ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးစီမံကိန်းအရ ယခုဘဏ္ဍာတွင် အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၉၈၀)ဦး ပေါ်ထွက်လာမည်

223

ချယ်ရီ (NP News)- ဩဂုတ် ၂၈
လက်ရှိ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၌ အသေးစားကုန်ထုတ်လုပ်ငန်းစီမံကိန်းကို ကျေးရွာ (၁၉၆) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၉၈၀)ဦး ပေါ်ထွက်လာမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်ပေးခဲ့သော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်အထိ သုံးနှစ်ရှိပြီဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်သည့်အခါတွင်လည်း လိုအပ်သည့်နည်းပညာပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးခြင်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ ၁၉၆ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်၍ အသေးစားကုန်ထုတ်လုပ်ငန်းရှင် ၉၈၀ ပေါ်ထွက် လာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်မှလည်း အသေးစားလုပ်ငန်းများကို မှတ်ပုံတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးရွာများမှ အသေးစားလုပ်ငန်းရှင်များ၏ အခက်အခဲများကို သိရှိမှသာ လုပ်ငန်းရှင်များလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်အောင်မြင်မှုရှိအောင် အမြဲတမ်းတီထွင်ကြံဆဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

Zawgyi Version:
ေက်းလက္ေနမိသားစုဝင္ေငြတိုးတက္ေရးစီမံကိန္းအရ ယခုဘ႑ာတြင္ အေသးစားကုန္ထုတ္လုပ္ငန္းရွင္ (၉၈၀)ဦး ေပၚထြက္လာမည္
ခ်ယ္ရီ (NP News)- ဩဂုတ္ ၂၈
လက္ရွိ (၂၀၂၅-၂၀၂၆) ဘ႑ာေရးႏွစ္၌ အေသးစားကုန္ထုတ္လုပ္ငန္းစီမံကိန္းကို ေက်း႐ြာ (၁၉၆) ႐ြာတြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီး အေသးစားကုန္ထုတ္လုပ္ငန္းရွင္ (၉၈၀)ဦး ေပၚထြက္လာမည္ျဖစ္ေၾကာင္း သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုး ၏ ေျပာၾကားခ်က္အရ သိရသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၂၇ ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ႐ုံးအမွတ္(၁၆) ျပည္ေထာင္စုဝန္ႀကီး႐ုံး စုေပါင္းအစည္းအေဝးခန္းမ၌ က်င္းပသည့္ အေသးစားကုန္ထုတ္လုပ္ငန္းမ်ား ဖန္တီးေပးႏိုင္ေရးႏွင့္ ေက်းလက္ေနမိသားစုဝင္ေငြ တိုးေရးစီမံကိန္းလုပ္ငန္းျဖင့္ ကိုယ္ပိုင္လုပ္ငန္းမ်ားထူေထာင္ေပးခဲ့ေသာ လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးပြဲအခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အေသးစားကုန္ထုတ္လုပ္ငန္းမ်ား ဖန္တီးေပးႏိုင္ေရးႏွင့္ ေက်းလက္ေနမိသားစုဝင္ေငြတိုးေရးစီမံကိန္းကို ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္မွစ၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိရာ ယခုဘ႑ာေရးႏွစ္အထိ သုံးႏွစ္ရွိၿပီျဖစ္ေၾကာင္း၊ စီမံကိန္းေဆာင္႐ြက္သည့္အခါတြင္လည္း လိုအပ္သည့္နည္းပညာေပးျခင္း၊ လုပ္ငန္းသုံးပစၥည္းမ်ား သုံးစြဲခြင့္ေပးျခင္းႏွင့္ တစ္ပိုင္တစ္ႏိုင္လုပ္ငန္းငယ္မ်ား ထူေထာင္ႏိုင္သည္အထိ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။
ယခု ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္တြင္လည္း ေက်း႐ြာ ၁၉၆ ႐ြာတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္၍ အေသးစားကုန္ထုတ္လုပ္ငန္းရွင္ ၉၈၀ ေပၚထြက္ လာမည္ျဖစ္ပါေၾကာင္း၊ ယခုကဲ့သို႔ အေသးစားကုန္ထုတ္လုပ္ငန္းရွင္မ်ား ေပၚထြက္လာေစရန္ ေဆာင္႐ြက္ေပးေနသကဲ့သို႔ တစ္ဖက္မွလည္း အေသးစားလုပ္ငန္းမ်ားကို မွတ္ပုံတင္ေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း၊ ဝန္ႀကီးဌာနအေနျဖင့္ ေက်း႐ြာမ်ားမွ အေသးစားလုပ္ငန္းရွင္မ်ား၏ အခက္အခဲမ်ားကို သိရွိမွသာ လုပ္ငန္းရွင္မ်ားလိုအပ္သည္မ်ားကို ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးႏိုင္မည္ျဖစ္ပါေၾကာင္း၊ လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း မိမိတို႔၏လုပ္ငန္းမ်ားကို တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုတိုးတက္ေအာင္ျမင္မႈရွိေအာင္ အၿမဲတမ္းတီထြင္ႀကံဆေဆာင္႐ြက္ၾကရန္ တိုက္တြန္းမွာၾကားလိုေၾကာင္း ေျပာၾကားသည္။