မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ခရိုင်များတိုးချဲ့ဖွဲ့စည်းမည်

2967

မျိုးကြီး (NP News)- ဇန်နဝါရီ ၂ဝ
မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ခရိုင်းများတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်ဟူ၍ ခရိုင် (၄) ခုဖြင့်ဖွဲ့စည်းထားပြီး ထပ်မံ၍ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာ ဒုံခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ တွံတေးခရိုင်၊ ကျောက်တံတားခရိုင်၊ မရမ်းကုန်းခရိုင်နှင့် က မာရွတ်ခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။
"ခရိုင်တစ်ခုထဲမှာ မြို့နယ်တွေအများကြီးရှိနေတယ်။ ခရိုင်ကိုလာမယ်ဆိုရင် တစ်နေရာနဲ့တစ်နေရာသွားရလာရတာ အခက်အခဲတွေရှိတယ်။ အုပ်ချုပ်မှုအရတော့ တစ်ချို့ဝေးသွားတဲ့နေရာတွေကြ နည်းနည်းလွှတ်ထားသလိုဖြစ်နေတဲ့သဘောရှိတယ်။ အုပ်ချုပ်ရေးယန္တယားကြောင့် အဲဒီလိုမျိုးခရိုင်တွေကို တိုးချဲ့ဖို့ ပြောတယ်။ အကြောင်းပြချက်တွေကတော့ အများကြီးပဲ" ဟုထွေအုပ်ရုံးတစ်ခုတွင် တာဝန်ထမ်းနေသူတစ်ဦးက NP News ကိုပြောကြားသည်။
ထို့ပြင် ရှမ်းပြည်နယ်တွင်လည်း လက်ရှိ ခရိုင် (၁၃) ခုအပြင် ထပ်မံ၍ ကလောခရိုင်၊ နမ့်စန်ခရိုင်၊ မိုင်းရှူးခရိုင်၊ တန့်ယန်းခရိုင်၊ မိုင်းလားခရိုင်၊ မိုင်းတုံခရိုင်နှင့် မိုင်းယောင်းခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း လက်ရှိ ခရိုင် (၆) ခုအပြင် ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ပြီး နေပြည်တော်တွင်လည်း ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင်တို့အပြင် ပျဉ်းမနားခရိုင်၊ ဇေယျာသီရိခရိုင်တို့ကိုတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။
ပဲခူးတိုင်းတွင်လည်း လက်ရှိခရိုင်များအပြင် ညောင်လေးပင်ခရိုင်၊ နတ်တလင်းခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ မကွေးတိုင်းတွင်လည်း လက်ရှိရှိနေသည့်ခရိုင်များအပြင် ချောက်ခရိုင်နှင့် အောင်လံခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးတွင်လည်း လက်ရှိခရိုင် (၇) ခုအပြင် အမရပူရခရိုင်၊ အောင်မြေသာစံခရိုင်၊ သပိတ်ကျင်းခရိုင်နှင့် တံတားဦးခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းဖြစ်ကာ မွန်ပြည်နယ်တွင်လည်း ရေးခရိုင်၊ ကျိုက်ထိုခရိုင်တို့ကို တိုးချဲ့ကာဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိခရိုင် (၅) ခုအပြင် အမ်းခရိုင်နှင့် တောင်ကုတ်ခရိုင်တို့ကို ဆက်လက်တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရကာ ကချင်ပြည်နယ်တွင်လည်း ယခုရှိနေသည့် ခရိုင် (၄) ခုအပြင် တနိုင်းခရိုင်ကိုထပ် မံတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် လက်ရှိရှိနေသည့် ခရိုင် (၂) ခုအပြင် ဒီးမော့ဆိုခရိုင်၊ မယ်စဲ့ခရိုင်တို့ကို တိုးချဲ့ဖွဲ့ စည်းသွားမည်ဟုသိရပြီး ကရင်ပြည်နယ်တွင်လည်း လက်ရှိ ခရိုင် (၄)ခုအပြင် သံတောင်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်တွင်လည်း လက်ရှိရှိနေသည့် ခရိုင် (၃) ခုအပြင် တီးတိန်ခရိုင်၊ ပလက်ဝခရိုင်တို့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းတွင်လည်း ယခုရှိနေသည့် ခရိုင် (၁ဝ) ခုအပြင် ရေဦးခရိုင်ကိုလည်းတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ တ နင်္သာရီတိုင်းတွင်လည်း ယခုရှိနေသည့်ခရိုင် (၃) ခုအ ပြင် ဘုတ်ပြင်းခရိုင်ပါတိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ခရိုင်များတိုးချဲ့ဖွဲ့စည်းခြင်းသည် လာမည့်ရွေးကောက်တွင် PR စနစ်ကျင့်သုံးနိုင်ရန်အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
zawgyi verison
ျမန္မာတစ္ႏိုင္ငံလုံးရွိ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ ခ႐ိုင္မ်ားတိုးခ်ဲ႕ဖြဲ႕စည္းမည္
မ်ိဳးႀကီး (NP News)- ဇန္နဝါရီ ၂ဝ
ျမန္မာတစ္ႏိုင္ငံလုံးရွိ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ ခ႐ိုင္းမ်ားတိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီး၌အေရွ႕ပိုင္းခ႐ိုင္၊ အေနာက္ပိုင္းခ႐ိုင္၊ ေတာင္ပိုင္းခ႐ိုင္ႏွင့္ ေျမာက္ပိုင္းခ႐ိုင္ဟူ၍ ခ႐ိုင္ (၄) ခုျဖင့္ဖြဲ႕စည္းထားၿပီး ထပ္မံ၍ တိုက္ႀကီးခ႐ိုင္၊ လွည္းကူးခ႐ိုင္၊ ေမွာ္ဘီခ႐ိုင္၊ မဂၤလာ ဒုံခ႐ိုင္၊ ဗိုလ္တေထာင္ခ႐ိုင္၊ ဒဂုံၿမိဳ႕သစ္ခ႐ိုင္၊ တြံေတးခ႐ိုင္၊ ေက်ာက္တံတားခ႐ိုင္၊ မရမ္းကုန္းခ႐ိုင္ႏွင့္ က မာ႐ြတ္ခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ျဖစ္ ေၾကာင္း သိရသည္။
"ခ႐ိုင္တစ္ခုထဲမွာ ၿမိဳ႕နယ္ေတြအမ်ားႀကီးရွိေနတယ္။ ခ႐ိုင္ကိုလာမယ္ဆိုရင္ တစ္ေနရာနဲ႔တစ္ေနရာသြားရလာရတာ အခက္အခဲေတြရွိတယ္။ အုပ္ခ်ဳပ္မႈအရေတာ့ တစ္ခ်ိဳ႕ေဝးသြားတဲ့ေနရာေတြၾက နည္းနည္းလႊတ္ထားသလိုျဖစ္ေနတဲ့သေဘာရွိတယ္။ အုပ္ခ်ဳပ္ေရးယႏၲယားေၾကာင့္ အဲဒီလိုမ်ိဳးခ႐ိုင္ေတြကို တိုးခ်ဲ႕ဖို႔ ေျပာတယ္။ အေၾကာင္းျပခ်က္ေတြကေတာ့ အမ်ားႀကီးပဲ" ဟုေထြအုပ္႐ုံးတစ္ခုတြင္ တာဝန္ထမ္းေနသူတစ္ဦးက NP News ကိုေျပာၾကားသည္။
ထို႔ျပင္ ရွမ္းျပည္နယ္တြင္လည္း လက္ရွိ ခ႐ိုင္ (၁၃) ခုအျပင္ ထပ္မံ၍ ကေလာခ႐ိုင္၊ နမ့္စန္ခ႐ိုင္၊ မိုင္းရႉးခ႐ိုင္၊ တန႔္ယန္းခ႐ိုင္၊ မိုင္းလားခ႐ိုင္၊ မိုင္းတုံခ႐ိုင္ႏွင့္ မိုင္းေယာင္းခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။
ထို႔အတူ ဧရာဝတီတိုင္းေဒသႀကီးတြင္လည္း လက္ရွိ ခ႐ိုင္ (၆) ခုအျပင္ က်ဳံေပ်ာ္ခ႐ိုင္၊ ျမန္ေအာင္ခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းမည္ျဖစ္ၿပီး ေနျပည္ေတာ္တြင္လည္း ဒကၡိဏခ႐ိုင္၊ ဥတၱရခ႐ိုင္တို႔အျပင္ ပ်ဥ္းမနားခ႐ိုင္၊ ေဇယ်ာသီရိခ႐ိုင္တို႔ကိုတိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ျဖစ္ ေၾကာင္း သိရသည္။
ပဲခူးတိုင္းတြင္လည္း လက္ရွိခ႐ိုင္မ်ားအျပင္ ေညာင္ေလးပင္ခ႐ိုင္၊ နတ္တလင္းခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း၊ မေကြးတိုင္းတြင္လည္း လက္ရွိရွိေနသည့္ခ႐ိုင္မ်ားအျပင္ ေခ်ာက္ခ႐ိုင္ႏွင့္ ေအာင္လံခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။
ဆက္လက္ၿပီး မႏၲေလးတိုင္းေဒသႀကီးတြင္လည္း လက္ရွိခ႐ိုင္ (၇) ခုအျပင္ အမရပူရခ႐ိုင္၊ ေအာင္ေျမသာစံခ႐ိုင္၊ သပိတ္က်င္းခ႐ိုင္ႏွင့္ တံတားဦးခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းျဖစ္ကာ မြန္ျပည္နယ္တြင္လည္း ေရးခ႐ိုင္၊ က်ိဳက္ထိုခ႐ိုင္တို႔ကို တိုးခ်ဲ႕ကာဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္တြင္ လက္ရွိခ႐ိုင္ (၅) ခုအျပင္ အမ္းခ႐ိုင္ႏွင့္ ေတာင္ကုတ္ခ႐ိုင္တို႔ကို ဆက္လက္တိုးခ်ဲ႕ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရကာ ကခ်င္ျပည္နယ္တြင္လည္း ယခုရွိေနသည့္ ခ႐ိုင္ (၄) ခုအျပင္ တႏိုင္းခ႐ိုင္ကိုထပ္ မံတိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ကယားျပည္နယ္တြင္ လက္ရွိရွိေနသည့္ ခ႐ိုင္ (၂) ခုအျပင္ ဒီးေမာ့ဆိုခ႐ိုင္၊ မယ္စဲ့ခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕ စည္းသြားမည္ဟုသိရၿပီး ကရင္ျပည္နယ္တြင္လည္း လက္ရွိ ခ႐ိုင္ (၄)ခုအျပင္ သံေတာင္ႀကီးခ႐ိုင္၊ ၾကာအင္းဆိပ္ႀကီးခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ျဖစ္ ေၾကာင္း သိရသည္။
ထို႔ျပင္ ခ်င္းျပည္နယ္တြင္လည္း လက္ရွိရွိေနသည့္ ခ႐ိုင္ (၃) ခုအျပင္ တီးတိန္ခ႐ိုင္၊ ပလက္ဝခ႐ိုင္တို႔ကို တိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း၊ စစ္ကိုင္းတိုင္းတြင္လည္း ယခုရွိေနသည့္ ခ႐ိုင္ (၁ဝ) ခုအျပင္ ေရဦးခ႐ိုင္ကိုလည္းတိုးခ်ဲ႕ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း၊ တ နသၤာရီတိုင္းတြင္လည္း ယခုရွိေနသည့္ခ႐ိုင္ (၃) ခုအ ျပင္ ဘုတ္ျပင္းခ႐ိုင္ပါတိုးခ်ဲ႕ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ခ႐ိုင္မ်ားတိုးခ်ဲ႕ဖြဲ႕စည္းျခင္းသည္ လာမည့္ေ႐ြးေကာက္တြင္ PR စနစ္က်င့္သုံးႏိုင္ရန္အတြက္ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။