အင်အားပြင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အနည်းဆုံးလူပေါင်း ၂ဝဝ နီးပါးသေဆုံး

270

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၇
အင်အားပြင်း တိုင်ဖွန်း “ခန့်မေဂီ တိုက်ခတ်မှုများကြောင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အနည်းဆုံး လူပေါင်း ၂ဝဝ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် ယခုသီတင်းပတ်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ ကနဦး စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံးလူပေါင်း
၁၈၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံကို ထပ်မံဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၅ ဦး သေဆုံးခဲကြောင်း သိရသည်။ မုန်တိုင်း ခန့်မေဂီသည် ဖိလစ်ပိုင် နှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက်
ကမ္ဘောဒီးယားနိုင်ငံ နှင့် လာအိုနိုင်ငံတို့ကို ဦးတည်တိုက်ခိုက်ဖွယ်ရှိနေကြောင်း သိရသည်။
ခန့်မေဂီသည် ဖိလစ်ပိုင်နိုင်ငံကို စတင်ဝင်ရောက်တိုက်ခတ်ချိန်တုန်းက အင်အားပြင်းခဲ့ပြီး မုန်တိုင်း နှင့် မိုးသည်းထန်စွာရွာသွန်းမှုများပါဖြစ်ခဲ့ရာ ဖိလစ်ပိုင်အစိုးရက နိုင်ငံတဝှမ်းအရေးပေါ်အခြေအနေကြေညာခဲ့ရကြောင်း သိရသည်။
မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် သစ်ပင်များ၊ အဆောက်အဦးများပြိုကျပျက်စီးခဲ့ရသလို လမ်းများပျက်စီးခြင်း၊ ရွံ့ထူထပ်ခြင်းများလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုင်ဖွန်းခန့်မေဂီသည် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗီယက်နမ်စစ်တပ်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် စစ်သား နှင့် အရပ်သား ၂၆၀၀၀၀ ကျော် ဖြန့်ကျတ်ချထားခဲ့ရကြောင်း သိရသည်။
ခန့်မေဂီမုန်တိုင်းသည် ယခုနှစ်အတွင်း အရှေ့တောင်အာရှကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများထဲတွင် အားအပြင်းဆုံးမုန်တိုင်းဖြစ်ဖွယ်ရှိနေပြီး နိုင်ငံ နှစ်နိုင်ငံကို ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မုန်တိုင်းက အားပျော့ခြင်းမျိုးမရှိသေးဘဲ နိုဝင်ဘာ ၇ ရက်က ကမ္ဘောဒီးယားနိုင်ငံကို ဝင်ရောက်တိုက်ခတ်ချိန်တွင် တစ်နာရီလေတိုက်နှုန်း ၉၂ မိုင်နှုန်းဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းသည် ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့ကို ဆက်လက်ဝင်ရောက်တိုက်ခတ်ပြီးမှသာ
အားပျောသွားမည့်အလားလာများရှိနေကြောင်း ခန့်မှန်းမှုများရှိနေသည်။

Zawgyi Version:
အင္အားျပင္းမုန္တိုင္းေၾကာင့္ ဖိလစ္ပိုင္ ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔တြင္ အနည္းဆုံးလူေပါင္း ၂ဝဝ နီးပါးေသဆုံး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၇
အင္အားျပင္း တိုင္ဖြန္း “ခန႔္ေမဂီ တိုက္ခတ္မႈမ်ားေၾကာင့္ ဖိလစ္ပိုင္ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔တြင္ အနည္းဆုံး လူေပါင္း ၂ဝဝ နီးပါး ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါမုန္တိုင္းသည္ ယခုသီတင္းပတ္အေစာပိုင္းတြင္ ဖိလစ္ပိုင္ႏိုင္ငံသို႔ ကနဦး စတင္ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ဖိလစ္ပိုင္ႏိုင္ငံတြင္ အနည္းဆုံးလူေပါင္း
၁၈၈ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
တိုင္ဖြန္းမုန္တိုင္းသည္ ဖိလစ္ပိုင္ႏိုင္ငံကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ ဗီယက္နမ္ႏိုင္ငံကို ထပ္မံဝင္ေရာက္တိုက္ခတ္ခဲ့ရာ အနည္းဆုံးလူေပါင္း ၅ ဦး ေသဆုံးခဲေၾကာင္း သိရသည္။ မုန္တိုင္း ခန႔္ေမဂီသည္ ဖိလစ္ပိုင္ ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔ကို ျဖတ္ေက်ာ္ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္
ကေမာၻဒီးယားႏိုင္ငံ ႏွင့္ လာအိုႏိုင္ငံတို႔ကို ဦးတည္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း သိရသည္။
ခန႔္ေမဂီသည္ ဖိလစ္ပိုင္ႏိုင္ငံကို စတင္ဝင္ေရာက္တိုက္ခတ္ခ်ိန္တုန္းက အင္အားျပင္းခဲ့ၿပီး မုန္တိုင္း ႏွင့္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားပါျဖစ္ခဲ့ရာ ဖိလစ္ပိုင္အစိုးရက ႏိုင္ငံတဝွမ္းအေရးေပၚအေျခအေနေၾကညာခဲ့ရေၾကာင္း သိရသည္။
မုန္တိုင္းေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံတြင္ သစ္ပင္မ်ား၊ အေဆာက္အဦးမ်ားၿပိဳက်ပ်က္စီးခဲ့ရသလို လမ္းမ်ားပ်က္စီးျခင္း၊ ႐ြံ႕ထူထပ္ျခင္းမ်ားလည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
တိုင္ဖြန္းခန႔္ေမဂီသည္ ဖိလစ္ပိုင္ႏိုင္ငံသို႔ ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ ဗီယက္နမ္ႏိုင္ငံသို႔ ထပ္မံ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ဗီယက္နမ္စစ္တပ္က ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရန္အတြက္ စစ္သား ႏွင့္ အရပ္သား ၂၆၀၀၀၀ ေက်ာ္ ျဖန႔္က်တ္ခ်ထားခဲ့ရေၾကာင္း သိရသည္။
ခန႔္ေမဂီမုန္တိုင္းသည္ ယခုႏွစ္အတြင္း အေရွ႕ေတာင္အာရွကို ဝင္ေရာက္တိုက္ခတ္ခဲ့သည့္ မုန္တိုင္းမ်ားထဲတြင္ အားအျပင္းဆုံးမုန္တိုင္းျဖစ္ဖြယ္ရွိေနၿပီး ႏိုင္ငံ ႏွစ္ႏိုင္ငံကို ျဖတ္သန္းဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ မုန္တိုင္းက အားေပ်ာ့ျခင္းမ်ိဳးမရွိေသးဘဲ ႏိုဝင္ဘာ ၇ ရက္က ကေမာၻဒီးယားႏိုင္ငံကို ဝင္ေရာက္တိုက္ခတ္ခ်ိန္တြင္ တစ္နာရီေလတိုက္ႏႈန္း ၉၂ မိုင္ႏႈန္းျဖင့္ ဆက္လက္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ မုန္တိုင္းသည္ ကေမာၻဒီးယား ႏွင့္ လာအိုႏိုင္ငံတို႔ကို ဆက္လက္ဝင္ေရာက္တိုက္ခတ္ၿပီးမွသာ
အားေပ်ာသြားမည့္အလားလာမ်ားရွိေနေၾကာင္း ခန႔္မွန္းမႈမ်ားရွိေနသည္။