အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေပြန်လည်ချမှတ်မယ့် ဥရောပရဲ့လှုပ်ရှားမှုကို တရုတ်နဲ့ရုရှားတို့ပြစ်တင်ရှုတ်ချ

175

Pika (NP News) - စက်တင်ဘာ ၃
နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေပြန်လည်ချမှတ်မယ့် ဥရောပ အင်အားကြီးနိုင်ငံတွေရဲ့လှုပ်ရှားမှုတွေကို တရုတ်နဲ့ရုရှားနိုင်ငံတို့က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ အီရန်အပေါ်ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်မယ့် ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ရဲ့လုပ်ရပ်တွေဟာ တရားဥပဒေနဲ့လုပ်ထုံးလုပ်နည်းအရ ချို့ယွင်းချက်တွေရှိနေတယ်လို့ တရုတ်၊ ရုရှား နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုးထားတဲ့ စာတမ်းထဲမှာ ရေးသားဖော်ပြထားပါတယ်။
တရုတ်နဲ့ရုရှားနိုင်ငံတို့ဟာ E3 လို့ လူသိများတဲ့ ဥရောပနိုင်ငံသုံးနိုင်ငံနဲ့အတူ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်ရဲ့ (၂ဝ၁၅) ခုနှစ် နျူကလီးယားသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့နိုင်ငံတွေဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း (၂၀၁၈)ခုနှစ်မှာ အမေရိကန်အစိုးရဟာ အဲဒီနျူကလီးယားသဘောတူညီချက်ကနေ တရားဝင်နှုတ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။ အီရန်အစိုးရဟာ (၂၀၁၅)ခုနှစ် နျူကလီးယားသဘောတူညီ ချက်ကို ချိုးဖောက်နေတယ်လို့ ဥရောပအင်အားကြီးနိုင်ငံတွေက စွပ်စွဲပြောဆိုခဲ့ပြီးနောက် အီရန်အပေါ်ပိတ်ဆို့ အရေးယူမှုတွေပြန်လည်ချမှတ်မယ့် ယန္တရားကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမနီနိုင်ငံတို့ကျင့်သုံးတဲ့လမ်းကြောင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အခွင့်အာဏာနဲ့လုပ်ဆောင်ချက်တွေကို အလွဲသုံးစားလုပ်နေတာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြျပန္လည္ခ်မွတ္မယ့္ ဥေရာပရဲ႕လႈပ္ရွားမႈကို တ႐ုတ္နဲ႔႐ုရွားတို႔ျပစ္တင္ရႈတ္ခ်
Pika (NP News) - စက္တင္ဘာ ၃
န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြျပန္လည္ခ်မွတ္မယ့္ ဥေရာပ အင္အားႀကီးႏိုင္ငံေတြရဲ႕လႈပ္ရွားမႈေတြကို တ႐ုတ္နဲ႔႐ုရွားႏိုင္ငံတို႔က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ အီရန္အေပၚပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္မယ့္ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံတို႔ရဲ႕လုပ္ရပ္ေတြဟာ တရားဥပေဒနဲ႔လုပ္ထုံးလုပ္နည္းအရ ခ်ိဳ႕ယြင္းခ်က္ေတြရွိေနတယ္လို႔ တ႐ုတ္၊ ႐ုရွား နဲ႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ လက္မွတ္ေရးထိုးထားတဲ့ စာတမ္းထဲမွာ ေရးသားေဖာ္ျပထားပါတယ္။
တ႐ုတ္နဲ႔႐ုရွားႏိုင္ငံတို႔ဟာ E3 လို႔ လူသိမ်ားတဲ့ ဥေရာပႏိုင္ငံသုံးႏိုင္ငံနဲ႔အတူ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြနဲ႔ အီရန္ရဲ႕ (၂ဝ၁၅) ခုႏွစ္ န်ဴကလီးယားသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကတဲ့ႏိုင္ငံေတြျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း (၂၀၁၈)ခုႏွစ္မွာ အေမရိကန္အစိုးရဟာ အဲဒီန်ဴကလီးယားသေဘာတူညီခ်က္ကေန တရားဝင္ႏႈတ္ထြက္ခဲ့တယ္လို႔လည္း သိရပါတယ္။ အီရန္အစိုးရဟာ (၂၀၁၅)ခုႏွစ္ န်ဴကလီးယားသေဘာတူညီ ခ်က္ကို ခ်ိဳးေဖာက္ေနတယ္လို႔ ဥေရာပအင္အားႀကီးႏိုင္ငံေတြက စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ အီရန္အေပၚပိတ္ဆို႔ အေရးယူမႈေတြျပန္လည္ခ်မွတ္မယ့္ ယႏၲရားကို ျပန္လည္အသက္သြင္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ၿဗိတိန္၊ ျပင္သစ္ နဲ႔ ဂ်ာမနီႏိုင္ငံတို႔က်င့္သုံးတဲ့လမ္းေၾကာင္းဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ အခြင့္အာဏာနဲ႔လုပ္ေဆာင္ခ်က္ေတြကို အလြဲသုံးစားလုပ္ေနတာျဖစ္တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ပါတယ္။