ပဲခူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းမှထောက်ပံ့စေခိုင်းနေသည့် ပဲခူး PDF အဖွဲ့ဝင်(၁၉) ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိဟုဆို

1601

NP News - ဒီဇင်ဘာ ၂၂
NLD ပါတီဝင်ပဲခူးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇေလတ်မှထောက်ပံ့စေခိုင်းနေသည့် ပဲခူး PDF အဖွဲ့ဝင်(၁၉)ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိကြောင်း စစ်ကောင်စီက ဒီဇင်ဘာ လ ၂၁ ရက်ညပိုင်းတွင်သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်တွင် အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၁၉) ဦး တို့အား လက်နက်ငယ်မျိုးစုံ (၄) လက်၊ လက်လုပ်သေနတ် (၃)လက်၊ ကျည်အိမ်မျိုးစုံ (၅) ခု၊ ကျည်မျိုးစုံ (၁၂၄) တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ လက်လုပ်မိုင်းမျိုးစုံ (၇)လုံး၊ TNT ယမ်း(၃)တုံး၊ ယမ်းထုပ် (၁၁)ထုပ်၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ PDF အဖွဲ့မှ ခန့်လင်းနိုင်(ခ)ကိုခန့် (၁၉)နှစ်သည် ဒီဇင်ဘာလ ၁၂ ရက်တွင် ပဲခူးမြို့မှခရီးသည်တင်ယာဉ်လိုင်းဖြင့် မန္တလေးမြို့သို့လိုက် ပါလာကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှပိတ်ဆို့ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၅၈)၌ ခန့်လင်းနိုင်(ခ)ကိုခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်အရ ပဲခူးမြို့တွင်ဖောက်ခွဲရေး လုပ်ငန်းများလုပ်ကိုင်နေသည့် မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ (၂၅) နှစ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်(၂၂)နှစ်၊ ဇင်ဝင်းထွန်း(၂၅)နှစ်နှင့်အောင်ဇာထွန်း(၄၁)နှစ်တို့ (၄)ဦးအား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)ရှိ အဆောင်၌ ပစ္စတို(၁)လက်၊ ကျည်အိမ်(၂)ခု၊ ကျည်(၁ဝ)တောင့်၊ လက်ပစ်ဗုံး(၁)လုံး၊ လက်လုပ်ဗုံး(၁)လုံး၊ ယမ်းထုပ် (၄)ထုပ်၊ ဖုန်းမျိုးစုံ (၇)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး(၁)၊ အနော်ရထာလမ်း၌ ဝင်းဇော်သိန်း (ခ) ဦးဇာ(၃၆)နှစ်၊ ညီဘုန်းအောင်(ခ)မာလ(၁၈)နှစ် တို့ ၂ ဦးအား လက်လုပ်မိုင်း (၂)လုံးဖြင့်လည်း ကောင်း၊ ဘုရားကြီးမြို့၊ အမှတ်(၂) ရပ်ကွက်၌ စိုးမင်းထွန်း(ခ)မုတ်ဆိတ် (၂၉)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၃ ရက်တွင် ပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် ဘိုဘိုအောင် (၃၂)နှစ်၏ နေအိမ်မှ လက်ပစ်ဗုံး(၁)လုံး၊ TNT ယမ်း(၃)တုံး၊ ယမ်းပြင်း (၇)ထုပ်နှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ (၁၄)ရက်တွင် ပဲခူး PDF အဖွဲ့မှ သန့်ဇင်ဝင်း(၄၁)နှစ်အား ဟင်္သာတမြို့နယ်၊ မရိုးသောင်အုပ် စု၊ လယ်တီကျေးရွာ၌လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ သင်္ဘန်းကုန်းကျေးရွာ အနီး လယ်ကွင်းအတွင်း၌ ဝေယံလွင်(ခ)ဂျာကြီး(၂၅)နှစ်နှင့် အောင်မျိုးသူ (၄၁)နှစ်တို့ (၂)ဦးအားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ၏ ထွက်ဆိုချက်အရ ဒီဇင် ဘာလ (၁၆)ရက်တွင် ပဲခူးမြို့နယ်၊ ဂွေ့တန်းရှည်ကျေးရွာရှိ ဖမ်းဆီးရန်ကျန် မောင်ကျော်၏နေအိမ်မှ AK-47 သေနတ်(၂)လက်၊ ကျည်အိမ်(၂) ခု၊ ကျည်မျိုးစုံ (၅၂)တောင့်နှင့် လက်ပစ်ဗုံး(၉)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီရမိတရားခံများ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ (၁၈)ရက်တွင် ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်၊ မာ ဃလမ်း၌ ကျော်လွင်(၆၄)နှစ်၊ မာလာမြင့်(၄၀)နှစ်၊ ထက်အောင်ကို (၁၇)နှစ်တို့ (၃)ဦးအား လက်လုပ်ဂတ်စ်သေနတ်(၃)လက်၊ လက်လုပ်ဗုံး (၄)လုံး၊ ဒီတိုနေတာများ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေး ဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ တရားခံ ထက်အောင်ကို၏ထွက်ဆိုချက်အရ ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်၌ စည်သူကျော်(ခ)စည်သူ(၂၁)နှစ်နှင့် ကျော်ဇောဦး (၃၄)နှစ်တို့ (၂) ဦးအားလည်းကောင်း၊ တရားခံမာလာမြင့်၏ထွက်ဆိုချက်အရ ပဲခူးမြို့၊ မြို့သစ် ရပ်ကွက်၊ ဇောတိကာရုံဘုန်းကြီးကျောင်းဝင်းအတွင်း၌ ထက်လင်းဦး(ခ) အိုဝမ်း (၂၇)နှစ်၊ ပြည့်ကိုကို(ခ)ကိုပြည့်(၂၉)နှစ်နှင့် ရဲနောင်(၂၃)နှစ်တို့ (၃)ဦးအား ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ ပွိုင့်-၃၈ဝ ကျည် (၆၂) တောင့်တို့နှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအနက် မြတ်ကိုကိုလင်း (ခ)မင်းဘုန်းမဟာ၊ ခန့်လင်းနိုင်(ခ)ကိုခန့် ၊ ဇင်ဝင်းထွန်း၊ စိုးမင်းထွန်း (ခ) မုတ်ဆိတ် နှင့် ပြည့်ဖြိုးအောင်(ခ)ကိုပြည့်တို့ (၅) ဦးသည် KNLA တပ်မဟာ(၅)နယ်မြေ၌လည်း ကောင်း၊ ထက်လင်းဦး (ခ)အိုဝမ်း၊ စည်သူကျော်(ခ)စည်သူ၊ ပြည့်ကိုကို (ခ)ကိုပြည့်၊ ရဲနောင်ဦးနှင့် ဖမ်းဆီးရန်ကျန်ဟိန်းလေးတို့သည် KNLA တပ်မဟာ(၆)နယ်မြေ၊ လေးကေ့ကော်၌ လည်းကောင်း၊ ခန့်လင်းနိုင်(ခ) ကိုခန့် နှင့် ဇင်ဝင်းထွန်းတို့သည် TNLA တပ်မဟာ (၇) နယ်မြေ၌လည်း ကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ တက်ရောက်ခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း ရေးသားထားသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ပဲခူး PDF အဖွဲ့အားဖမ်းဆီးရန်ကျန် ဇေလတ် (NLD ပါတီ၊ ပဲခူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ် စားလှယ်ဟောင်း)မှ ဦးစီး၍ ဇွန်လ ၂၆ ရက်တွင် ဖမ်းဆီးရန်ကျန် မျိုးကိုနှင့် ရဲထွဋ်တို့ ဦးဆောင်ကာ မြတ်ကိုကိုလင်း(ခ)မင်းဘုန်းမဟာ၊ ခန့်လင်းနိုင်(ခ)ကိုခန့်၊ သန့်ဇင်ဝင်း၊ ဇင်ဝင်းထွန်း၊ ဝင်းဇော်သိန်း (ခ) ဦးဇာ၊ ညီဘုန်းအောင်(ခ)မာလ၊ စိုးမင်းထွန်း (ခ)မုတ်ဆိတ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ဝေယံလွင်(ခ)ဂျာကြီး၊ အောင်မျိုးသူ၊ သာထူး၊ မင်းမင်းသန့်၊ အောင်ပြည့်ဖြိုး၊ ထက်ဆက်ညွန့်၊ ရန်နိုင်၊ စည်သူဖြိုးတို့ဖြင့်လည်း ကောင်း၊ ဟံသာဝတီ PDF အဖွဲ့အား အောက်တိုဘာလ ၃ဝ ရက်တွင် ထက်လင်းဦး (ခ)အိုဝမ်း ဦးစီး၍ စည်သူကျော် (ခ) စည်သူ၊ ပြည့်ကိုကို (ခ)ကိုပြည့်၊ ရဲနောင်ဦး တို့နှင့်အတူ ဖမ်းဆီးရန်ကျန် ဖိုးစည်(ခ)သီဟဇော် တို့ဖြင့်လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ပဲခူးမြို့အတွင်း ဖောက်ခွဲရေးလုပ် ငန်း(၉)ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖောက်ခွဲမှု များအနေဖြင့် ဝေယံလွင်သည် မတ်လ ၁၄ ရက်တွင် ပဲခူးမြို့၊ မြဝတီဘဏ်သို့လည်းကောင်း၊ မေလ ၄ ရက်တွင် ပဲခူးမြို့၊ ဟံသာဝတီဘောလုံးကွင်း အားလည်းကောင်း၊ ဇွန်လ ၆ ရက်တွင် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ ပဲခူးတိုင်း စည်ပင်သာရေးအဖွဲ့ ရုံးအားလည်းကောင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဝေယံလွင် နှင့် အောင်ပြည့်ခန့်တို့ (၂) ဦးသည် ဇူလိုင်လ ၄ ရက်တွင် ပဲခူးမြို့၊ စျေးပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးနှင့် ဟံသာဝတီရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ပြီး ရန်နိုင် နှင့် ဖမ်းဆီးရန်ကျန် ငြိမ်းချမ်းတို့မှ လုံခြုံရေးအဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့်ပေးခဲ့ကြောင်း၊ အောက်တိုဘာလ ၂ဝ ရက်တွင် စည်သူကျော်နှင့် ဖမ်းဆီးရန်ကျန် အောင်ညီညီသွင်တို့ (၂) ဦးသည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ ရက်တွင် ဖမ်းဆီးရန်ကျန် သီဟနောင်နောင်(ခ) နောင်နောင်သည် ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် ဦးအောင်ဌေး၏ နေအိမ်အား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နိုဝင် ဘာလ ၁၂ ရက်တွင် ရဲနောင်ဦးသည် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၄ ရက်တွင် ဖမ်းဆီးရန်ကျန် သီဟနောင်နောင်(ခ) နောင် နောင်သည် ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်ရှိ မြို့ရိုးကုန်း ဟင်းသီးဟင်းရွက်ဈေးတန်းအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
zawgyi version
ပဲခူးၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းမွေထာက္ပံ့ေစခိုင္းေနသည့္ ပဲခူး PDF အဖြဲ႕ဝင္(၁၉) ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူဖမ္းမိဟုဆို
NP News - ဒီဇင္ဘာ ၂၂
NLD ပါတီဝင္ပဲခူးၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေဇလတ္မွေထာက္ပံ့ေစခိုင္းေနသည့္ ပဲခူး PDF အဖြဲ႕ဝင္(၁၉)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူဖမ္းမိေၾကာင္း စစ္ေကာင္စီက ဒီဇင္ဘာ လ ၂၁ ရက္ညပိုင္းတြင္သတင္းထုတ္ျပန္ခဲ့သည္။
ျဖစ္စဥ္တြင္ အမ်ိဳးသား (၁၈) ဦး၊ အမ်ိဳးသမီး (၁) ဦး၊ စုစုေပါင္း (၁၉) ဦး တို႔အား လက္နက္ငယ္မ်ိဳးစုံ (၄) လက္၊ လက္လုပ္ေသနတ္ (၃)လက္၊ က်ည္အိမ္မ်ိဳးစုံ (၅) ခု၊ က်ည္မ်ိဳးစုံ (၁၂၄) ေတာင့္၊ လက္ပစ္ဗုံး(၁၂)လုံး၊ လက္လုပ္မိုင္းမ်ိဳးစုံ (၇)လုံး၊ TNT ယမ္း(၃)တုံး၊ ယမ္းထုပ္ (၁၁)ထုပ္၊ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ပဲခူးၿမိဳ႕ PDF အဖြဲ႕မွ ခန္႔လင္းႏိုင္(ခ)ကိုခန္႔ (၁၉)ႏွစ္သည္ ဒီဇင္ဘာလ ၁၂ ရက္တြင္ ပဲခူးၿမိဳ႕မွခရီးသည္တင္ယာဥ္လိုင္းျဖင့္ မႏၲေလးၿမိဳ႕သို႔လိုက္ ပါလာေၾကာင္းသိရွိရသျဖင့္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မွပိတ္ဆို႔ရွာေဖြခဲ့ရာ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္(၁၅၈)၌ ခန္႔လင္းႏိုင္(ခ)ကိုခန္႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၎၏ထြက္ဆိုခ်က္အရ ပဲခူးၿမိဳ႕တြင္ေဖာက္ခြဲေရး လုပ္ငန္းမ်ားလုပ္ကိုင္ေနသည့္ ျမတ္ကိုကိုလင္း(ခ)မင္းဘုန္းမဟာ (၂၅) ႏွစ္၊ ျပည့္ၿဖိဳးေအာင္(ခ)ကိုျပည့္(၂၂)ႏွစ္၊ ဇင္ဝင္းထြန္း(၂၅)ႏွစ္ႏွင့္ေအာင္ဇာထြန္း(၄၁)ႏွစ္တို႔ (၄)ဦးအား ပဲခူးၿမိဳ႕၊ ရပ္ကြက္ႀကီး(၆)ရွိ အေဆာင္၌ ပစၥတို(၁)လက္၊ က်ည္အိမ္(၂)ခု၊ က်ည္(၁ဝ)ေတာင့္၊ လက္ပစ္ဗုံး(၁)လုံး၊ လက္လုပ္ဗုံး(၁)လုံး၊ ယမ္းထုပ္ (၄)ထုပ္၊ ဖုန္းမ်ိဳးစုံ (၇)လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။
ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္ရပ္ကြက္ႀကီး(၁)၊ အေနာ္ရထာလမ္း၌ ဝင္းေဇာ္သိန္း (ခ) ဦးဇာ(၃၆)ႏွစ္၊ ညီဘုန္းေအာင္(ခ)မာလ(၁၈)ႏွစ္ တို႔ ၂ ဦးအား လက္လုပ္မိုင္း (၂)လုံးျဖင့္လည္း ေကာင္း၊ ဘုရားႀကီးၿမိဳ႕၊ အမွတ္(၂) ရပ္ကြက္၌ စိုးမင္းထြန္း(ခ)မုတ္ဆိတ္ (၂၉)ႏွစ္အား လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း၊ ျမတ္ကိုကိုလင္း(ခ)မင္းဘုန္းမဟာ၏ ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ ၁၃ ရက္တြင္ ပဲခူးၿမိဳ႕နယ္၊ ထားဝယ္အင္းေက်း႐ြာေန ဖမ္းဆီးရန္က်န္ ဘိုဘိုေအာင္ (၃၂)ႏွစ္၏ ေနအိမ္မွ လက္ပစ္ဗုံး(၁)လုံး၊ TNT ယမ္း(၃)တုံး၊ ယမ္းျပင္း (၇)ထုပ္ႏွင့္ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ (၁၄)ရက္တြင္ ပဲခူး PDF အဖြဲ႕မွ သန႔္ဇင္ဝင္း(၄၁)ႏွစ္အား ဟသၤာတၿမိဳ႕နယ္၊ မ႐ိုးေသာင္အုပ္ စု၊ လယ္တီေက်း႐ြာ၌လည္းေကာင္း၊ ဟသၤာတၿမိဳ႕နယ္၊ သဘၤန္းကုန္းေက်း႐ြာ အနီး လယ္ကြင္းအတြင္း၌ ေဝယံလြင္(ခ)ဂ်ာႀကီး(၂၅)ႏွစ္ႏွင့္ ေအာင္မ်ိဳးသူ (၄၁)ႏွစ္တို႔ (၂)ဦးအားလည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း၊ ျမတ္ကိုကိုလင္း(ခ)မင္းဘုန္းမဟာ၏ ထြက္ဆိုခ်က္အရ ဒီဇင္ ဘာလ (၁၆)ရက္တြင္ ပဲခူးၿမိဳ႕နယ္၊ ေဂြ႕တန္းရွည္ေက်း႐ြာရွိ ဖမ္းဆီးရန္က်န္ ေမာင္ေက်ာ္၏ေနအိမ္မွ AK-47 ေသနတ္(၂)လက္၊ က်ည္အိမ္(၂) ခု၊ က်ည္မ်ိဳးစုံ (၅၂)ေတာင့္ႏွင့္ လက္ပစ္ဗုံး(၉)လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။ ဖမ္းဆီရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ (၁၈)ရက္တြင္ ပဲခူးၿမိဳ႕၊ ဗိုလ္ကုန္းရပ္ကြက္၊ မာ ဃလမ္း၌ ေက်ာ္လြင္(၆၄)ႏွစ္၊ မာလာျမင့္(၄၀)ႏွစ္၊ ထက္ေအာင္ကို (၁၇)ႏွစ္တို႔ (၃)ဦးအား လက္လုပ္ဂတ္စ္ေသနတ္(၃)လက္၊ လက္လုပ္ဗုံး (၄)လုံး၊ ဒီတိုေနတာမ်ား၊ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ား၊ မူးယစ္ေဆး ဝါးသုံးစြဲရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားႏွင့္လည္းေကာင္း၊ တရားခံ ထက္ေအာင္ကို၏ထြက္ဆိုခ်က္အရ ပဲခူးၿမိဳ႕၊ ဗိုလ္ကုန္းရပ္ကြက္၌ စည္သူေက်ာ္(ခ)စည္သူ(၂၁)ႏွစ္ႏွင့္ ေက်ာ္ေဇာဦး (၃၄)ႏွစ္တို႔ (၂) ဦးအားလည္းေကာင္း၊ တရားခံမာလာျမင့္၏ထြက္ဆိုခ်က္အရ ပဲခူးၿမိဳ႕၊ ၿမိဳ႕သစ္ ရပ္ကြက္၊ ေဇာတိကာ႐ုံဘုန္းႀကီးေက်ာင္းဝင္းအတြင္း၌ ထက္လင္းဦး(ခ) အိုဝမ္း (၂၇)ႏွစ္၊ ျပည့္ကိုကို(ခ)ကိုျပည့္(၂၉)ႏွစ္ႏွင့္ ရဲေနာင္(၂၃)ႏွစ္တို႔ (၃)ဦးအား ပစၥတို (၁) လက္၊ က်ည္အိမ္ (၁) ခု၊ လက္ပစ္ဗုံး (၁) လုံး၊ ပြိဳင့္-၃၈ဝ က်ည္ (၆၂) ေတာင့္တို႔ႏွင့္ လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ားအနက္ ျမတ္ကိုကိုလင္း (ခ)မင္းဘုန္းမဟာ၊ ခန႔္လင္းႏိုင္(ခ)ကိုခန႔္ ၊ ဇင္ဝင္းထြန္း၊ စိုးမင္းထြန္း (ခ) မုတ္ဆိတ္ ႏွင့္ ျပည့္ၿဖိဳးေအာင္(ခ)ကိုျပည့္တို႔ (၅) ဦးသည္ KNLA တပ္မဟာ(၅)နယ္ေျမ၌လည္း ေကာင္း၊ ထက္လင္းဦး (ခ)အိုဝမ္း၊ စည္သူေက်ာ္(ခ)စည္သူ၊ ျပည့္ကိုကို (ခ)ကိုျပည့္၊ ရဲေနာင္ဦးႏွင့္ ဖမ္းဆီးရန္က်န္ဟိန္းေလးတို႔သည္ KNLA တပ္မဟာ(၆)နယ္ေျမ၊ ေလးေက့ေကာ္၌ လည္းေကာင္း၊ ခန႔္လင္းႏိုင္(ခ) ကိုခန႔္ ႏွင့္ ဇင္ဝင္းထြန္းတို႔သည္ TNLA တပ္မဟာ (၇) နယ္ေျမ၌လည္း ေကာင္း အၾကမ္းဖက္ေဖာက္ခြဲဖ်က္ဆီးေရး သင္တန္းမ်ား တက္ေရာက္ခဲ့သည္ကို ေဖာ္ထုတ္သိရွိရေၾကာင္း ေရးသားထားသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ပဲခူး PDF အဖြဲ႕အားဖမ္းဆီးရန္က်န္ ေဇလတ္ (NLD ပါတီ၊ ပဲခူးၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္ စားလွယ္ေဟာင္း)မွ ဦးစီး၍ ဇြန္လ ၂၆ ရက္တြင္ ဖမ္းဆီးရန္က်န္ မ်ိဳးကိုႏွင့္ ရဲထြဋ္တို႔ ဦးေဆာင္ကာ ျမတ္ကိုကိုလင္း(ခ)မင္းဘုန္းမဟာ၊ ခန႔္လင္းႏိုင္(ခ)ကိုခန႔္၊ သန႔္ဇင္ဝင္း၊ ဇင္ဝင္းထြန္း၊ ဝင္းေဇာ္သိန္း (ခ) ဦးဇာ၊ ညီဘုန္းေအာင္(ခ)မာလ၊ စိုးမင္းထြန္း (ခ)မုတ္ဆိတ္၊ ျပည့္ၿဖိဳးေအာင္(ခ)ကိုျပည့္၊ ေဝယံလြင္(ခ)ဂ်ာႀကီး၊ ေအာင္မ်ိဳးသူ၊ သာထူး၊ မင္းမင္းသန႔္၊ ေအာင္ျပည့္ၿဖိဳး၊ ထက္ဆက္ၫြန႔္၊ ရန္ႏိုင္၊ စည္သူၿဖိဳးတို႔ျဖင့္လည္း ေကာင္း၊ ဟံသာဝတီ PDF အဖြဲ႕အား ေအာက္တိုဘာလ ၃ဝ ရက္တြင္ ထက္လင္းဦး (ခ)အိုဝမ္း ဦးစီး၍ စည္သူေက်ာ္ (ခ) စည္သူ၊ ျပည့္ကိုကို (ခ)ကိုျပည့္၊ ရဲေနာင္ဦး တို႔ႏွင့္အတူ ဖမ္းဆီးရန္က်န္ ဖိုးစည္(ခ)သီဟေဇာ္ တို႔ျဖင့္လည္းေကာင္း အသီးသီးဖြဲ႕စည္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ပဲခူးၿမိဳ႕အတြင္း ေဖာက္ခြဲေရးလုပ္ ငန္း(၉)ႀကိမ္ေဆာင္႐ြက္ခဲ့ၿပီး ေဖာက္ခြဲမႈ မ်ားအေနျဖင့္ ေဝယံလြင္သည္ မတ္လ ၁၄ ရက္တြင္ ပဲခူးၿမိဳ႕၊ ျမဝတီဘဏ္သို႔လည္းေကာင္း၊ ေမလ ၄ ရက္တြင္ ပဲခူးၿမိဳ႕၊ ဟံသာဝတီေဘာလုံးကြင္း အားလည္းေကာင္း၊ ဇြန္လ ၆ ရက္တြင္ ပဲခူးၿမိဳ႕၊ ဟံသာဝတီရပ္ကြက္ရွိ ပဲခူးတိုင္း စည္ပင္သာေရးအဖြဲ႕ ႐ုံးအားလည္းေကာင္း လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ေဝယံလြင္ ႏွင့္ ေအာင္ျပည့္ခန႔္တို႔ (၂) ဦးသည္ ဇူလိုင္လ ၄ ရက္တြင္ ပဲခူးၿမိဳ႕၊ ေစ်းပိုင္းရပ္ကြက္ရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးႏွင့္ ဟံသာဝတီရပ္ကြက္ အုပ္ခ်ဳပ္ ေရးမႉး႐ုံးအား လက္လုပ္မိုင္းျဖင့္ ပစ္ခတ္ခဲ့ၿပီး ရန္ႏိုင္ ႏွင့္ ဖမ္းဆီးရန္က်န္ ၿငိမ္းခ်မ္းတို႔မွ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၏ အေျခအေနအား ေစာင့္ၾကည့္ေပးခဲ့ေၾကာင္း၊ ေအာက္တိုဘာလ ၂ဝ ရက္တြင္ စည္သူေက်ာ္ႏွင့္ ဖမ္းဆီးရန္က်န္ ေအာင္ညီညီသြင္တို႔ (၂) ဦးသည္ ပဲခူးၿမိဳ႕၊ ဟံသာဝတီရပ္ကြက္ရွိ စည္ပင္သာယာေရးအဖြဲ႕႐ုံးအား လက္လုပ္မိုင္းျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ႏိုဝင္ဘာလ ၁ ရက္တြင္ ဖမ္းဆီးရန္က်န္ သီဟေနာင္ေနာင္(ခ) ေနာင္ေနာင္သည္ ပဲခူးၿမိဳ႕၊ ပုဏၰားစုရပ္ကြက္ရွိ ျပည္ခိုင္ၿဖိဳးပါတီဝင္ ဦးေအာင္ေဌး၏ ေနအိမ္အား လက္လုပ္မိုင္းျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ႏိုဝင္ ဘာလ ၁၂ ရက္တြင္ ရဲေနာင္ဦးသည္ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္၊ ရပ္ကြက္ႀကီး(၂)၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးအား လက္လုပ္မိုင္းျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ႏိုဝင္ဘာလ ၂၄ ရက္တြင္ ဖမ္းဆီးရန္က်န္ သီဟေနာင္ေနာင္(ခ) ေနာင္ ေနာင္သည္ ပဲခူးၿမိဳ႕၊ ပုဏၰားစုရပ္ကြက္ရွိ ၿမိဳ႕႐ိုးကုန္း ဟင္းသီးဟင္း႐ြက္ေဈးတန္းအား လက္လုပ္မိုင္းျဖင့္ ပစ္ခတ္ခဲ့ေၾကာင္းသိရသည္။