အမေရိကန်သမ္မတ က အီရန်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်နိုင်ခြေရှိတယ်လို့ သတိပေးပြောဆို

284

ဂျန်ဇက် (NP News) - ဇွန် ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်နိုင်ခြေရှိတယ်လို့ သတိပေးပြောဆို လိုက်ပါတယ်။ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်ဟာ အီရန်နိုင်ငံရှိ ဖော်ဒိုး၊ နာတန်ဇ်နဲ့ အက်ဖာရမ် နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခဲ့ပြီး အဲဒီစက်ရုံအားလုံး ပျက်စီးသွားခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။ အမေရိကန်စစ်တပ်ဟာ ဇွန်လ ၂၂ ရက်မှာ အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်သမ္မတက အခုလိုမျိုးပြောဆိုခဲ့ပါတယ်။ အီရန်စစ်တပ် ခေါင်းဆောင်များနဲ့ အီရန်လွှတ်တော်အမတ်တွေက တိုက်ခိုက်မှုတွေအတွက် အမေရိကန်နိုင်ငံဟာ ကြီးမားတဲ့ ပေးဆပ်မှုပြန်ပေးရမယ်လို့ သတိပေးခဲ့ပါတယ်။
အီရန် နဲ့ အစ္စရေးနိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ရာ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ဇွန်လ ၂၃ ရက်မှာ အီရန်နိုင်ငံမြို့လယ်ခေါင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံ ကလည်း အစ္စရေး နိုင်ငံဘက်ခြမ်းကို ဒုံးကျည်အများအပြားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အီရန်နိုင်ငံအပေါ် အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့ တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာရေနံ ဈေးနှုန်းဟာ ထပ်မံမြင့်တက် လာခဲ့ပြီး Brent ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာနီးပါးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ အီရန်နိုင်ငံက ဟောမုဇ်ရေလက်ကြားကို ပိတ်ပင်မယ်ဆိုရင် ရေနံ ဈေးနှုန်းမတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရပါတယ်။
အဲဒီရေလက်ကြားဟာ ကမ္ဘာပေါ်မှာ ရေနံကုန်သွယ်မှုအများဆုံးပြုလုပ်ရတဲ့ ရေလက်ကြားထဲမှာ ပါဝင်ပြီး ရေနံ ကုန်သည်တွေဟာ အဲဒီရေလက်ကြားကို အီရန်နိုင်ငံက ပိတ်ပင်ခြင်း ရှိ/မရှိ ကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံကို အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ အစ္စရေးပြည်သူတွေဟာ လျှပ်စစ်မီး မရတဲ့ ပြသာနာကို ရင်ဆိုင်နေရပါတယ်။ အစ္စရေးစစ်တပ်က အီရန်အစိုးရနဲ့ ဆက်နွှယ်နေတဲ့ တီဟီရန်မှာရှိတဲ့ ပစ်မှတ်တွေကို “မကြုံစဖူး တဲ့အင်အား” နဲ့ တိုက်ခိုက်နေတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ကာကွယ်ရေးဝန်ကြီး Israel Katz က အစ္စရေးဟာ အီရန်အာဏာရှင်ကို ပြစ်ဒဏ်ပေးသွားမှာဖြစ်ပြီး အင်အားပြည့်တဲ့ တိုက်ခိုက်မှုမျိုး ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံအပေါ် တိုက်ခိုက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာတဝှမ်းမှာ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နိုင်ငံ၊ ဂရိနိုင်ငံတို့မှာ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဟာ ဇွန်လ ၂၂ ရက်မှာ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ပေမယ့် ဇွန်လ ၂၃ ရက်မှာ အီရန်နိုင်ငံကို ထပ်မံတိုက်ခိုက်ခြင်းမျိုးမရှိခဲ့ဘဲ အစ္စရေးတစ်နိုင်ငံကတည်းက တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version:
အေမရိကန္သမၼတ က အီရန္ႏိုင္ငံမွာ အစိုးရအေျပာင္းအလဲျဖစ္ႏိုင္ေျခရွိတယ္လို႔ သတိေပးေျပာဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က အီရန္ႏိုင္ငံမွာ အစိုးရအေျပာင္းအလဲျဖစ္ႏိုင္ေျခရွိတယ္လို႔ သတိေပးေျပာဆို လိုက္ပါတယ္။ အေမရိကန္သမၼတ ထရမ့္က အေမရိကန္ဟာ အီရန္ႏိုင္ငံရွိ ေဖာ္ဒိုး၊ နာတန္ဇ္နဲ႔ အက္ဖာရမ္ န်ဴကလီးယားစက္႐ုံမ်ားကို တိုက္ခိုက္ခဲ့ၿပီး အဲဒီစက္႐ုံအားလုံး ပ်က္စီးသြားခဲ့တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာခဲ့ပါတယ္။ အေမရိကန္စစ္တပ္ဟာ ဇြန္လ ၂၂ ရက္မွာ အီရန္ႏိုင္ငံရွိ န်ဴကလီးယားစက္႐ုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အေမရိကန္သမၼတက အခုလိုမ်ိဳးေျပာဆိုခဲ့ပါတယ္။ အီရန္စစ္တပ္ ေခါင္းေဆာင္မ်ားနဲ႔ အီရန္လႊတ္ေတာ္အမတ္ေတြက တိုက္ခိုက္မႈေတြအတြက္ အေမရိကန္ႏိုင္ငံဟာ ႀကီးမားတဲ့ ေပးဆပ္မႈျပန္ေပးရမယ္လို႔ သတိေပးခဲ့ပါတယ္။
အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကား အျပန္အလွန္ပစ္ခတ္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ရာ အစၥေရး ကာကြယ္ေရး ဝန္ႀကီးက ဇြန္လ ၂၃ ရက္မွာ အီရန္ႏိုင္ငံၿမိဳ႕လယ္ေခါင္ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ အီရန္ႏိုင္ငံ ကလည္း အစၥေရး ႏိုင္ငံဘက္ျခမ္းကို ဒုံးက်ည္အမ်ားအျပားနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။
အီရန္ႏိုင္ငံအေပၚ အေမရိကန္ နဲ႔ အစၥေရးႏိုင္ငံတို႔ တိုက္ခိုက္ခဲ့ၿပီးေနာက္ ကမာၻေရနံ ေဈးႏႈန္းဟာ ထပ္မံျမင့္တက္ လာခဲ့ၿပီး Brent ေရနံစိမ္းတစ္စည္ကို အေမရိကန္ေဒၚလာ ၈၂ ေဒၚလာနီးပါးအထိ ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။ အီရန္ႏိုင္ငံက ေဟာမုဇ္ေရလက္ၾကားကို ပိတ္ပင္မယ္ဆိုရင္ ေရနံ ေဈးႏႈန္းမတည္မၿငိမ္ျဖစ္လာမွာကို စိုးရိမ္မႈျမင့္တက္ေနေၾကာင္း သိရပါတယ္။
အဲဒီေရလက္ၾကားဟာ ကမာၻေပၚမွာ ေရနံကုန္သြယ္မႈအမ်ားဆုံးျပဳလုပ္ရတဲ့ ေရလက္ၾကားထဲမွာ ပါဝင္ၿပီး ေရနံ ကုန္သည္ေတြဟာ အဲဒီေရလက္ၾကားကို အီရန္ႏိုင္ငံက ပိတ္ပင္ျခင္း ရွိ/မရွိ ကို ေစာင့္ဆိုင္းေနရတယ္လို႔ သိရပါတယ္။
အစၥေရးႏိုင္ငံကို အီရန္ႏိုင္ငံရဲ႕ တိုက္ခိုက္မႈေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ အစၥေရးျပည္သူေတြဟာ လွ်ပ္စစ္မီး မရတဲ့ ျပသာနာကို ရင္ဆိုင္ေနရပါတယ္။ အစၥေရးစစ္တပ္က အီရန္အစိုးရနဲ႔ ဆက္ႏႊယ္ေနတဲ့ တီဟီရန္မွာရွိတဲ့ ပစ္မွတ္ေတြကို “မႀကဳံစဖူး တဲ့အင္အား” နဲ႔ တိုက္ခိုက္ေနတယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။ကာကြယ္ေရးဝန္ႀကီး Israel Katz က အစၥေရးဟာ အီရန္အာဏာရွင္ကို ျပစ္ဒဏ္ေပးသြားမွာျဖစ္ၿပီး အင္အားျပည့္တဲ့ တိုက္ခိုက္မႈမ်ိဳး ဆက္လက္လုပ္ေဆာင္မယ္လို႔ ဆိုပါတယ္။
အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္ခဲ့တဲ့ အေမရိကန္ႏိုင္ငံရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး ကမာၻတဝွမ္းမွာ ဆႏၵျပပြဲမ်ား ဆက္တိုက္ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ျပင္သစ္ႏိုင္ငံ၊ ပါကစၥတန္၊ ဖိလစ္ပိုင္ႏိုင္ငံ၊ ဂရိႏိုင္ငံတို႔မွာ အီရန္ႏိုင္ငံကို တိုက္ခိုက္ခဲ့တဲ့ အေမရိကန္ႏိုင္ငံရဲ႕လုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ ဇြန္လ ၂၂ ရက္မွာ အီရန္ႏိုင္ငံကို တိုက္ခိုက္ခဲ့ေပမယ့္ ဇြန္လ ၂၃ ရက္မွာ အီရန္ႏိုင္ငံကို ထပ္မံတိုက္ခိုက္ျခင္းမ်ိဳးမရွိခဲ့ဘဲ အစၥေရးတစ္ႏိုင္ငံကတည္းက တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။