လာမည့်ရွေးကောက်ပွဲလွန်ကာလအတွက် ကယားပြည်နယ်လွှတ်တော် အဆင်သင့်ဖြစ်နေ

254

သုတကျော် (NP News) - စက်တင်ဘာလ ၃
လွိုင်ကော်မြို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်များအနက် လက်နက်ကိုင်များ တစ် စိတ်တစ်ပိုင်းထိန်းချုပ်ခြင်းကို ခံခဲ့ရဖူးသော်လည်း လာမည့် ရွေးကောက်ပွဲလွန် ကာလအတွက် ကယား ပြည်နယ်လွှတ်တော် အဆောက်အအုံနှင့် ပစ္စည်းများ အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း NP News က စုံစမ်းသိရှိရသော အချက်အလက်များအရ သိရသည်။
ကယားလက်နက်ကိုင်များသည် လွိုင် ကော်မြို့ကိုထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် (၂၀၂၃) ခုနှစ် နိုဝင်ဘာလအတွင်းက တိုက်ပွဲဖော်ဆောင်ကာ လွိုင်ကော်တက္ကသိုလ်၊ နောင်ယားအပါအဝင်ရပ်ကွက် အချို့ကိုထိန်းချုပ်နိုင်ခဲ့သော်လည်း တပ်မတော်၏ ပြန်လည် တန်ပြန်တိုက်စစ်ကြောင့် ဆုတ်ခွာထွက် ပြေးခဲ့ကြရသည်။
၎င်းတို့ တိုက်ခိုက်စဉ်အတွင်း ကယားလက်နက်ကိုင်တို့သည် စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်ကိုပင် တိုက်ခိုက်ခဲ့ကြသည် သာမက ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်း (၁၃၂)ဦးနှင့် အတူ မှီခိုသူမိသား စုဝင် (၆၄)ဦး၊ စုစုပေါင်း (၁၉၆)ဦးနှင့် ကျောင်းသား များကို အသုတ်လိုက် အတင်းအဓမ္မဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ၎င်းတို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးရပြီးနောက်တွင်လည်း ၎င်းတို့ခိုလှုံခဲ့ရာ နေရာ များတွင် မိုင်းထောင်ခြင်းများကို ပြုလုပ်ခဲ့ကြသေး သည်။
ယင်းနောက် နိုင်ငံတော်အစိုးရနှင့် ပြည် နယ်အစိုးရက မြို့တော်ပြန်လည်ထူထောင်ရေးကို အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ရာ မြို့မှာပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည့် အပြင် ကယားပြည်နယ်မှ လက်နက်ကိုင်များ ထိန်း ချုပ်ထားသည့် နေရာများကိုလည်း တပ်မတော်က တန်ပြန် ထိုးစစ်ဆင်နေရာ အောင်မြင်မှုများ ရရှိနေ သည်။
ကယားပြည်နယ်လွှတ်တော်နှင့် ပတ်သက် ၍ အဆောက်အအုံမှာ လက်နက်ကြီး ကျည်စ ထိ မှန်ခြင်းများရှိခဲ့သော်လည်း ဆိုးဆိုးရွားရွားပျက်စီး ခဲ့ခြင်းမရှိသည်ကို တွေ့ရကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရ သိရသည်။
" လက်နက်ကြီးအစလည်း အသေး အမွှားတွေပဲ ထိခိုက်တာလို့ သိရပါတယ်။ အကုန်လုံး တော့ Run လို့ ရတဲ့ အခြေအနေလို့ သိထားပါတယ်။ လွှတ်တော်တစ်ခုမှာ လိုအပ်မယ့်ပစ္စည်းတွေ အားလုံး လည်းရှိနေတယ်လို့ သိတယ်။ ဒါကြောင့် ကယား ပြည်နယ် လွှတ်တော်က ရွေးကောက်ပွဲပြီးရင် လွှတ် တော်ခေါ်ဖို့အဆင်သင့်ဖြစ်နေပါတယ်" ဟု ဖြစ်စဉ် နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။
ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁)ကို ဒီဇင်ဘာလ(၂၈)ရက်တွင် ကျင်းပမည်ဖြစ်ရာ ယင်းတွင် ကယားပြည်နယ်မှ လွိုင်ကော်မြို့နှင့် ဘော်လခဲမြို့တို့ ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

Zawgyi Version:
လာမည့္ေ႐ြးေကာက္ပြဲလြန္ကာလအတြက္ ကယားျပည္နယ္လႊတ္ေတာ္ အဆင္သင့္ျဖစ္ေန
သုတေက်ာ္ (NP News) - စက္တင္ဘာလ ၃
လြိဳင္ေကာ္ၿမိဳ႕သည္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ၿမိဳ႕ေတာ္မ်ားအနက္ လက္နက္ကိုင္မ်ား တစ္ စိတ္တစ္ပိုင္းထိန္းခ်ဳပ္ျခင္းကို ခံခဲ့ရဖူးေသာ္လည္း လာမည့္ ေ႐ြးေကာက္ပြဲလြန္ ကာလအတြက္ ကယား ျပည္နယ္လႊတ္ေတာ္ အေဆာက္အအုံႏွင့္ ပစၥည္းမ်ား အဆင့္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ သိရသည္။
ကယားလက္နက္ကိုင္မ်ားသည္ လြိဳင္ ေကာ္ၿမိဳ႕ကိုထိန္းခ်ဳပ္ရန္ရည္႐ြယ္ခ်က္ျဖင့္ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလအတြင္းက တိုက္ပြဲေဖာ္ေဆာင္ကာ လြိဳင္ေကာ္တကၠသိုလ္၊ ေနာင္ယားအပါအဝင္ရပ္ကြက္ အခ်ိဳ႕ကိုထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း တပ္မေတာ္၏ ျပန္လည္ တန္ျပန္တိုက္စစ္ေၾကာင့္ ဆုတ္ခြာထြက္ ေျပးခဲ့ၾကရသည္။
၎တို႔ တိုက္ခိုက္စဥ္အတြင္း ကယားလက္နက္ကိုင္တို႔သည္ စစ္ေရးပစ္မွတ္မဟုတ္သည့္ လြိဳင္ေကာ္တကၠသိုလ္ကိုပင္ တိုက္ခိုက္ခဲ့ၾကသည္ သာမက ပါေမာကၡခ်ဳပ္အပါအဝင္ ဆရာဆရာမမ်ားႏွင့္ ပညာေရးဝန္ထမ္း (၁၃၂)ဦးႏွင့္ အတူ မွီခိုသူမိသား စုဝင္ (၆၄)ဦး၊ စုစုေပါင္း (၁၉၆)ဦးႏွင့္ ေက်ာင္းသား မ်ားကို အသုတ္လိုက္ အတင္းအဓမၼဖမ္းဆီးခ်ဳပ္ေႏွာင္ ေခၚေဆာင္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။
ထို႔ျပင္ ၎တို႔ ျပန္လည္ဆုတ္ခြာ ထြက္ေျပးရၿပီးေနာက္တြင္လည္း ၎တို႔ခိုလႈံခဲ့ရာ ေနရာ မ်ားတြင္ မိုင္းေထာင္ျခင္းမ်ားကို ျပဳလုပ္ခဲ့ၾကေသး သည္။
ယင္းေနာက္ ႏိုင္ငံေတာ္အစိုးရႏွင့္ ျပည္ နယ္အစိုးရက ၿမိဳ႕ေတာ္ျပန္လည္ထူေထာင္ေရးကို အင္တိုက္ အားတိုက္ ေဆာင္႐ြက္ခဲ့ရာ ၿမိဳ႕မွာပုံမွန္ အေျခအေနသို႔ ျပန္လည္ေရာက္ရွိေနၿပီ ျဖစ္သည့္ အျပင္ ကယားျပည္နယ္မွ လက္နက္ကိုင္မ်ား ထိန္း ခ်ဳပ္ထားသည့္ ေနရာမ်ားကိုလည္း တပ္မေတာ္က တန္ျပန္ ထိုးစစ္ဆင္ေနရာ ေအာင္ျမင္မႈမ်ား ရရွိေန သည္။
ကယားျပည္နယ္လႊတ္ေတာ္ႏွင့္ ပတ္သက္ ၍ အေဆာက္အအုံမွာ လက္နက္ႀကီး က်ည္စ ထိ မွန္ျခင္းမ်ားရွိခဲ့ေသာ္လည္း ဆိုးဆိုး႐ြား႐ြားပ်က္စီး ခဲ့ျခင္းမရွိသည္ကို ေတြ႕ရေၾကာင္း ေဒသခံမ်ားထံ ဆက္သြယ္ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရ သိရသည္။
" လက္နက္ႀကီးအစလည္း အေသး အမႊားေတြပဲ ထိခိုက္တာလို႔ သိရပါတယ္။ အကုန္လုံး ေတာ့ Run လို႔ ရတဲ့ အေျခအေနလို႔ သိထားပါတယ္။ လႊတ္ေတာ္တစ္ခုမွာ လိုအပ္မယ့္ပစၥည္းေတြ အားလုံး လည္းရွိေနတယ္လို႔ သိတယ္။ ဒါေၾကာင့္ ကယား ျပည္နယ္ လႊတ္ေတာ္က ေ႐ြးေကာက္ပြဲၿပီးရင္ လႊတ္ ေတာ္ေခၚဖို႔အဆင္သင့္ျဖစ္ေနပါတယ္" ဟု ျဖစ္စဥ္ ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ဆိုသည္။
ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲ အပိုင္း (၁)ကို ဒီဇင္ဘာလ(၂၈)ရက္တြင္ က်င္းပမည္ျဖစ္ရာ ယင္းတြင္ ကယားျပည္နယ္မွ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ ေဘာ္လခဲၿမိဳ႕တို႔ ပါဝင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။