ရန်ကုန်တွင် လမ်းဘေးခွေး အန္တရာယ်ကို ထိရောက်စွာ ကိုင်တွယ်ရန်လိုအပ်နေ

677

သက်ပိုင် (NP News) - ဇူလိုင် ၁၆
ရန်ကုန်မြို့တွင်းမှ လမ်းဘေးခွေးများ တိုးပွားလာနေမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ထိရောက်စွာကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ဒေသခံများက NP News သို့ ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့လမ်းမများပေါ်၌ လမ်းဘေးခွေးများ တစ်စထက်တစ်စ များပြားလာနေပြီး လမ်းသွားလမ်းလာပြည်သူများအပေါ် အန္တရာယ် ပြုမှုမှာလည်း ပိုများလာနေကြောင်း ဒေသခံများက ဆိုသည်။ “သူတို့က လမ်းထိပ်မှာ အုပ်လိုက်ကြီး ညဘက်ဖြစ်ဖြစ်၊ မနက်ပိုင်းဖြစ်ဖြစ် ဝယ်စရာရှိလို့ လမ်း ထိပ်သွားရင် ထီးတစ်ချောင်း အမြဲတမ်းကိုင်ပြီးသွား ရတယ်။ သူတို့က မထင်ရင် မထင်သလို အုပ်လိုက် ကြီး ဝိုင်းဆွဲကြတာ။ ကျွန်တော်တို့ လမ်းထိပ်မှာတင် အဲ့ဒီအကောင်တွေကိုက်တာခံရတဲ့သူတွေ မနည်း တော့ဘူး။ စည်ပင်ကိုဖုန်းဆက်တော့လည်း ဘာမှထူးမလာဘူး” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တွင် နေထိုင်သည့် ကိုဖြိုးဝေဦးက ပြောသည်။ ထို့အတူ အဆိုပါ လမ်းဘေးခွေးများအကိုက်ခံရပါက ခွေး ရူးပြန် ကာကွယ်ဆေးထိုးနှံရသည့်အတွက် လုပ်ငန်းခွင်အတွင်း လုပ်ငန်းပျက်ကွက်မှုများ မလိုလားအပ် ဘဲ ဖြစ်ပွားခဲ့ရကြောင်း လမ်းဘေးခွေးအကိုက်ခံခဲ့ရသည့်အတွက် ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံနေရသူ တစ်ဦးကဆိုသည်။ “အလုပ်က အိမ်ကိုပြန်တော့ အကိုက်ခံခဲ့ရတာ။ ဘယ်သူမှ တာဝန်ယူတဲ့သူမရှိဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကာကွယ်ဆေးသွားထိုးရတာ။ ရန်ကုန်ဆေးရုံကြီးမှာကလည်း ကိုယ့်လိုမျိုး အကိုက် ခံရတဲ့သူတွေ တန်းစီနေတော့ တစ်နေကုန်နီးပါးစောင့်ပြီး ထိုးရတယ်။ ဒီတော့ အလုပ်တွေ အကိုင်တွေပါ ပျက်ကုန်တာပေါ့။ အလုပ်မပျက်ချင်လို့ အပြင်ဆေးခန်းမှာ ဆေးဝယ်ထိုးမယ်ဆိုရင်လည်း တစ်လုံးကို ခြောက်သောင်းလောက်ပေးရမှာဆိုတော့ ဆေးရုံကြီးမှာပဲ အချိန်ကုန်ခံပြီး စောင့်ရတော့တာ ပေါ့” ဟု ၎င်းက ပြောသည်။
(၂၀၁၈) စည်ပင်ဥပဒေ ပုဒ်မ (၃၂၂) ပုဒ် မခွဲ (မ) အရ မည်သူမျှ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဖုန်မှုန့်၊ အညစ်အကြေး၊ စက္ကူပုံး၊ စက္ကူစ၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်ခွက်၊ ပလတ်စ တစ်အိတ် စသည့်အမှိုက်သရိုက်များ၊ တိရစ္ဆာန် အသေကောင်၊ အမှိုက်ပုံး၊ အမှိုက်အိတ်၊ အမှိုက်ထုပ် စသည့် အနံ့ဆိုး ထွက်သည့်ပစ္စည်းများ (သို့) မည်သည့်အရာဝတ္ထုကိုမဆို ထားရှိခြင်း၊ ပစ်ချခြင်း၊ လွှင့်ပစ် ခြင်း၊ တိရစ္ဆာန်များကို အစားအစာကျွေးမွေးခြင်းမပြုရန် စသည်ဖြင့် တားမြစ်ထားသော်လည်း လက်ရှိတွင် လိုက်နာမှုများအားနည်းနေကြောင်း ဒေသခံများက ထောက်ပြပြောဆိုကြသည်။
ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ဖြစ်ပွားနိုင်ပြီး ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါကြောင့် (၁၅) မိနစ်လျှင် လူတစ်ဦးနှုန်းသေဆုံးနေပြီး တစ်နှစ်လျှင် လူ (၅၅၀ဝဝ) ဦးသေဆုံးနေရကြောင်းနှင့် ယင်းအနက်မှ (၃၁၀ဝဝ)ဦးမှာ အာရှဒေသမှဖြစ်ကာ (၂၄၀ဝဝ) ဦးမှာ အာဖရိကဒေသမှဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
ရန္ကုန္တြင္ လမ္းေဘးေခြး အႏၲရာယ္ကို ထိေရာက္စြာ ကိုင္တြယ္ရန္လိုအပ္ေန
သက္ပိုင္ (NP News) - ဇူလိုင္ ၁၆
ရန္ကုန္ၿမိဳ႕တြင္းမွ လမ္းေဘးေခြးမ်ား တိုးပြားလာေနမႈအေပၚ သက္ဆိုင္ရာတာဝန္ရွိသူမ်ား အေနျဖင့္ ထိေရာက္စြာကိုင္တြယ္ေဆာင္႐ြက္ရန္ လိုအပ္လ်က္ရွိေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕လမ္းမမ်ားေပၚ၌ လမ္းေဘးေခြးမ်ား တစ္စထက္တစ္စ မ်ားျပားလာေနၿပီး လမ္းသြားလမ္းလာျပည္သူမ်ားအေပၚ အႏၲရာယ္ ျပဳမႈမွာလည္း ပိုမ်ားလာေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။ “သူတို႔က လမ္းထိပ္မွာ အုပ္လိုက္ႀကီး ညဘက္ျဖစ္ျဖစ္၊ မနက္ပိုင္းျဖစ္ျဖစ္ ဝယ္စရာရွိလို႔ လမ္း ထိပ္သြားရင္ ထီးတစ္ေခ်ာင္း အၿမဲတမ္းကိုင္ၿပီးသြား ရတယ္။ သူတို႔က မထင္ရင္ မထင္သလို အုပ္လိုက္ ႀကီး ဝိုင္းဆြဲၾကတာ။ ကြၽန္ေတာ္တို႔ လမ္းထိပ္မွာတင္ အဲ့ဒီအေကာင္ေတြကိုက္တာခံရတဲ့သူေတြ မနည္း ေတာ့ဘူး။ စည္ပင္ကိုဖုန္းဆက္ေတာ့လည္း ဘာမွထူးမလာဘူး” ဟု ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ တြင္ ေနထိုင္သည့္ ကိုၿဖိဳးေဝဦးက ေျပာသည္။ ထို႔အတူ အဆိုပါ လမ္းေဘးေခြးမ်ားအကိုက္ခံရပါက ေခြး ႐ူးျပန္ ကာကြယ္ေဆးထိုးႏွံရသည့္အတြက္ လုပ္ငန္းခြင္အတြင္း လုပ္ငန္းပ်က္ကြက္မႈမ်ား မလိုလားအပ္ ဘဲ ျဖစ္ပြားခဲ့ရေၾကာင္း လမ္းေဘးေခြးအကိုက္ခံခဲ့ရသည့္အတြက္ ေခြး႐ူးျပန္ကာကြယ္ေဆးထိုးႏွံေနရသူ တစ္ဦးကဆိုသည္။ “အလုပ္က အိမ္ကိုျပန္ေတာ့ အကိုက္ခံခဲ့ရတာ။ ဘယ္သူမွ တာဝန္ယူတဲ့သူမရွိဘူး။ ကိုယ့္ဘာသာကိုယ္ပဲ ကာကြယ္ေဆးသြားထိုးရတာ။ ရန္ကုန္ေဆး႐ုံႀကီးမွာကလည္း ကိုယ့္လိုမ်ိဳး အကိုက္ ခံရတဲ့သူေတြ တန္းစီေနေတာ့ တစ္ေနကုန္နီးပါးေစာင့္ၿပီး ထိုးရတယ္။ ဒီေတာ့ အလုပ္ေတြ အကိုင္ေတြပါ ပ်က္ကုန္တာေပါ့။ အလုပ္မပ်က္ခ်င္လို႔ အျပင္ေဆးခန္းမွာ ေဆးဝယ္ထိုးမယ္ဆိုရင္လည္း တစ္လုံးကို ေျခာက္ေသာင္းေလာက္ေပးရမွာဆိုေတာ့ ေဆး႐ုံႀကီးမွာပဲ အခ်ိန္ကုန္ခံၿပီး ေစာင့္ရေတာ့တာ ေပါ့” ဟု ၎က ေျပာသည္။
(၂၀၁၈) စည္ပင္ဥပေဒ ပုဒ္မ (၃၂၂) ပုဒ္ မခြဲ (မ) အရ မည္သူမွ် အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ ေနရာမ်ားတြင္ ဖုန္မႈန႔္၊ အညစ္အေၾကး၊ စကၠဴပုံး၊ စကၠဴစ၊ ပလတ္စတစ္ပုံး၊ ပလတ္စတစ္ခြက္၊ ပလတ္စ တစ္အိတ္ စသည့္အမႈိက္သ႐ိုက္မ်ား၊ တိရစာၦန္ အေသေကာင္၊ အမႈိက္ပုံး၊ အမႈိက္အိတ္၊ အမႈိက္ထုပ္ စသည့္ အနံ႔ဆိုး ထြက္သည့္ပစၥည္းမ်ား (သို႔) မည္သည့္အရာဝတၳဳကိုမဆို ထားရွိျခင္း၊ ပစ္ခ်ျခင္း၊ လႊင့္ပစ္ ျခင္း၊ တိရစာၦန္မ်ားကို အစားအစာေကြၽးေမြးျခင္းမျပဳရန္ စသည္ျဖင့္ တားျမစ္ထားေသာ္လည္း လက္ရွိတြင္ လိုက္နာမႈမ်ားအားနည္းေနေၾကာင္း ေဒသခံမ်ားက ေထာက္ျပေျပာဆိုၾကသည္။
ေခြးကိုက္ခံရပါက ေခြး႐ူးျပန္ေရာဂါ ျဖစ္ပြားႏိုင္ၿပီး ကမာၻေပၚတြင္ ေခြး႐ူးျပန္ေရာဂါေၾကာင့္ (၁၅) မိနစ္လွ်င္ လူတစ္ဦးႏႈန္းေသဆုံးေနၿပီး တစ္ႏွစ္လွ်င္ လူ (၅၅၀ဝဝ) ဦးေသဆုံးေနရေၾကာင္းႏွင့္ ယင္းအနက္မွ (၃၁၀ဝဝ)ဦးမွာ အာရွေဒသမွျဖစ္ကာ (၂၄၀ဝဝ) ဦးမွာ အာဖရိကေဒသမွျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရသိရသည္။