နိုင်ငံ့ဧရိယာ၏ ၃၂ ရာခိုင်နှုန်းခန့်ကို ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းထားဟုဆို

 1844

ဖူးပြည့် (NP News) - ဇန်နဝါရီ ၁၈
ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်း သိမ်းရေးနယ်မြေများကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ ယခုအခါ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော (၁၂၇ဝ)ခု နိုင်ငံ့ဧရိ ယာ၏(၂၅.၇၂ ရာခိုင်နှုန်း)ကိုလည်းကောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၇)ခု နိုင်ငံ့ဧရိယာ၏ (၆.ဝ၉ ရာခိုင်နှုန်း)ကိုလည်းကောင်း သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရသိရသည်။

သစ်တောပြုန်းတီးမှုလျှော့ချနိုင်ရန်နှင့် သစ်တောထိန်းသိမ်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ၂ဝ၁၆ ခုနှစ်မှစတင်၍ ကျွန်းမူရင်းဒေသ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို (၁ဝ)နှစ်ရပ်နားခဲ့ကြောင်းသိရသည်။ ထို့ကြောင့်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ကျွန်းနှင့်သစ်မာထုတ်လုပ်မှုကို နှစ် စဉ်တောထွက်၏ ၃၃ ရာခိုင်နှုန်းထိအသီးသီးလျှော့ချ ထုတ်လုပ်စေခဲ့ကြောင်းသိရသည်။

သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတော်သစ်တော ကဏ္ဍဖွံဖြိုးတိုးတက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ဂေဟစ နစ်ညီညွတ်မျှတပြီး ပျက်စီးပြုန်းတီးမှုမရှိစေရန် ရည် ရွယ်ပြီး အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း၊ ခရိုင်သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့် မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖေါ်ဆောင် ရွက်လျက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့ဖူးသည်။

နိုင်ငံဧရိယာ၏ ၈ဝ ရာခိုင်နှုန်းကျော်သည် ရေဝေရေ လဲဧရိယာအတွင်း ကျရောက်လျက်ရှိသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အဓိကမြစ်ချောင်းများ၊ ဆည်တာတမံများ၏ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်မည်ဖြစ် ကြောင်းသိရသည်။ ထို့ပြင် ၂ဝ၂၂ ခုနှစ်တွင် မိုးရာသီသစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲယာသစ်ပင်စိုက်ပျိုးခြင်း၊ ဒီရေတောစိုက်ခင်းများတည် ထောင်ခြင်းနှင့် ဒီရေတောများကာကွယ်ထိန်းသိမ်းခြင်း၊ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုဧရိယာ(စတုရန်းမိုင်) အခြေအနေသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၄၄ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၄၃ ဒသမ ၇၃ ရာခိုင်နှုန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘ ဏ္ဍာနှစ်တွင် ၄၂ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၄၁ ဒသမ ၃၀ ရာခိုင်နှုန်းအ ထိကျဆင်းလာခဲ့ကြောင်း သစ်တောဦးစီးဌာနဗဟိုစာ ရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

zawgyi version
ႏိုင္ငံ့ဧရိယာ၏ ၃၂ ရာခိုင္ႏႈန္းခန႔္ကို ႀကိဳးဝိုင္း/ႀကိဳးျပင္ကာကြယ္ေတာႏွင့္သဘာဝထိန္းသိမ္းေရးနယ္ေျမမ်ားအျဖစ္ဖြဲ႕စည္းထားဟုဆို
ဖူးျပည့္ (NP News) - ဇန္နဝါရီ ၁၈

ႀကိဳးဝိုင္း/ ႀကိဳးျပင္ကာကြယ္ေတာႏွင့္ သဘာဝထိန္း သိမ္းေရးနယ္ေျမမ်ားကို တိုးခ်ဲ႕ဖြဲ႕စည္းခဲ့ရာ ယခုအခါ ႀကိဳးဝိုင္း/ႀကိဳးျပင္ကာကြယ္ေတာ (၁၂၇ဝ)ခု ႏိုင္ငံ့ဧရိ ယာ၏(၂၅.၇၂ ရာခိုင္ႏႈန္း)ကိုလည္းေကာင္း၊ သဘာဝထိန္းသိမ္းေရးနယ္ေျမ(၄၇)ခု ႏိုင္ငံ့ဧရိယာ၏ (၆.ဝ၉ ရာခိုင္ႏႈန္း)ကိုလည္းေကာင္း သတ္မွတ္ဖြဲ႕စည္းႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရသိရသည္။

သစ္ေတာျပဳန္းတီးမႈေလွ်ာ့ခ်ႏိုင္ရန္ႏွင့္ သစ္ေတာထိန္းသိမ္းမႈ အရွိန္အဟုန္ျမႇင့္တင္ႏိုင္ရန္အတြက္ ၂ဝ၁၆ ခုႏွစ္မွစတင္၍ ကြၽန္းမူရင္းေဒသ ပဲခူး႐ိုးမတြင္ သစ္ထုတ္လုပ္မႈကို (၁ဝ)ႏွစ္ရပ္နားခဲ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္လည္း ကြၽန္းႏွင့္သစ္မာထုတ္လုပ္မႈကို ႏွစ္ စဥ္ေတာထြက္၏ ၃၃ ရာခိုင္ႏႈန္းထိအသီးသီးေလွ်ာ့ခ် ထုတ္လုပ္ေစခဲ့ေၾကာင္းသိရသည္။

သစ္ေတာဦးစီးဌာနအေနျဖင့္ ႏိုင္ငံေတာ္သစ္ေတာ က႑ဖြံၿဖိဳးတိုးတက္ရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ေဂဟစ နစ္ညီၫြတ္မွ်တၿပီး ပ်က္စီးျပဳန္းတီးမႈမရွိေစရန္ ရည္ ႐ြယ္ၿပီး အမ်ိဳးသားသစ္ေတာက႑ပင္မစီမံကိန္း၊ ခ႐ိုင္သစ္ေတာ စီမံအုပ္ခ်ဳပ္လုပ္ကိုင္မႈစီမံကိန္းႏွင့္ ျမန္မာႏိုင္ငံသစ္ေတာမ်ားျပန္လည္တည္ေထာင္ေရး စီမံကိန္းမ်ားကို ေရးဆြဲအေကာင္အထည္ေဖၚေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ေျပာၾကားခဲ့ဖူးသည္။

ႏိုင္ငံဧရိယာ၏ ၈ဝ ရာခိုင္ႏႈန္းေက်ာ္သည္ ေရေဝေရ လဲဧရိယာအတြင္း က်ေရာက္လ်က္ရွိသည့္အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိ အဓိကျမစ္ေခ်ာင္းမ်ား၊ ဆည္တာတမံမ်ား၏ ေရေဝေရလဲေဒသ ထိန္းသိမ္းေရးကို စဥ္ဆက္မျပတ္ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္တြင္ မိုးရာသီသစ္ေတာစိုက္ခင္းမ်ားတည္ေထာင္ျခင္း၊ ေက်း႐ြာထင္းစိုက္ခင္းမ်ားတည္ေထာင္ျခင္း၊ လမ္းေဘးဝဲယာသစ္ပင္စိုက္ပ်ိဳးျခင္း၊ ဒီေရေတာစိုက္ခင္းမ်ားတည္ ေထာင္ျခင္းႏွင့္ ဒီေရေတာမ်ားကာကြယ္ထိန္းသိမ္းျခင္း၊ လုပ္ငန္းမ်ားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံ၏သစ္ေတာဖုံးလႊမ္းမႈဧရိယာ(စတုရန္းမိုင္) အေျခအေနသည္ ၂ဝ၁၃-၂ဝ၁၄ ဘ႑ာႏွစ္တြင္ ၄၄ ဒသမ ၅၄ ရာခိုင္ႏႈန္း၊ ၂ဝ၁၄-၂ဝ၁၅ ဘ႑ာႏွစ္တြင္ ၄၃ ဒသမ ၇၃ ရာခိုင္ႏႈန္း၊ ၂ဝ၁၅-၂ဝ၁၆ ဘ႑ာႏွစ္တြင္ ၄၂ ဒသမ ၉၂ ရာခိုင္ႏႈန္း၊ ၂ဝ၁၆-၂ဝ၁၇ ဘ ႑ာႏွစ္တြင္ ၄၂ ဒသမ ၁၁ ရာခိုင္ႏႈန္းႏွင့္ ၂ဝ၁၇ -၂ဝ၁၈ ဘ႑ာႏွစ္တြင္ ၄၁ ဒသမ ၃၀ ရာခိုင္ႏႈန္းအ ထိက်ဆင္းလာခဲ့ေၾကာင္း သစ္ေတာဦးစီးဌာနဗဟိုစာ ရင္းအင္းအဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

Related news

© 2021. All rights reserved.