စစ်ဆေးတက္ကသိုလ်မှ မဟာသိပ္ပံ၊ ပါရဂူ၊ ဘွဲ့လွန်နှင့်ဘွဲ့လွန်ဒီပလိုမာ ပြီးစီးထားသည့် သင်တန်းသား(၂၆ဝဝ) ကျော်ရှိဟုဆို

 1587

NP News - ဒီဇင်ဘာ ၂၁
တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ဒီဇင်ဘာလ (၂ဝ) ရက်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ (၂၁၃၆) ဦး၊ ဆေးလက်တွေ့နှင့်ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့(၁၃၈) ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ(၂ဝ၇) ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ(၁၈၉) ဦးတို့အား ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သဖြင့် သင်တန်းဆင်းထားသည့် သင်တန်းသား စုစုပေါင်း(၂၆၇ဝ) ဦးရှိပြီဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၂)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ(၂ဝ) ရက် နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး ဆေးပညာဘွဲ့ (၃၃) ဦး၊ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(၆) ဦးအပါအဝင် စုစုပေါင်း(၃၉) ဦးတို့အား ဘွဲ့လက်မှတ်များချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ဆေးပညာ မဟာသိပ္ပံ ဘွဲ့လွန်သင်တန်းအမှတ်စဉ်(၂၆) တွင် သင်တန်းသားအရာရှိ (၄) ဦး၊ အမှတ်စဉ် (၂၇) တွင် သင်တန်းသားအရာရှိ (၁၆၇) ဦး၊ အမှတ်စဉ်(၂၈) တွင် သင်တန်းသားအရာရှိ (၂၃၂) ဦး၊ အမှတ်စဉ် (၂၉) တွင် သင်တန်းသားအရာရှိ (၃ဝ၄) ဦး၊ စုစုပေါင်း ဘွဲ့လွန်သင်တန်းသားအရာရှိ (၇ဝ၇) ဦး သင်တန်းတက်ရောက်သင်ယူနေဆဲဖြစ်ကြောင်း သိရသည်။

တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းများ သင်ယူရရှိခဲ့သည့် ပညာရည် ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူး များသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်သာ စစ်ဆေးခြင်း မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ မန္တလေးတိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ်၊ မကွေးတိုင်းဒေသကြီးနှင့် တောင်းကြီးမြို့ရှိ ဆေးတက္ကသိုလ် စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကိုလည်း အခြားဆေးတက္ကသိုလ်များနှင့်အညီ ညှိနှိုင်းရေး ဆွဲကာ ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် အညီ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်ဆေးတက္ကသိုလ်ကို ၁၉၉၂ ခုနှစ်တွင် Defence Services Institute of Medicine (DSIM) အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version;
စစ္ေဆးတကၠသိုလ္မွ မဟာသိပၸံ၊ ပါရဂူ၊ ဘြဲ႕လြန္ႏွင့္ ဘြဲ႕လြန္ဒီပလိုမာ ၿပီးစီးထားသည့္ သင္တန္းသား(၂၆ဝဝ) ေက်ာ္ရွိဟုဆို
NP News - ဒီဇင္ဘာ ၂၁
တပ္မေတာ္ေဆးတကၠသိုလ္အေနျဖင့္ ဒီဇင္ဘာလ (၂ဝ) ရက္အထိ ေဆးပညာမဟာသိပၸံဘြဲ႕ (၂၁၃၆) ဦး၊ ေဆးလက္ေတြ႕ႏွင့္ေဆးလက္ေတြ႕အေျခခံပါရဂူဘြဲ႕(၁၃၈) ဦး၊ ေဆးပညာသင္ၾကားေရးဘြဲ႕လြန္ဒီပလိုမာ(၂ဝ၇) ဦး၊ ေဆးပညာဘြဲ႕လြန္ ဒီပလိုမာ(၁၈၉) ဦးတို႔အား ဘြဲ႕လက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီးျဖစ္သျဖင့္ သင္တန္းဆင္းထားသည့္ သင္တန္းသား စုစုေပါင္း(၂၆၇ဝ) ဦးရွိၿပီျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

တပ္မေတာ္ေဆးတကၠသိုလ္၏ (၂၂)ႀကိမ္ေျမာက္ဘြဲ႕ႏွင္းသဘင္အခမ္းအနားကို ဒီဇင္ဘာလ(၂ဝ) ရက္ ေန႔လည္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ က်င္းပခဲ့ၿပီး ေဆးပညာဘြဲ႕ (၃၃) ဦး၊ သြားဘက္ဆိုင္ရာေဆးပညာဘြဲ႕(၆) ဦးအပါအဝင္ စုစုေပါင္း(၃၉) ဦးတို႔အား ဘြဲ႕လက္မွတ္မ်ားခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ေဆးပညာ မဟာသိပၸံ ဘြဲ႕လြန္သင္တန္းအမွတ္စဥ္(၂၆) တြင္ သင္တန္းသားအရာရွိ (၄) ဦး၊ အမွတ္စဥ္ (၂၇) တြင္ သင္တန္းသားအရာရွိ (၁၆၇) ဦး၊ အမွတ္စဥ္(၂၈) တြင္ သင္တန္းသားအရာရွိ (၂၃၂) ဦး၊ အမွတ္စဥ္ (၂၉) တြင္ သင္တန္းသားအရာရွိ (၃ဝ၄) ဦး၊ စုစုေပါင္း ဘြဲ႕လြန္သင္တန္းသားအရာရွိ (၇ဝ၇) ဦး သင္တန္းတက္ေရာက္သင္ယူေနဆဲျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္ေဆးတကၠသိုလ္ဗိုလ္ေလာင္းမ်ား သင္ယူရရွိခဲ့သည့္ ပညာရည္ ထူးခြၽန္ဆုအဆင့္မ်ား၊ ဂုဏ္ထူး မ်ားသည္ တပ္မေတာ္ေဆးတကၠသိုလ္မွ ပါေမာကၡခ်ဳပ္၊ ပါေမာကၡဌာနမႉးမ်ားႏွင့္သာ စစ္ေဆးျခင္း မဟုတ္ဘဲ ရန္ကုန္တိုင္းေဒသႀကီးရွိ ေဆးတကၠသိုလ္(၁)၊ ေဆးတကၠသိုလ္(၂)၊ မႏၲေလးတိုင္းေဒသႀကီးရွိ ေဆးတကၠသိုလ္၊ မေကြးတိုင္းေဒသႀကီးႏွင့္ ေတာင္းႀကီးၿမိဳ႕ရွိ ေဆးတကၠသိုလ္ စသည့္ တစ္ႏိုင္ငံလုံးရွိ ေဆးတကၠသိုလ္အသီးသီးမွ ပါေမာကၡခ်ဳပ္မ်ား၊ ပါေမာကၡမ်ားႏွင့္ စာစစ္ပုဂၢိဳလ္မ်ား၏ စစ္ေဆးခ်က္မ်ားႏွင့္အညီ ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။ တပ္မေတာ္ေဆးတကၠသိုလ္၏ သင္႐ိုးၫႊန္းတမ္းမ်ားကိုလည္း အျခားေဆးတကၠသိုလ္မ်ားႏွင့္အညီ ညႇိႏႈိင္းေရး ဆြဲကာ ေဆးပညာသင္ၾကားေရးဆိုင္ရာ သင္႐ိုးၫႊန္းတမ္းအရ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္မ်ားႏွင့္ အညီ သင္ၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တပ္မေတာ္ေဆးတကၠသိုလ္ကို ၁၉၉၂ ခုႏွစ္တြင္ Defence Services Institute of Medicine (DSIM) အျဖစ္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.