မြန်မာအမျိုးသမီးကို(၁၃)နှစ်ကျော်ကြာအောင် အိမ်ထဲပိတ်လှောင်ပြီး အတင်းအဓမ္မ နှိပ်စက်ဖိအားပေး အလုပ်ခိုင်းစေမှုဖြစ်စဉ် ထိုင်းမှာ စုံစမ်းပေါ်ပေါက်

2390

မိုးတိမ် (NP News) - ဒီဇင်ဘာ ၅
မြန်မာအမျိုးသမီးတစ်ဦးကို(၁၃)နှစ်ကြာအောင် နေအိမ်ထဲမှာပိတ်လှောင်ပြီး အဓမ္မလုပ်အားပေးခိုင်းစေခဲ့တဲ့ ဖြစ်စဉ်ကို ထိုင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကိုတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ ဘယ်ဒေသကနေ ဘယ်လိုမျိုးလာရောက်ခဲ့တာဖြစ်ကြောင်းကို ထိုင်းအထူးစုံစမ်းရေးဌာန(DSI)က အတည်ပြုဖို့ ငြင်းဆိုထားပေမယ့် ဒီဇင်ဘာ(၅)ရက်မှာ ကယ်တင်နိုင်တာဖြစ်ကြောင်းကိုတော့ ထိုင်းမီဒီယာတွေကို အတည်ပြုပြောကြားခဲ့ပါတယ်။ ထိုင်းအထူးစုံစမ်းထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ထရိုင်ရစ် တီမာဟီဝန်က မီဒီယာတွေကို ဒီဇင်ဘာ(၅)ရက်မှာ အတည်ပြုထားချက်အရ အသက်(၂၆)နှစ်အရွယ် မြန်မာအမျိုးသမီးကို ဘန်ကောက်မြို့ ဆွမ်လောင်ခရိုင်၊ ပါကာမတ်စ်အိမ်ရာထဲက အိမ်အမှတ်(၁၁)မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးဟာ အတင်းအဓမ္မလူကုန်ကူးခံရပြီးတဲ့နောက် နေအိမ်ထဲမှာ(၁၃)နှစ်ကျော်ကြာအောင် အတင်းအဓမ္မဖိအားပေးအလုပ်ခိုင်းခံနေရတာဖြစ်နိုင်တယ်လို့ အလုပ်သမားအခွင့်အရေးကွန်ရက်ဘက်ကနေ DSI ကို ဆက်သွယ်သတင်းပို့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ DSI ရဲ့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအက်ဥပဒေ ပုဒ်မ ၂၇(၄)အရ ထိုင်းမိသားစုရှိရာနေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေပြီးတော့ မြန်မာအမျိုးသမီးကို ကယ်တင်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ စိတ်ချရတဲ့နေရာတစ်ခုမှာ ထားရှိတယ်လို့ဆိုပါတယ်။ မြန်မာအမျိုးသမီးဟာ အားမရှိသလိုမျိုး မောဟိုက်ပင်ပန်းနေပုံရသလို ထိတ်လန့်ကြောက်ရွံ့နေပုံရကြောင်း၊ အလုပ်ခိုင်းစေခံရမှုမှာလည်း လစာရရှိခြင်းမရှိဘဲ ဖိအားပေးရိုက်နှက်ခိုင်းစေခံထားရပုံရကြောင်း အရာရှိက အတည်ပြုပြောကြားပါတယ်။ ဘယ်လောက်အထိ ဆိုးဝါးတဲ့အခြေအနေလို့ ထောက်ပြထားသလဲဆိုရင် မြန်မာအမျိုးသမီးဟာ အဲဒီအိမ်ကို ဘယ်နှစ်ခုက ရောက်ရှိခဲ့ပြီးတော့ ဘယ်နှစ်ခုကိုရောက်နေပြီဆိုတာကိုတောင် သေသေချာချာ သိပုံမရဘဲ အရာရာကို အကြောက်တရားနဲ့ စိုးထိတ်နေတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ထိုင်းအရာရှိက ပြောပါတယ်။
လောလောဆယ်မှာတော့ ထိုင်းအထူးစုံစမ်းရေးအဖွဲ့တွေက မြန်မာအမျိုးသမီးအပေါ်(၁၃)နှစ်ကျော်ကြာအောင် အတင်းအဓမ္မဖိအားပေးခိုင်းစေမှုလုပ်ခဲ့တဲ့ဖြစ်စဉ်အပေါ် ဘယ်သူတွေကကျုးလွန်တာလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သလို မြန်မာအမျိုးသမီးကိုလည်း စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးလုပ်သွားဖို့အတွက် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ထိုင်းဘက်က ဖော်ပြချက်အရ(၁၃)နှစ်ကျော်ကြာသည်အထိ အိမ်ထဲမှာ ပိတ်လှောင်ပြီး အတင်းအဓမ္မခိုင်းစေခံထားရတဲ့ မြန်မာအမျိုးသမီးဟာ လက်ရှိအချိန်မှာ(၂၆)နှစ်ရှိပြီဖြစ်တဲ့အတွက် အသက်(၁၃)နှစ်လောက်ကတည်း လူကုန်ကူးခံထားရပုံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ထဲက ဘယ်မိသားစုဝင်တွေရဲ့ပျောက်ဆုံးနေတဲ့ သမီးဖြစ်မလဲဆိုတာက နောက်ဆက်တွဲစောင့်ကြည့်ရမယ့် သတင်းအချက်အလက်ဖြစ်လာပါတယ်။
Zawgyi Version
ျမန္မာအမ်ဳိးသမီးကုိ(၁၃)ႏွစ္ေက်ာ္ၾကာေအာင္ အိမ္ထဲပိတ္ေလွာင္ျပီးအတင္းအဓမၼႏွိပ္စက္ဖိအားေပး အလုပ္ခုိင္းေစမႈျဖစ္စဥ္ ထုိင္းမွာ စုံစမ္းေပၚေပါက္
မုိးတိမ္ (NP News) - ဒီဇင္ဘာ ၅
ျမန္မာအမ်ဳိးသမီးတစ္ဦးကုိ(၁၃)ႏွစ္ၾကာေအာင္ ေနအိမ္ထဲမွာပိတ္ေလွာင္ျပီး အဓမၼလုပ္အားေပးခုိင္းေစခဲ့တဲ့ ျဖစ္စဥ္ကုိ ထုိင္းစုံစမ္းေထာက္လွမ္းေရးအဖြဲ႔ေတြက ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့ျပီျဖစ္တယ္လုိ႔ သိရပါတယ္။
အသက္(၂၆)ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ျမန္မာအမ်ဳိးသမီးကုိေတာ့ ဘယ္သူဘယ္၀ါျဖစ္ေၾကာင္းနဲ႔ ဘယ္ေဒသကေန ဘယ္လုိမ်ဳိးလာေရာက္ခဲ့တာျဖစ္ေၾကာင္းကုိ ထုိင္းအထူးစုံစမ္းေရးဌာန(DSI)က အတည္ျပဳဖုိ႔ ျငင္းဆုိထားေပမယ့္ ဒီဇင္ဘာ(၅)ရက္မွာ ကယ္တင္ႏုိင္တာျဖစ္ေၾကာင္းကုိေတာ့ ထုိင္းမီဒီယာေတြကုိ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ထုိင္းအထူးစုံစမ္းေထာက္လွမ္းေရးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ထရုိင္ရစ္ တီမာဟီ၀န္က မီဒီယာေတြကုိ ဒီဇင္ဘာ(၅)ရက္မွာ အတည္ျပဳထားခ်က္အရ အသက္(၂၆)ႏွစ္အရြယ္ ျမန္မာအမ်ဳိးသမီးကုိ ဘန္ေကာက္ျမိဳ႕ ဆြမ္ေလာင္ခရုိင္၊ ပါကာမတ္စ္အိမ္ရာထဲက အိမ္အမွတ္(၁၁)မွာ ရွာေဖြေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ျမန္မာအမ်ဳိးသမီးဟာ အတင္းအဓမၼလူကုန္ကူးခံရျပီးတဲ့ေနာက္ ေနအိမ္ထဲမွာ(၁၃)ႏွစ္ေက်ာ္ၾကာေအာင္ အတင္းအဓမၼဖိအားေပးအလုပ္ခုိင္းခံေနရတာျဖစ္ႏုိင္တယ္လုိ႔ အလုပ္သမားအခြင့္အေရးကြန္ရက္ဘက္ကေန DSI ကုိ ဆက္သြယ္သတင္းပုိ႔ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ DSI ရဲ႕လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးအက္ဥပေဒ ပုဒ္မ ၂၇(၄)အရ ထုိင္းမိသားစုရွိရာေနအိမ္ကုိ ၀င္ေရာက္စီးနင္းရွာေဖြျပီးေတာ့ ျမန္မာအမ်ဳိးသမီးကို ကယ္တင္ခဲ့တာျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ စိတ္ခ်ရတဲ့ေနရာတစ္ခုမွာ ထားရွိတယ္လုိ႔ဆုိပါတယ္။ ျမန္မာအမ်ဳိးသမီးဟာ အားမရွိသလုိမ်ဳိး ေမာဟုိက္ပင္ပန္းေနပုံရသလုိ ထိတ္လန္႔ေၾကာက္ရြံ႕ေနပုံရေၾကာင္း၊ အလုပ္ခုိင္းေစခံရမႈမွာလည္း လစာရရွိျခင္းမရွိဘဲ ဖိအားေပးရုိက္ႏွက္ခုိင္းေစခံထားရပုံရေၾကာင္း အရာရွိက အတည္ျပဳေျပာၾကားပါတယ္။ ဘယ္ေလာက္အထိ ဆုိး၀ါးတဲ့အေျခအေနလုိ႔ ေထာက္ျပထားသလဲဆုိရင္ ျမန္မာအမ်ဳိးသမီးဟာ အဲဒီအိမ္ကုိ ဘယ္ႏွစ္ခုက ေရာက္ရွိခဲ့ျပီးေတာ့ ဘယ္ႏွစ္ခုကုိေရာက္ေနျပီဆုိတာကုိေတာင္ ေသေသခ်ာခ်ာ သိပုံမရဘဲ အရာရာကို အေၾကာက္တရားနဲ႔ စုိးထိတ္ေနတဲ့ပုံစံမ်ဳိး ျဖစ္ေနတယ္လုိ႔ ထုိင္းအရာရွိက ေျပာပါတယ္။
ေလာေလာဆယ္မွာေတာ့ ထုိင္းအထူးစုံစမ္းေရးအဖြဲ႔ေတြက ျမန္မာအမ်ဳိးသမီးအေပၚ(၁၃)ႏွစ္ေက်ာ္ၾကာေအာင္ အတင္းအဓမၼဖိအားေပးခုိင္းေစမႈလုပ္ခဲ့တဲ့ျဖစ္စဥ္အေပၚ ဘယ္သူေတြကက်ဳးလြန္တာလဲဆုိတဲ့ အေသးစိတ္အခ်က္အလက္ကုိ ဆက္လက္စုံစမ္းေနဆဲျဖစ္သလုိ ျမန္မာအမ်ဳိးသမီးကုိလည္း စိတ္ပုိင္းဆုိင္ရာျပန္လည္ထူေထာင္ေရးလုပ္သြားဖုိ႔အတြက္ စီစဥ္ေပးထားတယ္လုိ႔ သိရပါတယ္။ ထုိင္းဘက္က ေဖာ္ျပခ်က္အရ(၁၃)ႏွစ္ေက်ာ္ၾကာသည္အထိ အိမ္ထဲမွာ ပိတ္ေလွာင္ျပီး အတင္းအဓမၼခုိင္းေစခံထားရတဲ့ ျမန္မာအမ်ဳိးသမီးဟာ လက္ရွိအခ်ိန္မွာ(၂၆)ႏွစ္ရွိျပီျဖစ္တဲ့အတြက္ အသက္(၁၃)ႏွစ္ေလာက္ကတည္း လူကုန္ကူးခံထားရပုံရတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါ့အျပင္ ျမန္မာျပည္ထဲက ဘယ္မိသားစု၀င္ေတြရဲ႕ေပ်ာက္ဆုံးေနတဲ့ သမီးျဖစ္မလဲဆုိတာက ေနာက္ဆက္တြဲေစာင့္ၾကည့္ရမယ့္ သတင္းအခ်က္အလက္ျဖစ္လာပါတယ္။