ရုရှားနဲ့တရုတ်တို့က နျူကလီးယားစမ်းသပ်မှုတွေကို တိတ်တဆိတ်လုပ်ဆောင်နေတယ်လို့ ဒေါ်နယ်ထရမ့် စွပ်စွဲပြောဆို

 178

Pika (NP News) - နိုဝင်ဘာ ၅

ရုရှားနဲ့တရုတ်တို့အပါအဝင် အခြားနိုင်ငံအများအပြားဟာ အများပြည်သူမသိတဲ့ မြေအောက်နျူကလီးယား စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်လည်း အဲဒီလိုမျိုးမြေအောက်နျူကလီးယားစမ်းသပ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ရုရှားကလည်း မြေအောက်နျူကလီးယားစမ်းသပ်မှုတွေကို လုပ်ဆောင်နေပါတယ်။ တရုတ်က လည်း မြေအောက်နျူကလီးယားစမ်းသပ်မှုတွေကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အဲ့ဒီအကြောင်းတွေကိုတော့ ရုရှားနဲ့ တရုတ်တို့က ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ကြပါဘူး။ အမေရိကန်က မြေအောက်နျူကလီးယားစမ်းသပ်မှု တွေ မလုပ်ဆောင်တဲ့နိုင်ငံဖြစ်သွားမှာကို ကျွန်တော်မလိုလားပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားနဲ့ ပါကစ္စတန်တို့ကလည်း ၎င်းတို့ရဲ့နျူကလီးယားလက်နက်တိုက်တွေကို စမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံစွပ်စွဲပြောဆိုခဲ့ပါတယ်။ နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည် Burevestnik နဲ့ နျူကလီးယားစွမ်းအင်သုံးရေအောက်သုံးဒရုန်းတစ်စင်းကို စမ်းသပ်ခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Verion:
႐ုရွားနဲ႔တ႐ုတ္တို႔က န်ဴကလီးယားစမ္းသပ္မႈေတြကို တိတ္တဆိတ္လုပ္ေဆာင္ေနတယ္လို႔ ေဒၚနယ္ထရမ့္ စြပ္စြဲေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၅
႐ုရွားနဲ႔တ႐ုတ္တို႔အပါအဝင္ အျခားႏိုင္ငံအမ်ားအျပားဟာ အမ်ားျပည္သူမသိတဲ့ ေျမေအာက္န်ဴကလီးယား စမ္းသပ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္လည္း အဲဒီလိုမ်ိဳးေျမေအာက္န်ဴကလီးယားစမ္းသပ္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “႐ုရွားကလည္း ေျမေအာက္န်ဴကလီးယားစမ္းသပ္မႈေတြကို လုပ္ေဆာင္ေနပါတယ္။ တ႐ုတ္က လည္း ေျမေအာက္န်ဴကလီးယားစမ္းသပ္မႈေတြကို လုပ္ေဆာင္ေနပါတယ္။ ဒါေပမယ့္ အဲ့ဒီအေၾကာင္းေတြကိုေတာ့ ႐ုရွားနဲ႔ တ႐ုတ္တို႔က ထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိခဲ့ၾကပါဘူး။ အေမရိကန္က ေျမေအာက္န်ဴကလီးယားစမ္းသပ္မႈ ေတြ မလုပ္ေဆာင္တဲ့ႏိုင္ငံျဖစ္သြားမွာကို ကြၽန္ေတာ္မလိုလားပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားနဲ႔ ပါကစၥတန္တို႔ကလည္း ၎တို႔ရဲ႕န်ဴကလီးယားလက္နက္တိုက္ေတြကို စမ္းသပ္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒၚနယ္ထရမ့္က ထပ္မံစြပ္စြဲေျပာဆိုခဲ့ပါတယ္။ န်ဴကလီးယားစြမ္းအင္သုံး ခ႐ုဇ္ဒုံးက်ည္ Burevestnik နဲ႔ န်ဴကလီးယားစြမ္းအင္သုံးေရေအာက္သုံးဒ႐ုန္းတစ္စင္းကို စမ္းသပ္ခဲ့တယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.