NUG ရဲ့ D-Day ကြေညာချက်နဲ့ တော်လှန်ရေး အောင်မြင်စရာလုံး၀ မရှိနိုင်ခြင်းအကြောင်းများ

 788

မျိုးမင်း (မကျည်းလဟာ) - NP News - ဇန်နဝါရီ ၅
NUG က D-Day ဆန်ဆန်ကြေညာချက်ကို စက်တင်ဘာ(၇)ရက်က ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ NUG ခေါင်းဆောင် ဒူဝါလရှီလကိုယ်တိုင်ကလည်း တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်ပုန်ကန်ကြဖို့ ဆိုပြီး တိုက်တွန်းထားသလို တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ ဆွဲထည့်ကြေညာထားပါတယ်။ ဒီကြေညာချက်ရဲ့နောက်ဆက်တွဲအဖြစ် သုံးရက်ကြာစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ ဒီစစ်တမ်းလေးနဲ့ပဲ ရှေ့မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို တွက်ဆပြကြည့်ချင်ပါတယ်။

(၁) NUG ရဲ့ D-Day ကြေညာချက်ကို တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောတူကြသလား

တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အစကတည်းက တိုက်ပွဲကိုဦးဆောင်တိုက်မယ်လို့ ကတိလည်းမပေးခဲ့သလို ဒီဒေးခေါ်တာကိုလည်း လက်မခံကြတဲ့သူတွေဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒီဒေးကြေညာပြီး နောက်တစ်ရက်မှာ ဦးသိန်းစိန်လက်ထက်ကတည်းက ငြိမ်းချမ်းရေးအပစ်ရပ်လက်မှတ်ထိုးအဖွဲ့ခေါင်းဆောင်တွေ ပါဝင်တဲ့ PPST က အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကို မထောက်ခံကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ် အီရီဝန် ယူဆော့ဖ်ပြောတဲ့(၄)လ အပစ်ရပ်ပြီး အခက်အခဲဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေကို ကူညီထောက်ပံ့မှုတွေပေးဖို့ ဆိုတာကို လက်ခံကြောင်း၊ အီရီဝန် ယူဆော့ဖ်နဲ့လည်း တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ NUG ရဲ့ D-Day နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ PPST ထဲမှာ KNU လိုအဖွဲ့အစည်းပါတယ်။ ပအို့ဝ်လက်နက်ကိုင်အဖွဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဦးဆောင်တဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေလည်း ပါတယ်။ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပါသလို တကယ့် ထိပ်တန်းလက်နက်ကိုင်အဖွဲ့တွေ ဦးဆောင်ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီအဖွဲ့က ထုတ်ပြန်တာနဲ့ NUG က ပြောတာနဲ့ တစ်ခြားစီဖြစ်နေပါတယ်။ NUG က အပစ်မရပ်ဘူး၊ တိုက်မယ်။ အာဆီယံအထူးကိုယ်စားလှယ်ပြောတာကို ဂရုစိုက်စရာမလိုဘူး။ တိုက်မယ်။ စသဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုပဲ ရွေးပါတယ်။ NUG ရဲ့ကြေညာချက်အပြီး နောက်တစ်နေ့မှာ KNU ဒူပလာယားခရိုင်ခေါင်းဆောင်က ကြေညာချက်ကို ရုတ်သိမ်းပေးဖို့ တရားဝင်စာထုတ်ပြီး NUG ကို သတိပေးခဲ့ပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတော့ NUG ရဲ့တပ်သားတွေဖြစ်တဲ့ PDF တွေဟာ ကရင်ပြည်နယ်ထဲမှာ KNU ရဲ့လက်အောက်ခံတပ်ဖွဲ့တွေရဲ့စစ်သင်ကြားပေးမှု၊ ပြုစုစောင့်ရှောက်ထားမှုကို ခံယူရသလို လက်နက်ကိစ္စတွေကအစ မှီခိုနေရတာမျိုးဖြစ်ပါတယ်။ ဒီအကြောင်းကို တပ်မတော်က သိထားတဲ့အတွက် KNU ခေါင်းဆောင်တွေရဲ့သဘောထားကို မေးမြန်းပြီးသား ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဘက်ကတော့ KNU လက်အောက်ခံ တပ်မဟာ(၅)နဲ့ အခြားသောအဖွဲ့ငယ်တွေက လက်ခံထားတာမျိုးဖြစ်ပြီး တပ်မတော်နဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အထိ တပ်မဟာတွေဘက်က ဆန္ဒမရှိဘူးလို့ အကြောင်းပြန်ထားပါတယ်။ ဒီအနေအထားမှာ NUG က D-Day ခေါ်တာဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာပါ စစ်ပွဲတွေထပ်ဖြစ်လာအောင် တွန်းပို့သလို တမင်လုပ်တာလို့ ကရင်ခေါင်းဆောင်အများစုက လက်ခံသွားကြပါတယ်။ PDF တွေဟာ ကရင်ပြည်နယ်မှာအပြင် ကချင်ပြည်နယ်ထဲမှာလည်း KIA ရဲ့ထိန်းချုပ်မှုအောက်မှာ နေထိုင်သင်ကြားခဲ့ကြပါတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးတာကို ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ KIA ကိုယ်တိုင်က တပ်မတော်နဲ့အကြီးစားတိုက်ပွဲတွေ ဆင်နွှဲဖို့ဆန္ဒမရှိဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ KNU ၊ SSA၊ TNLA ၊ AA တို့ထဲမှာ ဘယ်သူကမှ NUG D-Day ခေါ်သလိုမျိုး စစ်တပ်နဲ့ တိုက်ပွဲအကြီးစား တိုက်ခိုက်ဖို့ဆန္ဒမရှိဘဲ သာမန်ထိတွေ့တိုက်ပွဲလောက်ပဲ ဖြစ်ရင်တောင် သူတို့ဘက်က ထိခိုက်လာရင် အပစ်ရပ်ဖို့ ကမ်းလှမ်းလေ့ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုက NUG ရဲ့ D-Day ကို အတွင်းစိတ်သဏ္ဍန်အရ လုံးဝလက်မခံကြပါဘူး။ ထူးခြားတာက အတွင်းစိတ်သဏ္ဍန်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ လက်မခံပေမယ့် လက်မခံကြောင်း တရားဝင်ထုတ်ပြောတာမျိုး မလုပ်ဘဲ နိုင်ငံရေးအရ ပြည်သူတွေအမြင်စောင်းမှာစိုးလို့ အသာလေး မျှောပြီးနေကြတယ်လို့ နားလည်ရမှာပါ။ အဓိကအဖွဲ့ကြီးနှစ်ခုဖြစ်တဲ့ KIA နဲ့ KNU တို့က NUG ရဲ့ PDF တွေကို ဘာလုပ်ပေးသလဲဆိုရင် ခိုလှုံဖို့ နေရာပေးပါတယ်။ လက်နက်အသုံးပြုပုံပြုနည်းနဲ့ စစ်ပညာအနည်းငယ် သင်ပေးပါတယ်။ လက်နက်မှောင်ခိုဝယ်ရောင်း လုပ်ပေးပါတယ်။ စားသောက်ဖို့ကိစ္စအတွက် လိုအပ်တာတွေ စီစဉ်ပေးပါတယ်။ ဒါပေမဲ့ သူတို့နယ်မြေထဲမှာနေထိုင်ရင် သူတို့စည်းကမ်းကို လုံးဝလိုက်နာခိုင်းပါတယ်။ မလိုက်နာရင်တော့ မလိုက်နာသူဟာ ဘယ်သူသတ်မှန်းမသိဘဲ သေနေတတ်ပါတယ်။ လက်ရှိ တပ်မတော်ကို ပြန်ခံတိုက်နေတာကလည်း စစ်ပညာမတောက်တခေါက် တတ်ထားတဲ့ လူငယ် PDF တွေကပဲ ဖြစ်ပြီး စမ်းသပ်တိုက်ပွဲဆန်ဆန်နဲ့ လူငယ်တွေကို အသေခံခိုင်းသလိုဖြစ်နေပါတယ်။ တောတွင်းလေ့ကျင့်ရေးစခန်းတွေမှာ နာမည်ကျော် အနုပညာရှင်တွေနဲ့ PDF လူငယ်ပေါင်း သောင်းဂဏန်း ရှိနေပါတယ်။ တစ်နေရာတည်းမှာ မဟုတ်ဘဲ စခန်းမတူ၊ ဒေသမတူကြတာမျိုးဖြစ်ပြီး အားလုံးဟာ NUG ရဲ့ဦးဆောင်မှုနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို စောင့်ဆိုင်းနေကြသူတွေပါ။ သို့သော်လည်း ထူးခြားချက်အဖြစ် အဲဒီလူငယ်သောင်းဂဏန်းကို NUG ဘက်က လက်နက်အပြည့်အစုံ မတပ်ဆင်ပေးနိုင်ပါဘူး။ ကြားသိရသလောက် လူငါးဦးကို သေနတ်တစ်လက်နှုန်းလောက် သုံးရတာမျိုးဖြစ်ပြီး ကျည်ဆံဟာလည်း အကန့်အသတ်နဲ့ပဲ ရှိနေပါတယ်။ စားသောက်ဖို့အတွက်ကတော့ ထောက်ပံ့နိုင်ခြင်းလုံးဝနီးပါး မရှိတဲ့အတွက် လူငယ်တွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆင်ပြေအောင် ရှာဖွေစားသောက်ကြရပါတယ်။

(၂) NUG က ဘာတွေ လုပ်နေသလဲ

NUG ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မီဒီယာစာမျက်နှာတွေမှာသာ ရွှန်းရွှန်းဝေအောင် ပြောနေပေမယ့် အချို့ကတော့ အမေရိကန်ကို ခိုလှုံခွင့်နဲ့ ရောက်သွားကြပါပြီ။ ခေါင်းဆောင်ပိုင်း(၂၀)ဦးလောက်မှာ(၁၂)ဦးလောက် အမေရိကန်ကို ရောက်နေပြီဖြစ်သလို ကျန်ရှိတဲ့အချို့ကတော့ ထိုင်း-မြန်မာနယ်စပ်မှာ ကူးလူးသွားလာနေထိုင်ပါတယ်။ အထူးသဖြင့် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားတဲ့ ဦးရည်မွန်ဟာ ချင်းမိုင်ဘက်မှာ အိမ်ငှားပြီး လုံခြုံရေးအပြည့်နဲ့ နေထိုင်ပါတယ်။ နောက်ထပ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးလွင်ကိုလတ်ကလည်း ချင်းမိုင်မှာပါပဲ။ တောတွင်းလေ့ကျင့်ရေးစခန်းကို သူတို့က တောတွင်းသွားလာရေးလမ်းကြောင်းတွေကနေ ကူးလူးသွားလာနေပါတယ်။ အမေရိကန်ကို ရောက်နေတဲ့သူတွေက နိုင်ငံတကာထောက်ပံ့ငွေရဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေဆီကနေ အလှူခံခြင်း၊ အွန်းလိုင်းထီရောင်းခြင်းအပါအဝင် ငွေဝင်နိုင်မယ့်လမ်းကြောင်းမှန်သမျှ ကြိုးစားဖွင့်လှစ်နေကြပါတယ်။ အမေရိကန်ဘဏ်တွေမှာ ရောက်နေတဲ့ မြန်မာအစိုးရပိုင် ဒေါ်လာတစ်ဘီလျံ ပြန်ရဖို့ကိုလည်း စစ်ကောင်စီတပ်မတော်နဲ့အပြိုင် ကြိုးစားနေပါတယ်။ အခြားသောနည်းလမ်းအစုံနဲ့ လုပ်ကိုင်နေကြသလို ထူးခြားချက်အဖြစ် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ပါ ချိတ်ဆက်တာတွေ၊ သဘောတူညီမှုအချို့ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ရိုနေဆန်းလွင်၊ ဘင်္ဂါလီထွန်းခင်၊ ဒေါက်တာ ဇာနည် အစရှိတဲ့ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာအရေးကိုပါ ထည့်သွင်းစဉ်းစားပေးတဲ့သဘောတူညီချက်မျိုး(ငွေလည်းရနိုင်ခြေရှိ)လုပ်ဆောင်ထားပါတယ်။ မီဒီယာတွေမှာတော့ D-Day ကြေညာပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောတယ်လို့ အခိုင်အမာဖော်ပြတဲ့ NUG ဘက်တော်သားတွေက ရေးသားချက်မှာတော့ လေတပ်တောင် ရှိနေပြီဆိုတာမျိုး ဟာသဖြစ်စရာ စကားတွေ ပြောခဲ့ကြပါတယ်။ အချို့ကတော့ NUG ဟာ မဖြစ်နိုင်တာကို ပြောတာမဟုတ်ဘဲ အခြားသော အစီအစဉ်လျှို့ဝှက်ထားတာ ရှိတယ်လို့ ပြန်လည်ဖုံးဖိပြောဆိုနေပါတယ်။ တကယ်တမ်းမှာတော့ PDF လူငယ်အချို့က ရင်ဖွင့်လာတာမှာတော့ NUG ဟာ ဘာမှမထောက်ပံ့နိုင်တဲ့အပြင် လူတွေဆီက အလှူခံထားတဲ့ငွေတွေကိုပါ ခေါင်းဆောင်ပိုင်းတွေက အဝေမတည့်တာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ တောင့်ခံနိုင်ရင် နောက်ထပ်တစ်နှစ်ထက်မပိုဘဲ ခေါင်းဆောင်ပိုင်းကြားမှာပါ အကွဲအပြဲတွေ ထပ်ပေါ်လာဖို့ရှိတယ်လို့ သတင်းတွေခိုင်ခိုင်မာမာ ကြားနေရပါတယ်။

(၃) NUG ရဲ့ D-Day ကြေညာချက်အပြီး တစ်ပတ်နီးပါးအတွင်း ဘာတွေဖြစ်ခဲ့လဲ

တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်လိုမြို့ပြတွေမှာတော့ တိုက်ပွဲတွေအစား ဟိုနားသည်နား ပေါက်ကွဲမှုတွေ အနည်းငယ်ဖြစ်ခဲ့တာပဲ ရှိပါတယ်။ နယ်မြို့နဲ့ ကျေးရွာတွေမှာတော့ အချို့နေရာတွေမှာ တိုက်ပွဲငယ်များဖြစ်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး မြိုင်မြို့နယ်ဒေသတစ်လွှားကတော့ PDF လူငယ်တွေ အတော်လေးတက်ကြွပြီး စစ်တပ်ကလည်း နှိမ်နင်းရခက်ခဲတဲ့အနေအထားကို ရောက်နေပါတယ်။ သို့သော်လည်း အချိန်စောင့်ပြီး စစ်တပ်က စစ်မြူနေတာ ဖြစ်နိုင်သလို မကြာခင်မှာ စစ်ကိုင်းဟာလည်း ငြိမ်ဝပ်ပိပြားသွားဖို့ များနေပါတယ်။ နိုင်ငံတစ်ဝန်းမှာ တစ်ပတ်အတွင်း ဗုံးပေါက်ကွဲမှုပေါင်း(၁၀၀)လောက် ဖြစ်ခဲ့ပါတယ်။ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း(၅၀)နီးပါး ဖျက်ဆီးခံရပါတယ်။ ထူးခြားတာက တရုတ်နိုင်ငံသားပိုင် ဘယ်လုပ်ငန်းမှ တိုက်ခိုက်ခံရတာမျိုး မကြားရသေးပါဘူး။ အထူးသဖြင့် ရေနံ သဘာဝဓါတ်ငွေ့ပိုက်လိုင်းလိုဟာမျိုးဆိုရင် ဘယ်သူမှ သွားမထိရဲ မတိုက်ခိုက်ရဲတာကို ထူးထူးခြားခြားတွေ့နေရပါတယ်။

(၄) NUG ရဲ့ D-Day ကြေညာချက်အပြီး စစ်တပ်က ဘာလုပ်နေသလဲ

ကြေညာချက်ထွက်လာအပြီး ၂၄ နာရီအတွင်းမှာတော့ စစ်တပ်က ရန်ကုန်မြို့လို မြို့ကြီးတွေမှာ လုံခြုံရေးတင်းကျပ်မှုတွေ လုပ်လာပါတယ်။ အထူးသဖြင့် နေ့လယ်ဘက် ကားနဲ့ကင်းလှည့်တာ အကြိမ်ရေနှစ်ဆတိုးလိုက်သလို ညဘက် သွားလာနေတဲ့ကားတွေကို စစ်ဆေးတာက ရက်စိတ်လာပါတယ်။ နယ်မြို့တွေမှာလည်း မြို့အဝင်ဂိတ်တွေနဲ့ အရေးပါတဲ့နေရာတွေမှာ စစ်သားနဲ့ရဲ သုံးဦးကနေ ငါးဦးအထိ အတွဲလိုက်တာဝန်ချပြီး စောင့်ကြည့်တာမျိုး လုပ်ဆောင်တာတွေ တွေ့ရပါတယ်။ စစ်တပ်ဘက်ကတော့ နိုင်ငံတကာက စောင့်ကြည့်နေတာကို နားလည်တဲ့အတွက် စစ်တပ်ဘက်က မလွန်ကြောင်းပြသဖို့ကို တော်တော်လေးစိတ်ရှည်ရှည်စောင့်ပေးနေတာကို တွေ့ရပါတယ်။ စစ်တပ်ရဲ့ဗျုဟာကတော့ စစ်တပ်ဟာ အကြမ်းဖက်ရမ်းသမ်းပစ်ခတ်သတ်ဖြတ်တာမျိုး လုပ်လေ့မရှိဘဲ NLD ထောက်ခံသူ NUG ရဲ့ PDF တပ်သားတွေကသာ အကြမ်းဖက်မိုင်းခွဲတိုက်ခိုက်၊ ပြည်သူတွေကိုသတ်ဖြတ်နေသူတွေအဖြစ် ရအောင်ပုံဖော်နေတာကို မြင်ရပါတယ်။ အကြမ်းဖက်သမားတွေဖြစ်လာအောင် စစ်တပ်က စစ်မြူပြီး စိတ်အေးလက်အေး ပညာပေးနေတာကိုတော့ တွေ့ရပါတယ်။ သို့သော်လည်း အဲဒီလိုမပြတ်သားမှုက အခြားသောပြည်သူတွေကိုပါ စိတ်လက်မချမ်းမသာဖြစ်စေပြီးတော့ အပြစ်မဲ့ပြည်သူတွေ သေကြေနေရတာမျိုးတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် စစ်တပ်မိသားစုအသိုင်းအဝိုင်း၊ စစ်တပ်ထောက်ခံသူအသိုင်းအဝိုင်းဟာ အတော်လေးကို စစ်ခေါင်းဆောင်အပေါ် ဒေါသထွက်နေကြပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့အဓိက မူကတော့ စစ်တပ်ဟာ အကြမ်းဖက်တဲ့သူတွေကိုသာ ဖယ်ရှားနေရတာဖြစ်ပြီး စစ်တပ်ကသာ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာမျိုးကို နိုင်ငံတကာသိအောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

(၅) D-Day နဲ့အတူ ဘာတွေဆက်ဖြစ်မလဲ
ဒါကတော့ ရှင်းပါတယ်။ NUG ရဲ့တော်လှန်ရေးဟာ မအောင်မြင်နိုင်ပါဘူး။ မအောင်မြင်ရခြင်းအကြောင်းအရင်း များစွာရှိပါတယ်။ ပထမတစ်ချက်ကတော့ NUG ခေါင်းဆောင်တွေကိုယ်တိုင်က မြေပြင်အခြေအနေကို တိုက်ရိုက်ဦးဆောင်နေတာမျိုး မဟုတ်ဘဲ အွန်လိုင်း(အင်တာနက်)ပေါ်ကနေသာ လေနဲ့ဦးဆောင်နေတာဖြစ်ပြီး အချို့ဆိုရင် မိသားစုလိုက် လွတ်ရာကျွတ်ရာကို ရောက်နေကြပါတယ်။ အခြားသောသူတွေရဲ့မိသားစုဝင် လူငယ်လေးတွေကသာ အသက်ပေးပြီး တိုက်ခိုက်နေရတာဖြစ်ပါတယ်။ ဒီအချက်ကို လူငယ်တွေက မှတ်သားထားကြပါတယ်။ နားလည်လာကြပါတယ်။ စိတ်ပျက်အားလျော့လာကြပါတယ်။ ဒုတိယတစ်ချက်က လက်နက်အင်အာ အထောက်အပံ့ခိုင်ခိုင်မာမာ မရှိပါဘူး။ လက်နက်အလုံအလောက်ဝယ်မယ်ဆိုရင် အနည်းဆုံး ဒေါ်လာသန်းရာချီကုန်ကျမှာဖြစ်ပြီး ဒီအတွက် NUG က ပိုက်ဆံမသုံးနိုင်ပါဘူး။ နိုင်ငံတကာထောက်ပံ့ငွေနဲ့ ကဏ္ဍစုံက ရတဲ့ငွေကိုတောင် ခေါင်းဆောင်တွေကြားမှာ အဝေမတည့်တာတွေဖြစ်လာနေပါတယ်။ အောက်ခြေက လူငယ်လေးတွေအတွက် ဘာမှမပေးနိုင်ကြပါဘူး။ တတိယတစ်ချက်က D-Day ခေါ်ခြင်းအပါအဝင် တော်လှန်ရေးလုပ်လာတဲ့ (၆)လကျော်အတွင်း ဘယ်မြို့နယ်တစ်ခုခုကိုမှ NUG က ဦးဆောင်သိမ်းပိုက်ထားနိုင်တာ မရှိပါဘူး။ ဒေသတစ်ခုကိုတောင်မှ မသိမ်းနိုင်တာကို ဘယ်မြို့ကိုမှ သိမ်းဖို့မဖြစ်နိုင်သလို တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီး စစ်တပ်ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစီရင်ဖို့ဆိုတာက အဝေးကြီးမှာ ရှိနေပါတယ်။ ဒါက အရေးကြီးဆုံးအချက်ပါ။ စတုတ္ထအချက်ကတော့ တကယ်တိုက်နေရတဲ့သူတွေက သွေးဆူလွယ်တဲ့လူငယ်တွေသာ ဖြစ်ပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှ သူတို့တိုင်းရင်းသားတွေကို ရှေ့ထွက်ပြီး ဦးဆောင်တိုက်ခိုင်းတာမျိုးမလုပ်ကြပါဘူး။ ဒါကြောင့် စစ်တပ်ကို ယှဉ်တိုက်ဖို့ဟာ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တွေတောင် မဖြစ်နိုင်တာကို လူငယ်လေးတွေက ဘယ်လိုမှစဉ်းစားစရာကို မလိုတော့တာပါ။ လူငယ်တွေဟာ စိတ်ဓါတ်ပဲ ရှိပြီး အတွေ့အကြုံ ဝါသမ္ဘာနဲ့ အင်အားအထောက်အပံ့ ဘာမှမရထားပါဘူး။ ပဉ္စမအချက်ကတော့ မြို့ပြနေရာတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေကို မိုင်းခွဲတဲ့ကိစ္စမျိုးဟာလည်း ဗုံးတစ်ခါဖောက်ခွဲပေးရင် ကျပ်တစ်သိန်းကနေ(ငါးသိန်း)အထိ ရတယ်ဆိုလို့သာ လူငယ်အချို့က နာမည်လည်းရ ငွေလည်းရတဲ့သဘောကြောင့် လိုက်ပြီး ဟိုနေရာ သည်နေရာ မိုင်းခွဲနေတာဖြစ်ပါတယ်။ တကယ်တမ်း စစ်စခန်းတွေကို ဝင်စီးပြီး မိုင်းခွဲတိုက်ခိုက်တာမျိုးကို ရေရေရာရာ မလုပ်ရဲကြပါဘူး။ ဆဌမအချက်ကတော့ နိုင်ငံတကာက စစ်လက်နက်အထောက်အပံ့မပေးခြင်းနဲ့ သတ္တမမြောက်အချက်ကတော့ NUG ခေါင်းဆောင်တွေက စစ်ရေးစစ်ရာကို နားမလည်တဲ့အပြင် ဦးဆောင်ခိုင်းသင့်သူတွေကို ဦးဆောင်ခွင့်မပေးဘဲ အာဏာမရခင်ကတည်း နေရာလုထားခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပိုဆိုးသွားတာက လက်ရှိစစ်တပ်ဟာ တကယ်တမ်းတိုက်ရတော့မယ်ဆိုရင် လေကြောင်းပစ်ကူအဆင့်၊ တာဝေးပစ်အမြောက်စနစ် အပါအဝင် စစ်လက်နက်အရရော၊ စစ်ဗျုဟာအရပါ အားသာချက်များစွာရှိနေပါတယ်။ လွတ်လပ်ရေးရပြီးစမှာ တစ်တိုင်းပြည်လုံးနီးပါး သူပုန်ထချိန်မှာတောင် ကွန်မြူနစ် ဗကပတွေ ဦးဆောင်တဲ့သူပုန်အဖွဲ့အစည်းတွေက စစ်လက်နက်၊ လူအင်အားသာလွန်ခဲ့ချိန်မှာတောင် စစ်တပ်က ရန်ကုန်အစိုးရဆိုတဲ့ခေါင်းစဉ်အောက်ကနေ တစ်နိုင်ငံလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတဲ့အတွေ့အကြုံရှိပါတယ်။ အခြားသောရှုထောင့်တစ်ခုအရ မြို့ပေါ်နေ လူတန်းစားတွေအားလုံးနီးပါးကရော၊ ကျေးလက်နေ သာမန်ပြည်သူတွေကပါ စစ်တပ်အုပ်ချုပ်တာ မလိုချင်ပေမယ့် စစ်တပ်နဲ့ အကြီးအကျယ်တိုက်ပွဲတွေဖြစ်ပြီး နေအိမ်တွေ စွန့်ခွာပြေးရတာမျိုးကို မလိုချင်ကြပါဘူး။ ဒါကြောင့် NUG ရဲ့D-Day ကြေညာချက်ကို လေလှိုင်းပေါ်မှာပဲ အားပေးထောက်ခံကြပြီး မြေပြင်မှာ လိုက်ပါကူညီပေးခြင်း (၁၀)ရာခိုင်နှုန်းတောင် မရှိပါဘူး။
ဖော်ပြပါ အဲဒီအချက်တွေကြောင့် တပ်မတော်ကို တော်လှန်တဲ့အဖွဲ့အစည်းတွေက တိုင်းပြည်ကိုအုပ်ချုပ်ခွင့် လုံးဝလုံး၀ ရဖို့မဖြစ်နိုင်ကြောင်း ယတိပြတ်သုံးသပ်ပေးလိုက်ပါတယ်။ NUG ဟာလည်း ဦးနုခေတ်က ဦးနေဝင်းကို စင်ပြိုင်အစိုးရအဖြစ် ကြိုးစားခဲ့တုန်းကလိုမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဒေါက်တာစိန်ဝင်းရဲ့အဝေးရောက်အစိုးရဆိုတာမျိုးလောက်နဲ့ တစ်နေရာမှာတင် ရပ်သွားနိုင်ပါတယ်။ နောက်ထပ်စုစုစည်းစည်း ရှိနေနိုင်ရင် တစ်နှစ်ထက်မပိုတော့ပါကြောင်းလည်း ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ်။

(၆) စစ်တပ်ဘက်က ပြင်ဆင်နေမှု

စစ်တပ်အနေနဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လနောက်ဆုံးထားပြီး ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးပြောကြားထားပါတယ်။ အဲဒီရွေးကောက်ပွဲမှာ NLD က ဝင်ပါနိုင်ခြေမရှိသလို အခြားသောထင်ရှားတဲ့ပါတီတွေက စောင့်ကြည့်နေဦးမယ့်သဘောမျိုးမြင်ရပါတယ်။ သို့သော်လည်း စစ်တပ်ဟာ အဲဒါတွေကို စိတ်မဝင်စားဘဲ PR စနစ်လို့ခေါ်တဲ့ ပါတီတိုင်းက ကိုယ်စားလှယ်တွေ အစိုးရထဲမှာ၊ လွှတ်တော်ထဲမှာ ပါဝင်လာနိုင်တဲ့ (Proportional Representation System-PR) စနစ်ကို ကျင့်သုံးသွားဖို့ စီစဉ်နေပါတယ်။ ဒီစနစ်ကို တိုင်းရင်းသားပါတီတွေက နှစ်သက်ကြသလို ဗဟိုပါတီအချို့ကလည်း လက်ခံကြပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကို တစ်ပါတီတည်းက အနိုင်ရပြီး အစိုးရအဖွဲ့ထဲမှာရော လွှတ်တော်ထဲမှာပါ တစ်ပါတီတည်းကြီးစိုးတဲ့ လွန်ခဲ့တဲ့(၁၀)နှစ် ဒီမိုကရေစီအစိုးရပုံစံကို စစ်တပ်က ပြောင်းလဲပစ်ချင်နေတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ် သြဂုတ်လမတိုင်မီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ PR စနစ်နဲ့ လွှတ်တော်ထဲကို ကိုယ်စားလှယ်အစုံရောက်စေမှာဖြစ်သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရားဝင်သမ္မတအဖြစ် ပါဝင်ရောက်ရှိလာနိုင်တယ်လို့ သတင်းစကားပါးလိုပါတယ်။

မှတ်ချက် - ယခုဖော်ပြပါ ဆောင်းပါးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလဒုတိယပတ်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး မဖော်ပြရဲခဲ့သေးဘဲ ယခုမှသာ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Zawgyi Version
NUG ရဲ႕ D-Day ေၾကညာခ်က္နဲ႔ ေတာ္လွန္ေရး ေအာင္ျမင္စရာလုံး၀ မရွိႏိုင္ျခင္းအေၾကာင္းမ်ား
မ်ဳိးမင္း (မက်ည္းလဟာ) - NP News - ဇန္န၀ါရီ ၅
NUG က D-Day ဆန္ဆန္ေၾကညာခ်က္ကို စက္တင္ဘာ(၇)ရက္က ေၾကညာခဲ့ပါတယ္။ အဲဒီေၾကညာခ်က္ထဲမွာ NUG ေခါင္းေဆာင္ ဒူဝါလရွီလကိုယ္တိုင္ကလည္း တစ္ႏိုင္ငံလုံး လွည္းေနေလွေအာင္း ျမင္းေစာင္းမက်န္ ေတာ္လွန္ပုန္ကန္ၾကဖို႔ ဆိုၿပီး တိုက္တြန္းထားသလို တိုင္းရင္းသားလက္နက္ကိုင္ေတြကိုပါ ဆြဲထည့္ေၾကညာထားပါတယ္။ ဒီေၾကညာခ်က္ရဲ႕ေနာက္ဆက္တြဲအျဖစ္ သုံးရက္ၾကာေစာင့္ၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ ဒီစစ္တမ္းေလးနဲ႔ပဲ ေရွ႕မွာ ဘာေတြဆက္ျဖစ္မလဲဆိုတာကို တြက္ဆျပၾကည့္ခ်င္ပါတယ္။

(၁) NUG ရဲ႕ D-Day ေၾကညာခ်က္ကို တိုင္းရင္းသားလက္နက္ကိုင္ေတြ သေဘာတူၾကသလား

တကယ္ေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြဟာ အစကတည္းက တိုက္ပြဲကိုဦးေဆာင္တိုက္မယ္လို႔ ကတိလည္းမေပးခဲ့သလို ဒီေဒးေခၚတာကိုလည္း လက္မခံၾကတဲ့သူေတြျဖစ္တယ္ဆိုတာ ေသခ်ာပါတယ္။ ဒီေဒးေၾကညာၿပီး ေနာက္တစ္ရက္မွာ ဦးသိန္းစိန္လက္ထက္ကတည္းက ၿငိမ္းခ်မ္းေရးအပစ္ရပ္လက္မွတ္ထိုးအဖြဲ႕ေခါင္းေဆာင္ေတြ ပါဝင္တဲ့ PPST က အၾကမ္းဖက္တိုက္ခိုက္သတ္ျဖတ္မႈေတြကို မေထာက္ခံေၾကာင္း၊ အာဆီယံအထူးကိုယ္စားလွယ္ အီရီဝန္ ယူေဆာ့ဖ္ေျပာတဲ့(၄)လ အပစ္ရပ္ၿပီး အခက္အခဲျဖစ္ေနတဲ့ တိုင္းရင္းသားေဒသေတြကို ကူညီေထာက္ပံ့မႈေတြေပးဖို႔ ဆိုတာကို လက္ခံေၾကာင္း၊ အီရီဝန္ ယူေဆာ့ဖ္နဲ႔လည္း ေတြ႕ဆုံခြင့္ရဖို႔ ႀကိဳးစားေနေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္ဟာ NUG ရဲ႕ D-Day နဲ႔ ဆန႔္က်င္ဘက္ ျဖစ္ေနပါတယ္။ PPST ထဲမွာ KNU လိုအဖြဲ႕အစည္းပါတယ္။ ပအို႔ဝ္လက္နက္ကိုင္အဖြဲ႕ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ႐ြက္ဆစ္ဦးေဆာင္တဲ့ ရွမ္းလက္နက္ကိုင္အဖြဲ႕ေတြလည္း ပါတယ္။ မြန္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြလည္း ပါသလို တကယ့္ ထိပ္တန္းလက္နက္ကိုင္အဖြဲ႕ေတြ ဦးေဆာင္ပါဝင္ေနတာ ျဖစ္ပါတယ္။ ဒီအဖြဲ႕က ထုတ္ျပန္တာနဲ႔ NUG က ေျပာတာနဲ႔ တစ္ျခားစီျဖစ္ေနပါတယ္။ NUG က အပစ္မရပ္ဘူး၊ တိုက္မယ္။ အာဆီယံအထူးကိုယ္စားလွယ္ေျပာတာကို ဂ႐ုစိုက္စရာမလိုဘူး။ တိုက္မယ္။ စသျဖင့္ လက္နက္ကိုင္လမ္းစဥ္ကိုပဲ ေ႐ြးပါတယ္။ NUG ရဲ႕ေၾကညာခ်က္အၿပီး ေနာက္တစ္ေန႔မွာ KNU ဒူပလာယားခ႐ိုင္ေခါင္းေဆာင္က ေၾကညာခ်က္ကို ႐ုတ္သိမ္းေပးဖို႔ တရားဝင္စာထုတ္ၿပီး NUG ကို သတိေပးခဲ့ပါတယ္။ ဘာေၾကာင့္ျဖစ္သလဲဆိုေတာ့ NUG ရဲ႕တပ္သားေတြျဖစ္တဲ့ PDF ေတြဟာ ကရင္ျပည္နယ္ထဲမွာ KNU ရဲ႕လက္ေအာက္ခံတပ္ဖြဲ႕ေတြရဲ႕စစ္သင္ၾကားေပးမႈ၊ ျပဳစုေစာင့္ေရွာက္ထားမႈကို ခံယူရသလို လက္နက္ကိစၥေတြကအစ မွီခိုေနရတာမ်ိဳးျဖစ္ပါတယ္။ ဒီအေၾကာင္းကို တပ္မေတာ္က သိထားတဲ့အတြက္ KNU ေခါင္းေဆာင္ေတြရဲ႕သေဘာထားကို ေမးျမန္းၿပီးသား ျဖစ္ပါတယ္။ ေခါင္းေဆာင္ေတြဘက္ကေတာ့ KNU လက္ေအာက္ခံ တပ္မဟာ(၅)နဲ႔ အျခားေသာအဖြဲ႕ငယ္ေတြက လက္ခံထားတာမ်ိဳးျဖစ္ၿပီး တပ္မေတာ္နဲ႔ထိပ္တိုက္ရင္ဆိုင္တိုက္ခိုက္ဖို႔အထိ တပ္မဟာေတြဘက္က ဆႏၵမရွိဘူးလို႔ အေၾကာင္းျပန္ထားပါတယ္။ ဒီအေနအထားမွာ NUG က D-Day ေခၚတာဟာ တိုင္းရင္းသားလက္နက္ကိုင္နယ္ေျမေတြမွာပါ စစ္ပြဲေတြထပ္ျဖစ္လာေအာင္ တြန္းပို႔သလို တမင္လုပ္တာလို႔ ကရင္ေခါင္းေဆာင္အမ်ားစုက လက္ခံသြားၾကပါတယ္။ PDF ေတြဟာ ကရင္ျပည္နယ္မွာအျပင္ ကခ်င္ျပည္နယ္ထဲမွာလည္း KIA ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ေနထိုင္သင္ၾကားခဲ့ၾကပါတယ္။ လက္နက္ေတြလည္း တပ္ဆင္ေပးတာကို ရရွိခဲ့ၾကပါတယ္။ ဒါေပမဲ့ KIA ကိုယ္တိုင္က တပ္မေတာ္နဲ႔အႀကီးစားတိုက္ပြဲေတြ ဆင္ႏႊဲဖို႔ဆႏၵမရွိဘူးလို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ အင္အားအႀကီးဆုံးလက္နက္ကိုင္တပ္ဖြဲ႕ေတြျဖစ္တဲ့ KIA၊ KNU ၊ SSA၊ TNLA ၊ AA တို႔ထဲမွာ ဘယ္သူကမွ NUG D-Day ေခၚသလိုမ်ိဳး စစ္တပ္နဲ႔ တိုက္ပြဲအႀကီးစား တိုက္ခိုက္ဖို႔ဆႏၵမရွိဘဲ သာမန္ထိေတြ႕တိုက္ပြဲေလာက္ပဲ ျဖစ္ရင္ေတာင္ သူတို႔ဘက္က ထိခိုက္လာရင္ အပစ္ရပ္ဖို႔ ကမ္းလွမ္းေလ့ရွိတဲ့သူေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအမ်ားစုက NUG ရဲ႕ D-Day ကို အတြင္းစိတ္သ႑န္အရ လုံးဝလက္မခံၾကပါဘူး။ ထူးျခားတာက အတြင္းစိတ္သ႑န္နဲ႔ ထိပ္ပိုင္းေခါင္းေဆာင္ေတြၾကားမွာ လက္မခံေပမယ့္ လက္မခံေၾကာင္း တရားဝင္ထုတ္ေျပာတာမ်ိဳး မလုပ္ဘဲ ႏိုင္ငံေရးအရ ျပည္သူေတြအျမင္ေစာင္းမွာစိုးလို႔ အသာေလး ေမွ်ာၿပီးေနၾကတယ္လို႔ နားလည္ရမွာပါ။ အဓိကအဖြဲ႕ႀကီးႏွစ္ခုျဖစ္တဲ့ KIA နဲ႔ KNU တို႔က NUG ရဲ႕ PDF ေတြကို ဘာလုပ္ေပးသလဲဆိုရင္ ခိုလႈံဖို႔ ေနရာေပးပါတယ္။ လက္နက္အသုံးျပဳပုံျပဳနည္းနဲ႔ စစ္ပညာအနည္းငယ္ သင္ေပးပါတယ္။ လက္နက္ေမွာင္ခိုဝယ္ေရာင္း လုပ္ေပးပါတယ္။ စားေသာက္ဖို႔ကိစၥအတြက္ လိုအပ္တာေတြ စီစဥ္ေပးပါတယ္။ ဒါေပမဲ့ သူတို႔နယ္ေျမထဲမွာေနထိုင္ရင္ သူတို႔စည္းကမ္းကို လုံးဝလိုက္နာခိုင္းပါတယ္။ မလိုက္နာရင္ေတာ့ မလိုက္နာသူဟာ ဘယ္သူသတ္မွန္းမသိဘဲ ေသေနတတ္ပါတယ္။ လက္ရွိ တပ္မေတာ္ကို ျပန္ခံတိုက္ေနတာကလည္း စစ္ပညာမေတာက္တေခါက္ တတ္ထားတဲ့ လူငယ္ PDF ေတြကပဲ ျဖစ္ၿပီး စမ္းသပ္တိုက္ပြဲဆန္ဆန္နဲ႔ လူငယ္ေတြကို အေသခံခိုင္းသလိုျဖစ္ေနပါတယ္။ ေတာတြင္းေလ့က်င့္ေရးစခန္းေတြမွာ နာမည္ေက်ာ္ အႏုပညာရွင္ေတြနဲ႔ PDF လူငယ္ေပါင္း ေသာင္းဂဏန္း ရွိေနပါတယ္။ တစ္ေနရာတည္းမွာ မဟုတ္ဘဲ စခန္းမတူ၊ ေဒသမတူၾကတာမ်ိဳးျဖစ္ၿပီး အားလုံးဟာ NUG ရဲ႕ဦးေဆာင္မႈနဲ႔ ဘာဆက္လုပ္ရမလဲဆိုတာကို ေစာင့္ဆိုင္းေနၾကသူေတြပါ။ သို႔ေသာ္လည္း ထူးျခားခ်က္အျဖစ္ အဲဒီလူငယ္ေသာင္းဂဏန္းကို NUG ဘက္က လက္နက္အျပည့္အစုံ မတပ္ဆင္ေပးႏိုင္ပါဘူး။ ၾကားသိရသေလာက္ လူငါးဦးကို ေသနတ္တစ္လက္ႏႈန္းေလာက္ သုံးရတာမ်ိဳးျဖစ္ၿပီး က်ည္ဆံဟာလည္း အကန႔္အသတ္နဲ႔ပဲ ရွိေနပါတယ္။ စားေသာက္ဖို႔အတြက္ကေတာ့ ေထာက္ပံ့ႏိုင္ျခင္းလုံးဝနီးပါး မရွိတဲ့အတြက္ လူငယ္ေတြဟာ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အဆင္ေျပေအာင္ ရွာေဖြစားေသာက္ၾကရပါတယ္။

(၂) NUG က ဘာေတြ လုပ္ေနသလဲ

NUG ထိပ္ပိုင္းေခါင္းေဆာင္ေတြဟာ မီဒီယာစာမ်က္ႏွာေတြမွာသာ ႐ႊန္း႐ႊန္းေဝေအာင္ ေျပာေနေပမယ့္ အခ်ိဳ႕ကေတာ့ အေမရိကန္ကို ခိုလႈံခြင့္နဲ႔ ေရာက္သြားၾကပါၿပီ။ ေခါင္းေဆာင္ပိုင္း(၂၀)ဦးေလာက္မွာ(၁၂)ဦးေလာက္ အေမရိကန္ကို ေရာက္ေနၿပီျဖစ္သလို က်န္ရွိတဲ့အခ်ိဳ႕ကေတာ့ ထိုင္း-ျမန္မာနယ္စပ္မွာ ကူးလူးသြားလာေနထိုင္ပါတယ္။ အထူးသျဖင့္ ကာကြယ္ေရးဝန္ႀကီး တာဝန္ယူထားတဲ့ ဦးရည္မြန္ဟာ ခ်င္းမိုင္ဘက္မွာ အိမ္ငွားၿပီး လုံၿခဳံေရးအျပည့္နဲ႔ ေနထိုင္ပါတယ္။ ေနာက္ထပ္ဝန္ႀကီးတစ္ဦးျဖစ္တဲ့ ဦးလြင္ကိုလတ္ကလည္း ခ်င္းမိုင္မွာပါပဲ။ ေတာတြင္းေလ့က်င့္ေရးစခန္းကို သူတို႔က ေတာတြင္းသြားလာေရးလမ္းေၾကာင္းေတြကေန ကူးလူးသြားလာေနပါတယ္။ အေမရိကန္ကို ေရာက္ေနတဲ့သူေတြက ႏိုင္ငံတကာေထာက္ပံ့ေငြရဖို႔ ႀကိဳးစားေနပါတယ္။ ျပည္တြင္းျပည္ပက ျမန္မာႏိုင္ငံသားေတြဆီကေန အလႉခံျခင္း၊ အြန္းလိုင္းထီေရာင္းျခင္းအပါအဝင္ ေငြဝင္ႏိုင္မယ့္လမ္းေၾကာင္းမွန္သမွ် ႀကိဳးစားဖြင့္လွစ္ေနၾကပါတယ္။ အေမရိကန္ဘဏ္ေတြမွာ ေရာက္ေနတဲ့ ျမန္မာအစိုးရပိုင္ ေဒၚလာတစ္ဘီလ်ံ ျပန္ရဖို႔ကိုလည္း စစ္ေကာင္စီတပ္မေတာ္နဲ႔အၿပိဳင္ ႀကိဳးစားေနပါတယ္။ အျခားေသာနည္းလမ္းအစုံနဲ႔ လုပ္ကိုင္ေနၾကသလို ထူးျခားခ်က္အျဖစ္ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြနဲ႔ပါ ခ်ိတ္ဆက္တာေတြ၊ သေဘာတူညီမႈအခ်ိဳ႕ လုပ္ေဆာင္တာေတြ ရွိခဲ့ပါတယ္။ အထူးသျဖင့္ ႐ိုေနဆန္းလြင္၊ ဘဂၤါလီထြန္းခင္၊ ေဒါက္တာ ဇာနည္ အစရွိတဲ့႐ိုဟင္ဂ်ာအေရးလႈပ္ရွားသူေတြနဲ႔ ႐ိုဟင္ဂ်ာအေရးကိုပါ ထည့္သြင္းစဥ္းစားေပးတဲ့သေဘာတူညီခ်က္မ်ိဳး(ေငြလည္းရႏိုင္ေျခရွိ)လုပ္ေဆာင္ထားပါတယ္။ မီဒီယာေတြမွာေတာ့ D-Day ေၾကညာၿပီးတဲ့ေနာက္ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ေျပာတယ္လို႔ အခိုင္အမာေဖာ္ျပတဲ့ NUG ဘက္ေတာ္သားေတြက ေရးသားခ်က္မွာေတာ့ ေလတပ္ေတာင္ ရွိေနၿပီဆိုတာမ်ိဳး ဟာသျဖစ္စရာ စကားေတြ ေျပာခဲ့ၾကပါတယ္။ အခ်ိဳ႕ကေတာ့ NUG ဟာ မျဖစ္ႏိုင္တာကို ေျပာတာမဟုတ္ဘဲ အျခားေသာ အစီအစဥ္လွ်ိဳ႕ဝွက္ထားတာ ရွိတယ္လို႔ ျပန္လည္ဖုံးဖိေျပာဆိုေနပါတယ္။ တကယ္တမ္းမွာေတာ့ PDF လူငယ္အခ်ိဳ႕က ရင္ဖြင့္လာတာမွာေတာ့ NUG ဟာ ဘာမွမေထာက္ပံ့ႏိုင္တဲ့အျပင္ လူေတြဆီက အလႉခံထားတဲ့ေငြေတြကိုပါ ေခါင္းေဆာင္ပိုင္းေတြက အေဝမတည့္တာေတြ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။ ေတာင့္ခံႏိုင္ရင္ ေနာက္ထပ္တစ္ႏွစ္ထက္မပိုဘဲ ေခါင္းေဆာင္ပိုင္းၾကားမွာပါ အကြဲအၿပဲေတြ ထပ္ေပၚလာဖို႔ရွိတယ္လို႔ သတင္းေတြခိုင္ခိုင္မာမာ ၾကားေနရပါတယ္။

(၃) NUG ရဲ႕ D-Day ေၾကညာခ်က္အၿပီး တစ္ပတ္နီးပါးအတြင္း ဘာေတြျဖစ္ခဲ့လဲ

တိုက္ပြဲအနည္းငယ္ျဖစ္ခဲ့ပါတယ္။ ရန္ကုန္လိုၿမိဳ႕ျပေတြမွာေတာ့ တိုက္ပြဲေတြအစား ဟိုနားသည္နား ေပါက္ကြဲမႈေတြ အနည္းငယ္ျဖစ္ခဲ့တာပဲ ရွိပါတယ္။ နယ္ၿမိဳ႕နဲ႔ ေက်း႐ြာေတြမွာေတာ့ အခ်ိဳ႕ေနရာေတြမွာ တိုက္ပြဲငယ္မ်ားျဖစ္ခဲ့သလို စစ္ကိုင္းတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္ေဒသတစ္လႊားကေတာ့ PDF လူငယ္ေတြ အေတာ္ေလးတက္ႂကြၿပီး စစ္တပ္ကလည္း ႏွိမ္နင္းရခက္ခဲတဲ့အေနအထားကို ေရာက္ေနပါတယ္။ သို႔ေသာ္လည္း အခ်ိန္ေစာင့္ၿပီး စစ္တပ္က စစ္ျမဴေနတာ ျဖစ္ႏိုင္သလို မၾကာခင္မွာ စစ္ကိုင္းဟာလည္း ၿငိမ္ဝပ္ပိျပားသြားဖို႔ မ်ားေနပါတယ္။ ႏိုင္ငံတစ္ဝန္းမွာ တစ္ပတ္အတြင္း ဗုံးေပါက္ကြဲမႈေပါင္း(၁၀၀)ေလာက္ ျဖစ္ခဲ့ပါတယ္။ ဆက္သြယ္ေရးတာဝါတိုင္ေပါင္း(၅၀)နီးပါး ဖ်က္ဆီးခံရပါတယ္။ ထူးျခားတာက တ႐ုတ္ႏိုင္ငံသားပိုင္ ဘယ္လုပ္ငန္းမွ တိုက္ခိုက္ခံရတာမ်ိဳး မၾကားရေသးပါဘူး။ အထူးသျဖင့္ ေရနံ သဘာဝဓါတ္ေငြ႕ပိုက္လိုင္းလိုဟာမ်ိဳးဆိုရင္ ဘယ္သူမွ သြားမထိရဲ မတိုက္ခိုက္ရဲတာကို ထူးထူးျခားျခားေတြ႕ေနရပါတယ္။

(၄) NUG ရဲ႕ D-Day ေၾကညာခ်က္အၿပီး စစ္တပ္က ဘာလုပ္ေနသလဲ

ေၾကညာခ်က္ထြက္လာအၿပီး ၂၄ နာရီအတြင္းမွာေတာ့ စစ္တပ္က ရန္ကုန္ၿမိဳ႕လို ၿမိဳ႕ႀကီးေတြမွာ လုံၿခဳံေရးတင္းက်ပ္မႈေတြ လုပ္လာပါတယ္။ အထူးသျဖင့္ ေန႔လယ္ဘက္ ကားနဲ႔ကင္းလွည့္တာ အႀကိမ္ေရႏွစ္ဆတိုးလိုက္သလို ညဘက္ သြားလာေနတဲ့ကားေတြကို စစ္ေဆးတာက ရက္စိတ္လာပါတယ္။ နယ္ၿမိဳ႕ေတြမွာလည္း ၿမိဳ႕အဝင္ဂိတ္ေတြနဲ႔ အေရးပါတဲ့ေနရာေတြမွာ စစ္သားနဲ႔ရဲ သုံးဦးကေန ငါးဦးအထိ အတြဲလိုက္တာဝန္ခ်ၿပီး ေစာင့္ၾကည့္တာမ်ိဳး လုပ္ေဆာင္တာေတြ ေတြ႕ရပါတယ္။ စစ္တပ္ဘက္ကေတာ့ ႏိုင္ငံတကာက ေစာင့္ၾကည့္ေနတာကို နားလည္တဲ့အတြက္ စစ္တပ္ဘက္က မလြန္ေၾကာင္းျပသဖို႔ကို ေတာ္ေတာ္ေလးစိတ္ရွည္ရွည္ေစာင့္ေပးေနတာကို ေတြ႕ရပါတယ္။ စစ္တပ္ရဲ႕ဗ်ဳဟာကေတာ့ စစ္တပ္ဟာ အၾကမ္းဖက္ရမ္းသမ္းပစ္ခတ္သတ္ျဖတ္တာမ်ိဳး လုပ္ေလ့မရွိဘဲ NLD ေထာက္ခံသူ NUG ရဲ႕ PDF တပ္သားေတြကသာ အၾကမ္းဖက္မိုင္းခြဲတိုက္ခိုက္၊ ျပည္သူေတြကိုသတ္ျဖတ္ေနသူေတြအျဖစ္ ရေအာင္ပုံေဖာ္ေနတာကို ျမင္ရပါတယ္။ အၾကမ္းဖက္သမားေတြျဖစ္လာေအာင္ စစ္တပ္က စစ္ျမဴၿပီး စိတ္ေအးလက္ေအး ပညာေပးေနတာကိုေတာ့ ေတြ႕ရပါတယ္။ သို႔ေသာ္လည္း အဲဒီလိုမျပတ္သားမႈက အျခားေသာျပည္သူေတြကိုပါ စိတ္လက္မခ်မ္းမသာျဖစ္ေစၿပီးေတာ့ အျပစ္မဲ့ျပည္သူေတြ ေသေၾကေနရတာမ်ိဳးေတြ ျဖစ္လာပါတယ္။ အထူးသျဖင့္ စစ္တပ္မိသားစုအသိုင္းအဝိုင္း၊ စစ္တပ္ေထာက္ခံသူအသိုင္းအဝိုင္းဟာ အေတာ္ေလးကို စစ္ေခါင္းေဆာင္အေပၚ ေဒါသထြက္ေနၾကပါတယ္။ ဒါေပမဲ့ စစ္တပ္ရဲ႕အဓိက မူကေတာ့ စစ္တပ္ဟာ အၾကမ္းဖက္တဲ့သူေတြကိုသာ ဖယ္ရွားေနရတာျဖစ္ၿပီး စစ္တပ္ကသာ ကယ္တင္ရွင္ျဖစ္တယ္ဆိုတာမ်ိဳးကို ႏိုင္ငံတကာသိေအာင္ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။

(၅) D-Day နဲ႔အတူ ဘာေတြဆက္ျဖစ္မလဲ
ဒါကေတာ့ ရွင္းပါတယ္။ NUG ရဲ႕ေတာ္လွန္ေရးဟာ မေအာင္ျမင္ႏိုင္ပါဘူး။ မေအာင္ျမင္ရျခင္းအေၾကာင္းအရင္း မ်ားစြာရွိပါတယ္။ ပထမတစ္ခ်က္ကေတာ့ NUG ေခါင္းေဆာင္ေတြကိုယ္တိုင္က ေျမျပင္အေျခအေနကို တိုက္႐ိုက္ဦးေဆာင္ေနတာမ်ိဳး မဟုတ္ဘဲ အြန္လိုင္း(အင္တာနက္)ေပၚကေနသာ ေလနဲ႔ဦးေဆာင္ေနတာျဖစ္ၿပီး အခ်ိဳ႕ဆိုရင္ မိသားစုလိုက္ လြတ္ရာကြၽတ္ရာကို ေရာက္ေနၾကပါတယ္။ အျခားေသာသူေတြရဲ႕မိသားစုဝင္ လူငယ္ေလးေတြကသာ အသက္ေပးၿပီး တိုက္ခိုက္ေနရတာျဖစ္ပါတယ္။ ဒီအခ်က္ကို လူငယ္ေတြက မွတ္သားထားၾကပါတယ္။ နားလည္လာၾကပါတယ္။ စိတ္ပ်က္အားေလ်ာ့လာၾကပါတယ္။ ဒုတိယတစ္ခ်က္က လက္နက္အင္အာ အေထာက္အပံ့ခိုင္ခိုင္မာမာ မရွိပါဘူး။ လက္နက္အလုံအေလာက္ဝယ္မယ္ဆိုရင္ အနည္းဆုံး ေဒၚလာသန္းရာခ်ီကုန္က်မွာျဖစ္ၿပီး ဒီအတြက္ NUG က ပိုက္ဆံမသုံးႏိုင္ပါဘူး။ ႏိုင္ငံတကာေထာက္ပံ့ေငြနဲ႔ က႑စုံက ရတဲ့ေငြကိုေတာင္ ေခါင္းေဆာင္ေတြၾကားမွာ အေဝမတည့္တာေတြျဖစ္လာေနပါတယ္။ ေအာက္ေျခက လူငယ္ေလးေတြအတြက္ ဘာမွမေပးႏိုင္ၾကပါဘူး။ တတိယတစ္ခ်က္က D-Day ေခၚျခင္းအပါအဝင္ ေတာ္လွန္ေရးလုပ္လာတဲ့ (၆)လေက်ာ္အတြင္း ဘယ္ၿမိဳ႕နယ္တစ္ခုခုကိုမွ NUG က ဦးေဆာင္သိမ္းပိုက္ထားႏိုင္တာ မရွိပါဘူး။ ေဒသတစ္ခုကိုေတာင္မွ မသိမ္းႏိုင္တာကို ဘယ္ၿမိဳ႕ကိုမွ သိမ္းဖို႔မျဖစ္ႏိုင္သလို တစ္ႏိုင္ငံလုံးကို သိမ္းပိုက္ၿပီး စစ္တပ္ေခါင္းေဆာင္ေတြကို ဖမ္းဆီးတရားစီရင္ဖို႔ဆိုတာက အေဝးႀကီးမွာ ရွိေနပါတယ္။ ဒါက အေရးႀကီးဆုံးအခ်က္ပါ။ စတုတၳအခ်က္ကေတာ့ တကယ္တိုက္ေနရတဲ့သူေတြက ေသြးဆူလြယ္တဲ့လူငယ္ေတြသာ ျဖစ္ၿပီး ဘယ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ကမွ သူတို႔တိုင္းရင္းသားေတြကို ေရွ႕ထြက္ၿပီး ဦးေဆာင္တိုက္ခိုင္းတာမ်ိဳးမလုပ္ၾကပါဘူး။ ဒါေၾကာင့္ စစ္တပ္ကို ယွဥ္တိုက္ဖို႔ဟာ ဝါရင့္တိုင္းရင္းသားလက္နက္ကိုင္ေတြေတာင္ မျဖစ္ႏိုင္တာကို လူငယ္ေလးေတြက ဘယ္လိုမွစဥ္းစားစရာကို မလိုေတာ့တာပါ။ လူငယ္ေတြဟာ စိတ္ဓါတ္ပဲ ရွိၿပီး အေတြ႕အႀကဳံ ဝါသမာၻနဲ႔ အင္အားအေထာက္အပံ့ ဘာမွမရထားပါဘူး။ ပၪၥမအခ်က္ကေတာ့ ၿမိဳ႕ျပေနရာေတြ၊ ဆက္သြယ္ေရးတာဝါတိုင္ေတြကို မိုင္းခြဲတဲ့ကိစၥမ်ိဳးဟာလည္း ဗုံးတစ္ခါေဖာက္ခြဲေပးရင္ က်ပ္တစ္သိန္းကေန(ငါးသိန္း)အထိ ရတယ္ဆိုလို႔သာ လူငယ္အခ်ိဳ႕က နာမည္လည္းရ ေငြလည္းရတဲ့သေဘာေၾကာင့္ လိုက္ၿပီး ဟိုေနရာ သည္ေနရာ မိုင္းခြဲေနတာျဖစ္ပါတယ္။ တကယ္တမ္း စစ္စခန္းေတြကို ဝင္စီးၿပီး မိုင္းခြဲတိုက္ခိုက္တာမ်ိဳးကို ေရေရရာရာ မလုပ္ရဲၾကပါဘူး။ ဆဌမအခ်က္ကေတာ့ ႏိုင္ငံတကာက စစ္လက္နက္အေထာက္အပံ့မေပးျခင္းနဲ႔ သတၱမေျမာက္အခ်က္ကေတာ့ NUG ေခါင္းေဆာင္ေတြက စစ္ေရးစစ္ရာကို နားမလည္တဲ့အျပင္ ဦးေဆာင္ခိုင္းသင့္သူေတြကို ဦးေဆာင္ခြင့္မေပးဘဲ အာဏာမရခင္ကတည္း ေနရာလုထားျခင္းေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ပိုဆိုးသြားတာက လက္ရွိစစ္တပ္ဟာ တကယ္တမ္းတိုက္ရေတာ့မယ္ဆိုရင္ ေလေၾကာင္းပစ္ကူအဆင့္၊ တာေဝးပစ္အေျမာက္စနစ္ အပါအဝင္ စစ္လက္နက္အရေရာ၊ စစ္ဗ်ဳဟာအရပါ အားသာခ်က္မ်ားစြာရွိေနပါတယ္။ လြတ္လပ္ေရးရၿပီးစမွာ တစ္တိုင္းျပည္လုံးနီးပါး သူပုန္ထခ်ိန္မွာေတာင္ ကြန္ျမဴနစ္ ဗကပေတြ ဦးေဆာင္တဲ့သူပုန္အဖြဲ႕အစည္းေတြက စစ္လက္နက္၊ လူအင္အားသာလြန္ခဲ့ခ်ိန္မွာေတာင္ စစ္တပ္က ရန္ကုန္အစိုးရဆိုတဲ့ေခါင္းစဥ္ေအာက္ကေန တစ္ႏိုင္ငံလုံးကို ျပန္လည္တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၾကတဲ့အေတြ႕အႀကဳံရွိပါတယ္။ အျခားေသာရႈေထာင့္တစ္ခုအရ ၿမိဳ႕ေပၚေန လူတန္းစားေတြအားလုံးနီးပါးကေရာ၊ ေက်းလက္ေန သာမန္ျပည္သူေတြကပါ စစ္တပ္အုပ္ခ်ဳပ္တာ မလိုခ်င္ေပမယ့္ စစ္တပ္နဲ႔ အႀကီးအက်ယ္တိုက္ပြဲေတြျဖစ္ၿပီး ေနအိမ္ေတြ စြန႔္ခြာေျပးရတာမ်ိဳးကို မလိုခ်င္ၾကပါဘူး။ ဒါေၾကာင့္ NUG ရဲ႕D-Day ေၾကညာခ်က္ကို ေလလႈိင္းေပၚမွာပဲ အားေပးေထာက္ခံၾကၿပီး ေျမျပင္မွာ လိုက္ပါကူညီေပးျခင္း (၁၀)ရာခိုင္ႏႈန္းေတာင္ မရွိပါဘူး။
ေဖာ္ျပပါ အဲဒီအခ်က္ေတြေၾကာင့္ တပ္မေတာ္ကို ေတာ္လွန္တဲ့အဖြဲ႕အစည္းေတြက တိုင္းျပည္ကိုအုပ္ခ်ဳပ္ခြင့္ လုံးဝလုံး၀ ရဖို႔မျဖစ္ႏိုင္ေၾကာင္း ယတိျပတ္သုံးသပ္ေပးလိုက္ပါတယ္။ NUG ဟာလည္း ဦးႏုေခတ္က ဦးေနဝင္းကို စင္ၿပိဳင္အစိုးရအျဖစ္ ႀကိဳးစားခဲ့တုန္းကလိုမ်ိဳး၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အစ္ကို ေဒါက္တာစိန္ဝင္းရဲ႕အေဝးေရာက္အစိုးရဆိုတာမ်ိဳးေလာက္နဲ႔ တစ္ေနရာမွာတင္ ရပ္သြားႏိုင္ပါတယ္။ ေနာက္ထပ္စုစုစည္းစည္း ရွိေနႏိုင္ရင္ တစ္ႏွစ္ထက္မပိုေတာ့ပါေၾကာင္းလည္း ခန႔္မွန္းသုံးသပ္ေပးလိုက္ပါတယ္။

(၆) စစ္တပ္ဘက္က ျပင္ဆင္ေနမႈ

စစ္တပ္အေနနဲ႔ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လေနာက္ဆုံးထားၿပီး ေ႐ြးေကာက္ပြဲလုပ္ေပးမယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ကတိေပးေျပာၾကားထားပါတယ္။ အဲဒီေ႐ြးေကာက္ပြဲမွာ NLD က ဝင္ပါႏိုင္ေျခမရွိသလို အျခားေသာထင္ရွားတဲ့ပါတီေတြက ေစာင့္ၾကည့္ေနဦးမယ့္သေဘာမ်ိဳးျမင္ရပါတယ္။ သို႔ေသာ္လည္း စစ္တပ္ဟာ အဲဒါေတြကို စိတ္မဝင္စားဘဲ PR စနစ္လို႔ေခၚတဲ့ ပါတီတိုင္းက ကိုယ္စားလွယ္ေတြ အစိုးရထဲမွာ၊ လႊတ္ေတာ္ထဲမွာ ပါဝင္လာႏိုင္တဲ့ (Proportional Representation System-PR) စနစ္ကို က်င့္သုံးသြားဖို႔ စီစဥ္ေနပါတယ္။ ဒီစနစ္ကို တိုင္းရင္းသားပါတီေတြက ႏွစ္သက္ၾကသလို ဗဟိုပါတီအခ်ိဳ႕ကလည္း လက္ခံၾကပါတယ္။ အထူးသျဖင့္ ေ႐ြးေကာက္ပြဲကို တစ္ပါတီတည္းက အႏိုင္ရၿပီး အစိုးရအဖြဲ႕ထဲမွာေရာ လႊတ္ေတာ္ထဲမွာပါ တစ္ပါတီတည္းႀကီးစိုးတဲ့ လြန္ခဲ့တဲ့(၁၀)ႏွစ္ ဒီမိုကေရစီအစိုးရပုံစံကို စစ္တပ္က ေျပာင္းလဲပစ္ခ်င္ေနတယ္လို႔ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လမတိုင္မီ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ PR စနစ္နဲ႔ လႊတ္ေတာ္ထဲကို ကိုယ္စားလွယ္အစုံေရာက္ေစမွာျဖစ္သလို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း တရားဝင္သမၼတအျဖစ္ ပါဝင္ေရာက္ရွိလာႏိုင္တယ္လို႔ သတင္းစကားပါးလိုပါတယ္။

မွတ္ခ်က္ - ယခုေဖာ္ျပပါ ေဆာင္းပါးကုိ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလဒုတိယပတ္တြင္ ေရးသားခဲ့ျခင္းျဖစ္ျပီး မေဖာ္ျပရဲခဲ့ေသးဘဲ ယခုမွသာ ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါသည္။

Related news

© 2021. All rights reserved.