာသြားလာရၿပီး ထြန္စက္ဆြဲခအျဖစ္ (၃)သိန္းမွ (၅) သိန္းအထိ ေပးေဆာင္ေနရေၾကာင္းလည္း သိရသည္။ “ေ႐ႊဘိုကေန ျမစ္ႀကီးနားသြားတဲ့ ကား ေတြဆို ရင္ ခင္ဦးၿမိဳ႕နယ္ သီတာကြင္းစားေသာက္ဆိုင္နားမွာ အထိုင္ခ်ၿပီးမွ သူတို႔က တပ္မေတာ္နဲ႔ျပည္သူ႔စစ္ စိုးမိုး အထိုင္ခ်ထားတဲ့ ေနရာကိုမသြားခိုင္းဘဲ ကားေတြကို ဇီးကုန္း/မလယ္လမ္းဆုံ-ေျမမြန္႐ြာ-ပဇီေလး ႐ြာ-သီရိမြန္႐ြာ-လက္ပံကြၽန္း႐ြာ-မွန္နီ ပင္႐ြာ။ အဲဒီလို ျဖတ္ခိုင္းတာ။ ကန႔္ဘလူနယ္ လမ္းမႀကီးကို ကြင္းသြား ခိုင္းတာပါ။ ကြင္းခိုင္းတဲ့လမ္းက အရမ္းဆိုးတယ္။ ကားဗြက္နစ္ရင္ ထြန္စက္ဆြဲခေပးၿပီး ဆြဲရတယ္” ဟု ၎က ဆက္လက္ေျပာသည္။