တကောင်းနီကယ်စက်ရုံသို့သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲခဲ့သူများအား ဖမ်းဆီးရမိဟု ဆို

 1579

NP News - ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသို့သွယ်တန်းထားသော (၂၂ဝ) ကေဗွီဓါတ်အားလိုင်းတစ်လျှောက်ရှိ လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် တရားခံများကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇန်နဝါရီလ (၁ဝ) ရက် ညပိုင်းက ထုတ်ပြန်လိုက်သည်။

အဆိုပါဖြစ်စဉ်သည် ထီးချိုင့်မြို့အတွင်း ဇန်နဝါရီလ(၇)ရက် နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထီးချိုင့်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ရသည်။

ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ စုံစမ်းဖော်ထုတ်ခဲ့ကြရာ ဇန်နဝါရီလ(၁ဝ) ရက် နံနက်(၉) နာရီဝန်းကျင်ခန့်က သံခြေတောင်ကျေးရွာလမ်းဆုံနေရာ ၌ PDF အမည်ခံသမားများမှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အမည်ခံသုံးဦးအား လက်လုပ်သေနတ်(၂)လက်၊ တူမီးသေနတ်(၁)လက်၊ လက်လုပ် မိုင်း(၁)လုံး၊ ဖောက်ခွဲရေးသုံးဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်(၂)စီးနှင့်အတူ အသေဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးခဲ့သူများအား ဆက်လက်စစ်ဆေးရာ ၎င်းတို့သည် ဇန်နဝါရီလ(၇) ရက်က ထီးချိုင့်မြို့နယ်ရှိ တကောင်းနီ ကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ များဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
တေကာင္းနီကယ္စက္႐ုံသို႔သြယ္တန္းထားသည့္ လွ်ပ္စစ္တာဝါတိုင္မ်ားကို ေဖာက္ခြဲခဲ့သူမ်ားအား ဖမ္းဆီးရမိဟု ဆို
NP News - ဇန္နဝါရီ ၁၁
စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္းရွိ တေကာင္းနီကယ္စက္႐ုံသို႔သြယ္တန္းထားေသာ (၂၂ဝ) ေကဗြီဓါတ္အားလိုင္းတစ္ေလွ်ာက္ရွိ လွ်ပ္စစ္တာဝါတိုင္မ်ားအား မိုင္းေထာင္ေဖာက္ခြဲခဲ့သည့္ တရားခံမ်ားကို ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕မွ ဇန္နဝါရီလ (၁ဝ) ရက္ ညပိုင္းက ထုတ္ျပန္လိုက္သည္။

အဆိုပါျဖစ္စဥ္သည္ ထီးခ်ိဳင့္ၿမိဳ႕အတြင္း ဇန္နဝါရီလ(၇)ရက္ နံနက္ပိုင္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယင္းေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္း လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္ခဲ့ရသည္။

က်ဴးလြန္သူတရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားမွ စုံစမ္းေဖာ္ထုတ္ခဲ့ၾကရာ ဇန္နဝါရီလ(၁ဝ) ရက္ နံနက္(၉) နာရီဝန္းက်င္ခန႔္က သံေျခေတာင္ေက်း႐ြာလမ္းဆုံေနရာ ၌ PDF အမည္ခံသမားမ်ားမွ လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးအဖြဲ႕မွ ျပန္လည္ ပစ္ခတ္ဖမ္းဆီးခဲ့ရာ PDF အမည္ခံသုံးဦးအား လက္လုပ္ေသနတ္(၂)လက္၊ တူမီးေသနတ္(၁)လက္၊ လက္လုပ္ မိုင္း(၁)လုံး၊ ေဖာက္ခြဲေရးသုံးဆက္စပ္ပစၥည္းမ်ား၊ ေမာ္ေတာ္ဆိုင္ကယ္(၂)စီးႏွင့္အတူ အေသဖမ္းဆီးရမိခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ေသဆုံးခဲ့သူမ်ားအား ဆက္လက္စစ္ေဆးရာ ၎တို႔သည္ ဇန္နဝါရီလ(၇) ရက္က ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ တေကာင္းနီ ကယ္စက္႐ုံသို႔ သြယ္တန္းထားေသာ လွ်ပ္စစ္တာဝါတိုင္မ်ားအား မိုင္းေထာင္ေဖာက္ခြဲမႈျဖစ္စဥ္တြင္ ပါဝင္ခဲ့သူ မ်ားျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္ဟုထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ ထို႔ျပင္ အဆိုပါ ေပါက္ကြဲမႈျဖစ္စဥ္မ်ားႏွင့္ ဆက္စပ္တရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.