ဆီးရီးယား၊ လက်ဘနွန်နဲ့ ဂျော်ဒန်မှာ အပူချိန်အဆမတန်ကျဆင်းမှုကြောင့် ကလေးငယ်သုံးဦး သေဆုံး

672

ရောင်နီ (NP News) - ဇန်နဝါရီလ ၂ဝ
ဆီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းများတိုက်ခတ်မှုကြောင့် ကလေး(၃) ဦး သေဆုံးပြီး လူပေါင်းထောင်နဲ့ချီအန္တရာယ်ရှိနေကြောင်း ဆီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံများ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း CARE က ပြောကြားခဲ့ပါတယ်။
ဆောင်းရာသီမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်ခဲ့တာကြောင့် လက်ဘနွန်နဲ့ ဂျော်ဒန်မှာနေထိုင်တဲ့ ဆီးရီးယား နိုင်ငံများမှာ နှစ်(၄ဝ) အတွင်း အပူချိန်ထက် (၁၄) ဒီဂရီစင်တီဂရိတ် (၆ ဒသမ ၈ ဖာရင်ဟိုက်အောက်) ထိ မကြုံစဖူး ကျဆင်းသွားနိုင်ဖွယ်ရှိတယ်လို့ ဇန်နဝါရီလ(၁၈) ရက်၊ အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။
ဆောင်းရာသီမုန်တိုင်းကြောင့် နေအိမ်(၃၆၂) လုံးပျက်စီးခဲ့ပြီး ဆီးရီးယားရှိနေထိုင်သူ နိုင်ငံသား(၂၁၂၄) ဦး ထိခိုက်ခဲ့ကြောင်း တူရကီရှိ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) မှ ပြော ကြားခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ Qastal Miqdad ရှိစခန်းတစ်ခုမှာ ကလေးငယ်တစ်ဦးက ၎င်းရဲ့ အိမ်ခေါင်မိုးပေါ် မှာ နှင်းများစုပုံကာ ပြိုကျခဲ့တာကြောင့်သေဆုံးသွားခဲ့ရပြီး မိခင်ဖြစ်သူဟာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ OCHA က ဆိုပါတယ်။
ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ မြောက်ပိုင်းရှိစခန်းတစ်ခုမှာလည်း ဇန်နဝါရီလ(၁၇) ရက်၊ တနင်္လာနေ့ နံနက်ပိုင်း က အပူပေးစက်ကြောင့် အိမ်အတွင်း မီးလောင်မှုဖြစ်ပွားရာ (၃) နှစ်နဲ့ (၅) နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ကာ ၎င်းတို့ရဲ့မိခင်ဖြစ်သူဟာ ပြင်းထန်တဲ့မီးလောင်ဒဏ်ရာများနဲ့အတူ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆီးရီးယားရှိ စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးသမားများအဖွဲ့ White Helmets ရဲ့ပြောကြားချက်အရ သိရပါတယ်။
အအေးဒဏ်ကြောင့် ဆီးရီးယားနိုင်ငံ၊ ဘူလ်ဘူလ်ရှိ စခန်းများမှာ ကလေးငယ်နှစ်ဦး ခန္ဓာကိုယ်အပူချိန် ကျဆင်း သွားခဲ့ကာ Afrin ရှိ ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေရတယ်လို့ OCHA မှ ပြောပါတယ်။ "ဒါက သည်းမခံနိုင် လောက်အောင် ဆိုးဝါးနေပြီ၊ လူတွေအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုပါပဲ။ နေထိုင်သူတွေ မွေ့ယာပါးပါး လေးပေါ်မှာ လဲလျောင်းရင်း အသက်ရှုနေရတယ်။ ကလေးတွေက အင်္ကျီအပြဲတွေနဲ့လျှောက်သွားနေကြတာကို တွေ့ရလိမ့်မယ်။ မိသားစုတွေက အေးခဲပြီးသေဆုံးသွားမှာကို ကြောက်နေကြရပါတယ်” လို့ CARE ဆီးရီးယားနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jolien Veldwijk က ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ဆီးရီးယား၊ လက္ဘႏြန္နဲ႔ ေဂ်ာ္ဒန္မွာ အပူခ်ိန္အဆမတန္က်ဆင္းမႈေၾကာင့္ ကေလးငယ္ သုံးဦး ေသဆုံး
ေရာင္နီ (NP News) - ဇန္နဝါရီလ ၂ဝ
ဆီးရီးယားနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ျပင္းထန္တဲ့ ေဆာင္းရာသီမုန္တိုင္းမ်ားတိုက္ခတ္မႈေၾကာင့္ ကေလး(၃) ဦး ေသဆုံးၿပီး လူေပါင္းေထာင္နဲ႔ခ်ီအႏၲရာယ္ရွိေနေၾကာင္း ဆီးရီးယားနဲ႔ အိမ္နီးခ်င္းႏိုင္ငံမ်ား လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာအဖြဲ႕အစည္း CARE က ေျပာၾကားခဲ့ပါတယ္။
ေဆာင္းရာသီမုန္တိုင္းမ်ား ျပင္းထန္စြာတိုက္ခတ္ခဲ့တာေၾကာင့္ လက္ဘႏြန္နဲ႔ ေဂ်ာ္ဒန္မွာေနထိုင္တဲ့ ဆီးရီးယား ႏိုင္ငံမ်ားမွာ ႏွစ္(၄ဝ) အတြင္း အပူခ်ိန္ထက္ (၁၄) ဒီဂရီစင္တီဂရိတ္ (၆ ဒသမ ၈ ဖာရင္ဟိုက္ေအာက္) ထိ မႀကဳံစဖူး က်ဆင္းသြားႏိုင္ဖြယ္ရွိတယ္လို႔ ဇန္နဝါရီလ(၁၈) ရက္၊ အဂၤါေန႔က သတိေပးခဲ့ပါတယ္။
ေဆာင္းရာသီမုန္တိုင္းေၾကာင့္ ေနအိမ္(၃၆၂) လုံးပ်က္စီးခဲ့ၿပီး ဆီးရီးယားရွိေနထိုင္သူ ႏိုင္ငံသား(၂၁၂၄) ဦး ထိခိုက္ခဲ့ေၾကာင္း တူရကီရွိ ကုလသမဂၢလူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး (OCHA) မွ ေျပာ ၾကားခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံ Qastal Miqdad ရွိစခန္းတစ္ခုမွာ ကေလးငယ္တစ္ဦးက ၎ရဲ႕ အိမ္ေခါင္မိုးေပၚ မွာ ႏွင္းမ်ားစုပုံကာ ၿပိဳက်ခဲ့တာေၾကာင့္ေသဆုံးသြားခဲ့ရၿပီး မိခင္ျဖစ္သူဟာ အထူးၾကပ္မတ္ကုသမႈခံယူေနရတယ္လို႔ OCHA က ဆိုပါတယ္။
ဆီးရီးယားႏိုင္ငံ၊ အလက္ပိုၿမိဳ႕ ေျမာက္ပိုင္းရွိစခန္းတစ္ခုမွာလည္း ဇန္နဝါရီလ(၁၇) ရက္၊ တနလၤာေန႔ နံနက္ပိုင္း က အပူေပးစက္ေၾကာင့္ အိမ္အတြင္း မီးေလာင္မႈျဖစ္ပြားရာ (၃) ႏွစ္နဲ႔ (၅) ႏွစ္အ႐ြယ္ ကေလးႏွစ္ဦး ေသဆုံးခဲ့ကာ ၎တို႔ရဲ႕မိခင္ျဖစ္သူဟာ ျပင္းထန္တဲ့မီးေလာင္ဒဏ္ရာမ်ားနဲ႔အတူ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတယ္လို႔ ဆီးရီးယားရွိ ေစတနာ့ဝန္ထမ္းကယ္ဆယ္ေရးသမားမ်ားအဖြဲ႕ White Helmets ရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
အေအးဒဏ္ေၾကာင့္ ဆီးရီးယားႏိုင္ငံ၊ ဘူလ္ဘူလ္ရွိ စခန္းမ်ားမွာ ကေလးငယ္ႏွစ္ဦး ခႏၶာကိုယ္အပူခ်ိန္ က်ဆင္း သြားခဲ့ကာ Afrin ရွိ ေဆး႐ုံတစ္ခုမွာ ေဆးကုသမႈခံယူေနရတယ္လို႔ OCHA မွ ေျပာပါတယ္။ "ဒါက သည္းမခံႏိုင္ ေလာက္ေအာင္ ဆိုးဝါးေနၿပီ၊ လူေတြအတြက္ ေနာက္ထပ္ထိုးႏွက္ခ်က္တစ္ခုပါပဲ။ ေနထိုင္သူေတြ ေမြ႕ယာပါးပါး ေလးေပၚမွာ လဲေလ်ာင္းရင္း အသက္ရႈေနရတယ္။ ကေလးေတြက အက်ႌအၿပဲေတြနဲ႔ေလွ်ာက္သြားေနၾကတာကို ေတြ႕ရလိမ့္မယ္။ မိသားစုေတြက ေအးခဲၿပီးေသဆုံးသြားမွာကို ေၾကာက္ေနၾကရပါတယ္” လို႔ CARE ဆီးရီးယားႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာ Jolien Veldwijk က ေျပာၾကားခဲ့ပါတယ္။