အနည်းဆုံအခကြေးငွေနှုန်းထားပြန်လည်သုံးသပ်ပြင်ဆင်မည်ဖြစ်ပြီး ထုတ်ပြန်သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက်လျှော့ချသတ်မှတ်လေ့မရှိဟုဆို

 921

NP News - ဒီဇင်ဘာ ၃ဝ
အနည်းဆုံးအခကြေးငွေကို ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(ဇ)အရ နှစ် နှစ်လျှင် တစ်ကြိမ်တိုးမြှင့်ပြင်ဆင်ခြင်း၊ ပြန်လည်အတည်ပြုခြင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း ကမ္ဘာ့ကပ်ရောဂါကူးစက်မှုအန္တရာယ်ကြောင့် နယ် စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထား၍ ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံအချို့ပိတ်သိမ်း၊ အင်အားလျှော့ခဲ့ရပြီး အနည်း ဆုံး အခကြေးငွေနှုန်းထား ပြန်လည်သုံးသပ်ပြင်ဆင်ရေးလုပ်ငန်းစဉ်များကိုခေတ္တခဏဆိုင်းငံ့ထားခြင်းဖြစ်၍ အခြေအနေတည်ငြိမ်သွားပါကအ နည်းဆုံအခကြေးငွေနှုန်းထားပြန်လည်သုံးသပ်ပြင်ဆင်ရေးလုပ်ငန်းစဉ် များကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုအခါ လူမှုကွန်ရက်များတွင် အနည်းဆုံးအခကြေးငွေကို တစ်ရက်လျှင်လုပ်ခငွေကျပ် ၃၆ဝဝ နှုန်းလျှော့ချသတ်မှတ်ကြောင်း ကောလာဟ လများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်တွင်အနည်းဆုံးအခကြေး ငွေလုပ်ခကို တစ်ရက်လျှင်အလုပ်ချိန်(၈)နာရီနှုန်းဖြင့် ငွေကျပ် ၄၈ဝဝ သတ်မှတ်ထားကြောင်းသိရသည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီသည် ၂ဝ၁၃ ခုနှစ်အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ(ဃ)နှင့်အ ညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ပြီး အ နည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီမှ ၂ဝ၁၈ ခုနှစ် မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံရှိအလုပ်သမားများအတွက် နေရာဒေသနှင့်လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံတစ်ပြေးညီတစ်နာရီလျှင် ၆ဝဝ ကျပ်နှုန်းဖြင့် တစ်ရက်အလုပ်ချိန်(၈)နာရီအတွက် ငွေကျပ် ၄၈ဝဝ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန် ပေးခဲ့ကြောင်းသိရသည်။

အနည်းဆုံးအခကြေးငွေနှုန်းထားပြန်လည်သုံးသပ်ပြင်ဆင်ရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်ရာတွင် အမျိုးသားကော်မတီအနေဖြင့် ထုတ်ပြန်သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက်လျှော့ချသတ်မှတ်လေ့မရှိဘဲ ဆက်လက်အတည်ပြုခြင်း၊ တိုးမြှင့်သတ်မှတ်ခြင်းကိုသာဆောင်ရွက်သွားသည့်အစဉ်အလာရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ ကိုဗစ်ကပ်ရောဂါကြောင့် စက်ရုံအလုပ်ရုံအများစုပိတ်သိမ်းခြင်း၊ ယာယီရပ်ဆိုင်းခြင်းတို့ကြောင့် အလုပ်သမားသိန်းနှင့်ချီကာ အ လုပ်လက်မဲ့များဖြစ်ခဲ့ရသည်။

zawgyi version
အနည္းဆုံအခေၾကးေငြႏႈန္းထားျပန္လည္သုံးသပ္ျပင္ဆင္မည္ျဖစ္ၿပီး ထုတ္ျပန္သတ္မွတ္ထားေသာ အနည္းဆုံးအခေၾကးေငြထက္ေလွ်ာ့ခ်သတ္မွတ္ေလ့မရွိဟုဆို
NP News - ဒီဇင္ဘာ ၃ဝ
အနည္းဆုံးအခေၾကးေငြကို ဥပေဒ ပုဒ္မ ၅၊ ပုဒ္မခြဲ(ဇ)အရ ႏွစ္ ႏွစ္လွ်င္ တစ္ႀကိမ္တိုးျမႇင့္ျပင္ဆင္ျခင္း၊ ျပန္လည္အတည္ျပဳျခင္းေဆာင္႐ြက္ရမည္ျဖစ္ေသာ္လည္း ကမာၻ႔ကပ္ေရာဂါကူးစက္မႈအႏၲရာယ္ေၾကာင့္ နယ္ စပ္ကုန္သြယ္ေရးဂိတ္မ်ားပိတ္ထား၍ ကုန္စည္စီးဆင္းမႈရပ္တန႔္ျခင္းတို႔ေၾကာင့္ စက္႐ုံ၊ အလုပ္႐ုံအခ်ိဳ႕ပိတ္သိမ္း၊ အင္အားေလွ်ာ့ခဲ့ရၿပီး အနည္း ဆုံး အခေၾကးေငြႏႈန္းထား ျပန္လည္သုံးသပ္ျပင္ဆင္ေရးလုပ္ငန္းစဥ္မ်ားကိုေခတၱခဏဆိုင္းငံ့ထားျခင္းျဖစ္၍ အေျခအေနတည္ၿငိမ္သြားပါကအ နည္းဆုံအခေၾကးေငြႏႈန္းထားျပန္လည္သုံးသပ္ျပင္ဆင္ေရးလုပ္ငန္းစဥ္ မ်ားကိုဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

ယခုအခါ လူမႈကြန္ရက္မ်ားတြင္ အနည္းဆုံးအခေၾကးေငြကို တစ္ရက္လွ်င္လုပ္ခေငြက်ပ္ ၃၆ဝဝ ႏႈန္းေလွ်ာ့ခ်သတ္မွတ္ေၾကာင္း ေကာလာဟ လမ်ားထြက္ေပၚေနေသာ္လည္း လက္ရွိအခ်ိန္တြင္အနည္းဆုံးအခေၾကး ေငြလုပ္ခကို တစ္ရက္လွ်င္အလုပ္ခ်ိန္(၈)နာရီႏႈန္းျဖင့္ ေငြက်ပ္ ၄၈ဝဝ သတ္မွတ္ထားေၾကာင္းသိရသည္။

အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီသည္ ၂ဝ၁၃ ခုႏွစ္အနည္းဆုံးအခေၾကးေငြ ဥပေဒပုဒ္မ ၁ဝ၊ ပုဒ္မခြဲ(ဃ)ႏွင့္အ ညီ သုံးပြင့္ဆိုင္ကိုယ္စားလွယ္မ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးဆုံးျဖတ္ခဲ့ၿပီး အ နည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီမွ ၂ဝ၁၈ ခုႏွစ္ ေမလ ၁၄ ရက္တြင္ ျမန္မာႏိုင္ငံရွိအလုပ္သမားမ်ားအတြက္ ေနရာေဒသႏွင့္လုပ္ငန္းအမ်ိဳးအစားမခြဲျခားဘဲ တစ္ႏိုင္ငံတစ္ေျပးညီတစ္နာရီလွ်င္ ၆ဝဝ က်ပ္ႏႈန္းျဖင့္ တစ္ရက္အလုပ္ခ်ိန္(၈)နာရီအတြက္ ေငြက်ပ္ ၄၈ဝဝ ကို ျပည္ေထာင္စုအစိုးရအဖြဲ႕၏ အတည္ျပဳခ်က္ျဖင့္ ထုတ္ျပန္ ေပးခဲ့ေၾကာင္းသိရသည္။

အနည္းဆုံးအခေၾကးေငြႏႈန္းထားျပန္လည္သုံးသပ္ျပင္ဆင္ေရးလုပ္ငန္း စဥ္မ်ားကို ေဆာင္႐ြက္ရာတြင္ အမ်ိဳးသားေကာ္မတီအေနျဖင့္ ထုတ္ျပန္သတ္မွတ္ထားေသာ အနည္းဆုံးအခေၾကးေငြထက္ေလွ်ာ့ခ်သတ္မွတ္ေလ့မရွိဘဲ ဆက္လက္အတည္ျပဳျခင္း၊ တိုးျမႇင့္သတ္မွတ္ျခင္းကိုသာေဆာင္႐ြက္သြားသည့္အစဥ္အလာရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပ ထားသည္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စက္႐ုံအလုပ္႐ုံအမ်ားစုပိတ္သိမ္းျခင္း၊ ယာယီရပ္ဆိုင္းျခင္းတို႔ေၾကာင့္ အလုပ္သမားသိန္းႏွင့္ခ်ီကာ အ လုပ္လက္မဲ့မ်ားျဖစ္ခဲ့ရသည္။

Related news

© 2021. All rights reserved.