ရှားပါးတွင်းထွက်သဘောတူညီချက်ကို အမေရိကန်နဲ့ဂျပန်တို့ လက်မှတ်ရေးထိုး

 91

Pika (NP News) - အောက်တိုဘာလ ၂၉

အမေရိကန်နဲ့ ဂျပန်တို့ဟာ အရေးပါတဲ့ရှားပါးမြေထွက်သတ္တုတွေ ထုတ်လုပ်မှုနဲ့ထောက်ပံ့မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်ကောက်ခံမှုတိုးမြှင့်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ ရှားပါးမြေထွက်သတ္တုတွေနဲ့ ချပ်စ်ထုတ်လုပ်တဲ့စက်ပစ္စည်းတွေ အပေါ် ပို့ကုန်ထိန်းချုပ်မှုတွေကို တင်းကျပ်ဖို့ တရုတ်နိုင်ငံက ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလိုသဘောတူညီချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ဂျပန်ဝန်ကြီးချုပ်အသစ် ဆာနေးတာကိုင်ချီတဲ့တွေ့ဆုံခဲ့ပြီးနောက် အဲဒီသဘောတူညီချက်ကို ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့ဟာ အဆင့်မြင့်နည်းပညာတွေနဲ့သက်ဆိုင်ရာစက်မှုလုပ်ငန်းတွေ အပါအဝင် ပြည်တွင်းစက်မှု လုပ်ငန်းတွေကို ပံ့ပိုးဖို့လိုအပ်တဲ့စီမံကိန်းတွေကို မြှင့်တင်ဖို့နဲ့ အရေးပါတဲ့သတ္တုတွေနဲ့ ရှားပါးသတ္တုတွေအတွက် ကွဲပြားပြီးတရားမျှတမှုရှိတဲ့ဈေးကွက်တွေဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဖို့အတွက် စီးပွားရေးဆိုင်ရာမူဝါဒ ကိရိယာတွေနဲ့ ညှိနှိုင်းရင်းနှီးမြှုပ်နှံမှုတွေကို အသုံးပြုဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်နဲ့ ဆာနေးတာကိုင်ချီတို့ဟာ ကြီးထွားလာနေတဲ့ အမေရိကန်-ဂျပန် မဟာမိတ်အဖွဲ့ရဲ့ ရွှေခေတ် အတွက် နောက်ထပ်ခြေလှမ်းတွေလှမ်းနိုင်ဖို့ ညွှန်ကြားတဲ့စာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ရွားပါးတြင္းထြက္သေဘာတူညီခ်က္ကို အေမရိကန္နဲ႔ဂ်ပန္တို႔ လက္မွတ္ေရးထိုး
Pika (NP News) - ေအာက္တိုဘာလ ၂၉
အေမရိကန္နဲ႔ ဂ်ပန္တို႔ဟာ အေရးပါတဲ့ရွားပါးေျမထြက္သတၱဳေတြ ထုတ္လုပ္မႈနဲ႔ေထာက္ပံ့မႈဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္မႈသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အခြန္ေကာက္ခံမႈတိုးျမႇင့္မႈေတြကိုတုံ႔ျပန္တဲ့အေနနဲ႔ ရွားပါးေျမထြက္သတၱဳေတြနဲ႔ ခ်ပ္စ္ထုတ္လုပ္တဲ့စက္ပစၥည္းေတြ အေပၚ ပို႔ကုန္ထိန္းခ်ဳပ္မႈေတြကို တင္းက်ပ္ဖို႔ တ႐ုတ္ႏိုင္ငံက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ယခုလိုသေဘာတူညီခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္ ဆာေနးတာကိုင္ခ်ီတဲ့ေတြ႕ဆုံခဲ့ၿပီးေနာက္ အဲဒီသေဘာတူညီခ်က္ကို ရရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္နဲ႔ ဂ်ပန္တို႔ဟာ အဆင့္ျမင့္နည္းပညာေတြနဲ႔သက္ဆိုင္ရာစက္မႈလုပ္ငန္းေတြ အပါအဝင္ ျပည္တြင္းစက္မႈ လုပ္ငန္းေတြကို ပံ့ပိုးဖို႔လိုအပ္တဲ့စီမံကိန္းေတြကို ျမႇင့္တင္ဖို႔နဲ႔ အေရးပါတဲ့သတၱဳေတြနဲ႔ ရွားပါးသတၱဳေတြအတြက္ ကြဲျပားၿပီးတရားမွ်တမႈရွိတဲ့ေဈးကြက္ေတြဖြံ႕ၿဖိဳးတိုးတက္မႈကို အရွိန္ျမႇင့္တင္ဖို႔အတြက္ စီးပြားေရးဆိုင္ရာမူဝါဒ ကိရိယာေတြနဲ႔ ညႇိႏႈိင္းရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အသုံးျပဳဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္နဲ႔ ဆာေနးတာကိုင္ခ်ီတို႔ဟာ ႀကီးထြားလာေနတဲ့ အေမရိကန္-ဂ်ပန္ မဟာမိတ္အဖြဲ႕ရဲ႕ ေ႐ႊေခတ္ အတြက္ ေနာက္ထပ္ေျခလွမ္းေတြလွမ္းႏိုင္ဖို႔ ၫႊန္ၾကားတဲ့စာတစ္ေစာင္ကို လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.