အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ ဆိုင်ကယ်တို့၏ ကုန်ကြမ်းတင်သွင်းခွင့်နှင့် လုပ်ငန်းသုံး သကြားတင်သွင်းခွင့် ကုန်ကြမ်းလိုအပ်ချက်ကို MIC သို့လျှောက်ထားရမည်

1026

NP News - ဒီဇင်ဘာ ၁၅
အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သောလုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်နှင့် လုပ်ငန်းသုံးသကြားတင်သွင်းခွင့်များ တင်ပြလျှောက်ထားရာတွင် နှစ်အလိုက် ကုန်ကြမ်းလိုအပ်ချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တစ်နှစ်ချင်းအလိုက်တင်ပြလျှောက်ထားဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက လုပ်ငန်းနှင့်သက်ဆိုင်သော စက်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာ၌ လိုက်နာရမည့်သတ်မှတ်ချက်များကို ဒီဇင်ဘာလ (၁၄)ရက်က ထုတ်ပြန်ကြေညာရာတွင် ယခုကဲ့သို့ပါဝင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများက အခွန်အကောက်ပေး ဆောင်တင်သွင်းသည့် ကိစ္စရပ်များ (အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ဆပ်ဆင်ထုတ်လုပ်သောလုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံးသကြားတင်သွင်းခြင်း ကိစ္စရပ်များမှအပ)တွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုနည်းဥပဒေ ၂၃ဝ အရ ကော်မရှင်၏ ထောက်ခံချက်ရယူရန်မလိုအပ်ဘဲ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနသို့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်မှစတင်၍ တိုက်ရိုက်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းရှိသကြားစက်များ၏ထုတ်လုပ်မှုအရည်အသွေးမပြည့်မီခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားသဖြင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ၂ဝ၁၉ ခုနှစ်မှစတင်ကာ သကြားတင်သွင်းခွင့်ကို ခွင့်ပြုခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံက လုပ်ငန်းသုံးအတွက် သကြားများကို ထိုင်း၊ အိန္ဒိယနိုင်ငံတို့မှတင်သွင်းခဲ့ကြောင်းသိရသည်။
Zawgyi Version;
အရက္၊ ဘီယာ၊ စီးကရက္၊ ေမာ္ေတာ္ယာဥ္၊ ဆိုင္ကယ္တို႔၏ ကုန္ၾကမ္းတင္သြင္းခြင့္ႏွင့္ လုပ္ငန္းသုံး သၾကား တင္သြင္းခြင့္ ကုန္ၾကမ္းလိုအပ္ခ်က္ကို MIC သို ႔ေလွ်ာက္ထားရမည္
NP News - ဒီဇင္ဘာ ၁၅
အရက္၊ ဘီယာ၊ စီးကရက္၊ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ တပ္ဆင္ထုတ္လုပ္ေသာလုပ္ငန္းမ်ား၏ ကုန္ၾကမ္းပစၥည္းတင္သြင္းခြင့္ႏွင့္ လုပ္ငန္းသုံးသၾကားတင္သြင္းခြင့္မ်ားေလွ်ာက္ထားရာတြင္ ႏွစ္အလိုက္ ကုန္ၾကမ္းလိုအပ္ခ်က္ကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္သို႔ တစ္ႏွစ္ခ်င္းအလိုက္ တင္ျပေလွ်ာက္ထား ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္(MIC)က ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားက လုပ္ငန္းႏွင့္သက္ဆိုင္ေသာ စက္ပစၥည္း၊ လုပ္ငန္းသုံးပစၥည္းႏွင့္ ကုန္ၾကမ္းပစၥည္းမ်ားတင္သြင္းရာ၌ လိုက္နာရမည့္သတ္မွတ္ခ်က္မ်ားကို ဒီဇင္ဘာလ (၁၄)ရက္က ထုတ္ျပန္ေၾကညာရာတြင္ ယခုကဲ့သို႔ပါဝင္ခဲ့ျခင္းျဖစ္သည္။
အဆိုပါေၾကညာခ်က္အရ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ႏွင့္တိုင္းေဒသႀကီး၊ ျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီမ်ား၏ ခြင့္ျပဳမိန႔္၊ အတည္ျပဳမိန႔္မ်ားျဖင့္ ေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားက အခြန္အေကာက္ေပး ေဆာင္တင္သြင္းသည့္ ကိစၥရပ္မ်ား (အရက္၊ ဘီယာ၊ စီးကရက္၊ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ ဆပ္ဆင္ထုတ္လုပ္ေသာလုပ္ငန္းမ်ား၏ ကုန္ၾကမ္းပစၥည္းတင္သြင္းျခင္းႏွင့္ လုပ္ငန္းသုံးသၾကားတင္သြင္းျခင္း ကိစၥရပ္မ်ားမွအပ)တြင္ ျမန္မာႏိုင္ငံရင္းႏွီး ျမႇဳပ္ႏွံမႈနည္းဥပေဒ ၂၃ဝ အရ ေကာ္မရွင္၏ ေထာက္ခံခ်က္ရ ယူရန္ မလိုအပ္ဘဲ ကုန္သြယ္ေရးဦးစီးဌာနႏွင့္ အေကာက္ခြန္ဦးစီးဌာနသို႔ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ (၁၅)ရက္မွစတင္၍ တိုက္႐ိုက္ေလွ်ာက္ထားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းရွိသၾကားစက္မ်ား၏ထုတ္လုပ္မႈအရည္အေသြးမျပည့္မီျခင္း၊ ကုန္ထုတ္လုပ္မႈစရိတ္ျမင့္မားသျဖင့္ ေဈးႏႈန္းႀကီးျမင့္ျခင္းတို႔ေၾကာင့္ ၂ဝ၁၉ ခုႏွစ္မွစတင္ကာ သၾကားတင္သြင္းခြင့္ကို ခြင့္ျပဳခဲ့ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံက လုပ္ငန္းသုံးအတြက္ သၾကားမ်ားကို ထိုင္း၊ အိႏၵိယႏိုင္ငံတို႔မွတင္သြင္းခဲ့ေၾကာင္းသိရသည္။