ရုရှားအတွက် ခြိမ်းခြောက်မှုအသစ်တွေကို ယူကရိန်းသမ္မတထုတ်ပြန်

 606

Pika (NP News) - ဇွန် ၂၄

ရုရှားပိုင်နက်အတွင်းမှာရှိတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ နောက်ထပ်တာဝေးပစ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေကို ယူကရိန်းသမ္မတဇီလန်စကီးက အကြံပြုထားတယ်လို့ သိရပါတယ်။

ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် သံတမန်ရေးအရ ကြိုးပမ်းမှုတွေရှိနေပေမယ့်လည်း ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရုရှားနိုင်ငံတွင်းကို ယူကရိန်းရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ သိသိသာသာတိုးမြင့်လာခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီလုပ်ရပ်တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေဖို့ကြိုးပမ်းမှုတစ်ခုအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ယူကရိန်းနိုင်ငံဟာ ရုရှားအပေါ် ၎င်းရဲ့ထောက်လှမ်းမှုတွေကို ၎င်းရဲ့အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေနဲ့မျှဝေနေပြီး ပူးတွဲကာကွယ်ရေးဖြေရှင်းနည်းတွေကို ပြင်ဆင်နေတယ်လို့လည်း ဇီလန်စကီးကပြောကြားခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံတွင်းက စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်း ယူကရိန်းစစ်ဦးစီးချုပ် Aleksandr Syrsky ကပြောကြားခဲ့ပါတယ်။

zawgyi version
႐ုရွားအတြက္ ၿခိမ္းေျခာက္မႈအသစ္ေတြကို ယူကရိန္းသမၼတထုတ္ျပန္
Pika (NP News) - ဇြန္ ၂၄

႐ုရွားပိုင္နက္အတြင္းမွာရွိတဲ့ အေဆာက္အအုံေတြကို ပစ္မွတ္ထားတဲ့ ေနာက္ထပ္တာေဝးပစ္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ဖို႔ ယူကရိန္းတပ္ဖြဲ႕ေတြကို ယူကရိန္းသမၼတဇီလန္စကီးက အႀကံျပဳထားတယ္လို႔ သိရပါတယ္။

႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ သံတမန္ေရးအရ ႀကိဳးပမ္းမႈေတြရွိေနေပမယ့္လည္း ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ႐ုရွားႏိုင္ငံတြင္းကို ယူကရိန္းရဲ႕ ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြ သိသိသာသာတိုးျမင့္လာခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီလုပ္ရပ္ေတြကို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေႏွာင့္ေႏွးေစဖို႔ႀကိဳးပမ္းမႈတစ္ခုအျဖစ္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ယူကရိန္းႏိုင္ငံဟာ ႐ုရွားအေပၚ ၎ရဲ႕ေထာက္လွမ္းမႈေတြကို ၎ရဲ႕အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြနဲ႔မွ်ေဝေနၿပီး ပူးတြဲကာကြယ္ေရးေျဖရွင္းနည္းေတြကို ျပင္ဆင္ေနတယ္လို႔လည္း ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ယူကရိန္းႏိုင္ငံဟာ ႐ုရွားႏိုင္ငံတြင္းက စစ္ဘက္ဆိုင္ရာအေဆာက္အအုံေတြအေပၚ တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္သြားမယ္လို႔လည္း ယူကရိန္းစစ္ဦးစီးခ်ဳပ္ Aleksandr Syrsky ကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.