အစ္စလာမ်ဘာသာရေးကို ပုတ်ခတ်ပြောဆိုခဲ့တဲ့ သီရိလင်္ကာနိုင်ငံသား စက်ရုံမန်နေဂျာ အသတ်ခံရမှုမှာ ပါကစ္စတန်နိုင်ငံသား ရာချီ ဖမ်းဆီးခံရ

1000

ဂျန်ဇက်(NP News) - ဒီဇင်ဘာ ၅
အစ္စလာမ်ဘာသာရေး ကို ပုတ်ခတ်ပြောဆိုမိခဲ့တဲ့ သီရိလင်္ကာနိုင်ငံသား စက်ရုံမန်နေဂျာကို ပါကစ္စတန်လူအုပ်စုက ရိုက်နှက်သတ်ဖြတ် မီးရှို့မှုဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်ရဲတပ်ဖွဲ့ ဟာ နိုင်ငံအတွင်းရှိ လူပေါင်း(၁၂၀) ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ(၃) ရက်၊ သောကြာနေ့ကဖြစ်ခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုဟာ လူအများအပြားကိုဒေါသထွက်စရာဖြစ်စေခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အီရန်ခမ်းက ပါကစ္စတန်နိုင်ငံအတွက် ရှက်စရာ ကောင်းတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်ဘတ်မြို့ကနေ (၂၀၀) ကီလိုမီတာအကွာရှိ ပန်ဂျပ်ပြည်နယ် Sialkot မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သီရိလင်္ကာနိုင်ငံသားဟာ အစ္စလာမ်ဘာသာရေးကို ပုတ်ခတ်ပြောဆိုမှုတွေလုပ်ခဲ့တဲ့အတွက် ပါကစ္စတန်နိုင်ငံသားလူအုပ်စုက သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်ဘာသာကိုးကွယ်သူအများစုရှိတာဖြစ်ပြီး အစ္စလာမ်ဘာသာရေးကို တိုက်ခိုက်မှုတွေဖြစ်ခဲ့တာတွေနဲ့ပတ်သက်ရင် ဆန္ဒပြမှုတွေ၊ လှုံဆော်မှုတွေ မကြာခဏဖြစ်လေ့ရှိနေပါတယ်။
ပါကစ္စတန်ရဲတပ်ဖွဲ့က သီရိလင်္ကာနိုင်ငံသား စက်ရုံမန်နေဂျာဟာ ဘာသာရေးကိုပုတ်ခတ် စော်ကားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လူအုပ်စုလိုက် သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Zulfiqar Ali "စက်ရုံအတွင်း စက်ရုံမန်နေဂျာရဲ့ ဘာသာရေးကို ပုတ်ခတ် ကောလဟာလသတင်းတွေ ပျံ့နှံ့ခဲ့တယ်။ စက်ရုံမန်နေဂျာဟာ ဘာသာရေး ပိုစတာတွေကို အမှိုက်ပုံးထဲထည့်ခဲ့တယ်လို့ သတင်းတွေလည်းထွက်ပေါ်ခဲ့တယ်" လို့ပြောပါတယ်။
ပါကစ္စတန်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Khurram Shehzad က အဓိက စွပ်စွဲခံရသူတစ်ဦးအပါအဝင် လူပေါင်း (၁၂ဝ) ကျော်ဖမ်းဆီးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ " ရဲတပ်ဖွဲ့ဟာ စက်ရုံမန်နေဂျာ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးနေတယ်။ စက်ရုံအလုပ်သမားအချို့ဟာ ဘာသာရေးကို ပုတ်ခတ်စော်ကားခဲ့တဲ့မန်နေဂျာကို လက်စားချေဖို့ ဘာသာရေးဆိုင်ရာ ကဒ်တွေကတဆင့် ဆက်သွယ်လုပ်ဆောင်ခဲ့တယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
အစၥလာမ္ဘာသာေရးကို ပုတ္ခတ္ေျပာဆိုခဲ့တဲ့ သီရိလကၤာႏိုင္ငံသား စက္႐ုံမန္ေနဂ်ာ အသတ္ခံရမႈမွာ ပါကစၥတန္ႏိုင္ငံသား ရာခ်ီ ဖမ္းဆီးခံရ
ဂ်န္ဇက္(NP News) - ဒီဇင္ဘာ ၅
အစၥလာမ္ဘာသာေရး ကို ပုတ္ခတ္ေျပာဆိုမိခဲ့တဲ့ သီရိလကၤာႏိုင္ငံသား စက္႐ုံမန္ေနဂ်ာကို ပါကစၥတန္လူအုပ္စုက ႐ိုက္ႏွက္သတ္ျဖတ္ မီးရႈိ႕မႈျဖစ္ပြားခဲ့ၿပီးေနာက္ ပါကစၥတန္ရဲတပ္ဖြဲ႕ ဟာ ႏိုင္ငံအတြင္းရွိ လူေပါင္း(၁၂၀) ေက်ာ္ကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
ဒီဇင္ဘာလ(၃) ရက္၊ ေသာၾကာေန႔ကျဖစ္ခဲ့တဲ့ အဆိုပါတိုက္ခိုက္မႈဟာ လူအမ်ားအျပားကိုေဒါသထြက္စရာျဖစ္ေစခဲ့ၿပီး ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အီရန္ခမ္းက ပါကစၥတန္ႏိုင္ငံအတြက္ ရွက္စရာ ေကာင္းတဲ့ ေန႔တစ္ေန႔ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါတိုက္ခိုက္မႈဟာ ပါကစၥတန္ႏိုင္ငံ ၿမိဳ႕ေတာ္ အစၥလာမ္ဘတ္ၿမိဳ႕ကေန (၂၀၀) ကီလိုမီတာအကြာရွိ ပန္ဂ်ပ္ျပည္နယ္ Sialkot ၿမိဳ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး သီရိလကၤာႏိုင္ငံသားဟာ အစၥလာမ္ဘာသာေရးကို ပုတ္ခတ္ေျပာဆိုမႈေတြလုပ္ခဲ့တဲ့အတြက္ ပါကစၥတန္ႏိုင္ငံသားလူအုပ္စုက သတ္ျဖတ္ခဲ့တာျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ ပါကစၥတန္ႏိုင္ငံမွာ အစၥလာမ္ဘာသာကိုးကြယ္သူအမ်ားစုရွိတာျဖစ္ၿပီး အစၥလာမ္ဘာသာေရးကို တိုက္ခိုက္မႈေတြျဖစ္ခဲ့တာေတြနဲ႔ပတ္သက္ရင္ ဆႏၵျပမႈေတြ၊ လႈံေဆာ္မႈေတြ မၾကာခဏျဖစ္ေလ့ရွိေနပါတယ္။
ပါကစၥတန္ရဲတပ္ဖြဲ႕က သီရိလကၤာႏိုင္ငံသား စက္႐ုံမန္ေနဂ်ာဟာ ဘာသာေရးကိုပုတ္ခတ္ ေစာ္ကားတယ္လို႔ သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ လူအုပ္စုလိုက္ သတ္ျဖတ္ခံရတာျဖစ္တယ္လို႔ ဆိုပါတယ္။ ပါကစၥတန္ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Zulfiqar Ali "စက္႐ုံအတြင္း စက္႐ုံမန္ေနဂ်ာရဲ႕ ဘာသာေရးကို ပုတ္ခတ္ ေကာလဟာလသတင္းေတြ ပ်ံ႕ႏွံ႕ခဲ့တယ္။ စက္႐ုံမန္ေနဂ်ာဟာ ဘာသာေရး ပိုစတာေတြကို အမႈိက္ပုံးထဲထည့္ခဲ့တယ္လို႔ သတင္းေတြလည္းထြက္ေပၚခဲ့တယ္" လို႔ေျပာပါတယ္။
ပါကစၥတန္ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Khurram Shehzad က အဓိက စြပ္စြဲခံရသူတစ္ဦးအပါအဝင္ လူေပါင္း (၁၂ဝ) ေက်ာ္ဖမ္းဆီးထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။ " ရဲတပ္ဖြဲ႕ဟာ စက္႐ုံမန္ေနဂ်ာ အသတ္ခံရမႈနဲ႔ပတ္သက္ၿပီး ေထာင့္ေပါင္းစုံကေန စုံစမ္းစစ္ေဆးေနတယ္။ စက္႐ုံအလုပ္သမားအခ်ိဳ႕ဟာ ဘာသာေရးကို ပုတ္ခတ္ေစာ္ကားခဲ့တဲ့မန္ေနဂ်ာကို လက္စားေခ်ဖို႔ ဘာသာေရးဆိုင္ရာ ကဒ္ေတြကတဆင့္ ဆက္သြယ္လုပ္ေဆာင္ခဲ့တယ္" လို႔ ၎က ေျပာၾကားခဲ့ပါတယ္။