“ဝန်ကြီးက ကျွန်တော့လူရှိတယ်ဆိုရင်” အစိုးရ တင်ဒါ...ဘယ်သူသာ

1470

စော (NP News) - ဇူလိုင် ၈
တင်ဒါလုပ်ငန်းကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အစိုးရတင်ဒါခေါ်ယူ သူများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများအကြား ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများအပြင် တင်ဒါလုပ်ငန်းကို မည်သည့် ပုံစံ မျိုးဖြင့် ဆောင်ရွက်ကြသည့်ပုံစံများနှင့်ပတ်သက်၍ တင်ဒါလုပ်ငန်းရှင်တစ်ဦးအား NP News က မေး မြန်းထားချက်များကို ဖော်ပြအပ်ပါသည်။
မေး။ တင်ဒါလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ တင်ဒါလုပ်ငန်းတွေဆိုတာ ဘယ်လိုလည်ပတ်တာလဲ။ တင် ဒါလုပ်ငန်းလည်ပတ်ပုံနည်းနည်းပြောပြပါလား။
ဖြေ ။ ။ တင်ဒါလုပ်ငန်းကတော့ လမ်းပဲဖြစ်ဖြစ်၊ တံတားပဲဖြစ်ဖြစ်၊ အဆောက်အအုံပဲဖြစ်ဖြစ် ဘာလုပ်ရ လဲဆိုတော့ နိုင်ငံတော်က တင်ဒါခေါ်တဲ့အချိန်မှာ ဏဥသွင်းရတယ်။ PO သွင်းပြီးတော့ ပထမတော့ တင်ဒါဖောင်ဝယ်ရတာပေါ့။ ပြီးတော့ PO သွင်းရတယ်။ ကိုယ်ဆွဲမယ့် Lot တွေကို PO သွင်းပြီးတော့ တင်ဒါတင်သွင်းရတာပေါ့။ တင်ဒါယှဉ်ပြိုင်ရတာပေါ့။ ပရိုဖိုင်တွေ လုပ်၊ Technical Proposal တွေလုပ်ပြီး တော့ တင်ဒါယှဉ်ပြိုင်ရတာပေါ့။ သတ်မှတ်ဈေး ရှိမယ်ပေါ့။ သိန်း (၃၀ဝဝ)သတ်မှတ်ဈေးရှိတယ်ဆိုပါစို့ Lot တစ်ခုကို ။ သိန်း (၃၀ဝဝ)သတ်မှတ်ဈေးမှာ ကိုယ်က ဘယ်လောက်လျော့နိုင်လဲ တွက်ရတာပေါ့။ (၃)% လျော့နိုင်လား။ (၅)% လျော့နိုင်လား။ (၆)% လျော့နိုင်လားပေါ့။ အရင်တုန်းကဆိုရင်တော့ များများ လျော့လေ ကြိုက်လေပြောခဲ့တဲ့ လူကြီးလည်းရှိခဲ့တယ်။ ဒါပေမဲ့ များများလျော့ရင်တော့ နိုင်ငံတော်က ထိခိုက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ များများလျော့ တယ်ဆိုရင် ဈေးနည်းကိုက်အောင်လုပ်သွားတယ် ဆိုရင် သတ်မှတ်တဲ့ Quality မရနိုင်ဘူးပေါ့။ ဘတ် ဂျက်ဆွဲထားပြီးတော့ ကြမ်းခင်းဈေးသတ်မှတ်ထား တယ်ဆိုကတည်းက ဒီဈေးကိုပေးနိုင်တယ်ဆိုပြီးတော့ သတ်မှတ်ပြီးတော့ဆွဲထားတာလေ။ ကိုယ်က ဒီပစ္စည်းတစ်ခုကို လမ်းတစ်လမ်း၊ အဆောက်အအုံတစ်လုံးကို သိန်း(၃၀ဝဝ)နဲ့ တင်ဒါခေါ်တယ်ဆိုက တည်းက ဒီ တန်ဖိုးကိုပေးနိုင်လို့ ဒီကန်ထရိုက်တာကိုဒီတန်ဖိုး ပေးနိုင်လို့ ၊ ကုမ္ပဏီကိုပေးနိုင်လို့ ဒီဈေးနဲ့ ဖွင့်ထားတာဆိုတော့ အများကြီးလျော့ခိုင်းတာတော့ မကောင်းဘူး။ အဲဒီတော့ ကျွန်တော်တို့ကတော့ (၃)% (၄) % လောက်ပဲလျော့ပေး။ အလွန်အကျွံ (၅)% အတွင်းမှာပဲ။ (၁) To (၅) ကာလမှာ လျော့ပြီး တင်ဒါ တင်တာ။
မေး ။ လက်ရှိသူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ မြေပြင်ဈေးနဲ့ ကွာခြားချက်ကောရှိလား။
ဖြေ ။ ။ ရှိတာပေါ့။ ရှိလို့ပဲ ရှုံးတယ်ဆိုတာဖြစ်လာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တင်ဒါကို ဆွဲ လိုက်တာပေါ့လေ။ ဥပမာ - သိန်း (၅၀ဝဝ)သတ်မှတ်ထားတဲ့ အဆောက်အအုံတစ်ခု၊ တံတားတစ်စင်း ၊ လမ်းတစ်လမ်းကို ဆွဲလိုက်တာပေါ့။ ကျွန်တော်တို့လည်း ကြည့်ပြီးတော့ တွက်ချက်ပြီးတော့ ဆွဲတာပဲ။ ဒါပေမဲ့ ကုန်ဈေးနှုန်းက မတည်ငြိမ်တဲ့အတွက် တကယ်အလုပ်လုပ်တဲ့အချိန်မှာ တကယ်တင်ဒါဆို တာ တင်ပြီးရင် ချက်ချင်းလုပ်ရတာမဟုတ်ဘူးလေ။ တင်ဒါတင်ရ တယ်။ တင်ပြီးရင်သူတို့က တင်ဒါဖွင့်ပွဲ လုပ် တယ်။ ဖွင့်ပွဲဆိုတာ အများသိထားတဲ့ တင်ဒါဖွင့်ပွဲဆိုတာ ကြေညာမယ်လို့ထင်တာ။ မဟုတ်ဘူး။ Technical Profile အောင်၊ မအောင်အရင်စစ်တယ်။ Profile အောင်တဲ့ကုမ္ပဏီတွေကို သူက ကြေညာ ပေးတယ်။ ဘယ်ဈေးနဲ့တင်ထားတယ်။ ဈေးနှုန်းဘယ်လောက် နဲ့တင်ထားတယ်။ ဘယ်ကုမ္ပဏီကတော့ Profile အောင်တယ်ကြေညာပေးတယ်။ ပြီးမှ အဲဒါကို သက်ဆိုင်ရာအစိုးရအဖွဲ့ Cabinet ကိုတင်လိုက် တာ Cabinet က ဆုံးဖြတ်တဲ့ဟာ အောက်ကို ပြန်ကျလာတာ။ Cabinet ရဲ့ ဆုံးဖြတ်တာကြာတဲ့အချိန် ကိုမူ တည်ပြီးမှ ကိုယ်တို့က တင်ဒါကိုလုပ်ရတာ။ တင်ဒါ လုပ်ရတဲ့အချိန်မှာဆိုရင် တင်ဒါတင်တာနဲ့စလုပ် တာနဲ့ဆိုရင် အခုဆိုရင် ပိုဆိုးသေးတယ်။ ဘတ်ဂျက် ပြောင်းသွားလို့။ တင်ဒါခေါ်တာက (၅)လပိုင်း၊ (၆) လပိုင်း ခေါ်ပြီ။ တင်ဒါဖွင့်ပြီဆိုပါတော့ တင်ဒါအောင် စာရင်း (၇)လပိုင်းထွက်ပြီဆိုပါစို့။ မိုးကရွာနေပြီ။ ဘာအလုပ်မှ လုပ်လို့မရဘူး။ အဆောက်အအုံလည်း ခက်၊ လမ်းခင်းရလည်းခက်၊ တံတားဆောက်ရ လည်း ခက်၊ အဲဒီအခါကျတော့ ပွင့်လင်းရာသီကျမှ လုပ်ရတာ ဖြစ်တဲ့အတွက် အဲဒီမှာကြားထဲမှာ ကုန် ဈေးနှုန်းက အများကြီးပြောင်းလဲသွားပြီထပ်ပြီးတော့။ အများ ကြီးပြောင်းလဲသွားတဲ့အတွက် တကယ် အလုပ်လုပ်တဲ့အချိန်မှာ အကြမ်းဖျင်းတွက်လိုက်ရင် အခုဆို နောက် ပိုင်းဆိုရင် ရှုံးနေတာ တန်းတွေ့ရ တယ်။
မေး။ လက်ရှိတင်ဒါနဲ့ပတ်သက်ပြီး အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတာပေါ့။
ဖြေ ။ ။ မှန်ပါတယ်။ အရှုံးတွေနဲ့ရင်ဆိုင်ရတာ ဒီနှစ် တွေမှ မဟုတ်ပါဘူး။ လေး၊ ငါးနှစ်လောက်ရှိပါပြီ။
မေး။ တင်ဒါနဲ့ပတ်သတ်လို့ တင်ဒါတွေက ဆောက်လုပ်ရေးကနေ အဓိကလာမယ်။ ပညာရေးကလာမယ်။ တင်ဒါခေါ်တာ ဘယ် Sector တွေက အများဆုံးခေါ် တာများလဲ။ တိုင်းဒေသကြီး တစ်ခုချင်းစီပြောမယ် ဆိုရင် ကိုယ်နဲ့ဆက်စပ်တဲ့ဒေသတွေပေါ့ ။ ဘယ် Sector တွေက အဓိက တင်ဒါလာလဲ။
ဖြေ ။ ။ ပညာရေးလာမယ်။ ကျန်းမာရေးလာမယ်။ ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနလာမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဘာရှိမလဲဆိုတော့ လမ်း၊ တံတားပေါ့။
မေး။ ပညာရေး၊ ကျန်းမာရေးတို့ကကော ဘာတွေ အဓိကဆောက်လဲ။
ဖြေ။ ။ အဆောက်အအုံတွေ အဓိကဆောက်တာ။ ကျောင်းဆိုရင်လည်း ကျောင်းတွေပါ မယ်။ စာသင် ဆောင်တွေပါမယ်။ ပြီးတော့ ဆရာ၊ ဆရာမ တွေနေတဲ့အဆောင်ပါမယ်။ ကျန်းမာရေးဆိုလည်း Nurse နေတဲ့အဆောင်ပါမယ်။ ဆေးရုံပါမယ်။ နောက်ဆုံး ဘယ်လောက်ထိပါမလဲ။ တိုက်နယ်ဆေးရုံ လေးတွေ အစ ပါမယ်။ ပြီးတော့ လျှပ်စစ်ရှိသေးတယ်။ လျှပ်စစ်ဆိုရင် ကြိုးသွယ်တာပါမယ်။ ဓာတ်အားခွဲ စက်ရုံ၊ အဆောက်အအုံတွေ လျှပ်စစ်ကတော့ အဓိကများတာတော့ ကြိုးသွယ်တာတွေက အဓိကများတာ။ လုံးဝ Construction စစ်စစ်ကတော့ ကျန်းမာရေး၊ ပညာရေးပေါ့နော်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အဓိက လာတာ။
မေး။ တင်ဒါတွေဆွဲဖို့အတွက်ကို ဘက်ဂျက်နှစ်အ လိုက်ပြင်ရတာတွေရှိလိမ့်မယ်။ အဲဒီမှာ လာမယ့်နှစ် မှာ လုပ်ဖို့အတွက်ကို ဒီနှစ်မှာ ဘတ်ဂျက်ကိုပြင်ခဲ့ရတာပြောလို့ ရတာပေါ့နော်။ အဲဒီတော့ တင်ဒါ တစ်ခု ပေးတော့မယ်ဆိုရင် ဒီနှစ်ဈေးတည်ပြီးတွက်သလား။ လာမယ့်နှစ်မှာဖြစ်နေတဲ့ ဈေးနဲ့တင်ဒါဈေးနှုန်း သတ်မှတ်တာကိုဘယ်သူက သတ်မှတ်တာလဲ။
ဖြေ။ ။ သက်ဆိုင်ရာဌာနမှာ သက်ဆိုင်ရာ မြို့နယ်တွေမှာ Yellow Book ဆိုတာရှိတယ်။ သူတို့ကတော့ ကာလ ဒေသပေါက်ဈေးလို့တော့ ပြောတာပေါ့နော်။ ကာလဒေသပေါက်ဈေးဆိုတဲ့အတွက် Yellow Book ဆိုတာ အဲဒီ့ Yellow Book ကိုအခြေခံ ပြီးတွက်တာ။ တနင်္သာရီတိုင်းမှာ တနင်္သာရီတိုင်းရဲ့ Yellow Book ရှိတယ်။ အဲဒီ့ Yellow Book ကိုအခြေခံပြီးတွက်တာ ရှေ့လာမယ့်နှစ်ကို အခြေခံပြီး မတွက်ဘူး။ အဲဒါ ကြောင့်မို့လို့လည်းရှုံးကြတာ။
မေး ။ ။ အဲဒီတော့ဆိုလိုတာက ဒီနှစ်ရဲ့နောက်ဆုံး Yellow Bookကို တည်ပြီးတွက်တဲ့အတွက် လာမယ့် နှစ်မှာ ဖြစ်လာနိုင်တဲ့ ၊ မမျှော်မှန်းနိုင်တဲ့ ကုန်ကျစရိတ်တွေပေါ်မှာ ထည့်ပြီးစဉ်းစားပေးတာမျိုး မရှိဘူး လား။
ဖြေ။ ။ မရှိဘူး။ မရှိလို့လည်း ကျွန်တော်တို့ ဆောက်လုပ်ရေးသမားတွေက ရှုံးနေကြတာပဲ။ ကြိုပြီးစဉ်း စားပေးတယ်ဆိုရင် ငါတို့နိုင်ငံက ဈေးကွက်က မတည်ငြိမ်ဘူး။ အမြဲတမ်းအတက်ပဲရှိတယ်။ ငါတို့ ကြိုဆွဲ ပေးမှရမယ်ဆိုရင်တော့ ရှုံးစရာအကြောင်းမရှိဘူး။
မေး။ တင်ဒါနဲ့ပတ်သက်ပြီး ဘက်ဂျက်တွက်တဲ့လူတွေကရှေ့ကိုပိုပြီးတော့ ကြိုတင်ပြင်ဆင်ထားဖို့၊ တွက် ချက်ထားဖို့လိုသလား။ ဘာလုပ်ဖို့ လိုတယ်ထင်တယ်။
ဖြေ။ လိုအပ်ပါတယ်။ သူများနိုင်ငံတော့ ကျွန်တော် မသိဘူး။ ကျွန်တော်တို့နိုင်ငံအနေအထားနဲ့ကတော့ အမြဲနှစ်တိုင်းကတော့ ကုန်ဈေးနှုန်းကတက်နေ တာပဲရှိတဲ့အတွက် ကြိုတင်ပြီးတော့၊ တွက်ချက်ပြီး တော့ ဆွဲသင့်တယ်လို့တော့ ကျွန်တော့်အနေနဲ့ မြင်တယ်။ အဲဒါကို ကျွန်တော်လူကြီးတွေနဲ့ တွေ့လည်း အမြဲတင်ပြတယ်။
မေး။ အခု တနင်္သာရီတိုင်းပဲ ဥပမာပေးကြပါစို့။ တနင်္သာရီတိုင်းထဲမှာ တင်ဒါဝင်ပြိုင်နေကြတဲ့ ကုမ္ပဏီ ပေါင်းက ၊ ကိုယ်နဲ့အပြိုင်ပြိုင်နေတဲ့ကုမ္ပဏီပေါင်းက ဘယ်လောက်လောက်ရှိတယ်လို့သိထားလဲ။
ဖြေ။ ။ကျွန်တော်နောက်ဆုံးသိခဲ့တဲ့ဟာ ကုမ္ပဏီပေါင်း (၄၀ဝ)ကျော်ရှိပါတယ်။
မေး ။ သူတို့အားလုံးက ဘာကိုအဓိကပြိုင်လဲ။
ဖြေ။ အစုံပါပဲ။ လမ်းရော၊ တံတားရော ။ လမ်းတံ တားသမားလည်းရှိသလို အဆောက်အအုံအဓိက ပြိုင်တဲ့သမားလည်းရှိပါတယ်။ ကျွန်တော်တို့ ယန္တရား ပိုင်တဲ့လူကတော့ လမ်း၊ တံတားကို အဓိကပြိုင် ပါတယ်။
မေး ။ သူတို့တင်ဒါခေါ်တဲ့အခါမှာ အစိုးရတွေကတော့ အမြဲပြောလေ့ရှိတယ်။ တင်ဒါပြိုင်တဲ့ ကုမ္ပဏီ တွေက Quality မမီဘူး။ ဆောက်တာ Quality မမီဘူး။ ဖြစ်ကတတ်ဆန်း ဆောက်သွားတယ်။ ပိုက်ဆံရ ရင်ပြီးကော အမြတ်ယူဆောက်သွားတယ်။ ကုမ္ပဏီတွေက လုံးဝ ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစား လုပ် တယ်။ အစိုးရတွေက သူတို့မှာ တာဝန်လုံးဝမရှိသလိုမျိုး။ များသောအားဖြင့် ပြောကြတာတွေ့ရတယ်။ တကယ်ကော အဲဒီလိုလား ဒါမှမဟုတ် အထဲမှာ ဘာလွဲချော်နေတာလဲ။
ဖြေ။ ။ အဲဒါကတော့ ကုမ္ပဏီတွေက ဖြစ်သလိုဆောက်သွားတဲ့ကုမ္ပဏီတွေရှိပါတယ်။ မရှိဘူးလို့မဆိုလိုပါ ဘူး။ ရှိပါတယ်။ ကောင်းအောင်ဆောက်တဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဘာကိုကျွန် တော်ပြော ချင်လဲဆိုတော့ တကယ်တော့ Quality မကောင်းအောင်ဆောက်တယ်ဆိုရင် ကျွန်တော်တို့မှာ သက်ဆိုင် ရာဌာနသော်လည်းကောင်း၊ စစ်တဲ့ QC ရှိပါတယ်။ QC က ထိထိမိမိကိုင်တွယ်ပြီးတော့ သူ့ရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူဆောင်ရွက်တယ်ဆိုရင်တော့ ကျွန်တော်တို့က ဒါကို တားဆီးနိုင်မယ်လို့ ထင်တယ်။ ဒါကတစ်ချက်။ နောက်တစ်ချက် သက်ဆိုင်ရာ မိခင်ဌာန၊ တာဝန်ယူတဲ့မိခင်ဌာနက အင်ဂျင်နီ ယာတွေက ကြပ်ကြပ်မတ်မတ်နဲ့ မှန်မှန်ကန်ကန်စစ်ဆေးနိုင်တယ်ဆိုရင်တော့ ဒါကို တားဆီး ကာကွယ် နိုင်မယ်လို့ ကျွန်တော်အနေနဲ့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရှင်တွေလေ။ ပညာရှင် တွေက ဒါကိုကောင်းလားမကောင်းလား။ ပညာရှင် တွေက အသိဆုံးပဲ။ ပညာရှင်တွေကိုယ်တိုင်က ပထမ က QC ပေါ့။ Third Party က စစ်တဲ့အချိန်မှာလျော့ပြီး စစ်လိုက်တယ်ဆိုရင်သော်လည်းကောင်း ဒါမှ မဟုတ် ပွင့်ပွင့်လင်းလင်းပြောရရင် လက်ဆောင်ယူပြီး လုပ်ပေးလိုက်ရင်သော်လည်းကောင်း ဒါဆိုရင်တော့ Quality က မကောင်းနိုင်ဘူးပေါ့။ Third Party က Third Party ပီပီ စစ်ဆေးပေးမယ်။ သက်ဆိုင်ရာ မိခင်ဌာနက အင်ဂျင်နီယာတွေကလည်း အင်ဂျင်နီယာပီပီ စစ်ဆေးပေးမယ်ဆိုတော့ ကျွန် တော်တို့ ကောင်းတဲ့ Quality တစ်ခုတော့ရလာမှာပေါ့။ ဒါမှမဟုတ်ဘဲနဲ့ အင်ဂျင်နီယာတွေက၊ သက်ဆိုင်ရာ မိခင်ဌာနတွေကလည်း ဒါကိုအဓိကမထားဘဲနဲ့ သူတို့အလုပ်လုပ်ဖို့ချည်းပဲ စဉ်းစားနေတယ်ဆိုရင် တော့ Quality ပိုင်းမှာလျော့လာမှာပေါ့။ အဲဒါကြောင့်မို့လည်း ကျွန်တော်တို့က အကြံပြုချင်တာကတော့ သက် ဆိုင်ရာမိခင်ဌာနကလူတွေက၊ အင်ဂျင်နီယာတွေက ဌာနအလုပ်ကိုပဲ အာရုံစိုက်ပြီးတော့ အဓိက လုပ်စေ ချင်တာပေါ့။
မေး။ ကိုယ်တိုင်တင်ဒါဝင်ပြိုင်ခဲ့တဲ့ အတွေ့အကြုံတွေထဲမှာ လွဲချော်နေတယ်လို့ခံစားရတာ။ ဥပမာဖြစ်ခဲ့ တဲ့ ဖြစ်စဉ်နှစ်ခု၊ သုံးခုလောက်ရှိမှာပေါ့။ အများကြီးရှိမှာပေါ့။ တစ်ခုလောက် ပြောပြကြည့်ပါလား။ ဘယ် ဟာဖြစ်မလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ပြောရရင် ပထမဆုံးဈေးနှုန်း အများကြီးလျှော့ခိုင်းတာတစ်ချက်၊ ဈေးနှုန်း လျှော့ခိုင်းတယ်ဆိုတာ။ ကျွန်တော်တို့ ခုနကပြောသ လိုပဲ သတ်မှတ်တန်ဖိုးထားပြီးတဲ့ဟာတစ်ခုကို ဈေး ထပ်လျှော့ပါဦးလို့ပြောတယ်ဆိုတာဟာ မင်း Quality လျှော့ပြီးလုပ်ချင်လုပ်ပါကွာ။ ငါတို့ ဈေးလျှော့ပေး ပါလို့ ပြောတာနဲ့တူတူပဲ။ ဈေးဆစ်တာနဲ့တူတူပဲ။ ပထမဟာ ဈေးကိုမလျှော့ခိုင်းဘဲနဲ့။ ဈေးကို ထိုက်သင့် တဲ့ဟာပဲ လျှော့ (၁)%၊ (၂)%လျှော့ တင်တောင်း။ အဲဒီလောက် နဲ့လုပ်ခိုင်းပါ။ အဲဒီထက်ပိုလျှော့ရင် တင်ဒါ ကနေ ပယ်ဖျက်သင့်တာမျိုး လုပ်သင့်တာပေါ့။ နောက်တစ်ခု အစ်ကိုတို့ပြောသလိုမျိုးပဲ ဈေးနှုန်း တွက် ချက်တဲ့နေရာမှာ မြန်မာနိုင်ငံရဲ့အခြေအနေအရ ကြိုတင်ပြီးတော့ တွက်ချက်ပြီးမှ တင်ဒါခေါ်သင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိပေါက်ဈေးနဲ့တွက်ရင် ကျွန်တော်တို့ နိုင်ငံနဲ့တွက်ရင် လက်ရှိ ပေါက် ဈေးဆိုတာ မနက်ဖြန် တောင်မသေချာဘူး။ အမြဲတမ်းတက်နေတာဖြစ်တဲ့အတွက် ကြိုတင်တွက်ချက်ပြီး တော့ လုပ်ငန်းရှင်လုပ်နိုင်အောင် တွက်ချက်ပြီးမှ ဘက်ဂျက်တစ်ခုရလာပြီဆိုမှ တင်ဒါခေါ်တာပိုကောင်း တယ်။ တင်ဒါခေါ်ပြီးတော့ရလာပြီဆိုရင်လည်း ဈေးနှုန်းအများကြီး မလျှော့ခိုင်းဘဲနဲ့ ဒီ (၁)% (၂%) လောက်ပဲလျှော့ပြီးတော့ခေါ်တာတော့ ပိုကောင်းပါတယ်။ အဲဒါဆိုရင်တော့ Quality အနေနဲ့လည်း ပို ကောင်းတယ်။ နောက်တစ်ခု အဲဒီတင် ဒါတင်တဲ့အချိန်မှာ ကျွန်တော်တို့ Profile ပြိုင်ရတယ်။ Technical Proposal ပြိုင်ရတယ်။ Profile အောင်တဲ့လူကို Technical Proposal ဆက်ပြိုင်ရတယ်။ အဲဒါထိလည်း ကြိုက်ပါတယ်။ အဲဒီ မှာကျွန်တော်တို့ဖြစ် စေချင်တာက Opened နဲ့စစ်ပြီးတော့ တစ်ခါတည်းပြိုင်၊ တစ် ခါတည်းရွေး၊ တစ်ခါတည်းကြေညာတာက ပိုကောင်းမယ်လို့၊ ပွင့်လင်း မြင်သာမှုရှိမယ်လို့ ထင်ပါတယ်။ အခု တော်တော်များများက NLD အစိုးရ လက်ထက်ထဲကနည်းနည်းချိန် ကြည့်ပေါ့နော်။ သူက Cabinet ကို တင်လိုက်ရတာ Cabinet က ဆုံးဖြတ်တာလုပ်ရတာဖြစ်တဲ့အတွက် Cabinet မှာဆုံးဖြတ်တဲ့ အချိန် မှာ။ တည့်ပြောရင်တော့ ကိုကျော်မျိုးမင်းက ဝန်ကြီးဆိုရင် သက်ဆိုင်ရာ ဝန်ကြီး၊ ပညာရေးဝန်ကြီးဆိုပါစို့ ဝန်ကြီးဘာတွေလိုချင်သေးလဲ အရင်မေးတာ။ ဝန်ကြီးက ကျွန်တော့်လူတော့ရှိတယ်။ ဘယ်ကုမ္ပဏီ၊ ဘယ်ကုမ္ပဏီဆိုမှ အဲဒါ အရင်ပေးလိုက်တယ်။ ခွဲတမ်းအရင်လုပ်ပြီးမှ ပိုတဲ့ဟာကျမှ တကယ် အမှန် အကန်။ ကုမ္ပဏီအပေါ် တက်သွားပြီ။ Cabinet ပါသွားပြီ (၁၀)ခုလောက်။ Lot (၁)မှာ ကုမ္ပဏီ (၁၀) ခုပါသွားမယ်။ ဒါပေမဲ့ (၅)အောင်ရင် လည်းအောင်သွားတာ။ (၁)ပြီးရင်တော့ ငါတော့ (၁)မို့လို့ ငါတော့ သေချာသွားပြီးလို့ မျှော်မှန်းလို့မရဘူး။ ဒါကပွင့်လင်းမြင်သာမှုမရှိဘူးပေါ့။ ကျွန်တော်တို့လိုချင်တာ၊ ဖြစ်စေချင်တာကတော့ ဒီ Hall ထဲမှာ တစ်ခါတည်းဖွင့်၊ တစ်ခါတည်းလုပ်၊ တစ်ခါတည်းကြေညာ၊ တစ်ခါ တည်း ဓာတ်ပုံရိုက် ဒါဆိုရင်တော့ ကျွန်တော် တို့က မှန်မှန်ကန်ကန်ပွင့်လင်းမြင်သာမှုရှိလို့ မှန်မှန် ကန် ကန်ကုမ္ပဏီတစ်ခု ထွက်လာမှာပေါ့။ တချို့ဟာ တွေကျတော့ လမ်းခင်းလုပ်ငန်းဆိုရင် ကျွန်တော်တို့ Bank Statement ရှိတယ်၊ ယန္တရားရှိတယ်။ ကျွန်တော့်မှာ အတွေ့အကြုံအများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို ကျွန် တော်အောင်ချင်မှအောင်တာ။ ဘာမှမရှိဘဲနဲ့ Profile လေးတစ်ခုပဲလာပြီးတော့ ရုံးခန်းတောင် မရှိတဲ့ ကုမ္ပဏီက တင်ဒါအောင်ရင် အောင်သွားတာ။ အဲဒီတော့ ဘာကြောင့်အောင်လဲ ဆိုတာ ဆက်တွေးလို့ရ တာပေါ့။ ဒီကုမ္ပဏီကြီးတွေရှိရဲ့သားနဲ့ ကုမ္ပဏီသေးသေးလေး ဘာမှမရှိတဲ့ ဘာမှ အလုပ်မရှိတဲ့ကုမ္ပဏီ တစ်ခုက Profile အားမရှိဘူး။ ဟိုဖြတ် ညှပ်ကပ်၊ ဒီဖြတ်ညှပ်ကပ်နဲ့တက်လာတဲ့ ကုမ္ပဏီတစ်ခုက တင်ဒါ အောင်သွားတယ်ဆိုကတည်းက ဒါအများကြီးစဉ်းစားလို့ရပါတယ်။
မေး။ ကိုယ်တိုင်တင်ဒါဝင်ပြိုင်နေတဲ့လူဖြစ်တော့ တင်ဒါနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်ထားလဲပေါ့။ ပြည်ထောင်စုအဆင့်တွေဆိုရင် ဘတ်ဂျက်ဘယ်လောက်ဆိုရင် ပြည်ထောင်စုအဆင့်၊ ဘတ်ဂျက်ဘယ် လောက်ဆိုရင် တိုင်းဒေသကြီးအဆင့်၊ အဲဒီ Layer အလိုက်ခွဲပြီးထားတာမျိုး ဘယ်လိုနားလည်ထားလဲ။
ဖြေ။ ။ အဲဒီလိုမျိုးတော့မရှိဘူး။ ကျွန်တော်သိထားတာကတော့ အဲဒီလိုပြည်ထောင်စုကနေခွဲယူလိုက်တဲ့ ဘတ်ဂျက်အပေါ် ပညာရေးအဆောက်အအုံတွေကို ပြည်ထောင်စုကခေါ်မယ်ဆို ပြည်ထောင်စုကခေါ် လိုက်တာပဲ။ လုပ်ငန်းကြီးတာ၊ သေးတာနဲ့မဆိုင်ဘူး။ လုပ်ငန်းကြီးကြီးလည်း တိုင်းဒေသကြီးကနေဘတ် ဂျက်နဲ့ခေါ်တယ်ဆိုရင် အရင် ကျွန်တော်တို့လုပ်ခဲ့တဲ့ လမ်းတွေဆိုရင် (၃.၅)ဘီလျံ၊ (၄.၅)ဘီလျံ၊ (၄.ဝ) ဘီလျံတို့ဆိုရင် သိန်းသုံးသောင်းကျော်၊ လေးသောင်း ကျော်တယ်ဆိုတာ တိုင်းဒေသကြီးရန်ပုံငွေနဲ့ လုပ်တာ၊ ပြည်ထောင်စုရန်ပုံငွေနဲ့မဟုတ်ဘူး။ ဘတ်ဂျက်သေးသေးကြီးကြီးနဲ့တော့မဆိုင်ဘူး။ တချို့ ဖြည့် စွက်ဘက် ဂျက်တွေမှာလုပ်တဲ့အချိန်မှာ ပြည်ထောင်စုကခေါ်တဲ့ အချိန်လည်းရှိတယ်။ ခပ်သေးသေးပဲ။ သိန်း (၃)၊ (၄)ထောင်လေးတွေ အဲဒီလိုရှိသလိုပဲ။ တိုင်းဒေသကြီးမှာလည်း ခပ်သေးသေးခေါ်တဲ့ဘတ် ဂျက်တွေလည်းရှိပါတယ်။ ဒါကတော့ သူတို့ဌာနအချင်းချင်းပဲညှိနှိုင်းပြီး လုပ်ကြတဲ့သဘောရှိပါတယ်။ ငွေ Amount ပေါ်မှာတော့ သိပ်မဆိုင်ပါဘူး။
မေး ။ ။ နောက်တင်ဒါတွေကိုယှဉ်ပြိုင်ခဲ့တဲ့အခါ ကျရင်ပေါ့။ များသောအားဖြင့် ၊ Opened တင်ဒါရှိတယ်။ Closed တင်ဒါရှိတယ်။ ဆိုတော့ ပြီးခဲ့တဲ့ (၁၀)စုနှစ် တစ်ခုလုံးရင်ဆိုင်ရတာက ပွင့်လင်းမြင်သာတဲ့တင်ဒါ လား၊ အိတ်ဖွင့်တင်ဒါလား၊ အိတ်ပိတ်တင်ဒါလား။ ဘယ်ဟာကိုအများဆုံးရင်ဆိုင်ရလဲ။
ဖြေ။ ။ အိတ်ပိတ်တင်ဒါဆိုပေမယ့်လည်း ကျွန်တော်တို့ ကအိတ်ပိတ်ပြီးတင်ရတာပေါ့လေ။ စာအိတ်ပိတ် ပြီး တင်လိုက်တယ်။ တင်ဒါဖွင့်ပွဲနေ့မှသာ ဖောက်ဖတ်ပြီးတော့ ကျွန်တော်တို့ Profile အောင်သွားပြီ ဆိုရင် ဖောက်ဖတ်တယ်။ ဖောက်ဖတ်ပြီးတော့ ကြေညာပေး တယ်။ ကျွန်တော်တို့ အဲဒါတွေကို ကြုံခဲ့ရ တယ်။ ဒါအခုလက်ရှိအခြေအနေအထိပေါ့နော်။ အရင် ဦးသိန်းစိန်လက်ထက်မှာကျတော့ အဲဒီလို မဟုတ်ဘူး။ အရှေ့မှာခွက်ကြီးထားထားတယ်။ အဲဒီထဲကိုသွား ထည့်ရုံပဲ။ သွားထည့်ပြီးတော့ ကျောက် တစ်ကျင်းကို ဘယ်ဈေး၊ တူးဖိုး တစ်ကျင်းကိုဘယ်ဈေး ကျွန်တော်တို့ ထည့်တယ်။ (၁)၊ (၂)၊ (၃) ကို ဘယ် ဈေးသွားထည့် လိုက်တယ်။ A ကုမ္ပဏီဘယ်ဈေး၊ B ကုမ္ပဏီ ဘယ်ဈေး ကြေညာပေးလိုက်တယ်။ ဈေး အနည်းဆုံးသူ အောင်တာပေါ့လေ။ တစ်ခါတည်း ကြေညာပေးတယ်။ တစ်ခါတည်းလုပ်ပေးတယ်။ တစ်ခါတည်း ဓာတ်ပုံရိုက်။ ဆိုတော့ အရမ်းရှင်းတယ်။ အခုနောက်ပိုင်းက ကျောက်တင်တာတွေလည်း အဲဒီလိုပဲ။ အဲဒီလိုမျိုးမလုပ်ဘဲနဲ့ ဒီအိတ်ပိတ်၊ စာအိတ်နဲ့ပိတ်ပြီး တင်လိုက်ရတာ၊ တင်လိုက်ပြီးမှ ဖွင့်ပွဲနေ့ မှကြေညာပေးတယ်။ Cabinet မှာတင်တယ်။ ဘယ်သူအောင်တယ်။ ဘယ်သူအောင်တယ်ဆိုပြီးတော့ လုပ်လိုက်တာပေါ့နော်။ အရင်ဦးသိန်းစိန်လက်ထက်မှာလုပ် တဲ့တင်ဒါ ပွဲတွေကတော့ ပွင့်လင်းမြင်သာမှု ရှိတာပေါ့။ ကျွန်တော်တို့တိုင်းအနေနဲ့ ပြောတာပေါ့။
မေး။ နောက်တစ်ခုက တင်ဒါတွေကို ပြိုင်ကြတဲ့အခါမှာ။ တကယ်တမ်းတင်ကျတဲ့အခါမှာ တစ်ခါတစ် လေကျရင် အစောကတည်းက သူ့ဘာသာသူ သတ်မှတ်ထားပြီးသား ဘယ်သူကိုပေးမလဲဆိုတာ ပြင်ထား ပြီးသားရှိပြီးတော့ တချို့တွေက အဖြစ်ဝင်ပြိုင်ခိုင်းတယ်ဆိုတဲ့ဟာမျိုးလည်း ကြားခဲ့ဖူးတယ်။ ဒါကရှိကို ရှိခဲ့တယ်လို့နားလည်တယ်။ တကယ်ကော အဲဒါမျိုးတွေ တကယ်ဖြစ်လား။ ဘယ်လိုမျိုး ဥပမာမျိုးတွေ ပေးချင်လဲ။
ဖြေ။ ။ ကျွန်တော်ခုနကပြောသလိုပေါ့။ ပေးထားတယ်ဆိုပေမယ့်လည်း ပေါ်တင်ကြီးတော့ ဒီ Lot တွေကို ဘယ်သူ့ပေးထားပြီလဲတော့ မကြေညာဘူးပေါ့။ ကျွန်တော်တို့ ထုံးစံအတိုင်း တင်ဒါခေါ်လိုက်တာပေါ့။ Lot နံပါတ် (၁)၊(၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ဒါပေမဲ့ ကိုကျော်မျိုးမင်းကို Lot နံပါတ် (၂)ပေးချင်တယ်လို့ လျာ ထားပြီးသားပေါ့။ နံပါတ် (၂)မှာ ကုမ္ပဏီ (၁၀)ခု ရှိတယ်။ စီလိုက်တယ်။ ကျွန်တော်က ယန္တရား အရမ်း ပြည့်စုံလို့ ကျွန်တော်က အကုန် နံပါတ် (၁)မှာ Profile လည်းအားကောင်းတယ်။ ဘာ အားကောင်းလဲ အကုန် အားကောင်းတယ်။ Bank Statement လည်း ကောင်းတယ်။ အမှတ် (၁၀)ပေးရင် အမှတ် (၁၀) အပြည့်ရတယ်။ ကျွန်တော်ရှေ့မှာရှိနေတယ်။ ဒါပေမဲ့ ကိုကျော်မျိုးမင်းက Profile အားနည်း လို့ နံပါတ် (၆) လောက်မှာ ရှိနေတယ်။ ဒါပေမဲ့ ပေးချင်တယ်ဆိုရင် (၆)က တင်ဒါအောင်သွားတာပါပဲ။ အဓိက က တော့ လျာထားပြီးသားပါ။ လျာထားပြီးသားမရှိရင်တောင်မှ တက်သွားတယ်ဆိုရင် လူကြီး တစ်ယောက် က ဒီဟာကိုပေးချင်တယ်ဆိုရင် သူ့လူပါဆိုပြီးပြောလိုက်ပေးလိုက်တာပေါ့။
မေး ။ ။ တင်ဒါဈေးနှုန်းကိစ္စပေါ့။ ကျွန်တော်တို့ လမ်း တစ်လမ်းခင်းတာပေါ့။ (၁၀)မိုင်ရှည်တဲ့လမ်းတစ်ခု ခင်းမယ်။ ဈေးနှုန်းသတ်မှတ်ချက် Rate တစ်ခုက ရှိတယ်။ အစောကြီးက မဖြစ်မနေကုန်ရမယ့် ဈေးနှုန်း ကရှိပြီးသား။ အဲဒီမှာ ဈေးနှုန်းနည်းနည်းလေးနဲ့ ဆွဲသွားတဲ့လူရဲ့လက်ထဲကို ထည့်သင့်တာလား။ တကယ် Quality မှန်တဲ့ဟာကို ထည့်သင့်တာလား။ ကြုံခဲ့တာက ဘာတွေကို အဓိကထည့်သွားတာကို မြင်ရလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ Personal ပြောမယ်ဆိုရင်တော့ ကျွန်တော်က ဈေးနှုန်းမကြည့်ဘဲနဲ့ Quality တကယ်လုပ်နိုင်တဲ့ကုမ္ပဏီကို ထည့်ပေး တာတော့ တိုင်းပြည်အတွက်ပိုအကျိုးရှိပါတယ်။ ဈေးနှုန်း လျော့ ပြီးတော့ Quality လျှော့ပြီးတော့ လုပ်သွားတဲ့လူထက်စာရင်တော့ ဈေးနှုန်းသင့်တင့်တဲ့ဟာပေးပြီးတော့ Quality ကောင်းအောင်လုပ်တဲ့ ကုမ္ပဏီလက်ထဲကိုထည့်သင့်တယ်လို့ ကျွန်တော်အနေနဲ့ယူဆပါတယ်။
မေး ။ တကယ်ထည့်နေတာကဘယ်လိုထည့်နေလဲ။ မြေပြင်မှာတကယ်လုပ်နေကြတော့ အဲဒီအတိုင်း ဖြစ်လား။
ဖြေ။ မဖြစ်ပါဘူး။
မေး။ ဘယ်လောက်ရာခိုင်နှုန်းအထိ မဖြစ်ဘူးလဲ။ တင်ဒါ (၁၀)ခုမှာ ဘယ်နှခုလောက်က မမှန်မကန် ဖြစ် နေတာလဲ ပြောလို့ရတယ်။
ဖြေ ။ အားလုံးနီးပါးပါပဲ။ အားလုံးက တင်ဒါ (၁၀)ခုရှိ (၁၀)လုံးက ဝင်ထားပြီးသားပဲ။
မေး။ ဈေးနှုန်းနည်းတိုင်းလည်း တင်ဒါက မရနိုင်ဘူးပေါ့။
ဖြေ။ မရဘူး။ ဈေးနှုန်းနည်းတိုင်းလည်း ရချင်မှရမှာ။ ဈေးနှုန်းလျှော့တိုင်းလည်း ရချင်မှရသလို။ Quality အကုန်ပြည့်မီနေလို့၊ ကျွန်တော်ပြောပြီးပြီ ယန္တရားအကုန်ရှိပေမယ့်လည်း Batching Plant ရှိမယ်။ Batching Plant က အမြင့်ဆုံးပဲ။ ရှိပေမယ့်လည်း အားလုံးပြည့်စုံနေပေမဲ့လည်း မပေးချင်မပေးဘူး။
မေး ။ ဆိုလိုတာကတင်ဒါဘယ်သူရလဲဆိုတာ ဈေးနှုန်း အပေါ်မှာမူတည်တာမဟုတ်သလို၊ Quality ပေါ် လည်းမူတည်တာမဟုတ်ဘူး။ ဘယ်အပေါ်မူတည်ပြီး တင်ဒါကရနေလဲ။
ဖြေ။ ။ လူပေါ်မှာ မူတည်တာပေါ့။
မေး။ လူဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ။
ဆွေးနွေးဖော်။ ။လူပေါ်မှာဆိုတာ သူပေးမယ်လို့ သတ်မှတ်ထားတယ်ဆိုရင် Cabinet အဖွဲ့ဆိုပါစို့ ။ ကျွန် တော်ပေးမယ်လို့ သတ်မှတ်ထားတယ်ဆိုရင် ကျွန်တော်ဘယ်လိုပဲပြိုင်ပြိုင် ကျွန်တော်ပဲ ရမှာပေါ့။
မေး ။ ဒါဆိုရင် အစိုးရရဲ့တင်ဒါတွေကို သွားပြိုင်ကြတဲ့လုပ်ငန်းရှင်တွေတော်တော်များများ တကယ်ပြိုင်ရ တဲ့လူက ဘယ်သူ့ကိုပြိုင်ရလဲ။ ကိုယ်နဲ့ပြိုင်ဘက် ဆောက်လုပ်ရေးတင်ဒါသမားတွေကို ပြိုင်ရတာလား။ ဘယ်သူကိုပြိုင်ရတာလဲ။
ဖြေ။ ။ တကယ်ယှဉ်ပြိုင်ရတဲ့လူက ဥပမာ ဒီလူက လုပ်နေကျလည်းဖြစ်တယ်။ တင်နေကျလည်းဖြစ် တယ်။ ကျန်တဲ့လူတွေရှိတယ်။ သူ့နဲ့အပြိုင် လူတွေလည်းရှိတယ်ဆိုရင် အဓိကသူပြိုင်ဖို့က သူ့မှာ အကုန် ပြည့်စုံထားပြီးသားလေ။ ဥပမာ - ကျွန်တော် လည်း ပြည့်စုံထားပြီးသား ကျန်တဲ့လူဘယ်သူ့မှ ဂရုစိုက် စရာမလိုဘူးဆိုပါစို့။ သူလည်းပြိုင်တယ်။ ကိုယ်လည်းပြိုင်တယ်။ ပါဝါချင်းတူကြတယ်။ ဒါပေမဲ့ အဲဒါ ပြိုင်ဖို့အတွက်ကျတော့ချဉ်းကပ်ပြီးယှဉ်ပြိုင်မှ ကျွန်တော်ရမှာ။ ချဉ်းမကပ်နိုင်ရင်တော့ ကျွန်တော်ရမှာ မဟုတ်ဘူး။ ချဉ်းကပ်တဲ့လူကတော့ ရသွားမှာပဲ။
(ဆက်လက်ဖော်ပြပါမည်)
zawgyi version
“ဝန္ႀကီးက ကြၽန္ေတာ့လူရွိတယ္ဆိုရင္” အစိုးရ တင္ဒါ...ဘယ္သူသာ
ေစာ (NP News) - ဇူလိုင္ ၈
တင္ဒါလုပ္ငန္းကို ဝင္ေရာက္ယွဥ္ၿပိဳင္ရာတြင္ အစိုးရတင္ဒါေခၚယူ သူမ်ားႏွင့္ ေဆာက္လုပ္ေရး ကုမၸဏီမ်ားအၾကား ရင္ဆိုင္ႀကဳံေတြ႕ေနရေသာ အခက္အခဲမ်ားအျပင္ တင္ဒါလုပ္ငန္းကို မည္သည့္ ပုံစံ မ်ိဳးျဖင့္ ေဆာင္႐ြက္ၾကသည့္ပုံစံမ်ားႏွင့္ပတ္သက္၍ တင္ဒါလုပ္ငန္းရွင္တစ္ဦးအား NP News က ေမး ျမန္းထားခ်က္မ်ားကို ေဖာ္ျပအပ္ပါသည္။
ေမး။ တင္ဒါလုပ္ငန္းေတြနဲ႔ပတ္သက္ၿပီးေတာ့ တင္ဒါလုပ္ငန္းေတြဆိုတာ ဘယ္လိုလည္ပတ္တာလဲ။ တင္ ဒါလုပ္ငန္းလည္ပတ္ပုံနည္းနည္းေျပာျပပါလား။
ေျဖ ။ ။ တင္ဒါလုပ္ငန္းကေတာ့ လမ္းပဲျဖစ္ျဖစ္၊ တံတားပဲျဖစ္ျဖစ္၊ အေဆာက္အအုံပဲျဖစ္ျဖစ္ ဘာလုပ္ရ လဲဆိုေတာ့ ႏိုင္ငံေတာ္က တင္ဒါေခၚတဲ့အခ်ိန္မွာ ဏဥသြင္းရတယ္။ PO သြင္းၿပီးေတာ့ ပထမေတာ့ တင္ဒါေဖာင္ဝယ္ရတာေပါ့။ ၿပီးေတာ့ PO သြင္းရတယ္။ ကိုယ္ဆြဲမယ့္ Lot ေတြကို PO သြင္းၿပီးေတာ့ တင္ဒါတင္သြင္းရတာေပါ့။ တင္ဒါယွဥ္ၿပိဳင္ရတာေပါ့။ ပ႐ိုဖိုင္ေတြ လုပ္၊ Technical Proposal ေတြလုပ္ၿပီး ေတာ့ တင္ဒါယွဥ္ၿပိဳင္ရတာေပါ့။ သတ္မွတ္ေဈး ရွိမယ္ေပါ့။ သိန္း (၃၀ဝဝ)သတ္မွတ္ေဈးရွိတယ္ဆိုပါစို႔ Lot တစ္ခုကို ။ သိန္း (၃၀ဝဝ)သတ္မွတ္ေဈးမွာ ကိုယ္က ဘယ္ေလာက္ေလ်ာ့ႏိုင္လဲ တြက္ရတာေပါ့။ (၃)% ေလ်ာ့ႏိုင္လား။ (၅)% ေလ်ာ့ႏိုင္လား။ (၆)% ေလ်ာ့ႏိုင္လားေပါ့။ အရင္တုန္းကဆိုရင္ေတာ့ မ်ားမ်ား ေလ်ာ့ေလ ႀကိဳက္ေလေျပာခဲ့တဲ့ လူႀကီးလည္းရွိခဲ့တယ္။ ဒါေပမဲ့ မ်ားမ်ားေလ်ာ့ရင္ေတာ့ ႏိုင္ငံေတာ္က ထိခိုက္တာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ မ်ားမ်ားေလ်ာ့ တယ္ဆိုရင္ ေဈးနည္းကိုက္ေအာင္လုပ္သြားတယ္ ဆိုရင္ သတ္မွတ္တဲ့ Quality မရႏိုင္ဘူးေပါ့။ ဘတ္ ဂ်က္ဆြဲထားၿပီးေတာ့ ၾကမ္းခင္းေဈးသတ္မွတ္ထား တယ္ဆိုကတည္းက ဒီေဈးကိုေပးႏိုင္တယ္ဆိုၿပီးေတာ့ သတ္မွတ္ၿပီးေတာ့ဆြဲထားတာေလ။ ကိုယ္က ဒီပစၥည္းတစ္ခုကို လမ္းတစ္လမ္း၊ အေဆာက္အအုံတစ္လုံးကို သိန္း(၃၀ဝဝ)နဲ႔ တင္ဒါေခၚတယ္ဆိုက တည္းက ဒီ တန္ဖိုးကိုေပးႏိုင္လို႔ ဒီကန္ထ႐ိုက္တာကိုဒီတန္ဖိုး ေပးႏိုင္လို႔ ၊ ကုမၸဏီကိုေပးႏိုင္လို႔ ဒီေဈးနဲ႔ ဖြင့္ထားတာဆိုေတာ့ အမ်ားႀကီးေလ်ာ့ခိုင္းတာေတာ့ မေကာင္းဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကေတာ့ (၃)% (၄) % ေလာက္ပဲေလ်ာ့ေပး။ အလြန္အကြၽံ (၅)% အတြင္းမွာပဲ။ (၁) To (၅) ကာလမွာ ေလ်ာ့ၿပီး တင္ဒါ တင္တာ။
ေမး ။ လက္ရွိသူတို႔သတ္မွတ္ထားတဲ့ေဈးနဲ႔ ေျမျပင္ေဈးနဲ႔ ကြာျခားခ်က္ေကာရွိလား။
ေျဖ ။ ။ ရွိတာေပါ့။ ရွိလို႔ပဲ ရႈံးတယ္ဆိုတာျဖစ္လာတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔တင္ဒါကို ဆြဲ လိုက္တာေပါ့ေလ။ ဥပမာ - သိန္း (၅၀ဝဝ)သတ္မွတ္ထားတဲ့ အေဆာက္အအုံတစ္ခု၊ တံတားတစ္စင္း ၊ လမ္းတစ္လမ္းကို ဆြဲလိုက္တာေပါ့။ ကြၽန္ေတာ္တို႔လည္း ၾကည့္ၿပီးေတာ့ တြက္ခ်က္ၿပီးေတာ့ ဆြဲတာပဲ။ ဒါေပမဲ့ ကုန္ေဈးႏႈန္းက မတည္ၿငိမ္တဲ့အတြက္ တကယ္အလုပ္လုပ္တဲ့အခ်ိန္မွာ တကယ္တင္ဒါဆို တာ တင္ၿပီးရင္ ခ်က္ခ်င္းလုပ္ရတာမဟုတ္ဘူးေလ။ တင္ဒါတင္ရ တယ္။ တင္ၿပီးရင္သူတို႔က တင္ဒါဖြင့္ပြဲ လုပ္ တယ္။ ဖြင့္ပြဲဆိုတာ အမ်ားသိထားတဲ့ တင္ဒါဖြင့္ပြဲဆိုတာ ေၾကညာမယ္လို႔ထင္တာ။ မဟုတ္ဘူး။ Technical Profile ေအာင္၊ မေအာင္အရင္စစ္တယ္။ Profile ေအာင္တဲ့ကုမၸဏီေတြကို သူက ေၾကညာ ေပးတယ္။ ဘယ္ေဈးနဲ႔တင္ထားတယ္။ ေဈးႏႈန္းဘယ္ေလာက္ နဲ႔တင္ထားတယ္။ ဘယ္ကုမၸဏီကေတာ့ Profile ေအာင္တယ္ေၾကညာေပးတယ္။ ၿပီးမွ အဲဒါကို သက္ဆိုင္ရာအစိုးရအဖြဲ႕ Cabinet ကိုတင္လိုက္ တာ Cabinet က ဆုံးျဖတ္တဲ့ဟာ ေအာက္ကို ျပန္က်လာတာ။ Cabinet ရဲ႕ ဆုံးျဖတ္တာၾကာတဲ့အခ်ိန္ ကိုမူ တည္ၿပီးမွ ကိုယ္တို႔က တင္ဒါကိုလုပ္ရတာ။ တင္ဒါ လုပ္ရတဲ့အခ်ိန္မွာဆိုရင္ တင္ဒါတင္တာနဲ႔စလုပ္ တာနဲ႔ဆိုရင္ အခုဆိုရင္ ပိုဆိုးေသးတယ္။ ဘတ္ဂ်က္ ေျပာင္းသြားလို႔။ တင္ဒါေခၚတာက (၅)လပိုင္း၊ (၆) လပိုင္း ေခၚၿပီ။ တင္ဒါဖြင့္ၿပီဆိုပါေတာ့ တင္ဒါေအာင္ စာရင္း (၇)လပိုင္းထြက္ၿပီဆိုပါစို႔။ မိုးက႐ြာေနၿပီ။ ဘာအလုပ္မွ လုပ္လို႔မရဘူး။ အေဆာက္အအုံလည္း ခက္၊ လမ္းခင္းရလည္းခက္၊ တံတားေဆာက္ရ လည္း ခက္၊ အဲဒီအခါက်ေတာ့ ပြင့္လင္းရာသီက်မွ လုပ္ရတာ ျဖစ္တဲ့အတြက္ အဲဒီမွာၾကားထဲမွာ ကုန္ ေဈးႏႈန္းက အမ်ားႀကီးေျပာင္းလဲသြားၿပီထပ္ၿပီးေတာ့။ အမ်ား ႀကီးေျပာင္းလဲသြားတဲ့အတြက္ တကယ္ အလုပ္လုပ္တဲ့အခ်ိန္မွာ အၾကမ္းဖ်င္းတြက္လိုက္ရင္ အခုဆို ေနာက္ ပိုင္းဆိုရင္ ရႈံးေနတာ တန္းေတြ႕ရ တယ္။
ေမး။ လက္ရွိတင္ဒါနဲ႔ပတ္သက္ၿပီး အရႈံးေတြနဲ႔ပဲ ရင္ဆိုင္ေနရတာေပါ့။
ေျဖ ။ ။ မွန္ပါတယ္။ အရႈံးေတြနဲ႔ရင္ဆိုင္ရတာ ဒီႏွစ္ ေတြမွ မဟုတ္ပါဘူး။ ေလး၊ ငါးႏွစ္ေလာက္ရွိပါၿပီ။
ေမး။ တင္ဒါနဲ႔ပတ္သတ္လို႔ တင္ဒါေတြက ေဆာက္လုပ္ေရးကေန အဓိကလာမယ္။ ပညာေရးကလာမယ္။ တင္ဒါေခၚတာ ဘယ္ Sector ေတြက အမ်ားဆုံးေခၚ တာမ်ားလဲ။ တိုင္းေဒသႀကီး တစ္ခုခ်င္းစီေျပာမယ္ ဆိုရင္ ကိုယ္နဲ႔ဆက္စပ္တဲ့ေဒသေတြေပါ့ ။ ဘယ္ Sector ေတြက အဓိက တင္ဒါလာလဲ။
ေျဖ ။ ။ ပညာေရးလာမယ္။ က်န္းမာေရးလာမယ္။ ၿပီးေတာ့ ေဆာက္လုပ္ေရးဝန္ႀကီးဌာနလာမယ္။ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွာ ဘာရွိမလဲဆိုေတာ့ လမ္း၊ တံတားေပါ့။
ေမး။ ပညာေရး၊ က်န္းမာေရးတို႔ကေကာ ဘာေတြ အဓိကေဆာက္လဲ။
ေျဖ။ ။ အေဆာက္အအုံေတြ အဓိကေဆာက္တာ။ ေက်ာင္းဆိုရင္လည္း ေက်ာင္းေတြပါ မယ္။ စာသင္ ေဆာင္ေတြပါမယ္။ ၿပီးေတာ့ ဆရာ၊ ဆရာမ ေတြေနတဲ့အေဆာင္ပါမယ္။ က်န္းမာေရးဆိုလည္း Nurse ေနတဲ့အေဆာင္ပါမယ္။ ေဆး႐ုံပါမယ္။ ေနာက္ဆုံး ဘယ္ေလာက္ထိပါမလဲ။ တိုက္နယ္ေဆး႐ုံ ေလးေတြ အစ ပါမယ္။ ၿပီးေတာ့ လွ်ပ္စစ္ရွိေသးတယ္။ လွ်ပ္စစ္ဆိုရင္ ႀကိဳးသြယ္တာပါမယ္။ ဓာတ္အားခြဲ စက္႐ုံ၊ အေဆာက္အအုံေတြ လွ်ပ္စစ္ကေတာ့ အဓိကမ်ားတာေတာ့ ႀကိဳးသြယ္တာေတြက အဓိကမ်ားတာ။ လုံးဝ Construction စစ္စစ္ကေတာ့ က်န္းမာေရး၊ ပညာေရးေပါ့ေနာ္။ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အဓိက လာတာ။
ေမး။ တင္ဒါေတြဆြဲဖို႔အတြက္ကို ဘက္ဂ်က္ႏွစ္အ လိုက္ျပင္ရတာေတြရွိလိမ့္မယ္။ အဲဒီမွာ လာမယ့္ႏွစ္ မွာ လုပ္ဖို႔အတြက္ကို ဒီႏွစ္မွာ ဘတ္ဂ်က္ကိုျပင္ခဲ့ရတာေျပာလို႔ ရတာေပါ့ေနာ္။ အဲဒီေတာ့ တင္ဒါ တစ္ခု ေပးေတာ့မယ္ဆိုရင္ ဒီႏွစ္ေဈးတည္ၿပီးတြက္သလား။ လာမယ့္ႏွစ္မွာျဖစ္ေနတဲ့ ေဈးနဲ႔တင္ဒါေဈးႏႈန္း သတ္မွတ္တာကိုဘယ္သူက သတ္မွတ္တာလဲ။
ေျဖ။ ။ သက္ဆိုင္ရာဌာနမွာ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ Yellow Book ဆိုတာရွိတယ္။ သူတို႔ကေတာ့ ကာလ ေဒသေပါက္ေဈးလို႔ေတာ့ ေျပာတာေပါ့ေနာ္။ ကာလေဒသေပါက္ေဈးဆိုတဲ့အတြက္ Yellow Book ဆိုတာ အဲဒီ့ Yellow Book ကိုအေျခခံ ၿပီးတြက္တာ။ တနသၤာရီတိုင္းမွာ တနသၤာရီတိုင္းရဲ႕ Yellow Book ရွိတယ္။ အဲဒီ့ Yellow Book ကိုအေျခခံၿပီးတြက္တာ ေရွ႕လာမယ့္ႏွစ္ကို အေျခခံၿပီး မတြက္ဘူး။ အဲဒါ ေၾကာင့္မို႔လို႔လည္းရႈံးၾကတာ။
ေမး ။ ။ အဲဒီေတာ့ဆိုလိုတာက ဒီႏွစ္ရဲ႕ေနာက္ဆုံး Yellow Bookကို တည္ၿပီးတြက္တဲ့အတြက္ လာမယ့္ ႏွစ္မွာ ျဖစ္လာႏိုင္တဲ့ ၊ မေမွ်ာ္မွန္းႏိုင္တဲ့ ကုန္က်စရိတ္ေတြေပၚမွာ ထည့္ၿပီးစဥ္းစားေပးတာမ်ိဳး မရွိဘူး လား။
ေျဖ။ ။ မရွိဘူး။ မရွိလို႔လည္း ကြၽန္ေတာ္တို႔ ေဆာက္လုပ္ေရးသမားေတြက ရႈံးေနၾကတာပဲ။ ႀကိဳၿပီးစဥ္း စားေပးတယ္ဆိုရင္ ငါတို႔ႏိုင္ငံက ေဈးကြက္က မတည္ၿငိမ္ဘူး။ အၿမဲတမ္းအတက္ပဲရွိတယ္။ ငါတို႔ ႀကိဳဆြဲ ေပးမွရမယ္ဆိုရင္ေတာ့ ရႈံးစရာအေၾကာင္းမရွိဘူး။
ေမး။ တင္ဒါနဲ႔ပတ္သက္ၿပီး ဘက္ဂ်က္တြက္တဲ့လူေတြကေရွ႕ကိုပိုၿပီးေတာ့ ႀကိဳတင္ျပင္ဆင္ထားဖို႔၊ တြက္ ခ်က္ထားဖို႔လိုသလား။ ဘာလုပ္ဖို႔ လိုတယ္ထင္တယ္။
ေျဖ။ လိုအပ္ပါတယ္။ သူမ်ားႏိုင္ငံေတာ့ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံအေနအထားနဲ႔ကေတာ့ အၿမဲႏွစ္တိုင္းကေတာ့ ကုန္ေဈးႏႈန္းကတက္ေန တာပဲရွိတဲ့အတြက္ ႀကိဳတင္ၿပီးေတာ့၊ တြက္ခ်က္ၿပီး ေတာ့ ဆြဲသင့္တယ္လို႔ေတာ့ ကြၽန္ေတာ့္အေနနဲ႔ ျမင္တယ္။ အဲဒါကို ကြၽန္ေတာ္လူႀကီးေတြနဲ႔ ေတြ႕လည္း အၿမဲတင္ျပတယ္။
ေမး။ အခု တနသၤာရီတိုင္းပဲ ဥပမာေပးၾကပါစို႔။ တနသၤာရီတိုင္းထဲမွာ တင္ဒါဝင္ၿပိဳင္ေနၾကတဲ့ ကုမၸဏီ ေပါင္းက ၊ ကိုယ္နဲ႔အၿပိဳင္ၿပိဳင္ေနတဲ့ကုမၸဏီေပါင္းက ဘယ္ေလာက္ေလာက္ရွိတယ္လို႔သိထားလဲ။
ေျဖ။ ။ကြၽန္ေတာ္ေနာက္ဆုံးသိခဲ့တဲ့ဟာ ကုမၸဏီေပါင္း (၄၀ဝ)ေက်ာ္ရွိပါတယ္။
ေမး ။ သူတို႔အားလုံးက ဘာကိုအဓိကၿပိဳင္လဲ။
ေျဖ။ အစုံပါပဲ။ လမ္းေရာ၊ တံတားေရာ ။ လမ္းတံ တားသမားလည္းရွိသလို အေဆာက္အအုံအဓိက ၿပိဳင္တဲ့သမားလည္းရွိပါတယ္။ ကြၽန္ေတာ္တို႔ ယႏၲရား ပိုင္တဲ့လူကေတာ့ လမ္း၊ တံတားကို အဓိကၿပိဳင္ ပါတယ္။
ေမး ။ သူတို႔တင္ဒါေခၚတဲ့အခါမွာ အစိုးရေတြကေတာ့ အၿမဲေျပာေလ့ရွိတယ္။ တင္ဒါၿပိဳင္တဲ့ ကုမၸဏီ ေတြက Quality မမီဘူး။ ေဆာက္တာ Quality မမီဘူး။ ျဖစ္ကတတ္ဆန္း ေဆာက္သြားတယ္။ ပိုက္ဆံရ ရင္ၿပီးေကာ အျမတ္ယူေဆာက္သြားတယ္။ ကုမၸဏီေတြက လုံးဝ ျပည္သူ႔ဘ႑ာေငြကို အလြဲသုံးစား လုပ္ တယ္။ အစိုးရေတြက သူတို႔မွာ တာဝန္လုံးဝမရွိသလိုမ်ိဳး။ မ်ားေသာအားျဖင့္ ေျပာၾကတာေတြ႕ရတယ္။ တကယ္ေကာ အဲဒီလိုလား ဒါမွမဟုတ္ အထဲမွာ ဘာလြဲေခ်ာ္ေနတာလဲ။
ေျဖ။ ။ အဲဒါကေတာ့ ကုမၸဏီေတြက ျဖစ္သလိုေဆာက္သြားတဲ့ကုမၸဏီေတြရွိပါတယ္။ မရွိဘူးလို႔မဆိုလိုပါ ဘူး။ ရွိပါတယ္။ ေကာင္းေအာင္ေဆာက္တဲ့ ကုမၸဏီေတြလည္းရွိပါတယ္။ ဒါေပမဲ့ ဘာကိုကြၽန္ ေတာ္ေျပာ ခ်င္လဲဆိုေတာ့ တကယ္ေတာ့ Quality မေကာင္းေအာင္ေဆာက္တယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ သက္ဆိုင္ ရာဌာနေသာ္လည္းေကာင္း၊ စစ္တဲ့ QC ရွိပါတယ္။ QC က ထိထိမိမိကိုင္တြယ္ၿပီးေတာ့ သူ႔ရဲ႕ စည္းမ်ဥ္း စည္းကမ္းအတိုင္း အေရးယူေဆာင္႐ြက္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ဒါကို တားဆီးႏိုင္မယ္လို႔ ထင္တယ္။ ဒါကတစ္ခ်က္။ ေနာက္တစ္ခ်က္ သက္ဆိုင္ရာ မိခင္ဌာန၊ တာဝန္ယူတဲ့မိခင္ဌာနက အင္ဂ်င္နီ ယာေတြက ၾကပ္ၾကပ္မတ္မတ္နဲ႔ မွန္မွန္ကန္ကန္စစ္ေဆးႏိုင္တယ္ဆိုရင္ေတာ့ ဒါကို တားဆီး ကာကြယ္ ႏိုင္မယ္လို႔ ကြၽန္ေတာ္အေနနဲ႔ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပညာရွင္ေတြေလ။ ပညာရွင္ ေတြက ဒါကိုေကာင္းလားမေကာင္းလား။ ပညာရွင္ ေတြက အသိဆုံးပဲ။ ပညာရွင္ေတြကိုယ္တိုင္က ပထမ က QC ေပါ့။ Third Party က စစ္တဲ့အခ်ိန္မွာေလ်ာ့ၿပီး စစ္လိုက္တယ္ဆိုရင္ေသာ္လည္းေကာင္း ဒါမွ မဟုတ္ ပြင့္ပြင့္လင္းလင္းေျပာရရင္ လက္ေဆာင္ယူၿပီး လုပ္ေပးလိုက္ရင္ေသာ္လည္းေကာင္း ဒါဆိုရင္ေတာ့ Quality က မေကာင္းႏိုင္ဘူးေပါ့။ Third Party က Third Party ပီပီ စစ္ေဆးေပးမယ္။ သက္ဆိုင္ရာ မိခင္ဌာနက အင္ဂ်င္နီယာေတြကလည္း အင္ဂ်င္နီယာပီပီ စစ္ေဆးေပးမယ္ဆိုေတာ့ ကြၽန္ ေတာ္တို႔ ေကာင္းတဲ့ Quality တစ္ခုေတာ့ရလာမွာေပါ့။ ဒါမွမဟုတ္ဘဲနဲ႔ အင္ဂ်င္နီယာေတြက၊ သက္ဆိုင္ရာ မိခင္ဌာနေတြကလည္း ဒါကိုအဓိကမထားဘဲနဲ႔ သူတို႔အလုပ္လုပ္ဖို႔ခ်ည္းပဲ စဥ္းစားေနတယ္ဆိုရင္ ေတာ့ Quality ပိုင္းမွာေလ်ာ့လာမွာေပါ့။ အဲဒါေၾကာင့္မို႔လည္း ကြၽန္ေတာ္တို႔က အႀကံျပဳခ်င္တာကေတာ့ သက္ ဆိုင္ရာမိခင္ဌာနကလူေတြက၊ အင္ဂ်င္နီယာေတြက ဌာနအလုပ္ကိုပဲ အာ႐ုံစိုက္ၿပီးေတာ့ အဓိက လုပ္ေစ ခ်င္တာေပါ့။
ေမး။ ကိုယ္တိုင္တင္ဒါဝင္ၿပိဳင္ခဲ့တဲ့ အေတြ႕အႀကဳံေတြထဲမွာ လြဲေခ်ာ္ေနတယ္လို႔ခံစားရတာ။ ဥပမာျဖစ္ခဲ့ တဲ့ ျဖစ္စဥ္ႏွစ္ခု၊ သုံးခုေလာက္ရွိမွာေပါ့။ အမ်ားႀကီးရွိမွာေပါ့။ တစ္ခုေလာက္ ေျပာျပၾကည့္ပါလား။ ဘယ္ ဟာျဖစ္မလဲ။
ေျဖ။ ။ ကြၽန္ေတာ့္အေနနဲ႔ေျပာရရင္ ပထမဆုံးေဈးႏႈန္း အမ်ားႀကီးေလွ်ာ့ခိုင္းတာတစ္ခ်က္၊ ေဈးႏႈန္း ေလွ်ာ့ခိုင္းတယ္ဆိုတာ။ ကြၽန္ေတာ္တို႔ ခုနကေျပာသ လိုပဲ သတ္မွတ္တန္ဖိုးထားၿပီးတဲ့ဟာတစ္ခုကို ေဈး ထပ္ေလွ်ာ့ပါဦးလို႔ေျပာတယ္ဆိုတာဟာ မင္း Quality ေလွ်ာ့ၿပီးလုပ္ခ်င္လုပ္ပါကြာ။ ငါတို႔ ေဈးေလွ်ာ့ေပး ပါလို႔ ေျပာတာနဲ႔တူတူပဲ။ ေဈးဆစ္တာနဲ႔တူတူပဲ။ ပထမဟာ ေဈးကိုမေလွ်ာ့ခိုင္းဘဲနဲ႔။ ေဈးကို ထိုက္သင့္ တဲ့ဟာပဲ ေလွ်ာ့ (၁)%၊ (၂)%ေလွ်ာ့ တင္ေတာင္း။ အဲဒီေလာက္ နဲ႔လုပ္ခိုင္းပါ။ အဲဒီထက္ပိုေလွ်ာ့ရင္ တင္ဒါ ကေန ပယ္ဖ်က္သင့္တာမ်ိဳး လုပ္သင့္တာေပါ့။ ေနာက္တစ္ခု အစ္ကိုတို႔ေျပာသလိုမ်ိဳးပဲ ေဈးႏႈန္း တြက္ ခ်က္တဲ့ေနရာမွာ ျမန္မာႏိုင္ငံရဲ႕အေျခအေနအရ ႀကိဳတင္ၿပီးေတာ့ တြက္ခ်က္ၿပီးမွ တင္ဒါေခၚသင့္ပါ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္ရွိေပါက္ေဈးနဲ႔တြက္ရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံနဲ႔တြက္ရင္ လက္ရွိ ေပါက္ ေဈးဆိုတာ မနက္ျဖန္ ေတာင္မေသခ်ာဘူး။ အၿမဲတမ္းတက္ေနတာျဖစ္တဲ့အတြက္ ႀကိဳတင္တြက္ခ်က္ၿပီး ေတာ့ လုပ္ငန္းရွင္လုပ္ႏိုင္ေအာင္ တြက္ခ်က္ၿပီးမွ ဘက္ဂ်က္တစ္ခုရလာၿပီဆိုမွ တင္ဒါေခၚတာပိုေကာင္း တယ္။ တင္ဒါေခၚၿပီးေတာ့ရလာၿပီဆိုရင္လည္း ေဈးႏႈန္းအမ်ားႀကီး မေလွ်ာ့ခိုင္းဘဲနဲ႔ ဒီ (၁)% (၂%) ေလာက္ပဲေလွ်ာ့ၿပီးေတာ့ေခၚတာေတာ့ ပိုေကာင္းပါတယ္။ အဲဒါဆိုရင္ေတာ့ Quality အေနနဲ႔လည္း ပို ေကာင္းတယ္။ ေနာက္တစ္ခု အဲဒီတင္ ဒါတင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ Profile ၿပိဳင္ရတယ္။ Technical Proposal ၿပိဳင္ရတယ္။ Profile ေအာင္တဲ့လူကို Technical Proposal ဆက္ၿပိဳင္ရတယ္။ အဲဒါထိလည္း ႀကိဳက္ပါတယ္။ အဲဒီ မွာကြၽန္ေတာ္တို႔ျဖစ္ ေစခ်င္တာက Opened နဲ႔စစ္ၿပီးေတာ့ တစ္ခါတည္းၿပိဳင္၊ တစ္ ခါတည္းေ႐ြး၊ တစ္ခါတည္းေၾကညာတာက ပိုေကာင္းမယ္လို႔၊ ပြင့္လင္း ျမင္သာမႈရွိမယ္လို႔ ထင္ပါတယ္။ အခု ေတာ္ေတာ္မ်ားမ်ားက NLD အစိုးရ လက္ထက္ထဲကနည္းနည္းခ်ိန္ ၾကည့္ေပါ့ေနာ္။ သူက Cabinet ကို တင္လိုက္ရတာ Cabinet က ဆုံးျဖတ္တာလုပ္ရတာျဖစ္တဲ့အတြက္ Cabinet မွာဆုံးျဖတ္တဲ့ အခ်ိန္ မွာ။ တည့္ေျပာရင္ေတာ့ ကိုေက်ာ္မ်ိဳးမင္းက ဝန္ႀကီးဆိုရင္ သက္ဆိုင္ရာ ဝန္ႀကီး၊ ပညာေရးဝန္ႀကီးဆိုပါစို႔ ဝန္ႀကီးဘာေတြလိုခ်င္ေသးလဲ အရင္ေမးတာ။ ဝန္ႀကီးက ကြၽန္ေတာ့္လူေတာ့ရွိတယ္။ ဘယ္ကုမၸဏီ၊ ဘယ္ကုမၸဏီဆိုမွ အဲဒါ အရင္ေပးလိုက္တယ္။ ခြဲတမ္းအရင္လုပ္ၿပီးမွ ပိုတဲ့ဟာက်မွ တကယ္ အမွန္ အကန္။ ကုမၸဏီအေပၚ တက္သြားၿပီ။ Cabinet ပါသြားၿပီ (၁၀)ခုေလာက္။ Lot (၁)မွာ ကုမၸဏီ (၁၀) ခုပါသြားမယ္။ ဒါေပမဲ့ (၅)ေအာင္ရင္ လည္းေအာင္သြားတာ။ (၁)ၿပီးရင္ေတာ့ ငါေတာ့ (၁)မို႔လို႔ ငါေတာ့ ေသခ်ာသြားၿပီးလို႔ ေမွ်ာ္မွန္းလို႔မရဘူး။ ဒါကပြင့္လင္းျမင္သာမႈမရွိဘူးေပါ့။ ကြၽန္ေတာ္တို႔လိုခ်င္တာ၊ ျဖစ္ေစခ်င္တာကေတာ့ ဒီ Hall ထဲမွာ တစ္ခါတည္းဖြင့္၊ တစ္ခါတည္းလုပ္၊ တစ္ခါတည္းေၾကညာ၊ တစ္ခါ တည္း ဓာတ္ပုံ႐ိုက္ ဒါဆိုရင္ေတာ့ ကြၽန္ေတာ္ တို႔က မွန္မွန္ကန္ကန္ပြင့္လင္းျမင္သာမႈရွိလို႔ မွန္မွန္ ကန္ ကန္ကုမၸဏီတစ္ခု ထြက္လာမွာေပါ့။ တခ်ိဳ႕ဟာ ေတြက်ေတာ့ လမ္းခင္းလုပ္ငန္းဆိုရင္ ကြၽန္ေတာ္တို႔ Bank Statement ရွိတယ္၊ ယႏၲရားရွိတယ္။ ကြၽန္ေတာ့္မွာ အေတြ႕အႀကဳံအမ်ားႀကီးရွိတယ္။ ဒါေပမဲ့ အဲဒီအလုပ္ကို ကြၽန္ ေတာ္ေအာင္ခ်င္မွေအာင္တာ။ ဘာမွမရွိဘဲနဲ႔ Profile ေလးတစ္ခုပဲလာၿပီးေတာ့ ႐ုံးခန္းေတာင္ မရွိတဲ့ ကုမၸဏီက တင္ဒါေအာင္ရင္ ေအာင္သြားတာ။ အဲဒီေတာ့ ဘာေၾကာင့္ေအာင္လဲ ဆိုတာ ဆက္ေတြးလို႔ရ တာေပါ့။ ဒီကုမၸဏီႀကီးေတြရွိရဲ႕သားနဲ႔ ကုမၸဏီေသးေသးေလး ဘာမွမရွိတဲ့ ဘာမွ အလုပ္မရွိတဲ့ကုမၸဏီ တစ္ခုက Profile အားမရွိဘူး။ ဟိုျဖတ္ ညႇပ္ကပ္၊ ဒီျဖတ္ညႇပ္ကပ္နဲ႔တက္လာတဲ့ ကုမၸဏီတစ္ခုက တင္ဒါ ေအာင္သြားတယ္ဆိုကတည္းက ဒါအမ်ားႀကီးစဥ္းစားလို႔ရပါတယ္။
ေမး။ ကိုယ္တိုင္တင္ဒါဝင္ၿပိဳင္ေနတဲ့လူျဖစ္ေတာ့ တင္ဒါနဲ႔ပတ္သက္ၿပီး ဘယ္လိုနားလည္ထားလဲေပါ့။ ျပည္ေထာင္စုအဆင့္ေတြဆိုရင္ ဘတ္ဂ်က္ဘယ္ေလာက္ဆိုရင္ ျပည္ေထာင္စုအဆင့္၊ ဘတ္ဂ်က္ဘယ္ ေလာက္ဆိုရင္ တိုင္းေဒသႀကီးအဆင့္၊ အဲဒီ Layer အလိုက္ခြဲၿပီးထားတာမ်ိဳး ဘယ္လိုနားလည္ထားလဲ။
ေျဖ။ ။ အဲဒီလိုမ်ိဳးေတာ့မရွိဘူး။ ကြၽန္ေတာ္သိထားတာကေတာ့ အဲဒီလိုျပည္ေထာင္စုကေနခြဲယူလိုက္တဲ့ ဘတ္ဂ်က္အေပၚ ပညာေရးအေဆာက္အအုံေတြကို ျပည္ေထာင္စုကေခၚမယ္ဆို ျပည္ေထာင္စုကေခၚ လိုက္တာပဲ။ လုပ္ငန္းႀကီးတာ၊ ေသးတာနဲ႔မဆိုင္ဘူး။ လုပ္ငန္းႀကီးႀကီးလည္း တိုင္းေဒသႀကီးကေနဘတ္ ဂ်က္နဲ႔ေခၚတယ္ဆိုရင္ အရင္ ကြၽန္ေတာ္တို႔လုပ္ခဲ့တဲ့ လမ္းေတြဆိုရင္ (၃.၅)ဘီလ်ံ၊ (၄.၅)ဘီလ်ံ၊ (၄.ဝ) ဘီလ်ံတို႔ဆိုရင္ သိန္းသုံးေသာင္းေက်ာ္၊ ေလးေသာင္း ေက်ာ္တယ္ဆိုတာ တိုင္းေဒသႀကီးရန္ပုံေငြနဲ႔ လုပ္တာ၊ ျပည္ေထာင္စုရန္ပုံေငြနဲ႔မဟုတ္ဘူး။ ဘတ္ဂ်က္ေသးေသးႀကီးႀကီးနဲ႔ေတာ့မဆိုင္ဘူး။ တခ်ိဳ႕ ျဖည့္ စြက္ဘက္ ဂ်က္ေတြမွာလုပ္တဲ့အခ်ိန္မွာ ျပည္ေထာင္စုကေခၚတဲ့ အခ်ိန္လည္းရွိတယ္။ ခပ္ေသးေသးပဲ။ သိန္း (၃)၊ (၄)ေထာင္ေလးေတြ အဲဒီလိုရွိသလိုပဲ။ တိုင္းေဒသႀကီးမွာလည္း ခပ္ေသးေသးေခၚတဲ့ဘတ္ ဂ်က္ေတြလည္းရွိပါတယ္။ ဒါကေတာ့ သူတို႔ဌာနအခ်င္းခ်င္းပဲညႇိႏႈိင္းၿပီး လုပ္ၾကတဲ့သေဘာရွိပါတယ္။ ေငြ Amount ေပၚမွာေတာ့ သိပ္မဆိုင္ပါဘူး။
ေမး ။ ။ ေနာက္တင္ဒါေတြကိုယွဥ္ၿပိဳင္ခဲ့တဲ့အခါ က်ရင္ေပါ့။ မ်ားေသာအားျဖင့္ ၊ Opened တင္ဒါရွိတယ္။ Closed တင္ဒါရွိတယ္။ ဆိုေတာ့ ၿပီးခဲ့တဲ့ (၁၀)စုႏွစ္ တစ္ခုလုံးရင္ဆိုင္ရတာက ပြင့္လင္းျမင္သာတဲ့တင္ဒါ လား၊ အိတ္ဖြင့္တင္ဒါလား၊ အိတ္ပိတ္တင္ဒါလား။ ဘယ္ဟာကိုအမ်ားဆုံးရင္ဆိုင္ရလဲ။
ေျဖ။ ။ အိတ္ပိတ္တင္ဒါဆိုေပမယ့္လည္း ကြၽန္ေတာ္တို႔ ကအိတ္ပိတ္ၿပီးတင္ရတာေပါ့ေလ။ စာအိတ္ပိတ္ ၿပီး တင္လိုက္တယ္။ တင္ဒါဖြင့္ပြဲေန႔မွသာ ေဖာက္ဖတ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ Profile ေအာင္သြားၿပီ ဆိုရင္ ေဖာက္ဖတ္တယ္။ ေဖာက္ဖတ္ၿပီးေတာ့ ေၾကညာေပး တယ္။ ကြၽန္ေတာ္တို႔ အဲဒါေတြကို ႀကဳံခဲ့ရ တယ္။ ဒါအခုလက္ရွိအေျခအေနအထိေပါ့ေနာ္။ အရင္ ဦးသိန္းစိန္လက္ထက္မွာက်ေတာ့ အဲဒီလို မဟုတ္ဘူး။ အေရွ႕မွာခြက္ႀကီးထားထားတယ္။ အဲဒီထဲကိုသြား ထည့္႐ုံပဲ။ သြားထည့္ၿပီးေတာ့ ေက်ာက္ တစ္က်င္းကို ဘယ္ေဈး၊ တူးဖိုး တစ္က်င္းကိုဘယ္ေဈး ကြၽန္ေတာ္တို႔ ထည့္တယ္။ (၁)၊ (၂)၊ (၃) ကို ဘယ္ ေဈးသြားထည့္ လိုက္တယ္။ A ကုမၸဏီဘယ္ေဈး၊ B ကုမၸဏီ ဘယ္ေဈး ေၾကညာေပးလိုက္တယ္။ ေဈး အနည္းဆုံးသူ ေအာင္တာေပါ့ေလ။ တစ္ခါတည္း ေၾကညာေပးတယ္။ တစ္ခါတည္းလုပ္ေပးတယ္။ တစ္ခါတည္း ဓာတ္ပုံ႐ိုက္။ ဆိုေတာ့ အရမ္းရွင္းတယ္။ အခုေနာက္ပိုင္းက ေက်ာက္တင္တာေတြလည္း အဲဒီလိုပဲ။ အဲဒီလိုမ်ိဳးမလုပ္ဘဲနဲ႔ ဒီအိတ္ပိတ္၊ စာအိတ္နဲ႔ပိတ္ၿပီး တင္လိုက္ရတာ၊ တင္လိုက္ၿပီးမွ ဖြင့္ပြဲေန႔ မွေၾကညာေပးတယ္။ Cabinet မွာတင္တယ္။ ဘယ္သူေအာင္တယ္။ ဘယ္သူေအာင္တယ္ဆိုၿပီးေတာ့ လုပ္လိုက္တာေပါ့ေနာ္။ အရင္ဦးသိန္းစိန္လက္ထက္မွာလုပ္ တဲ့တင္ဒါ ပြဲေတြကေတာ့ ပြင့္လင္းျမင္သာမႈ ရွိတာေပါ့။ ကြၽန္ေတာ္တို႔တိုင္းအေနနဲ႔ ေျပာတာေပါ့။
ေမး။ ေနာက္တစ္ခုက တင္ဒါေတြကို ၿပိဳင္ၾကတဲ့အခါမွာ။ တကယ္တမ္းတင္က်တဲ့အခါမွာ တစ္ခါတစ္ ေလက်ရင္ အေစာကတည္းက သူ႔ဘာသာသူ သတ္မွတ္ထားၿပီးသား ဘယ္သူကိုေပးမလဲဆိုတာ ျပင္ထား ၿပီးသားရွိၿပီးေတာ့ တခ်ိဳ႕ေတြက အျဖစ္ဝင္ၿပိဳင္ခိုင္းတယ္ဆိုတဲ့ဟာမ်ိဳးလည္း ၾကားခဲ့ဖူးတယ္။ ဒါကရွိကို ရွိခဲ့တယ္လို႔နားလည္တယ္။ တကယ္ေကာ အဲဒါမ်ိဳးေတြ တကယ္ျဖစ္လား။ ဘယ္လိုမ်ိဳး ဥပမာမ်ိဳးေတြ ေပးခ်င္လဲ။
ေျဖ။ ။ ကြၽန္ေတာ္ခုနကေျပာသလိုေပါ့။ ေပးထားတယ္ဆိုေပမယ့္လည္း ေပၚတင္ႀကီးေတာ့ ဒီ Lot ေတြကို ဘယ္သူ႔ေပးထားၿပီလဲေတာ့ မေၾကညာဘူးေပါ့။ ကြၽန္ေတာ္တို႔ ထုံးစံအတိုင္း တင္ဒါေခၚလိုက္တာေပါ့။ Lot နံပါတ္ (၁)၊(၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ဒါေပမဲ့ ကိုေက်ာ္မ်ိဳးမင္းကို Lot နံပါတ္ (၂)ေပးခ်င္တယ္လို႔ လ်ာ ထားၿပီးသားေပါ့။ နံပါတ္ (၂)မွာ ကုမၸဏီ (၁၀)ခု ရွိတယ္။ စီလိုက္တယ္။ ကြၽန္ေတာ္က ယႏၲရား အရမ္း ျပည့္စုံလို႔ ကြၽန္ေတာ္က အကုန္ နံပါတ္ (၁)မွာ Profile လည္းအားေကာင္းတယ္။ ဘာ အားေကာင္းလဲ အကုန္ အားေကာင္းတယ္။ Bank Statement လည္း ေကာင္းတယ္။ အမွတ္ (၁၀)ေပးရင္ အမွတ္ (၁၀) အျပည့္ရတယ္။ ကြၽန္ေတာ္ေရွ႕မွာရွိေနတယ္။ ဒါေပမဲ့ ကိုေက်ာ္မ်ိဳးမင္းက Profile အားနည္း လို႔ နံပါတ္ (၆) ေလာက္မွာ ရွိေနတယ္။ ဒါေပမဲ့ ေပးခ်င္တယ္ဆိုရင္ (၆)က တင္ဒါေအာင္သြားတာပါပဲ။ အဓိက က ေတာ့ လ်ာထားၿပီးသားပါ။ လ်ာထားၿပီးသားမရွိရင္ေတာင္မွ တက္သြားတယ္ဆိုရင္ လူႀကီး တစ္ေယာက္ က ဒီဟာကိုေပးခ်င္တယ္ဆိုရင္ သူ႔လူပါဆိုၿပီးေျပာလိုက္ေပးလိုက္တာေပါ့။
ေမး ။ ။ တင္ဒါေဈးႏႈန္းကိစၥေပါ့။ ကြၽန္ေတာ္တို႔ လမ္း တစ္လမ္းခင္းတာေပါ့။ (၁၀)မိုင္ရွည္တဲ့လမ္းတစ္ခု ခင္းမယ္။ ေဈးႏႈန္းသတ္မွတ္ခ်က္ Rate တစ္ခုက ရွိတယ္။ အေစာႀကီးက မျဖစ္မေနကုန္ရမယ့္ ေဈးႏႈန္း ကရွိၿပီးသား။ အဲဒီမွာ ေဈးႏႈန္းနည္းနည္းေလးနဲ႔ ဆြဲသြားတဲ့လူရဲ႕လက္ထဲကို ထည့္သင့္တာလား။ တကယ္ Quality မွန္တဲ့ဟာကို ထည့္သင့္တာလား။ ႀကဳံခဲ့တာက ဘာေတြကို အဓိကထည့္သြားတာကို ျမင္ရလဲ။
ေျဖ။ ။ ကြၽန္ေတာ့္အေနနဲ႔ Personal ေျပာမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္က ေဈးႏႈန္းမၾကည့္ဘဲနဲ႔ Quality တကယ္လုပ္ႏိုင္တဲ့ကုမၸဏီကို ထည့္ေပး တာေတာ့ တိုင္းျပည္အတြက္ပိုအက်ိဳးရွိပါတယ္။ ေဈးႏႈန္း ေလ်ာ့ ၿပီးေတာ့ Quality ေလွ်ာ့ၿပီးေတာ့ လုပ္သြားတဲ့လူထက္စာရင္ေတာ့ ေဈးႏႈန္းသင့္တင့္တဲ့ဟာေပးၿပီးေတာ့ Quality ေကာင္းေအာင္လုပ္တဲ့ ကုမၸဏီလက္ထဲကိုထည့္သင့္တယ္လို႔ ကြၽန္ေတာ္အေနနဲ႔ယူဆပါတယ္။
ေမး ။ တကယ္ထည့္ေနတာကဘယ္လိုထည့္ေနလဲ။ ေျမျပင္မွာတကယ္လုပ္ေနၾကေတာ့ အဲဒီအတိုင္း ျဖစ္လား။
ေျဖ။ မျဖစ္ပါဘူး။
ေမး။ ဘယ္ေလာက္ရာခိုင္ႏႈန္းအထိ မျဖစ္ဘူးလဲ။ တင္ဒါ (၁၀)ခုမွာ ဘယ္ႏွခုေလာက္က မမွန္မကန္ ျဖစ္ ေနတာလဲ ေျပာလို႔ရတယ္။
ေျဖ ။ အားလုံးနီးပါးပါပဲ။ အားလုံးက တင္ဒါ (၁၀)ခုရွိ (၁၀)လုံးက ဝင္ထားၿပီးသားပဲ။
ေမး။ ေဈးႏႈန္းနည္းတိုင္းလည္း တင္ဒါက မရႏိုင္ဘူးေပါ့။
ေျဖ။ မရဘူး။ ေဈးႏႈန္းနည္းတိုင္းလည္း ရခ်င္မွရမွာ။ ေဈးႏႈန္းေလွ်ာ့တိုင္းလည္း ရခ်င္မွရသလို။ Quality အကုန္ျပည့္မီေနလို႔၊ ကြၽန္ေတာ္ေျပာၿပီးၿပီ ယႏၲရားအကုန္ရွိေပမယ့္လည္း Batching Plant ရွိမယ္။ Batching Plant က အျမင့္ဆုံးပဲ။ ရွိေပမယ့္လည္း အားလုံးျပည့္စုံေနေပမဲ့လည္း မေပးခ်င္မေပးဘူး။
ေမး ။ ဆိုလိုတာကတင္ဒါဘယ္သူရလဲဆိုတာ ေဈးႏႈန္း အေပၚမွာမူတည္တာမဟုတ္သလို၊ Quality ေပၚ လည္းမူတည္တာမဟုတ္ဘူး။ ဘယ္အေပၚမူတည္ၿပီး တင္ဒါကရေနလဲ။
ေျဖ။ ။ လူေပၚမွာ မူတည္တာေပါ့။
ေမး။ လူဆိုတာ ဘယ္လိုမ်ိဳးကိုေျပာတာလဲ။
ေဆြးေႏြးေဖာ္။ ။လူေပၚမွာဆိုတာ သူေပးမယ္လို႔ သတ္မွတ္ထားတယ္ဆိုရင္ Cabinet အဖြဲ႕ဆိုပါစို႔ ။ ကြၽန္ ေတာ္ေပးမယ္လို႔ သတ္မွတ္ထားတယ္ဆိုရင္ ကြၽန္ေတာ္ဘယ္လိုပဲၿပိဳင္ၿပိဳင္ ကြၽန္ေတာ္ပဲ ရမွာေပါ့။
ေမး ။ ဒါဆိုရင္ အစိုးရရဲ႕တင္ဒါေတြကို သြားၿပိဳင္ၾကတဲ့လုပ္ငန္းရွင္ေတြေတာ္ေတာ္မ်ားမ်ား တကယ္ၿပိဳင္ရ တဲ့လူက ဘယ္သူ႔ကိုၿပိဳင္ရလဲ။ ကိုယ္နဲ႔ၿပိဳင္ဘက္ ေဆာက္လုပ္ေရးတင္ဒါသမားေတြကို ၿပိဳင္ရတာလား။ ဘယ္သူကိုၿပိဳင္ရတာလဲ။
ေျဖ။ ။ တကယ္ယွဥ္ၿပိဳင္ရတဲ့လူက ဥပမာ ဒီလူက လုပ္ေနက်လည္းျဖစ္တယ္။ တင္ေနက်လည္းျဖစ္ တယ္။ က်န္တဲ့လူေတြရွိတယ္။ သူ႔နဲ႔အၿပိဳင္ လူေတြလည္းရွိတယ္ဆိုရင္ အဓိကသူၿပိဳင္ဖို႔က သူ႔မွာ အကုန္ ျပည့္စုံထားၿပီးသားေလ။ ဥပမာ - ကြၽန္ေတာ္ လည္း ျပည့္စုံထားၿပီးသား က်န္တဲ့လူဘယ္သူ႔မွ ဂ႐ုစိုက္ စရာမလိုဘူးဆိုပါစို႔။ သူလည္းၿပိဳင္တယ္။ ကိုယ္လည္းၿပိဳင္တယ္။ ပါဝါခ်င္းတူၾကတယ္။ ဒါေပမဲ့ အဲဒါ ၿပိဳင္ဖို႔အတြက္က်ေတာ့ခ်ဥ္းကပ္ၿပီးယွဥ္ၿပိဳင္မွ ကြၽန္ေတာ္ရမွာ။ ခ်ဥ္းမကပ္ႏိုင္ရင္ေတာ့ ကြၽန္ေတာ္ရမွာ မဟုတ္ဘူး။ ခ်ဥ္းကပ္တဲ့လူကေတာ့ ရသြားမွာပဲ။
(ဆက္လက္ေဖာ္ျပပါမည္)