“မဲ အမြဲတမ်းနိုင်နေတဲ့သူတွေကတော့ PR စနစ်ကို အလိုမရှိကြဘူး”

 1898

မေးမြန်း- ကျော်မျိုးမင်း၊ ရေးသား - စည်သူဟိန်း

နစကဘက်က ၂ဝ၂၃ ခုနှစ် သြဂုတ်လအတွင်း ပြန်လည်ကျင်းပပေးမယ်လို့ပြောထားတဲ့ရွေးကောက်ပွဲမှာ PR စနစ်ကို အခြေခံသွားမယ်ဆိုတဲ့အချက်အပါအဝင် PR စနစ်နဲ့ပတ်သက်ပြီး နစကရဲ့ပြင်ဆင်ဆောင်ရွက်မှုအပေါ် ကွန်မြူနစ် (ဗကပ) တပ်သားဟောင်းတစ်ဦးလည်းဖြစ်သလို ထင်ရှားတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ဦးရဲထွန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) နှင့် NP News သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မျိုးမင်း တို့က PR စနစ်ကိုလုပ်စေချင်တာ ဘယ်သူတွေလဲနဲ့ PR စနစ်ကို မလုပ်စေချင်တာ ဘယ်သူတွေလဲဆိုတာနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းဆွေးနွေးထားကြပါတယ်။

မေး ။ ။ ဦးရဲထွန်းရေ မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခေါက် NP News က မေးမယ့်အကြောင်းအရာလေးကတော့ နစက က စီစဉ်နေတဲ့ PR စနစ်အကြောင်းလေးနဲ့ပတ်သက်ပြီးမေးချင်တာပါ။ ပထမဆုံးအနေနဲ့မေးချင်တာက နစကရဲ့ PR စနစ် ပြင်ဆင်နေတာကိုကြည့်ပြီးတော့ ဦးရဲ့အနေနဲ့ ပထမဆုံးစပြီးသတိထားမိတဲ့အချက်က ဘာများဖြစ်မလဲခင်ဗျာ။
ဖြေ ။ ။ PR စနစ်ကို စပြီး ကျင့်သုံးမယ်လို့ ပြောလာတဲ့အခါကျတော့ ကျွန်တော်တို့ကတော့ ၂ဝ၁ဝ ပါတီစုံ ရွေးကောက်ပွဲတွေကစပြီး တောက်လျှောက်မျက်ခြေမပျက် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ တဲ့အခါကျတော့ အခုလိုသူတို့ကြေညာလိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ မအံ့ဩဘူးဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ PR စနစ်ကို စိတ်ဝင်စားလာတာက ၂ဝ၁ဝ မှ စတာမဟုတ်ဘူး။ ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD ကနေ ပြီးတော့ မဲအပြတ်အသတ်နဲ့နိုင်သွားတဲ့အချိန်လောက်ကစပြီးတော့ စိတ်ဝင်စားလာတာ။ စိတ်ဝင်စာတဲ့ ပါတီတွေ ထဲမှာလည်း အကြီးအကျယ်ရှုံးတဲ့ပါတီက အစောဆုံးစိတ်ဝင်စားတယ်လို့ပြောရမှာပေါ့။ အဲဒီတုန်းကတော့ (တစည) ပါတီပေါ့။ မြန်မာ့ဆိုရှယ်လှစ်လမ်းစဉ်လို့ နာမည်ပြောင်းထားတဲ့ (တစည) ပါတီပေါ့။ ဘာကြောင့်လည်း ဆိုတော့ သူတို့က တစ်ပြည်လုံးအတိုင်းအတာအရပြောရင် သူတို့ကိုထောက်ခံတဲ့ ထောက်ခံမဲတွေလည်း အများ အပြားရှိတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် တစ်ပြည်လုံးထောက်ခံမဲတွေမှာ (၃ဝ) ရာခိုင်နှုန်းလောက်ကို ရတယ်ထင်တယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာကျတော့ သူတို့က လွှတ်တော်ကိုယ်စားလှယ်နေရာ (၁ဝ) ရာခိုင် နှုန်းတောင် မရဘူး။ NLD အနေနဲ့ဆိုရင်လည်း တစ်ပြည်လုံးမှာ ထောက်ခံမဲက (၆ဝ) ရာခိုင်နှုန်းနီးပါး ရပေမယ့် လွှတ်တော်ကိုယ်စားလှယ်နေရာကျတော့ (၇ဝ) ရာခိုင်နှုန်းကျော် (၈ဝ) နီးပါးရတယ်။ ဆိုတော့ ဒီစနစ်က မဲ ပေး တဲ့ပြည်သူလူထုတွေကို အမှန်တကယ်ကိုယ်စားမပြုနိုင်ဘူး။ ငါတို့ကိုထောက်ခံသူတွေရဲ့ မဲတွေဟာ အလဟသ ဖြစ်သွားတယ်ဆိုတဲ့ခံစားချက်တွေ အဲဒီမှာတည်းက စပြီးတော့ဖြစ်လာတဲ့အခါ ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း အဲဒီလိုကျင့်သုံးဖို့အတွက် လွှတ်တော်ထဲမှာ ကြိုးစားလာမှုတွေရှိတယ်ပေါ့။ မအောင်မြင်ဘူးပဲ ဆိုရမှာပေါ့။ မလုပ် ဖြစ်ခဲ့ဘူး။ မလုပ်ဖြစ်ခဲ့ဘဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်ခါရှုံးတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း တစ်ခါရှုံး တယ်။ အခုတော့ ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်လိုက်တာပေါ့။ UEC က ရွေးကောက်ပွဲ မဲ မသမာ မှုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖျက်သိမ်းပစ်လိုက်တာပေါ့။ ဘာပဲဖြစ်ဖြစ် ၂ဝ၁၅ နဲ့ ၂ဝ၂ဝ မှာလည်း အပြတ် အသတ်နိုင်တယ်။ ဆိုတော့ ဒီစနစ်ကိုမပြောင်းရင်တော့ နောင်မှာလည်း ဒီလိုအလားတူ ဆုံးရှုံးမှုတွေဖြစ်နိုင် တယ်ဆိုတဲ့စိုးရိမ်ချက်က ရှုံးသွားတဲ့ပါတီတွေမှာ ခံစားချက်ကရှိတယ်။ ဒါကြောင့်မလို့ ဝိုင်းပြီးတော့ ကြိုးစားကြတဲ့ အခါမှာ အခု UEC က ကျင်းပပြုလုပ်တဲ့အစည်းအဝေးမှာတက်တာက (၆၂) ပါတီလောက် ရှိတာပေါ့နော်။ ပြည်ခိုင်ဖြိုးအပါအဝင် ဗမာလူထုမဲဆန္ဒရှင်တွေကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတော်တော်များများက ဒါကို ထောက်ခံကြတာပေါ့။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် အခြေခံဥပဒေမှာ ဘယ်လိုပဲဆိုထား သည်ဖြစ်စေ မဖြစ်ဖြစ်အောင် သူတို့လုပ်လိမ့်မယ်။ လာမယ့် ၂ဝ၂၃ ဩဂုတ်လမှာ သူတို့ကတိပေးထားတဲ့ ရွေးကောက်ပွဲမှာ စပြီး ကျင့်သုံးလိမ့်မယ်ဆိုတာကို ကျွန်တော်တို့ သိရှိထားပါတယ်ဗျ။

မေး ။ ။ အခု UEC ကနေ စပြီးတော့ဆွေးနွေးနေတဲ့ PR စနစ်က Close List ကို တည်ထားတယ်လို့ သိရတယ်။ ခရိုင်အခြေပြု (သို့မဟုတ်) လူဦးရေအခြေပြုတဲ့ပုံစံမျိုး သွားတာတွေ့ရတယ်။ တကယ်တမ်း ရွေးကောက်ပွဲကို PR စနစ်နဲ့လုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လွယ်လွယ်ကူကူဖြစ်ပါ့မလား။ စနစ်အကြောင်း နားမလည်တာရယ်၊ စနစ်ကိုအယုံအကြည် ရှိသေးလားဆိုတာရယ်၊ နောက်တစ်ခုက စနစ်မှာ ဖော်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ ကျွန်တော်တို့ဆီမှာ ပြည့်ပြည့်ဝဝရှိသေးလားဆိုတဲ့ မေးခွန်းတွေများစွာ ရှိနေတာတွေ့ရတယ်။ အဲဒီအပေါ်မှာရော ဦးရဲအနေနဲ့ ဘယ်လိုပြောချင်လဲ။
ဖြေ ။ ။ တကယ်တမ်းကတော့ ကမ္ဘာပေါ်မှာအသုံးပြုနေတဲ့ PR စနစ်က အကြမ်းဖျင်းအားဖြင့် (၃) မျိုးရှိတာပေါ့။ ပထမတစ်မျိုးကတော့ Party List PR ပေါ့။ Party List PR ဆိုတဲ့နာမည်နဲ့လိုက်ပြီး မဲပေးရတာက ပါတီကို ပေးရ တာပေါ့။ အဲဒီအထဲမှာ တစ်သီးပုဂ္ဂလတွေလည်း ပါတီလိုပဲ နာမည်တစ်ခုနဲ့ဝင်ပြိုင်လို့ရတယ်။ အဲဒီလိုရတဲ့ မဲ တွေ ကို အချိုးချပြီးတော့ ဥပမာ- နေရာ(၁ဝ)နေရာရှိရင် (၁ဝ) နေရာကို အချိုးကျ မဲအများဆုံးရတဲ့လူတွေက နေရာ (၁ဝ)နေရာကို ဝင်ယူတာပေါ့ဗျာ။ ဆိုတော့ အဲဒီမှာလည်း သူက Close List နဲ့ Open List ဆိုပြီး ထပ်ခွဲတာပေါ့။ နောက်တစ်ခုတော့ Single Transferable Vote ဆိုတာက ပေးလိုက်တဲ့မဲတွေကို ကိုယ်ပေးလိုက်တဲ့ကိုယ်စား လှယ်လောင်းက သတ်မှတ်ထားတဲ့မဲအရေအတွက်ပြည့်သွားပြီဆိုရင် ပိုတဲ့မဲတွေကို နောက်ကိုယ်စားလှယ် လောင်းကိုလွှဲပြောင်းပေးတဲ့နည်းစနစ်ပေါ့။ အဲဒီနည်းလည်းရှိတယ်။ နောက်တစ်နည်းကတော့ Mix Member PR ပေါ့။ သူကတော့ ကျွန်တော်တို့ အခုလက်ရှိ မဲအများဆုံးအနိုင်ရသူစနစ်(FPTP) နဲ့ ရွေးကောက်ပွဲလုပ်လိုက် တယ်။ လုပ်လိုက်ပြီးတဲ့အခါကျတော့ ဒီစနစ်နဲ့ကိုယ်စားလှယ်တွေကိုရွေးတဲ့အပြင် ကိုယ်စားလှယ် မရတဲ့ပါတီကို ကုစားတဲ့အနေနဲ့ ပါတီအလိုက်ပေးတဲ့မဲတွေနဲ့ထပ်ပြီးတော့ နေရာခွဲပေးတာပေါ့။ အဲဒါက ပေါင်းစပ်ထားတာပေါ့။ အဲဒီတော့ အကြမ်းဖျင်းအားဖြင့်တော့ အဲဒီလို(၃) မျိုးရှိတယ်။ ကမ္ဘာပေါ်မှာကတော့ PR စနစ်တစ်မျိုးမျိုးကို အောက်လွှတ်တော်ရွေးကောက်ပွဲတွေအတွက်အသုံးပြုနေတဲ့ နိုင်ငံပေါင်း(၉၄) နိုင်ငံရှိတယ်။ အဲဒီ (၉၄) နိုင်ငံမှာ (၈၅) နိုင်ငံက အခုအရိုးရှင်းဆုံးဖြစ်တဲ့ Party List PR ကို သုံးတယ်။ (၇) နိုင်ငံကတော့ Mix Member PR ပေါ့။ ဥပမာ- ထိုင်းနိုင်ငံဆိုရင် အဲဒီဟာကိုသုံးနေတယ်။ နောက်တစ်ခါ Single Transferable Vote ကတော့ နှစ်နိုင်ငံ ပဲရှိတယ်။ အိုင်ယာလန်နဲ့ မော်လ်တာပေါ့။ ဆိုတော့ ကျွန်တော်တို့က အခုက အလွယ်ဆုံးနည်းစနစ်ကို သုံးမှာဆို တော့ ပါတီကိုပေးရမှာ။ ပါတီကိုပေးရမှာအပြင်ကို ကိုယ်စားလှယ်ကိုလည်း ကျွန်တော်တို့ကရွေးချယ်ခွင့် ကြို ပြီးတော့ ဒီမိုကရေစီနည်းကျ Primary လို့ခေါ်တဲ့ပါတီတွင်းမှာ ကိုယ်စားလှယ်တစ်ဦးနဲ့တစ်ဦး ဘယ်မြို့နယ်မှာ ထောက်ခံမှုအများဆုံးရသလဲဆိုတဲ့စနစ်နဲ့ တန်းစီတာလည်းရှိသလို ပါတီဗဟိုကော်မတီ ကနေဆုံဖြတ်ပြီးတော့ ဒီမဲဆန္ဒနယ်ကြီးထဲမှာတော့ ကိုယ်စားလှယ်(၅)ယောက်ရွေးမယ်ဆိုရင် ငါတို့ပါတီက မဲ အကုန်လုံးရမယ်ဆိုရင် (၅) ဦးက ပထမဦးစားပေးအနေနဲ့ စိတ်ကြိုက်သူတို့ဘာသာသူတို့ စဉ်တာပေါ့။ အဲဒီလို စနစ်ကိုကျင့်သုံးမှာဖြစ် တယ်။ ဆိုတော့ အခုဟာက Close List မှာ ပါတီတွေကပဲ စီရမှာဆိုတော့ ဘယ်ပါတီ ကတော့ ဘယ်သူတွေပါ တယ်။ ငါကြိုက်တဲ့ကိုယ်စားလှယ်ကတော့ ဘယ်ပါတီထဲမှာ စသဖြင့် ဒါတွေကို ကြိုသိနိုင်တာပေါ့။ ဒါပေမယ့် မဲပေးလိုက်တဲ့အခါမှာ အဲဒီမဲက ပါတီကိုပဲရောက်သွားမှာ။ ပါတီကိုရောက်သွားပြီးမှ အဲဒီ မဲ တွေကိုပေါင်းပြီးတော့ အချိုးချပြီးတော့မှ ကိုယ့်ပါတီက ကိုယ်မဲပေးလိုက်တဲ့ပါတီက မဲဆန္ဒနယ်ကြီးထဲမှာ (၁ဝ) နေရာရှိတဲ့နေရာမှာ နှစ်နေရာရတယ်ဆိုရင် ကိုယ့်ပါတီကစီပေးထားတဲ့ထဲက ထိပ်ဆုံးနှစ်နေရာက ရသွားမှာပေါ့။ ကျန်တဲ့လူတွေက တော့ မရဘူးပေါ့။ ဆိုတော့ အခုကျင့်သုံးတဲ့စနစ်က အဲဒီအလွယ်ဆုံးစနစ်ကို ကျင့်သုံးမှာဖြစ်တယ်။ အရင်ကျင့် သုံးနေကျ မဲအများဆုံးရသူအနိုင်ရတဲ့စနစ်လောက်တော့ ချက်ချင်းသိမှာမဟုတ်ဘူး။ ကျွန်တော်တို့က မဲဆန္ဒနယ် ကြီးတစ်ခုလုံးမှာပါတဲ့ မဲတွေရဲ့အရေအတွက်ကို သိရမယ်။ ပြီးရင် သူတို့အတွက် အနည်းဆုံးသတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ရ ရမယ့် မဲအရေအတွက် ရ/မရဆိုတာ ပါတီက တွက်ရအုံးမယ်။ စုစုပေါင်း မဲတွေရဲ့ (၅ဝ) ရာခိုင်နှုန်းရတယ်ဆိုရင် အဲဒီကိုယ်စားလှယ်နေရာ (၁ဝ) နေရာရဲ့တစ်ဝက်ကိုရမှာဖြစ်တယ်။ ဆိုတော့ ရလဒ်တွေက ချက်ချင်းကြီးသိမှာမဟုတ်ဘူး။ ထင်သာမြင်သာ မရှိဘူး။ ရွေးကောက်ပွဲကော်မရှင်က တွက်ချက် ပြီးတော့မှ သိရမှာဖြစ်တယ်။ ဆိုတော့ PR စနစ်ထဲမှာ အရိုးရှင်းဆုံးစနစ်ကို သူတို့ရွေးချယ်ထားတယ်လို့တော့ ဆို ရမှာပေါ့။

မေး ။ ။ အဲဒီမှာ ကျွန်တော်တို့ အသေးစိတ်စဉ်းစားကြည့်တဲ့အခါ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပါတီတစ်ခုက မြို့နယ်ပေါင်း(၃၃ဝ) မှာ ဝင်ပြိုင်တယ်ဆိုရင် သူ့ရဲ့ကိုယ်စားလှယ်ပေါင်း(၃၃ဝ) ကို ရွေးတယ်ပေါ့။ ဒါပေမယ့် သူနိုင်တာက (၃၃ဝ) စာ မနိုင်ဘူး။ (၁ဝဝ) စာပဲ နိုင်တယ်ဆိုရင် အဲဒီသူ့ရဲ့ကိုယ်စားလှယ်လောင်း (၃၃ဝ) ထဲက (၁ဝဝ) ကို သူတို့က ဘယ်လိုပြန်ရွေးမလဲ။ မြို့နယ်ထဲက ရွေးမှာလား။ ဒါမှမဟုတ် သူ့အထဲမှာပဲ မဲခွဲပြီးတော့ အများဆုံးလူကို ရွေးမှာလား။ အဲဒီဟာလေးကို စဉ်းစားကြည့်ပြီး ဘယ်လိုမျိုးရွေးရမယ်ထင်လဲဗျ။
ဖြေ ။ ။ အခု ကိုကျော်မျိုးမင်းပြောတာကတော့ မြို့နယ်ပေါင်း(၃၃ဝ) ကို တစ်ပြိုင်နက်တည်း အဲဒီလိုတွက်မယ် ဆိုတဲ့စဉ်းစားချက်က နိုင်ငံကြီးတစ်ခုလုံးကို မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ်စဉ်းစားလိုက်တာ။ အဲဒီလိုစဉ်းစားလိုက် တယ်ဆိုရင်တော့ မှန်တယ်။ ပါတီတစ်ခုက ဝင်ပြိုင်တဲ့အခါ (၃၃ဝ) လုံး တင်နိုင်ရင်ကောင်းတာပေါ့။ အဲဒီလို မဟုတ်ဘဲ ကိုယ်တင်နိုင်သလောက် (၁ဝဝ) ပဲဖြစ်ဖြစ်တင်ပြီးတော့မှ ကိုယ်က တစ်နိုင်ငံလုံးရဲ့(၅ဝ) ရာခိုင်နှုန်း ရ ရင် ခုနက စဉ်ထားတဲ့ (၃၃ဝ) ထဲက တစ်ဝက်လောက်ကတော့ လွှတ်တော်နေရာရမှာပေါ့။ ဒါကတော့ ယေဘုယျ အနေနဲ့ တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်ကြီးတစ်ခုအနေနဲ့ စဉ်းစားတာပေါ့။ အခုရွေးကောက်ပွဲကော်မရှင်က (၆၂) ပါတီနဲ့ ဆွေးနွေးတဲ့ဆွေးနွေးပွဲတွေမှာ ပြည်သူ့လွှတ်တော်အတွက်ဖွဲ့စည်းထားတဲ့ အစုအဖွဲ့တစ်ခုက ပြည်နယ် တိုင်းဒေသကြီးတစ်ခုချင်းကို မဲဆန္ဒနယ်ကြီးတစ်ခုအနေနဲ့သတ်မှတ်ချင်တာ။ နောက်တစ်ဖွဲ့ကျတော့ ခရိုင်တွေ ကို မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ်နဲ့ ဖွဲ့ချင်တယ်။ အဲဒီမှာလည်း အရေအတွက်ကို မဲဆန္ဒနယ်ကြီးတစ်ခုမှာ ပါရမယ့် လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်နေရာအရေအတွက်ကို မြို့နယ်အရေအတွက်နဲ့ပဲသတ်မှတ်ဖို့ အဆိုပြု ထားကြတယ်။ အဲဒီတော့ ခွဲပြီးသတ်မှတ်ဖို့ကတော့ သေချာနေပြီ။ ကိုကျော်မျိုးမင်း ခုနကပြောသလို တစ်နိုင်ငံ လုံးကို တစ်ခုတည်းလုပ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့က မဲဆန္ဒနယ်လေးတွေကို ပြည်နယ်တိုင်းဒေသကြီးအဆင့်အနေနဲ့လုပ်မှာလား။ ခရိုင်အနေနဲ့လုပ်မှာလားဆိုတာကတော့ မရှင်းသေးဘူး။ ခုထက်ထိ မဆုံးဖြတ်ရသေးဘူး။ အဲဒီတော့ ခရိုင်အနေနဲ့လုပ်မယ်ဆိုရင် ခရိုင်တစ်ခုမှာပဲ ဆိုကြပါစို့ (၃) မြို့နယ်ပဲ ပါပြီး ကိုယ်စားလှယ်သုံးယောက်ပဲ ရွေးရမယ့်ခရိုင်ရှိသလို၊ ခရိုင်တစ်ခုမှာ မြို့နယ်(၅) မြို့နယ် ကိုယ်စားလှယ်ငါး ယောက်ရွေးရတဲ့ မဲဆန္ဒနယ်တွေလည်း ရှိလာနိုင်တယ်။ အဲဒီတော့ ခုနကပြောသလို နိုင်ငံရေးပါတီတစ်ခုဟာ ဒေသတစ်ခုမှာ ဒီခရိုင်မှာ သူ့ပါတီအနေနဲ့ သုံးနေရာစလုံးပြိုင်နိုင်တယ်လို့ယူဆရင် သုံးယောက် တန်းစီပေးမှာ ပေါ့။ နှစ်ယောက်ပဲပြိုင်နိုင်တယ်ဆိုရင် နှစ်ယောက်ပဲထည့်လိုက်မှာပေါ့။ မဲတွေ ရေတွက်လို့ရလာတဲ့အခါမှာ ရာခိုင်နှုန်းအရ (၅ဝ)ရာခိုင်နှုန်းရရင် အဲဒါရဲ့တစ်ဝက်ကိုရမယ်။ (၃ဝ)ရာခိုင်နှုန်းရရင် သုံးပုံတစ်ပုံရမယ်။ အဲဒီလို တွက်ရမှာ။ အဲဒါကို ဘာနဲ့သတ်မှတ်မှာလည်းဆိုရင် အနည်းဆုံးရတဲ့ မဲအရေအတွက်နဲ့ သတ်မှတ်မှာဖြစ်တယ်။ ဆိုတော့ တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်အဖြစ်သတ်မှတ်ပြီးတော့ ရေတွက်ရတာထက်တော့ ပိုလွယ်သွားတာပေါ့။ ဒါပေမယ့် မဲတွေကို ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးရမှတ်တွက်လိုက်တဲ့အခါမှာ အလေအလွင့်ဖြစ်တဲ့မဲကတော့ ပိုများလာ တာပေါ့။ တစ်နိုင်ငံလုံးတွက်လိုက်ရင်တော့ အဲဒီမှာအလေအလွင့်ဖြစ်တဲ့ မဲအရေအတွက်က သက်သာတာပေါ့။

မေး ။ ။ ဒါဆိုရင် PR စနစ်နဲ့ဖြစ်လာမယ့်ကိုယ်စားလှယ်တွေက ဥပမာ- ဦးရဲထွန်းဆိုရင် သီပေါမြို့နယ် လွှတ်တော်အမတ်လို့မခေါ်တော့ဘဲနဲ့ ခရိုင်လွှတ်တော်အမတ်(၁)၊ ခရိုင်လွှတ်တော်အမတ်(၂) ဆိုတာမျိုးဖြစ် သွားမှာလား။
ဖြေ ။ ။ အဲဒီလိုဖြစ်သွားပြီးတော့ မြို့နယ်ကိုယ်စားပြုမှုပျောက်ဆုံးသွားလိမ့်မယ်။ ပြည်သူ့လွှတ်တော်မှာလည်း ခရိုင်တစ်၊ ခရိုင်နှစ် စသဖြင့် သတ်မှတ်ချင်လည်း သတ်မှတ်မှာပေါ့။ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော် အမှတ် (၁)၊ အမှတ်(၂) ဆိုပြီးသတ်မှတ်ချင်လည်း သတ်မှတ်မယ်။ ဒါမှမဟုတ် ခရိုင်နာမည်တွေနဲ့လည်း သတ်မှတ်ချင် သတ်မှတ်မှာပေါ့။ ဒါ့အပြင် ခရိုင်တစ်နဲ့ ခရိုင်နှစ်မှာလည်း ကိုယ်စားလှယ်ဦးရေက တူမယ်မထင်ဘူး။ တချို့ခရိုင် တွေက သုံးယောက်၊ တချို့က ငါးယောက်ပေါ့။ ဆိုတော့ အခုဆွေးနွေနေတဲ့နိုင်ငံရေးပါတီတွေက အဲဒီမှာပါတဲ့ လူဦးရေကို တတ်နိုင်သမျှညီညွတ်အောင်၊ အညီအမျှဖြစ်အောင် မဲဆန္ဒနယ်တွေခွဲတဲ့အခါမှာ စီစဉ်ပေးသင့် တယ်လို့တော့အကြံပြုထားတယ်။ ဘယ်လောက်ထိလုပ်နိုင်မလဲတော့ မသိသေးဘူး။ တစ်ဖက်ကလည်း အုပ်ချုပ် ရေးယူနစ်တွေ။ ရှိပြီးသားယူနစ်တွေကလည်းရှိနေတော့ အဲဒီမှာလူဦးရေကို ဟိုဘက်ကအုပ်စုက ဒီဘက်ကိုထည့်၊ ဒီဘက်က ဟိုဘက်ကိုသွားဆိုတာမျိုးလုပ်ရင် အုပ်ချုပ်ရေးနဲ့ လွှတ်တော်ရေးကိစ္စတွေနဲ့က ရောယှက်တာတွေဖြစ် လာနိုင်တယ်။ ဆိုတော့ ဒါတွေကိုတွက်ပြီးတော့ အတတ်နိုင်ဆုံးတော့ သူတို့ မျှတအောင်ခွဲမယ်လို့ မြင်ပါတယ်။

မေး ။ ။ အဲဒီမှာ ပထမမေးခွန်းလိုပဲပြန်ပြီး အနှစ်ချုပ်ပြောရရင် ခရိုင်တစ်ခုမှာ မြို့နယ်က သုံးခုရှိတယ်ဆိုပါစို့။ ပါတီတစ်ခုက ကိုယ်စားလှယ်သုံးယောက်လုံးထည့်ပြီး ပြိုင်ခိုင်းတယ်။ ဒါပေမယ့် သူနိုင်တာက တစ်ယောက်စာပဲ နိုင်တယ်ဆိုရင် အဲဒီသုံးယောက်ထဲက တစ်ယောက်ကို ဘယ်လိုရွေးထည့်မလဲ။
ဖြေ ။ ။ ခုနက ကျွန်တော်ပြောသလိုပေါ့။ Close List ဖြစ်တဲ့အတွက် ဦးစားပေးဇယားက မဲတွေ မရေတွက်ခင်၊ မရခင်ကတည်းက ကြိုပြီးသတ်မှတ်ပေးထားတယ်။ Close List ဆိုတဲ့အဓိပ္ပါယ်က မဲတွေ မရေတွက်ခင်၊ ရလဒ် မထွက်ခင်ကတည်းက ပါတီတွေက တစ်ယောက်ပဲရရင် နံပါတ်တစ်က ဘယ်သူ၊ နံပါတ်နှစ်က ဘယ်သူ၊ အဲဒီလို စီစဉ်ထားပေးမှာပေါ့။ အဲဒီတော့ သုံးယောက်မှာ သုံးယောက်လုံးပါရင် အကုန်ရသွားမယ်။ တစ်ယောက်ပဲရရင် ပထမတစ်ယောက်ပဲပါမယ်။ ဒါကြောင့် Close List လို့ခေါ်တာ။ Close List ဆိုတာမှာလည်း ဗဟိုကော်မတီက သတ်မှတ်မှာလား၊ ငါတို့စကားနားထောင်တဲ့ကောင်တွေပါမယ်။ မင်းတို့စကားမများကြနဲ့။ မင်းတို့ခရိုင်ကပါရင် ဒီလိုတန်းစီထားတယ်။ အဲဒီလိုမျိုး ဗဟိုကော်မတီက ဆုံးဖြတ်တာလား။ ဒါမှမဟုတ်ရင်လည်း ရွေးကောက်ပွဲ မတိုင်မီ ပါတီတွင်း အကြိုရွေးကောက်ပွဲလေးတွေ ရှိနိုင်တယ်။ တချို့ပါတီတွေက လုပ်ချင်လုပ်လိမ့်မယ်။ လွှတ်တော်က ဥပဒေမသတ်မှတ်ပေမယ့်လို့ တချို့ပါတီတွေက ငါတို့ပါတီတွေက ပြည်သူလူထုရဲ့သဘောထား ကိုလည်းလိုက်နာမယ်။ ဦးစားပေးမယ်ဆိုရင် အဲဒီပါတီတွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီမှာ ရွေးကောက် ပွဲလေးတွေလုပ်မှာ။ အဲဒီတော့မှ သူကတော့မဲအများဆုံးရတယ် နံပါတ်တစ်၊ သူကတော့ဒုတိယ ဆိုပြီးတော့ ပါတီ ဝင်တွေရဲ့ဆန္ဒမဲနဲ့ စဉ်ရင်စဉ်ပေးမှာ။ ဒါလည်း Close List လို့ ခေါ်တာပဲ။ ဒါပေမယ့်သူက ဒီမိုကရေစီ နည်းနည်း ပိုပေးတာပေါ့။ နောက် Open List ဆိုတာရှိတယ်။ သူကလည်း Party list PR ပဲ။ သို့သော် သူက Open List ဖြစ်တယ်။ ရွေးကောက်ပွဲမှာပေးလိုက်တဲ့ပြည်သူလူထုရဲ့ မဲနဲ့ စီတာပေါ့။ အဲဒါကျတော့ ကြိုပြီးမသတ်မှတ် ထားဘူး။ ရတဲ့မဲတွေအပေါ်မှာ မဲအများဆုံးရတဲ့လူက ထိပ်ဆုံးရောက်သွားပြီးတော့ အနည်းအများစီတာပေါ့။ အခု ကျွန်တော်တို့ကတော့ Close List သွားမယ်။ ပါတီကနေ Primary Election အနေနဲ့ရွေးမှာလား။ ဗဟိုက ရွေး မှာလားဆိုတာကတော့ မသိသေးဘူး။ ဒါက ဥပဒေမသတ်မှတ်ဘဲနဲ့ ကိုယ့်ပါတီရဲ့သဘောဆိုတာမျိုးလည်း ဖြစ် ကောင်းဖြစ်နိုင်တာပေါ့။

မေး ။ ။ အဲဒီတော့ အခုသွားမယ့် PR ကို တချို့ကပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူး။ တချို့က ညီ တယ်ဆိုပြီး ငြင်းနေကြတာရှိတယ်။ ကျွန်တော်ကတော့ ဖွဲ့စည်းပုံကို လက်တစ်လုံးခြားလုပ်တယ်လို့ပဲ မြင်တယ်။ ဥပဒေလည်းမကျော်အောင် လှလှပပလုပ်ထားတယ်လို့ မြင်တယ်။ ဦးရဲရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အခြေခံဥပဒေမှာတော့ ရေးထားတဲ့အသုံးအနှုန်းတွေ၊ ပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်တွေက FPTP အတွက်ကိုပဲရည်ရွယ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒါကတော့ ပြည်သူ့လွှတ်တော်အတွက်ကို ပြောတာ ပေါ့။ ပြည်သူ့လွှတ်တော်မှာဆိုရင် ကိုယ်စားလှယ်(၃၃ဝ) ထက်မပိုတဲ့ မြို့နယ်ပေါင်း(၃၃ဝ) ကနေ ပြီးတော့ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း ဆိုတဲ့ စကားလုံးအသုံးနှုန်းတွေ အရ တော့ တစ်မြို့နယ်တစ်ယောက်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်နေတယ်။ တကယ်လို့ မြို့နယ်တွေပိုလာတယ် ဆိုရင် တောင် အနီးစပ်ဆုံမြို့နယ်နဲ့ပေါင်းပြီးတော့ (၃၃ဝ) ထက်မကျော်အောင်ဆိုပြီး အဲဒီလိုသတ်မှတ်ပေးထားတာ ဆိုတော့ ဒီ(၃၃ဝ)ထဲကတော့ ကျော်လို့မရဘူး။ အဲဒါအပြင်မှာ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေမှာပြဋ္ဌာန်းပေးချက်တွေကလည်း နိုင်ငံရေးပါတီတွေကိုပေးရမယ်။ နိုင်ငံရေး ပါတီကိုမဲထည့်ရမယ်လို့ မပါဘူး။ ကိုယ်စားလှယ်တွေကပဲ နာမည်စာရင်းသွင်းပြီးတော့ သူတို့က ဘယ်လို အရည် အချင်းတွေနဲ့ကိုက်ညီရမယ်။ လွှတ်တော်တစ်နေရာအတွက် တစ်မဲပဲပေးရမယ်။ စသဖြင့်ပေါ့ အဲဒီဟာတွေက FPTP (မဲ အများဆုံးရသူအနိုင်ရဆိုတဲ့စနစ်) သို့မဟုတ် အချိုးကျကိုယ်စားပြုစနစ်(PR) ကိုကျင့်သုံးရမယ်လို့ ရေးထားတာမဟုတ်ဘဲနဲ့ မဲဆန္ဒနယ်ကြီးတွေကို ရွေးကောက်ပွဲကော်မရှင်က လိုအပ်သလိုဖွဲ့စည်းခွင့်ရှိတယ်ဆို တဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်တာပဲ။ ဟုတ်ပြီး ဒါဆိုရင် ဒီလိုလုပ်တဲ့ဟာက အခြေခံဥပဒေနဲ့ ညီသလား၊ မညီဘူးလားဆိုတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းထားတုန်းဆိုတော့ ပထမအကြိမ်လွှတ်တော်ကာလတုန်းက ဒါနဲ့ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော် ဒီကိစ္စတွေဆောင်ရွက်နေကြတဲ့အချိန် ဦးအောင်ကြည်ညွန့်နဲ့ ဒီလိုလုပ်နေတာတွေက အခြေခံဥပဒေနဲ့ညီ/မညီ ဆုံးဖြတ်ပေးပါဆိုတော့ အဲဒီတုန်းက ခုံရုံးက ဘယ်လိုဆုံးဖြတ်ပေးလဲဆိုတော့ အခု ဟာက ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းဖို့အတွက် ပြင်ဆင်နေတဲ့ကာလဖြစ်တယ်။ မူကြမ်းရေးနေတဲ့ကာလဖြစ် တယ်။ ရွေးကောက်ပွဲဥပဒေမူကြမ်းလည်း မထွက်သေးဘူး။ အဲဒီတော့ ကျွန်တော်တို့ခုံရုံးအနေနဲ့ကတော့ လွှတ်တော်ကပြဌာန်းလိုက်တဲ့ဥပဒေတွေကိုပဲ အခြေခံဥပဒေနဲ့ ညီ၊ မညီ စစ်ဆေးခွင့်ရှိတယ်။ ဒီလိုလွှတ်တော်ရဲ့ လုပ်ရပ်တွေ၊ လုပ်ဆောင်နေတာတွေ၊ ဆွေးနွေးနေတာတွေ ဒါတွေကို ကျွန်တော်တို့က အခြေခံဥပဒေနဲ့ ညီ၊ မညီ ဆုံးဖြတ်ခွင့်မရှိပါဘူးဆိုပြီးတော့ ပလပ်လိုက်တယ်။ ဒါက လွှတ်တော်က နောက်ဆုံးဆုံဖြတ်လိုက်တဲ့ ဆုံးဖြတ် ချက်လို့ပြောနိုင်တာပေါ့။ ဆိုတော့ အခုရွေးကောက်ပွဲကော်မရှင်က များများမပြောဘူး။ ဒါလေးပဲ ထုတ်ပြန် ကြေညာပြီးတော့ ကျုပ်တို့ကတော့ ရွေးကောက်ပွဲကော်မရှင်က လုပ်ပိုင်ခွင့်ရှိတဲ့ မဲဆန္ဒနယ်တွေကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းတာ ကျွန်တော်တို့လုပ်မယ်။ ရွေးကောက်ပွဲစနစ်ကိုလည်း ဒီလိုလုပ်မယ်။ ခင်ဗျားတို့ ခုံရုံးတင်ချင် တယ်။ တရားစွဲချင်တယ်ဆိုရင် နောက်လွှတ်တော်ပေါ်လာတော့မှ အဲဒီလွှတ်တော်ကနေ ဒီရွေးကောက်ပွဲဥပဒေ ဟာ အခြေခံဥပဒေနဲ့ ညီ၊ မညီ စွဲကြဆိုတဲ့အဓိပ္ပါယ်ပဲ။ ဆိုတော့ လွှတ်တော်လည်းမရှိသေးဘူး အခုချိန်မှာ။ လွှတ်တော်မရှိတော့ ခုံရုံးမှာ စွပ်စွဲပြစ်တင်စရာ နေရာလည်းမရှိသေးဘူး။ ခုံရုံးရှိလို့ ဒီအချိန်မှာ ခုံရုံးတင်ရင်လည်း လက်ခံမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုရင် ဥပဒေတောင်မထွက်သေးဘူးဆိုပြီးငြင်းမှာ။ ဆိုတော့ အဲဒီအနေ အထားမှာဖြစ်နေတယ်။ အဲဒီတော့ ညီတယ်၊ မညီဘူးဆိုတာကတော့ သဘာဝအတိုင်းပြောလို့ရပါတယ်။ မညီဘူး ပြောတဲ့လူလည်းရှိတယ်။ အခုဆွေးနွေးနေကြတဲ့နိုင်ငံရေးပါတီတွေကတော့ ညီတယ်လို့ပြောကြတာပေါ့။ ဒါက လည်း အခြေခံဥပဒေမှာ တိတိကျကျကြီး ပြဋ္ဌာန်းထားတာမဟုတ်တော့ ဒါကလည်း အငြင်းပွားစရာကိစ္စပေါ့။ ဒါက ကျွန်တော်တို့နိုင်ငံမှာတင် ကြုံရတာမဟုတ်ဘူး။ အမေရိကန်နိုင်ငံတို့မှာလည်း ဒီလိုဟာမျိုးတွေ အများကြီး ကြုံခဲ့တယ်။ နောက်ဆုံဆုံးဖြတ်ချက်ကဘာလဲဆိုရင် ခုံရုံးကဆုံးဖြတ်ချက်က အတည်ပေါ့ဗျာ။ သူတို့လည်း အဲဒီ လိုပါပဲ။ အဲဒါကိုပဲ လိုက်နာကြတာပါပဲ။

မေး ။ ။ PR နဲ့ပတ်သက်ရင် မညီဘူးပြောတဲ့လူလည်းရှိတယ်။ ညီတယ်လို့ပြောတဲ့သူလည်းရှိတယ်။ နောက်တစ်ခါ ညီတာ/မညီတာ အခြေအနေကြည့်ပြီးတော့ ဝင်သင့်/မဝင်သင့် စဉ်းစားနေတဲ့လူတွေလည်းရှိ တယ်။ ဆိုတော့ PR စနစ်ရဲ့ ဆိုးကျိုးဆိုးပြစ်၊ ကောင်းကျိုးကောင်းပြစ်တွေက ဘာတွေရှိလဲ။ ဒီနိုင်ငံနဲ့ရော PR က တကယ် ကိုက်မလားဆိုတာ ဦးရဲတစ်ယောက်တည်းရဲ့အမြင်ကရော ဘယ်လိုရှိမလဲ။
ဖြေ ။ ။ PR စနစ်နဲ့ပတ်သက်ပြီးတော့ ဘာကြောင့်ဒီဟာကိုစဉ်းစားလာတုန်း၊ နည်းနည်းပိုပြီးတော့ ရှုပ်ရှုပ်ထွေး ထွေးဖြစ်ပြီးတော့ နားလည်ရခက်တဲ့စနစ်ကို ဘာကြောင့်စဉ်းစားလာတာလဲဆိုတာကိုပြောမှ ကျွန်တော်တို့ ဒီဟာ ကိုနားလည်နိုင်လိမ့်မယ်။ FPTP စနစ်မှာ အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်တော်တို့က လူဘယ်နှစ်ယောက်ပဲ ပြိုင် ပြိုင်၊ နေရာက တစ်နေရာပဲ။ နေရာတစ်နေရာမှာ လူဘယ်နှစ်ယောက်ပြိုင်ပြိုင် မဲအများဆုံးရတဲ့သူ အနိုင်ရမှာပဲ။ အဲဒီတော့ ကိုယ့်ရဲ့ပြိုင်ဖက်က တစ်မဲပဲပိုများလည်း သူကဖြစ်သွားမှာပဲ။ နှစ်ယောက်ပြိုင်တဲ့အချိန်မှာ တစ်ယောက်က တစ်မဲပိုသာသွားပြီးတော့ သူဖြစ်သွားတယ်ဆိုရင် ကျန်တဲ့သူကိုထောက်ခံတဲ့မဲတွေက အလဟ သဖြစ်သွားတယ်ဆိုပြီးတော့ ယူဆတာမျိုး၊ သူတို့ကို ကိုယ်စားပြုခွင့်မရတာမျိုး စဉ်းစားလာကြတာရှိသလို၊ တစ်နေရာတည်းပြိုင်တဲ့အခါမှာ လူဆယ်ယောက်လောက်ကပြိုင်တဲ့အခါ အဲဒီအများဆုံးရသွားတဲ့လူက ဆယ် ရာခိုင်နှုန်းကျော်ပဲရတယ်။ ကျန်တဲ့လူတွေ စုစုပေါင်းက (၉ဝ) ရာခိုင်နှုန်းနီးပါး ရတယ်ဆိုရင် သူ့ကိုမထောက်ခံတဲ့ သူက (၉ဝ) ရာခိုင်နှုန်းနီးပါးရှိတယ်။ အဲဒီသဘောမျိုးပဲ ငါးယောက်ပြိုင်တဲ့အခါမှာ တစ်ယောက်က (၂၅) ရာခိုင် နှုန်းကျော်ကျော်နဲ့နိုင်သွားတယ်။ ကျန်တဲ့လေးယောက်က (၇၅) ရာခိုင်နှုန်းနီးပါးနဲ့ရှုံးသွားတယ်ဆိုရင် သူ့ကို မထောက်ခံတဲ့သူက အဲဒီမဲဆန္ဒနယ်မှာ (၇၅) ရာခိုင်နှုန်းလောက်ရှိတယ်။ ဆိုတော့ အဲဒီလိုဟာတွေဖြစ်တဲ့အပြင် လွှတ်တော်ထဲကိုရောက်သွားတဲ့အခါမှာလည်း ပြည်သူလူထုရဲ့မဲ (၅ဝ) ရာခိုင်နှုန်း (၆ဝ) ရာခိုင်နှုန်းနိုင်တဲ့ပါတီက လွှတ်တော်နေရာ (၇ဝ) ရာခိုင်နှုန်း (၈ဝ) ရာခိုင်နှုန်းလောက်အထိ နိုင်သွားတာမျိုး ခုနကပြောသလိုပေါ့။ အဲဒီလို ဖြစ်သွားတဲ့အခါမှာ အစိုးရဖွဲ့ခွင့်တို့၊ နိုင်ငံကိုဦးဆောင်မယ့် အစိုးရရဲ့ပေါ်လစီတွေ ရေးဆွဲတာ၊ ဥပဒေပြဌာန်း တာတွေမှာ တစ်ပါတီတည်းကနေပြီးတော့ ကြိုက်သလိုလုပ်သွားလို့ ရတာပေါ့။ အဲဒီအားနည်းချက်ကြောင့် FPTP က တကယ်မှန်ရဲ့လား။ ဒါဟာ ဒီမိုကရေစီကို တကယ်ကိုယ်စားပြုမှုဟုတ်ရဲ့လားလို့စဉ်းစားလာကြတာ ရှိတာ ပေါ့။ ဘာကောင်းလဲဆိုတော့ သူကအဲဒီလိုအစိုးရဖွဲ့နိုင်တဲ့အတွက် လွှတ်တော်ထဲမှာ အယုံအကြည်မရှိ အဆို တင်သွင်တာတို့၊ ပေါ်လစီတစ်ခုချမှတ်ဖို့အတွက် ခက်ခက်ခဲခဲညှိနှိုင်းရတာတို့၊ နိုင်ငံရေးပါတီတွေ အပေးအယူ လုပ်ရတာ အဲဒါမျိုးတွေတော့ ကင်းသွားတာပေါ့။ ကိုယ့်တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ် စိတ်ကြိုက်လုပ် သွားလို့ရတာပေါ့။ ခုနကအားနည်းချက်တွေကို စဉ်းစားလာတဲ့အခါမှာတော့ ဟုတ်ပြီး၊ ဒါဆိုရင်တော့ ကိုယ်စားလှယ်အများစုကို အချိုးကျကိုယ်စားပြုတဲ့စနစ်ကို ကျင့်သုံးရင်မကောင်းဘူးလားလို့ စဉ်းစားလာကြ တယ်။ အဲဒီစနစ်ကျတော့ ကိုယ်စားလှယ်တစ်ယောက်တည်းကိုရွေးလို့မရဘူး။ အဲဒီမဲဆန္ဒနယ်က အနည်းဆုံး တော့ ကိုယ်စားလှယ်နှစ်ယောက်တော့ ရှိရမယ်။ နှစ်ယောက်ရှိမှ ရတဲ့မဲကိုခွဲယူပြီးတော့ ကိုယ်စားပြုလို့ ရမှာဖြစ် တယ်။ အဲဒီဟာကတော့ ပေးလိုက်တဲ့မဲက အများစုမဟုတ်ပေမယ့် သတ်မှတ်ထားတဲ့မဲရရင် သူက လွှတ်တော် နေရာရနိုင်တယ်။ နောက်ပြီး လွှတ်တော်ထဲမှာ နေရာရလာပြီဆိုရင် ဘာပဲဖြစ်ဖြစ် အစိုးရ ဖွဲ့စည်းရေးကိစ္စတွေမှာ ပဲဖြစ်စေ၊ ဥပဒေပြဌာန်းရေးကိစ္စတွေမှာဖြစ်စေ ပြောရေးဆိုခွင့်ရှိပြီးတော့ တိုင်တိုင်ပင်ပင်နဲ့လုပ်ကိုင်နိုင်တဲ့ဘက်ကို ဦးတည်လာနိုင်တာပေါ့။ မကောင်းတဲ့အချက်ကတော့ အစိုးရတွေက မတည်ငြိမ်ဘူးပေါ့။ မကြာခဏ ပါလီမန် စနစ် ဖြစ်နေမှာဆိုရင် ညွန့်ပေါင်းအစိုရတွေ ဖွဲ့ရတဲ့အခါကျတော့ အယုံအကြည်မရှိ အဆိုတင်သွင်းခံရတာတို့၊ မကြာခဏ ဥပဒေတစ်ခုကိုမပြဌာန်းနိုင်တာတို့၊ မြန်မြန်ဆန်ဆန်မလုပ်နိုင်တာတို့ အဲဒါမျိုးတွေ အများကြီးကြုံရနိုင် တာပေါ့။ ဆိုတော့ ပြောချင်တာကတော့ အားကောင်းချက်ရှိသလို အားနည်းချက်လည်းရှိတယ်။ အကုန်လုံး ကောင်းတာတော့ မဟုတ်ဘူး။ အခြေခံကတော့ ဘာလဲဆိုတော့ ဒီလိုဥပဒေပြင်ခွင့်ရှိတဲ့သူတွေက အထူးသဖြင့် တော့ ရှုံးနိမ့်တဲ့နိုင်ငံရေးပါတီတွေက အောက်ရောက်နေတဲ့အခါမှာ သူကဒါကိုစဉ်းစားလာတာပေါ့။ တကယ်လို့ သူတို့အထက်ကရှိနေရင် ဒါကိုစဉ်းစားမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုရင် FPTP စနစ်နဲ့ တောက်လျှောက် အစိုးရ ဖြစ်နေရင် စဉ်းစားမှာမဟုတ်ဘူး။ အဲဒီတော့ သူတို့က ပြင်နိုင်ခွင့်အာဏာနဲ့ ပြင်နိုင်ခွင့်အခြေအနေလည်း ရှိလာတဲ့ အခါမှာ နောင်အနာဂါတ်မှာ ဒီစနစ်နဲ့ဆိုရင်တော့ ရှုံးမှာပဲဆိုတဲ့ခံစားချက် ဖြစ်လာတဲ့အခါမှာ ပြင်တာပေါ့ဗျာ။

မေး ။ ။ အဲဒီတော့ ဆိုလိုတာကတော့ အနိုင်ရနေတဲ့ပါတီတွေဟာ ဘယ်တော့မှ PR ကို စိတ်မဝင်စားဘူးပေါ့။
ဖြေ ။ ။ FPTP စနစ်နဲ့ အနိုင်ရနေတဲ့ပါတီတွေက ဘယ်တော့မှစိတ်မဝင်စားဘူး။ ပြီးခဲ့တဲ့ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေပါပြင်ပြီးတော့မှ လုပ်နိုင်တဲ့အခွင့်အခြေအနေ ရှိ ပေမယ့်မလုပ်ခဲ့တာက သူတို့ဆက်နိုင်လိမ့်မယ်ထင်လို့။ ဒီစနစ်က ရှုပ်လည်းရှုပ်ပါတယ်။ FPTP စနစ်ပဲ ကောင်းပါ တယ်။ လွှတ်တော်ရွေးကောက်ပွဲတွေ အခုမှစလုပ်တဲ့နိုင်ငံဆိုတော့ အဲဒါနဲ့ပဲကိုက်တယ်ဆိုပြီးတော့ပေါ့ဗျာ တကယ်က အဲဒီလောက်ထိ သူတို့ရှုံးလိမ့်မယ်လို့ မထင်တာပေါ့။ အခုတော့ လုပ်ဖြစ်သွားပြီပေါ့။

မေး ။ ။ အဲဒီတော့ တချို့တွေကထောက်ပြတဲ့အချက်တွေရှိကြတာပေါ့။ ဘာထောက်ပြလဲဆိုတော့ ဒါက စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပေါင်းပြီးတော့ အစိုးရဖွဲ့ချင်တဲ့အတွက် PR စနစ်ကိုရအောင် အခွင့်အခါရတုန်းမှာ တမင် အသက်သွင်းနေတာပေါ့။ ပြောချင်တာက စစ်တပ်နဲ့ပြည်ခိုင်ဖြိုး ကြီးစိုးအောင်လုပ်တဲ့စနစ်ကြီးဖြစ်အောင် လုပ် တာလို့ပြောကြတာရှိတယ်။ အဲဒီအချက်ကို ဦးရဲဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဲဒီအချက်ကတော့ PR စနစ်အကြောင်းကို သူ့ချည်းပဲသုံးသပ်တဲ့အခါ ခုနကကျွန်တော်တို့ပြောခဲ့တာ က အခြေခံအချက်တွေပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ တပ်မတော်က (၂၅) ရာခိုင်နှုန်းက အလို အလျောက်ပါပြီးသားဖြစ်တော့ ဒီလိုအခြေအနေမျိုးမှာ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းသောနေရာများကို PR စနစ်နဲ့ လုပ်မယ်ဆိုတော့ အလွယ်လေးသိနိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါကတော့ တပ်မတော်က ဘာပဲဖြစ်ဖြစ် လွှတ်တော်နိုင်ငံ ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍနောက် တောက်လျှောက်ပါတော့မှာပေါ့။ အစိုးရရွေးချယ်ဖို့အတွက် သမ္မတ ရွေးချယ်ရေးကိစ္စအပါအဝင် ဥပဒေတွေပြဋ္ဌာန်းတဲ့အခါမှာလည်း ကျွန်တော်တို့ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကာလတုန်းက ဥပဒေတစ်ခုပြဋ္ဌာန်းမယ်ဆိုရင် တပ်ရဲ့ထောက်ခံမှု၊ ထောက်ခံမှာလား ကန့်ကွက်မှာလားဆိုတာ သိပ်ပြီးဂရုစိုက်စရာမလိုဘူး။ ပထမအကြိမ်တုန်းကလည်း ပြည်ခိုင်ဖြိုးက ဒီဥပဒေပြဋ္ဌာန်းချင်တယ်ဆိုရင် သူတို့ အများစုသဘောတူရင် ဒါကဖြစ်သွားတာပဲ။ ဒုတိယအကြိမ်မှာလည်း ထိုနည်း၎င်းပေါ့။ တပ်မတော်က(၂၅) ရာခိုင်နှုန်းပါပေမယ့် သိပ်ပြီးတော့ သက်ရောက်မှုမရှိဘူး။ သူက အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာတော့ (၇၅) ရာခိုင်နှုန်းမကျော်ရင် မအောင်မြင်နိုင်တဲ့အတွက် အဲဒီအချိန်မှာပဲ တပ်က သက်ရောက်မှုရှိတယ်။ အခုကျတော့ မဟုတ်တော့ဘူး။ PR စနစ်အရဆိုရင် အနိုင်ရပါတီကလည်း အရင်လောက် လွှတ်တော်နေရာကိုနိုင်သွားမှာ မဟုတ်ဘူး။ အတိုက်အခံပါတီဆိုတာလည်း အရင်လောက်နည်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီပါတီတွေက တပ်နဲ့နီးစပ်တဲ့ပါတီဖြစ်ရင် တပ်နဲ့ပေါင်းပြီးတော့လည်း အစိုးရဖွဲ့တာတို့ ဥပဒေပြဋ္ဌာန်းတာတို့ကိစ္စတွေမှာ ဖြစ် လာနိုင်တာပေါ့။ အဲဒီတော့ အများကတွက်ဆနေသလို ကာကွယ်ရေးဦးစီးချုပ်က သမ္မတလုပ်ချင်ရင်လည်း လုပ်နိုင်တဲ့အခြေအနေက ပိုပြီးတော့ များလာတာပေါ့။

မေး ။ ။ အဲဒီတော့ ဒီအခင်းအကျင်းကိုဆိုကြပါစို့ တပ်မတော်က အစောကြီးကတည်းက (၂၅) ရာခိုင်နှုန်း အသာစီးယူထားပြီးသားဖြစ်တယ်။ ဦးရဲပြောသလို အစိုးရဖွဲ့ရေးမှာ တပ်ရဲ့အခန်းကဏ္ဍက အရေးပိုပြီးပါလာ သလိုဖြစ်လာတာတွေ့ရတယ်။ အဲဒါဆို တပ်က သူတို့ကိုအလေးထားစေချင်တာလား။ သူတို့က အသာစီးယူ ချင်တာလား။ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဒါကတော့ မကြာသေးခင်ကဖြစ်ခဲ့တဲ့သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်တော့ ပထမပိုင်းမှာရိုးရိုးပဲ။ PR စနစ်နဲ့ပတ်သက်ပြီး သိပ်သဘောမပေါက်ကြတာ။ ပထမဆုံး PR စနစ်နဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ စပြီးတော့ တင်တာက NDF ပါတီ၊ ပထမဆုံးတင်ဖို့ကြိုးစားတဲ့အခါမှာ အပယ်ခံရတာ။ ကျွန်တော်မှတ်မိသလောက်ကတော့ လွှတ်တော်ဥပဒေနဲ့မညီလို့ အပယ်ခံရတာ။ အဆိုတစ်ခုတင်မယ်ဆိုတဲ့အချိန်မှာ ဒီအဆိုကို လွှတ်တော်က လက်ခံ ဆွေးနွေးခြင်းမပြုခင်မှာ မီဒီယာတွေကို ထုတ်ပြန်ကြေညာခြင်း မပြုရဆိုတဲ့ ဥပဒေတစ်ခုရှိတယ်။ အဲဒါကို NDF က မီဒီယာကိုပြောလိုက်တယ်။ အဲဒါကြောင့် လွှတ်တော်နာယက က ပယ်လိုက်တာ။ ဒါပေမယ့် ကြားဖြတ် ရွေးကောက်ပွဲပြီးတဲ့အခါကျတော့ ပြည်ခိုင်ဖြိုးပါတီက စိတ်ဝင်စားလာတယ်။ ဘာလို့ဆို အဲဒီရွေးကောက်ပွဲမှာ သူတို့က အကြီးအကျယ်ရှုံးတာကိုဗျ။ NLD က ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်တဲ့ပါတီက လွှတ်တော်ထဲ ရောက်လာတဲ့အခါ သူတို့ထိတ်လန့်သွားတယ်။ ဒါဆိုရင်တော့ ၂ဝ၁၅ အခြေအနေ မကောင်းနိုင်တော့ဘူးလို့ပေါ့။ ဆိုတော့ အဲဒီမှာစဉ်းစာလာပြီး NDF ကိုယ်စားလှယ်ကိုပဲ ပြန်တင်ခိုင်းတာ။ အဲဒီလိုပြန်တင်ပြီး ဆွေးနွေးကြရင်းနဲ့ ကျွန်တော်တို့ အတွင်းပိုင်းသိရတဲ့သတင်းတွေအရတော့ လွှတ်တော်ကဆွေးနွေးဆုံးဖြတ်ခြင်းမပြုခင်မှာပဲ ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ ညှိနှိုင်းလိုက်ပြီးတဲ့အခါကျတော့ ဒီဟာကိုခုံရုံးကို စာပို့ပြီးတော့ မေးလိုက်တဲ့အခါမှာ ခုံရုံးကလည်း ဒါဟာအခြေခံဥပဒေနဲ့မညီပါဘူးဆိုပြီး အကြောင်းပြန်လိုက်တော့ အဲဒီမှာ နိတ္ထိတံသွားတယ်။ အဲဒီကာလမှာ ကျွန်တော်သတိထားလိုက်မိတာကလည်း သမ္မတဦးသိန်းစိန်ကလည်း FPTP စနစ်ကသာလျှင် ကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီတယ်။ ကျွန်တော်တို့ပြည်သူလူထုက မဲပေးတဲ့ဒီမိုကရေစီ အတွေ့အကြုံနည်းသေးတယ်။ ဒါကြောင့်မို့လို့ အဲဒီစနစ်ပဲလုပ်သင့်တယ်လို့ သူကပြောလိုက်တော့ တပ်ကလည်း အဲဒီအချိန်မှာ သမ္မတရဲ့သဘောထားကိုထောက်ခံဖို့ ကျွန်တော်တို့သိသလောက်တော့ ပထမအကြိမ်မှာ သမ္မတ ကို တပ်ကသိပ်ပြီးတော့ ဆန့်ကျင်လေ့မရှိဘူး။ ဆိုတော့ အဲဒီတုန်းက သူတို့ရဲ့သဘောထားကလည်း သိပ်ပြီး တော့ မပြောကြဘူး။ ကာကွယ်ရေးဦးစီးချုပ်ကလည်း မပြောဘူး။ အခု ၂ဝ၁၅၊ ၂ဝ၂ဝ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ပြီး တဲ့အခါကျတော့မှ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောလာတာပေါ့။ အဲဒီလိုစိတ်ဝင်စားလာတဲ့အချိန်မှာ ခုနက ခင်ဗျားပြောသလိုပေါ့ တွက်လိုက်တဲ့အခါကျတော့ တကယ်လို့သာ PR စနစ် ကျင့်သုံးလိုက်မယ်ဆိုရင် ငါတို့ တပ်ရဲ့အခန်းကဏ္ဍက လွှတ်တော်ထဲမှာ ကြီးမားလာမှ ပိုပြီးတော့ ပြောရေးဆိုခွင့်နေရာရလာမှာ။ နောက်ပြီးတော့ သမ္မတလည်း ဖြစ်နိုင်တာပဲဆိုတာကတော့ လူတိုင်းသိတဲ့ကိစ္စပေါ့ဗျာ။ ဒါကတော့ သမိုင်းကြောင်းလေးတွေနဲ့ ယှဉ်ပြီးပြောပြတာပေါ့။ ဆိုတော့ ဒါက လုပ်သင့်တယ်။ လုပ်ရင် တခြားနိုင်ငံရေးပါတီတွေလည်း သဘောကျမယ်။ ငါတို့တပ်လည်း သဘောတူမယ်ဆိုတဲ့ခံစားချက်ပေါ့။ အဲဒါနဲ့ ဘာပဲဖြစ်ဖြစ် ခုနကပြောတဲ့အခြေအနေတွေအရ သူကလည်း ဒါကိုဖြစ်အောင်ကြိုးစားတော့တာပေါ့ဗျာ။

မေး ။ ။ အဲဒါကို လူတွေမြင်တာက တပ်ကလုံးဝကို အသာစီးယူတယ်၊ အနိုင်ယူတယ် (သို့မဟုတ်) အနိုင်ကျင့် တယ်လို့မြင်ကြတယ်။ အဲဒါကို တပ်ကသူတို့ကို ပြီးခဲ့တဲ့ (၅) နှစ်ကျော် (၁ဝ) နှစ်အတွင်းမှာ တောက်လျောက် ဘေးဖယ်ခံထားရတာကိုပြန်ပြီးတော့ အသာစီးပြန်ယူတယ်လို့မြင်လား။ ပူးပေါင်းဆောင်ရွက်မှုလုပ်စေချင်တယ် လို့မြင်လား။ ဒါမှမဟုတ် တပ်က တမင်ကိုအခိုင်အမာခြေကုတ်ယူတယ်လို့မြင်မိလား။
ဖြေ ။ ။ အခြေခံအားဖြင့်တော့ သူတို့က ဒါကိုဖြစ်ချင်လို့ အစောကတည်းကပေါ့ဗျာ။ ၂ဝဝ၈ အခြေခံဥပဒေကြီး ကို စကတည်းက အဲဒီလိုကြီးထွက်လာရင်တော့ အဲဒီလိုစွပ်စွဲစရာဖြစ်မှာပေါ့နော်။ အခြေအနေက ဘယ်လိုတွေ မှန်းမသိဘဲနဲ့ တပ်က (၂၅) ရာခိုင်နှုန်းလည်း ယူထားတယ်။ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းအပေါ်မှာလည်း PR ဆိုပြီး တော့ ဘယ်ပါတီမှ Land slide မနိုင်အောင်လုပ်ထားတယ်ဆိုရင်တော့ အဲဒီလိုစွပ်စွဲစရာကြီးဖြစ်နေမှာပေါ့။ ဒါပေမယ့် အခုအနေအထားကတော့ ဒီဟာကိုလုပ်ချင်လို့ ဖျပ်ဖျပ်လူးနေတာက တပ်ကမဟုတ်ဘူး။ ဒါကိုလုပ်ချင် နေတာက အနိုင်မရတဲ့ပါတီတွေက လုပ်ချင်နေတာ။ ဆိုလိုတာက (၇၅) ရာခိုင်နှုန်းသောနေရာများကို PR စနစ်နဲ့ လုပ်တဲ့နေရာမှာ ခုနကပြောတဲ့မဲတွေကို၊ နေရာတွေကို အချိုးကျခွဲယူရမယ်ဆိုပေမယ့် အင်အားကောင်းတဲ့ ပါတီကြီးတစ်ခုပေါ်လာမှာလား (ဒါမှမဟုတ်) မျှပြီးတော့ ပေါ်လာမှာလားဆိုတာလည်း ကျွန်တော်တို့ မသိနိုင် သေးဘူး။ ဒါပေမယ့် NLD က လာမယ့်ရွေးကောက်ပွဲမှာ ပါမယ်ဆိုရင်လည်း လွှတ်တော်ထဲမှာရှိတဲ့နေရာတွေရဲ့ (၇ဝ) ရာခိုင်နှုန်းလောက်မရအောင်တော့ ဖြစ်သွားလိမ့်မယ့်။ ဖြစ်သွားတဲ့အခါ ဘာကိုမျှော်မှန်းနိုင်လဲဆိုတော့ တပ် က အတိုက်အခံပြည်ခိုင်ဖြိုးပါတီနဲ့ပူးပေါင်းပြီးတော့ တပ်က သမ္မတနေရာဝင်ယူတာတို့ သူတို့ကအစိုးရဖွဲ့တာတို့ အဲဒါမျိုးတွေလည်းဖြစ်လာနိုင်တာပေါ့။ ပြောချင်တာက တပ်ကနေပြီးဦးဆောင်ပြီးတော့ ရည်ရွယ်ချက်နဲ့လုပ် တယ်လို့ပြောဖို့ကတော့ ခက်တယ်။ ကျွန်တော်သိသလောက်ကတော့ ဒါကိုစိတ်ဝင်စားတာက ရှုံးနိမ့်တဲ့ ပါတီတွေ က စပြီးစိတ်ဝင်စားတာပဲ။ သူတို့ရဲ့တွန်းအား၊ သူတို့ရဲ့ဖိအားတွေ အများကြီးပါပါတယ်။

မေး ။ ။ အခု တချို့တွေ ကြောက်နေကြတာရှိတယ်။ PR စနစ်လာရင် ဘာသာခြားတွေ လွှတ်တော်ထဲ ရောက် လာပြီးတော့ လွှမ်းမိုးသွားမှာကိုစိုးရိမ်နေတဲ့လူတန်းစားတစ်စုက ပေါ်လာတာတွေ့ရတယ်။ အဲဒီတော့ ဒါကရော စိုးရိမ်စရာလား။ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဒါက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်မေးတာကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်ဖြေလိုက်တဲ့အခါမှာ အဖြေကလည်း နည်းနည်းလွဲနေတဲ့အခါကျတော့ စိုးရိမ်စိတ်တွေက ပြေလည်မသွားဘဲနဲ့ ပိုဆိုးလာတယ်လို့ ကျွန်တော်ထင်တယ်။ အမှန်က သူပြောတာက ဘာသာခြားတို့ ဘာတို့ဆိုတာက ကျွန်တော်တို့ အခြေခံဥပဒေမှာရော ရွေးကောက်ပွဲဥပဒေမှာရော ဘာသာနဲ့ကန့်သတ်မထားဘူးလေ။ ရွေးကောက်ပွဲဝင်နိုင်တဲ့ ကိုယ်စားလှယ်တစ်ယောက်ရဲ့အရည်အချင်းမှာ ဘယ်ဘာသာကိုးကွယ်ရမယ်လို့ကန့်သတ်ထားတာမရှိဘူး။ ဆို တော့ သူကအဲဒါကိုပြောချင်တာ။ အဲဒီတော့ ဘယ်ဘာသာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ကိုယ်စားလှယ် အရည် အချင်းပြည့်မှီရင် ကိုယ်စားလှယ်ဖြစ်နိုင်တယ်။ အဲဒါက FPTP စနစ်မှာလည်းဖြစ်နိုင်တာပါပဲ။ ကျွန်တော်တို့ပထမ အကြိမ်မှာတုန်းက မွတ်ဆလင်ဘာသာကိုးကွယ်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာသေးတာပဲ။ ဆို တော့ ဒါကဗိုလ်ချုပ်ဇော်မင်းထွန်းပြောချင်တဲ့သဘော။ ဒါကကန့်သတ်မထားဘူး။ ကန့်သတ်မထားတဲ့အတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်ရင် ရောက်လာမှာပဲဆိုတဲ့သဘော။ သို့သော် သူသေသေချာချာ မရှင်းပြတာက အဲဒီမှာကျွန်တော်တို့နိုင်ငံသားဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်မွေးတဲ့အချိန်မှာ မိဘနှစ်ပါးလုံးက နိုင်ငံသားဖြစ် ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေ အဲဒီဟာတွေက ပြင်မှမပြင်တာ။ မပြင်ဘူးဆိုတာက နောက်ရွေးကောက်ပွဲမှာ လည်း ဆက်ရှိနေမှာ။ ကျွန်တော်တို့ပထမအကြိမ်လွှတ်တော်ထဲမှာဆိုရင် အဲဒီဟာကို သေချာမစစ်ဘဲ လွှတ်တော် ထဲရောက်လာပြီးမှ ပြန်ပြုတ်သွားတဲ့သူတောင်ရှိတယ်။ အဲဒါ တခြားပါတီကမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးပါတီကပဲ။ ပြည်ခိုင်ဖြိုးပါတီကပဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီးတော့မှပဲ ပြန်ပြီးတော့စစ်လိုက်တဲ့အခါမှာ သူ့မိဘ နှစ်ပါးက သူ့ကိုမွေးတဲ့အချိန်မှာ နိုင်ငံသားမဖြစ်သေးလို့ ပြန်ပြုတ်သွားတာရှိတယ်။ နိုင်ငံသားဖြစ်နေတာတောင်မှ သတ်မှတ်ထားတဲ့အရည်အချင်းမပြည့်ရင် လွှတ်တော်ကိုယ်စားလှယ်မဖြစ်ဘူး။ သူကဒါကိုပြောတာ။ ကျွန်တော် တို့ နောက်တစ်ခုစိုးရိမ်တာရှိတယ်။ အစွန်းရောက်တွေ။ ဂျာမဏီမှာ ဟစ်တလာရဲ့နာဇီပါတီက အဲဒီလိုပဲ။ PR စနစ်နဲ့လွှတ်တော်ထဲရောက်လာပြီးမှ အာဏာရှင်စနစ်ကူးပြောင်းသွားတယ်ပေါ့ဗျာ။ အဲဒီဟာနဲ့ပတ်သက်ပြီး တော့လည်း စိုးရိမ်ကြတာရှိတယ်။ ဘာသာခြားတွေက အခြေခံဥပဒေမှာရော ရွေးကောက်ပွဲဥပဒေမှာပါ ဘာသာ တွေကို ဘယ်ဘာသာဝင်ဖြစ်ရမယ်လို့ သတ်မှတ်ထားတာမရှိဘူး။ မရှိတဲ့အတွက်ကြောင့် နိုင်ငံသားနဲ့ပတ်သက် တဲ့သတ်မှတ်ချက်ပြည့်မှီတယ်၊ ကိုက်ညီတယ်ဆိုရင် ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ဗျာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်။ နောက်တစ်ခုက တစ်ချို့စိုးရိမ်ကြတာရှိတယ်။ ဟစ်တလာ အာဏာရလာသလိုမျိုးပေါ့။ အစွန်း ရောက်တွေအာဏာရလာသလို လွှတ်တော်ထဲရောက်လာမှာ မဟုတ်ဘူးလားဆိုတာမျိုးပေါ့။ ကျွန်တော်တို့နိုင်ငံ မှာ ပါတီတစ်ခုတည်ထောင်တယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကနေ စိစစ်ပေးပြီး အဲဒီနိုင်ငံရေးပါတီရဲ့ သဘောထားတွေ၊ စစ်ဆေးမှုတွေအရ သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ၊ လမ်းစဉ်တွေက အစွန်းရောက် နေတယ်ဆိုရင် အဲဒီမှာတစ်ခါတည်း တည်ထောင်ခွင့်ကိုငြင်းပယ်လို့ရတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအတွင်းမှာ လည်း အစွန်းရောက်တဲ့စည်းရုံးမှုတွေ၊ ကိုးကွယ်ရာဘာသာကိုအသုံးပြုပြီး စည်းရုံးတာတွေ အဲဒါတွေကိုလည်း အရေးယူဖို့ပြဋ္ဌာန်းထားတာတွေရှိတယ်။ ဆိုတော့ အဲဒီဟာတွေကြောင့်မို့လို့ ကျွန်တော်ပြောချင်တဲ့သဘောက အစွန်းရောက်တွေ လွှတ်တော်ထဲရောက်လာဖို့ မလွယ်ပါဘူးလို့ ပြောချင်တာပါ။

မေး ။ ။ စိုးရိမ်တဲ့သူကလည်း အသည်းအသန်ဝိုင်းပြီး ဒါကိုစိုးရိမ်နေကြတာတွေ့ရတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးလိုက်ခြင်းအားဖြင့် အခွင့်အရေးက တချို့မရသေးတဲ့သူတွေဆီမှာ အခွင့် အရေးပိုရလာနိုင်တယ်လို့မြင်တာပေါ့။ အခြားတစ်ဖက်မှာလည်း တခြားရည်ရွယ်ချက်ရှိတယ်ဆိုပေမယ့်လည်း အခွင့်အရေးကို အမြဲတမ်းဆုံးရှုံးနေတဲ့နေရာဒေသတွေမှာ ပိုရလာနိုင်ခြေရှိတယ်လို့မြင်တယ်။ ဦးရဲရော အဲဒါကို ဘယ်လိုမြင်မိလဲ။ ဥပမာ- တိုင်းရင်းသားပါတီဒေသတွေမှာပေါ့။
ဖြေ ။ ။ မှန်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ PR စနစ်နဲ့ပတ်သက်လို့ စတင်ဆွေးနွေးလိုက်တဲ့အခါမှာ PR စနစ်ရဲ့ သဘောတရားက လူနည်းစုတိုင်းရင်းသားတွေ၊ လူနည်းစုအုပ်စုတွေအတွက် ကိုယ်စားပြုမှုလွှတ်တော်ထဲရောက် အောင် ကောင်းတဲ့စနစ်တစ်ခုတီထွင်ထားတာ။ ကောင်းစေတဲ့တီထွင်မှုပေါ့။ ဒါပေမယ့် ထူးထူးဆန်းဆန်း ကျွန်တော်တို့နိုင်ငံမှာ ဒီစနစ်ကိုဆန့်ကျင်တာက တိုင်းရင်းသားလူနည်းစုပါတီတွေဖြစ်နေတယ်။ ပထမအကြိမ်မှာ ကတည်းက ကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကျားဖြူပါတီက ဦးဆောင်ပြီးတော့ အဲဒီဟာကို ဆွေးနွေးတဲ့အချိန်မှာ လွှတ်တော်ကိုသပိတ်မှောက်ပြီး လွှတ်တော်မတက်ဘဲနေခဲ့တာ။ တချို့ကဒါကိုသဘောမပေါက်ဘူး။ ဘယ်လိုဖြစ် တာတုန်း၊ PR စနစ်ဆိုတာ လူနည်းစုတွေအတွက်ကောင်းတဲ့စနစ်၊ ဘာဖြစ်လို့မထောက်ခံတာလဲပေါ့။ အဲဒီ အချိန်မှာ ကျွန်တော်သုံးသပ်လိုက်တာက ဒီ PR စနစ်ဟာ အမြဲတမ်း FPTP စနစ်နဲ့ လုပ်တဲ့ရွေးကောက်ပွဲမှာ လူနည်းစုတွေအနေနဲ့ သူတို့ဖြစ်စေချင်တဲ့သူတို့ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်တော့မှာ လွှတ်တော်ထဲမရောက်နိုင်တဲ့အခြေအနေမျိုးကို ကုစားတဲ့စနစ်ဆိုတာ သူတို့ပြောတဲ့အခြေအနေဆိုတာက ဒေသ ကြီးတစ်ခုတည်းမှာ အတူရောနေတဲ့လူနည်းစုကိုပြောတာ။ ဥပမာ- ရှမ်း၊ ကရင်တို့က ရန်ကုန်ဆိုတဲ့မြို့ကြီးမှာ လာ ပြီးတော့ စုနေကြတယ်။ စုနေကြတော့ ရှမ်းတွေ၊ ကရင်တွေက လူနည်းစုဖြစ်နေတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ရွေးလိုက်တဲ့ကိုယ်စားလှယ်တိုင်းက ဗမာကြိုက်တဲ့ကိုယ်စားလှယ်ပဲ အမြဲတမ်းလွှတ်တော်ထဲမှာ ရောက်မှာ။ ကျွန်တော်တို့ မဲကနည်းတာကိုဗျ။ အဲဒီလိုအခြေအနေမှာ ခင်ဗျားတို့ပေးလိုက်တဲ့မဲကလည်း သတ်မှတ်အရေအတွက်ပြည့်ရင် လွှတ်တော်ထဲကိုရောက်နိုင်ပါတယ်ဆိုတဲ့စနစ်ကိုတီထွင်ဖို့အတွက် ကျွန်တော် တို့က မဲဆန္ဒနယ်ကြီးကိုချဲ့ပြီးတော့ အချိုးကျကိုယ်စားပြုစနစ်ကိုပေးတာ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့အခြေ အနေက အဲဒီလိုလူမျိုးတွေအတွက် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဆိုပြီးတော့ အဲဒီအခွင့်အရေးကိုပေးထားတယ်။ ဒါက အဲဒီရန်ကုန်လိုမျိုး ဗမာတွေအများစုနေတဲ့နေရာ တွေမှာ လူနည်းစုတွေ အခွင့်အရေးမဆုံးရှုံးအောင်လို့ပေါ့။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တော့ မရောက်နိုင်ဘူး။ ဒါပေမယ့် ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်မှာ သူတို့က ဝန်ကြီးအဖြစ်နဲ့တိုက်ရိုက် ရောက်သွားနိုင်တဲ့အခွင့်အရေးပေးထားတယ်။ ဒါကတစ်ချက်။ နောက်တစ်ချက်က ကျွန်တော်တို့ပြည်နယ်တွေ မှာဆိုရင်လည်း ခုနကလူနည်းစုတွေက သူ့နေရာနဲ့ သူ့နေရာနဲ့ အစုလိုက်၊ အစုလိုက် မြို့နယ်တစ်မြို့နယ် အလိုက်မှာ majority၊ ဥပမာ- သီပေါမှာဆို ရှမ်းလူဦးရေက (၈ဝ) ရာခိုင်နှုန်းလောက်ရှိတယ်။ ရှမ်းပါတီပဲနိုင်မှာ၊ ဗမာပါတီတိုးလို့မရဘူး။ အဲဒီတော့ နန့်စန်းမှာဆို ပလောင်လူမျိုးတွေအများစုနေတာ။ သူတို့က လူများစု။ သူတို့ပဲ သေချာပေါက်နိုင်မှာ။ ကိုးကန့်၊ အင်းသား စတဲ့ မြို့နယ်တိုင်းမြို့နယ်အလိုက်မှာ သူတို့က သေချာပေါက်နိုင်မှာ ဖြစ်တယ်။ ဒီစနစ်နဲ့ဆို အဲဒီနေရာတွေကိုလွှဲပေးရမှာဖြစ်တော့ မကြိုက်ဘူးပေါ့ဗျာ။ ဒါကျွန်တော်တို့ ကျားဖြူပါတီ ကိုယ်တိုင်က အဲဒီတုန်းက ဒါကိုဆန့်ကျင်ခဲ့တယ်ပေါ့။ ဒါပေမယ့် ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲတွေမှာ ကျားဖြူ ပါတီလည်း ရှုံးတယ်။ ကျားခေါင်းပါတီ (SNLD) ကပဲနိုင်တယ်။ အဲဒီတော့ ခုနက ကိုကျော်မျိုးမင်းကို ကျွန်တော် ပြောခဲ့သလိုပေါ့ ရှုံးတဲ့အခါကျတော့ စိတ်ဝင်စားလာတာပေါ့။ ရှမ်းအချင်းချင်း တူတာတောင်မှ ငါတို့မဲတွေမရဘူး။ သို့သော် မဲတော့ တချို့ရတယ်။ ရတဲ့မဲလေးတွေက အချိုးကျနေရာများ ရနိုင်မလား။ ခုနကပြောတဲ့ PR စနစ်က အဖြေဖြစ်လာမလား စိတ်ဝင်စားလာတာပေါ့။ အဲဒါလည်း ထူးခြားချက်တစ်ခုပေါ့။

မေး ။ ။ FPTP ပဲ သွားသွား၊ PR ပဲ သွားသွား မည်သည့် နည်းစနစ်ကိုပဲသွားသွား အများဆုံးအသာစီးရနေတဲ့ ပါတီတိုင်းဟာ သူ့ကိုအရေးနိမ့်နိုင်တယ်လို့ထင်ရတဲ့အခြားစနစ်ကို ကြိုက်မယ့်ပုံမပေါ်ဘူးပေါ့နော်။ အဲဒါက လူနဲ့ပဲ ဆိုင်တယ်လို့ပြောလို့ရမလား။ သို့မဟုတ် သူတို့ရဲ့အစုအဖွဲ့အပေါ်မူတည်ပြီး စဉ်းစားတယ်လို့ပြောလို့ရမလား။
ဖြေ ။ ။ ဒီလိုတော့ရှိတာပေါ့။ နိုင်ငံရေးသမားဆိုတာ များသောအားဖြင့် ကိုယ့်ပါတီအကျိုး၊ ကိုယ်အာဏာရဖို့ ဆို တာက အဓိကပေါ့။ State man ဆိုတဲ့ နိုင်ငံပြုပုဂ္ဂလိကတွေကတော့ သူက ကိုယ်မရှိခဲ့ရင်လည်း နောင်မှာ ပိုပြီး တော့ နိုင်ငံကို ဒီမိုကရေစီစနစ်ရဲ့ကောင်းကျိုးတွေကိုခံစားစေချင်တဲ့၊ ပိုမျှတစေချင်တဲ့စနစ်ကိုစဉ်းစားတဲ့ ပုဂ္ဂိုလ်မျိုးဆိုရင်တော့ သူကတော့ ပါတီအကျိုးထက်ကျော်ပြီးတော့ စဉ်းစားတာပေါ့။ အဲဒီလိုစဉ်းစာတဲ့ပုဂ္ဂိုလ်မျိုး ကတော့ ဒီစနစ်က ဘယ်လိုပဲဖြစ်ဖြစ် မျှတတဲ့ကိုယ်စားပြုမှုကိုရတာပါပဲလား။ မဲတွေက သူတို့ပေးလိုက်တဲ့ ကိုယ်စားလှယ်မနိုင်ဘူးဆိုရင် အလဟသဖြစ်မသွားဘဲနဲ့ သူတို့ကိုကိုယ်စားပြုတဲ့လူ လွှတ်တော်ထဲကို ရောက်နိုင် တာပဲဆိုပြီးတော့ အဲဒီလိုမျှတတဲ့စိတ်ထားရှိတဲ့ နိုင်ငံရေးသုခမိန်လို့ခေါ်တာပေါ့ဗျာ။ State man တွေကတော့ လက်ခံနိုင်တယ်။ အဲဒီတော့ ခုနက ကိုယ့်ပါတီအကျိုး၊ ကိုယ့်ပါတီအနိုင်ရဖို့ပဲ အဓိကစဉ်းစားတဲ့သူကတော့ တောက်လျှောက်နိုင်နေနိုင်တယ်ဆိုရင် FPTP ကိုပဲ ဆက်ပြီးကျင့်သုံးချင်မှာပဲ။ ရှင်းလည်းရှင်းတယ်။ လွယ်လည်း လွယ်တယ်။ အမြဲတမ်းလည်း သူက ပြည်သူထောက်ခံမှု (၅ဝ) ရာခိုင်နှုန်းလောက်နဲ့ လွှတ်တော် ကိုယ်စားလှယ် က (၇ဝ) ရာခိုင်နှုန်း (၈ဝ) ရာခိုင်နှုန်းလောက်ရမှာဆိုတော့ ဘယ်သူမကြိုက်ဘဲနေမှာလဲ။ ရှုံးသွားတဲ့လူကတော့ (၃ဝ) ရာခိုင်နှုန်းလောက်ရတာတောင် (၁ဝ) ရာခိုင်နှုန်းမရဘူးဆိုတော့နစ်နာတယ်လို့ထင်တာပေါ့။ ခုနက ကိုကျော်မျိုးမင်းပြောသလို လူပုဂ္ဂိုလ်နဲ့လည်းဆိုင်တော့ဆိုင်တာပေါ့။ ဒါပေမယ့် ယေဘုလျအားဖြင့်တော့ အနိုင်ရ တဲ့ပါတီတွေက PR စနစ်ကို သိပ်မလုပ်ချင်ကြဘူးပေါ့။

မေး ။ ။ အဲဒီတော့ PR စနစ်ရဲ့လက်ရှိသွားနေတဲ့ Trend က တိုင်းရင်းသားတွေအတွက် တကယ်ရော အခွင့် အရေးရနိုင်ခြေရှိသလား။ တချို့ကပြောတာတော့ PR စနစ်နဲ့အတူခွဲပြီးတော့ တိုင်းရင်းသားတွေကို PR စနစ်ရဲ့ အောက်ကနေတဆင့် အုပ်ချုပ်ရေးစနစ်အဆင့်ဆင့်မှာ အစိုးရဖြစ်လာတဲ့အဖွဲ့အစည်းတွေက PR စနစ်နဲ့ဆင့်ပွား ပြီးတော့ အခြားသောအုပ်ချုပ်ရေးစနစ်တွေကိုဆင့်ပွားပြီးတော့ မျှခြေလိုက်ပေးတာမျိုး၊ ဥပမာ-ပြည်နယ်တွေမှ သူ့ပြည်နယ်ကို သူ့ဝန်ကြီးချုပ်ရအောင်ပေးလိုက်တာမျိုးအခွင့်အရေးတွေကို ဥပဒေဘောင်နဲ့အညီ လှလှပပလေး ပေးလိုက်တာမျိုးတွေ ခွဲကစားလိုက်တာပေါ့။ အုပ်ချုပ်ရေးအာဏာကို လှလှပပခွဲဝေကျင့်သုံးတာမျိုးတွေ သွားဖို့ အလားအလာရှိတယ်ဆိုတာမျိုး သုံးသပ်တာတွေ တွေ့ရတယ်။ ဦးရဲရော အဲဒါကို ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဲဒါတော့ တိုက်ရိုက်ကြီးတော့ PR စနစ်ကျင့်သုံးတဲ့အတွက်ကြောင့် သက်ဆိုင်ရာပြည်နယ်တွေမှာ သူ့လူမျိုး၊ သူ့ပြည်သူလူထု မဲနဲ့တက်လာတဲ့ကိုယ်စားလှယ်တွေက အစိုးရဖြစ်ခွင့်ဆိုတာက တိုက်ရိုက်ကြီးတော့ မသက်ဆိုင်ဘူးပေါ့။ အခု PR စနစ်ကျင့်သုံးမယ့်နေရာတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုမှာပဲရှိတာဖြစ်တယ်။ ဆိုတော့ ခုနကဟာက ဘာနဲ့သွားဆိုင်လဲဆိုရင် ပုဒ်မ (၂၆၁) ထင်တယ်။ အဲဒီ ဟာက ကာကွယ်ရေးဦးစီးချုပ်က မကြာသေးခင်ကပြောလိုက်တာ သတိထားမိတယ်။ အဲဒါတွေကိုလည်း သူက ပြင်ချင်တဲ့ဆန္ဒရှိတယ်။ အခြေခံဥပဒေမှာက သမ္မတက Nominate လုပ်ရမယ်ဆိုတာမျိုး သတ်မှတ်ထားပေမယ့် အခြေခံဥပဒေကိုမပြင်ဘဲနဲ့လုပ်ချင်တယ်ဆိုရင် သမ္မတဖြစ်တဲ့သူက သူတို့လွှတ်တော်ကို တရားဝင် မဟုတ်ဘဲနဲ့ ညှိလိုက်လို့ရတယ်။ ညှိလိုက်ပြီးတော့ လွှတ်တော်ရဲ့သဘောထားနဲ့ လွှတ်တော်က တင်လိုက်တဲ့သူကိုအတည်ပြု လိုက်မယ်ဆိုတာမျိုးလုပ်လိုက်မယ်ဆိုရင်ရတယ်။ ဆိုတော့ အခုကာကွယ်ရေးဦးစီးချုပ်ကတော့ အခြေခံဥပဒေကို ပြင်ပေးမယ်လို့ဆိုလိုတာလား၊ ဒါမှမဟုတ်ရင်လည်း အဲဒီလိုဖြစ်စေချင်တယ်လို့ဆိုလိုတာလား ဆိုတာတော့ မပြောတတ်ဘူး။ သူက အဲဒီသဘောထားရှိတယ်။ အဲဒါက ခုနက ကျွန်တော်ပြောချင်တဲ့အဓိပ္ပါယ်က အခြေခံ ဥပဒေနဲ့ဆိုင်တယ်။ ဆိုတော့ PR စနစ်ကျင့်သုံးရင် တိုင်းရင်းသားတွေအတွက် အခြေအနေအခွင့်အလမ်း ပိုကောင်းလာဖို့အတွက်ကတော့ ဗမာလူမျိုးအများစုနေတဲ့ဒေသတွေမှာပဲ တိုင်းရင်းသာပါတီတွေက ပြိုင်ဖို့လို တယ်။ ဥပမာ- ရှမ်းပါတီတစ်ခုက ရှမ်းပြည်နယ်မှာတင်မဟုတ်ဘဲနဲ့ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ပြိုင်မယ်ဆိုရင် သူကသတ်မှတ်ထားတဲ့အနိမ့်ဆုံးရမှတ်ကိုရရင် အဲဒီမန္တလေးတိုင်းကလည်း ရှမ်းပါတီက ကိုယ်စား လှယ်တက်နိုင်တာပဲ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုပေါ့။ ဒါတွေကတော့ တိုင်းရင်းသားတွေ အတွက် ကောင်းတဲ့အချက်တွေပေါ့။ မကောင်းတဲ့အချက်တွေကကျတော့ သူတို့က နဂိုမြို့နယ်တစ်ခုကို လုံးဝ အနိုင်ရနေတဲ့နေရာမျိုးတွေမှာကျတော့ အဲဒီကမဲတွေကိုခွဲပြီးတော့ နေရာပေးရမလိုဖြစ်နေတယ်။ ဖြစ်လာတဲ့ အတွက်ကြောင့် လက်တွေ့မှာ ခရိုင်လိုက် မဲဆန္ဒနယ်ကြီးတစ်ခုသတ်မှတ်တဲ့အခါမှာ ဘယ်လိုတွေဖြစ်လာမလဲ ဆိုတာကတော့ ကျွန်တော်တို့သေသေချာချာ အရင်မဲပေးပွဲတွေက ရတဲ့စာရင်းအချက်အလက်တွေကို ဇယားနဲ့ တွက်ချက်ပြီးမှ သိမှာဖြစ်တယ်။ ကျွန်တော်လည်း လက်တမ်းကြီးတော့မပြောနိုင်ဘူး။ PR စနစ်က ပိုကောင်း သွားမှာလား ဒါမှမဟုတ် တိုင်းရင်းသားပါတီတွေအတွက် ပိုဆိုးသွားမှာလားဆိုတာ ပြောလို့မရသေးဘူးပေါ့။

မေး ။ ။ သဘောကတော့ လက်တွေ့ကျင့်သုံးတဲ့အခါကျရင်တော့ နည်းနည်း တီးမိခေါက်မိ ရှိသွားမယ့် သဘောပေါ့။
ဖြေ ။ ။ အင်း။ တီးမိခေါက်မိရှိသွားမယ်။ ဒါပေမယ့် နည်းနည်းပိုပြီးမှန်းလို့ရမှာက အရင်တုန်းက ရှုံးတဲ့ပါတီတွေ က သူတို့က မဲရတယ်ဗျာ။ နေရာသာမရတာ။ ဆိုတော့ သူတို့ရတဲ့ အဲဒီမဲအရေအတွက်နဲ့ သူက အချိုးကျနေရာ ရမှာဆိုတော့ ဟိုအရင်က နိုင်ပြီးတော့ နေရာတွေရတဲ့ပါတီတွေဘက်က ကြည့်မယ်ဆိုရင်တော့ သူတို့ကဆုံးရှုံး သွားမှာပဲ။ ဒီဘက်ကနိုင်ရင် ဟုတ်ဘက်ကရှုံးသွားမှာသေချာတယ်လေ။ ဆိုလိုတာက ရှမ်းနှစ်ပါတီကိုပြောမယ် ဆိုရင်အခု ကျားခေါင်းက PR စနစ်ကျင့်သုံးလိုက်တဲ့အတွက် အရင်ရတဲ့နေရာထက်လျော့ကောင်းလျော့သွား နိုင်တယ်။ အဲဒီနေရာတွေမှာ ကျားဖြူပါတီက နေရာတချို့ရလာတာမျိုးဖြစ်လာနိုင်တယ်။ ဒီလိုဆိုရင် ကျားဖြူ ပါတီက PR စနစ်ကောင်းတယ်လို့ပြောမှာပေါ့။ ကျားခေါင်းကတော့ မကောင်းဘူးပြောမှာပေါ့။ ပြည်ခိုင်ဖြိုးက ပြော မယ်ဆိုရင်လည်း သူကအရင်တုန်းက နည်းနည်းပဲရတာဖြစ်တဲ့အတွက် PR စနစ်ကောင်းတယ်လို့ပြောမှာပဲ။ ဆိုတော့ ထွက်လာမယ့်ရလဒ်တွေအပေါ်မှာ ကျွန်တော်တို့တွေကြည့်ရမှာပေါ့။ ကြည့်ပြီးမှပြောလို့ရမှာပေါ့။ ဒါကြောင့်လည်းထင်ပါတယ် ကျားခေါင်းပါတီ (SNLD) က ခုထက်ထိ PR စနစ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကိုပွင့်ပွင့်လင်းလင်းတော့မပြောသေးဘူး။ ဆိုလိုတာက လာမယ့်ရွေးကောက်ပွဲမှာ ဝင်မလား၊ မဝင် ဘူးလားဆိုတာ မပြောသေးဘူးပေါ့။

မေး ။ ။ တချို့ကထောက်ပြနေကြတာက မတရားဘူးပေါ့။ ရှုံးတဲ့ပါတီတွေစုပြီးတော့ သက်သက်ကို အခွင့် အရေးရတုန်းမှာ ဒါကိုလုပ်တယ်လို့မြင်ကြတယ်။ နောက်တစ်ခုက ရှုံးတာကိုရှုံးတယ်လို့မမြင်ဘဲနဲ့ Moderation နဲ့ အောင်ချင်ကြတဲ့သူတွေလို့ပြောကြတာရှိတယ်။ အဲဒီလိုပြောလာတဲ့စကားတွေက တကယ်ပဲ သူတို့ပြောတဲ့ အတိုင်း ဖြစ်နိုင်လားပေါ့။
ဖြေ ။ ။ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲရဲ့သဘောသဘာဝ၊ ပြည်သူလူထုကိုကိုယ်စားပြုမှု အဲဒီဟာတွေ ဘက်ကကြည်ရင် PR စနစ်က မကောင်းဘူး၊ မတရားဘူးလို့ပြောဖို့ကတော့ ခက်တာပေါ့။ ကျွန်တော်တော့ အဲဒီ လိုမပြောချင်ဘူး။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေအရ (၂၅) ရာခိုင်နှုန်း တပ်ကနေရာယူထားတဲ့ အဲဒီအနေ အထားကနေကြည့်ပြောရင်တော့ မတရားဘူးပေါ့။ (၂၅) ရာခိုင်နှုန်းလည်း ရနေတယ်။ ထပ်ပြီးတော့ ပြည်သူ လူထုရွေးကောက်တင်မြှောက်ရမယ့်နေရာတွေကိုလည်း ထပ်ပြီး PR စနစ်နဲ့ လုပ်ခိုင်းလိုက်တယ်ဆိုတဲ့နေရာမှာ သူတို့အတွက်က နိုင်ငံရေးအရပိုပြီးအခွင့်အရေး ရသွားစေတာပေါ့။ အဲဒီဘက်ကကြည့်ပြောရင်တော့ မတရား ဘူးလို့ပြောလို့ရတာပေါ့။ သို့သော် PR စနစ် ကျင့်သုံးတဲ့အပေါ်မှာချည်းပဲပြောရင်တော့ မတရားဘူးလို့ ပြောလို့ မရဘူး။ ဒါက ရေရှည်မှာ နိုင်ငံအတွက် မျှတတဲ့စနစ်လို့ပြောနိုင်ပါတယ်။

မေး ။ ။ ဦးရဲအနေနဲ့ဆိုရင်ရော ကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဝင်ရောက်ယှဉ် ပြိုင်မယ့်သူအနေနဲ့ PR စနစ်ကို ကြိုက်လား၊ မကြိုက်ဘူးလား။
ဖြေ ။ ။ ကျွန်တော်တော့ ပုဂ္ဂိုလ်ရေးအရပြောမယ်ဆိုရင်တော့ ရွေးကောက်ပွဲမဝင်တော့ပါဘူး။ ဒါပေမယ့် ဒီစနစ် ကျင့်သုံးမယ်ဆိုရင် ပုဂ္ဂလိကတွေအနေနဲ့ ပိုပြီးတော့အခွင့်အရေးရလာမယ်။ ပုဂ္ဂလိကတစ်ယောက်က တော်တယ်၊ နာမည်ကျော်တယ်၊ ပြည်သူလူထုအတွင်းမှာ ပေါ်ပြူလာဖြစ်တယ်ဆိုရင် သူက ပါတီတစ်ခုနဲ့တန်းတူ အခွင့်အရေးရမှာ။ အရင်စနစ်နဲ့မတူဘူး။ သူတစ်ယောက်တည်းနဲ့ကို သုံးနေရာရှိတဲ့ မဲဆန္ဒနယ်ကြီးထဲမှာ ပြိုင်မယ် ဆိုရင် တခြားသူတွေက ပုဂ္ဂလိကနာမည် မဲထည့်တဲ့နေရာမှာ ထည့်ခွင့်မရှိဘူး။ သူကထည့်ခွင့်ရှိတယ်။ ဥပမာ- ဒေါ်ညိုညိုသင်းဆိုရင် သူ့က ပါတီတွေနေရာနဲ့ယှဉ်ပြီးတော့ကို မဲပေးခံရမှာ။ အဲဒီတော့ ဘယ်ပါတီမှမကြိုက်ဘူး၊ ငါတော့ ပုဂ္ဂလိကပေးမယ်ဆိုတဲ့လူတွေက အဲဒီမှာအခွင့်ကောင်းပဲ။ အဲဒီတော့ ဒီပုဂ္ဂလိကတွေက FPTP ထက် ပိုပြီးတော့ သူတို့က ပြောနိုင်ဆိုနိုင်၊ လုပ်နိုင်ကိုင်နိုင်၊ မဲပိုရလာ၊ ပိုကောင်းလာမယ်လို့ မြင်ပါတယ်။ နိုင်ငံရေးပါတီ အနေနဲ့ကြည့်မယ်ဆိုရင်တော့ ပါတီထဲမှာ ပြောနိုင်ဆိုနိုင်၊ နည်းနည်းအရည်အချင်းရှိတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေက ပါတီနဲ့သိပ်ပြီးမတည့်ရင် သူတို့ကနေရာမရနိုင်တဲ့အတွက် သိပ်ပြီးကြိုက်လှမယ်မထင်ဘူး။ အခု ကတည်းကကြားနေရတာက ကိုယ့်ဘာသာကိုယ် ပြောနိုင်ဆိုနိုင်တဲ့လူတွေက ပါတီတွေကလည်း များသောအား ဖြင့် အဲဒီလိုလူတွေကိုသိပ်မကြိုက်ကြဘူး။ NLD အပါအဝင်ပေါ့ဗျာ။ တော်တော်များများ နိုင်ငံရေးပါတီတွေ ကတော့ ငြိမ်ငြိမ်သက်သက်နေပြီးတော့ ခိုင်းတဲ့အတိုင်း အလုပ်လုပ်တဲ့လူကိုပိုကြိက်တာပေါ့။ အဲဒီလိုလူမျိုးတွေ က ပါတီကစီထားတဲ့ List မှာ ထိပ်ကမရောက်နိုင်ဘူး။ ဒါကလည်း နိုင်ငံရေးပါတီတွေနဲ့ဆိုင်တာပေါ့။ တချို့ပါတီ တွေကတော့ လူတော်တွေကိုအားပေးတယ်။ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုလေးစားတယ်ဆိုရင် သူတို့က မဲဆန္ဒနယ်အတွင်းမှာ Primary အရင်ဆုံး ကျင်းပပေးလိုက်ပြီးတော့မှ မဲအများဆုံးရတဲ့သူကို အစဉ် လိုက်နံပါတ်စဉ်တပ်ပြီးတော့မှ ဒါက ကျွန်တော်တို့ဆုံးဖြတ်တာမဟုတ်ဘူး။ အောက်ကဆုံးဖြတ်ထားတဲ့ အတိုင်းပဲ။ အဲဒီတော့ ကျွန်တော်တို့ပါတီက အချိုးကျတစ်နေရာပဲရရင် ထိပ်ဆုံးကလူပဲဖြစ်မှာ။ ဒါမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တစ်ဦးချင်းအနေနဲ့ကတော့ ရွေးကောက်ပွဲမဝင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘေးက လေ့လာသုံသပ်သူအနေနဲ့ပဲ ပြောတာကောင်းပါတယ်။

မေး ။ ။ အခုက PR စနစ်ကို မဖြစ်မနေကျင့်သုံးမှာလို့ပြောလို့ရနေပြီပေါ့ဗျာ။ အဲဒီတော့ ကျင့်သုံးဖို့ ဆုံးဖြတ်လိုက် ခြင်းအားဖြင့် နိုင်ငံရေးပါတီတွေရဲ့ကြားထဲမှာ တစ်ခါတည်းစနစ်တစ်ခုကိုထိုးထည့်လိုက်ပြီးတော့ ပြောချင်တာက နိုင်ငံရေးအရှုပ်အထွေးပြဿနာတွေထိမပါနဲ့ မင်းတို့ပါတီအချင်းချင်းမှာတင် အရင်ဆုံးရှင်းကြဦးဆိုတဲ့ နိုင်ငံရေး စနစ်တစ်ခုကို တမင်ထည့်ပြီးတော့ ပြဿနာလေးတွေကို အထဲမှာ အောက်ခြေထိလိုက်ပြီး ဖန်တီး ပေးလိုက် သလိုမျိုး၊ ပြောချင်တာက ပြဿနာကို နိုင်ငံတော်ပြဿနာအဆင့်ထိမရောက်ဘဲ အောက်ခြေမှာတင် နိုင်ငံရေးမှာ ပညာသားပါပါလုပ်ထားတဲ့ လှည့်ကွက်တစ်ခုလို့ ပြောလို့ရမလား။
ဖြေ ။ ။ နိုင်ငံရေးမှာ တိုင်တိုင်ပင်ပင်နဲ့ညှိညှိနှိုင်းနှိုင်းနဲ့လုပ်သွားကြဖို့လိုတယ်။ အဲဒါကအရေးကြီးတယ်ဆိုတဲ့ ဟာကို ပြဋ္ဌာန်းပေးလိုက်တာပဲ။ ကိုကျော်မျိုးမင်း ဖေ့စ်ဘွတ်မှာ တွေ့ဖူးလိမ့်မယ်။ ကျွန်တော်တို့ဆီက NLD အစိုးရ လက်ထက် ဒုတိယသက်တမ်းမှာ ပိုလန်နိုင်ငံက လေ့လာရေးခရီးတစ်ခုဖိတ်တော့ သူတို့ကို ကွန်ပျူတာနဲ့ အစိုးရ လုပ်တန်းကစားခိုင်းတာ။ အဲဒီမှာ ကစားပွဲရဲ့ရည်ရွယ်ချက်ကိုမသိတဲ့အခါကျတော့ ပထမဦးဆုံးစပြီးပြဿနာ တက်တာက ဝန်ကြီးချုပ်လား၊ သမ္မတလားမသိဘူး။ အစိုးရအဖွဲ့ခေါင်းဆောင်ကိုရွေးချယ်တာနဲ့စပြီး ပြဿနာ ဖြစ်တယ်။ သူတို့ကချပေးလိုက်တဲ့သူကိုသဘောမတူဘူး၊ ကန့်ကွက်တယ်ဆိုပြီးတော့ ပူညံပူညံစဖြစ်တာပဲ လေ့လာရေးအဖွဲ့ထဲမှာ။ ပြီးတဲ့အခါမှာ အဲဒီမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တံတားတွေဖောက်တယ်။ ကျန်းမာရေးဝန်ကြီးက ဆေးကုတယ်၊ ဘာညာပေါ့။ အဲဒါတွေက တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်မှုမရှိဘူး။ ကိုယ့်ဟာကိုယ်ကောင်းမယ်ထင်တာတွေကို လျှောက်လုပ်ကြတာ။ အဲဒီတော့ လမ်းတွေဇွတ်ဖောက်တဲ့အခါ သစ်တောတွေပြုန်းတာပေါ့။ သဘာဝသယံဇာတ ထိန်းသိမ်းရေးက မိုးတွေကြီးပြီး မြေတွေပြိုတာပေါ့။ ဒုက္ခတွေ ရောက်ကြရတာပေါ့။ နောက်ဆုံးကျတော့ အနှစ်ချုပ်ကြည့်လိုက်တဲ့အခါ တိုင်းပြည်က မအောင်မြင်တဲ့ ပြည်နယ် ကြီးဖြစ်သွားတယ်။ လုပ်ချင်သလိုလုပ်ကြတော့ ဘာမှမအောင်မြင်ဘူး။ နောက်ဆုံးကျတော့ ကစားပွဲကိုကစား ခိုင်းတဲ့ အိမ်ရှင်ပိုလန်နိုင်ငံက ရှင်းပြတယ်။ မင်းတို့ကို အစိုးရတစ်ရပ်အဖြစ်နဲ့အုပ်ချုပ်တဲ့အခါမှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်ရမယ်၊ ဘယ်လိုညှိနှိုင်းရမယ်၊ ဘတ်ဂျက် ဘယ်လိုသုံးရမယ်။ အဲဒါတွေသိဖို့အတွက် မင်းတို့မှာ ဘယ်လိုမျိုးစိတ်ဓာတ်ရှိသလဲဆိုတာ သိချင်လို့ခိုင်းလိုက်တာဆိုတော့ ကြိုပြောမထားတဲ့အခါကျတော့ ကိုယ်က သူရဲကောင်းပဲလုပ်ချင်နေကြတာ။ ငါတော်တယ်၊ ငါတတ်တယ်၊ ဒီလိုလုပ်လိုက်မယ်ဆိုပြီးတော့မှ ဘယ်သူ့မှ မတိုင်ပင်ဘူး။ ဟိုက ဘတ်ဂျက်က မရှိပါဘူး၊ မလောက်ဘူးဆိုတာကို မတိုင်ပင်ဘူး။ အဲဒီလိုမျိုးတွေပေါ့။ အခုလည်း စနစ်ကရိုက်သွင်းလိုက်တာ။ မင်းတို့တိုင်တိုင်ပင်ပင်မလုပ်ကြရင် မင်းတို့အစိုးရတစ်ရပ်အနေနဲ့ ကောင်းကောင်းမွန်မွန်ဖွဲ့နိုင်မှာမဟုတ်ဘူး။ မင်းတို့တိုင်းပြည်လည်းတိုးတက်မှာ မဟုတ်ဘူးဆိုတဲ့ ဒီစနစ်အရကို က တိုင်ပင်ရမယ်။ လူတော်လူကောင်းတွေ လူမှန်နေရာမှန်ဖြစ်လာဖို့ဆိုတာလည်း ခင်ဗျားပါတီကြိုက်တွေချည်းပဲ ရွေးပြီးတင်လိုက်ရင်လည်း ပြည်သူက အဲဒီပါတီကို မဲပေးတော့မှာမဟုတ်ဘူး။ ငါတော့ဒီပါတီကိုကြိုက်တော့ ကြိုက်တယ်ကွ၊ ဒါပေမယ့် ကိုယ်စားလှယ်တွေနာမည်ကြည့်လိုက်တော့ တစ်ယောက်မှစောက်သုံးမကျဘူးဆို အဲဒီပါတီကို ဘယ်သူမှပေးတော့မှာ မဟုတ်ဘူး။ အဲဒီတော့ ပါတီတွေက စကတည်းက အဲဒါကိုသိရမယ်။ လွှတ်တော်ကိုယ်စားလှယ်ရွေးတဲ့အခါမှာ သေချာစစ်၊ အောက်ခြေရဲ့သဘောထားတွေနားထောင်ပြီးတော့ အောက်ခြေမှာပဲ ကိုယ့်ပါတီထဲမှာပဲ Primary ကျင်းပပေးလိုက်။ အောက်ခြေကရွေးတဲ့သူတွေကိုပဲ အစဉ်လိုက် တပ်ပေးလိုက်။ စသဖြင့်ပေါ့။ ဒါကိုအစကတည်းက အလေ့အကျင့်လုပ်သင့်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် ဒီ PR စနစ်က လူမှန်၊ နေရာမှန်မရှိဘူး။ လူကောင်းတွေက ချောင်ထိုးခံထားရတယ်ဆိုပြီး စနစ်ပါနာမည်ပျက်မယ်။ အဲဒီ ပါတီလည်း တဖြည်းဖြည်းနဲ့လူကြိုက်နည်းသွားမှာပေါ့။ ဒါက နိုင်ငံရေးအတွေ့အကြုံတွေအရ စနစ်တစ်ခုအပေါ် မှာဖြစ်လာနိုင်တဲ့ အခြေအနေတွေအပေါ်မှာ နိုင်ငံရေးပါတီတွေက ပါးပါးနပ်နပ်နဲ့ကျင့်သုံးဖို့လိုတယ်။ ကိုယ့်ပါတီ အမြဲတမ်းအရည်အချင်းရှိနေအောင်၊ လွှတ်တော်ထဲရောက်သွားရင်လည်း ဥပဒေပြုရေးကအစ၊ အစိုးရအဖွဲ့ ဖွဲ့စည်းတာကအစ စေ့စပ်ညှိနှိုင်းတဲ့အခါမှာ ကိုယ်ကအခြေခံ ဒီဥပဒေပြုလိုက်ရင် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမှာလဲ။ ဘယ်လိုလူတွေက ထိခိုက်နစ်နာမှာလဲ။ နောက်ပြီး ဘယ်လိုလူတွေက အကျိုးခံစားရမှာလဲ။ ဒါမျိုးတွေ မသိဘဲနဲ့ စေ့စပ်ညှိနှိုင်းတာကို ဘယ်လိုလုပ်လို့ရမှာလဲ။ ကိုယ့်ကိုမဲပေးတဲ့ မဲဆန္ဒနယ်ကိုထိခိုက်စေနိုင်တဲ့ ဥပဒေ မျိုးကို ကိုယ်ကသွားထောက်ခံနေရင် အဲဒီကိုယ်စားလှယ်ကို ဆဲမှာလေ။ ဆိုတော့ ခုနကပြောသလို ကျွန်တော်တို့ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ နောက်တစ်ခါ အောက်ခြေကိုလည်း ဒီမိုကရေစီပေးရမယ်။ ဒီစနစ်ကြောင်းမို့လို့ နိုင်ငံရေးပါတီတွေမှာ ပိုပြီးတော့ ဒီမိုကရေစီကျကျဆွေးနွေးတာ၊ ညှိနှိုင်းတာတွေ ပိုလုပ်လာနိုင်မယ်လို့ ယူဆပါ တယ်။

မေး ။ ။ ပါတီတွေအနေနဲ့ လက်ရှိ PR စနစ်ရွေးကောက်ပွဲကိုသွားမယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ပါတီတွေထဲမှာ အဲဒီစနစ်ကို ဝင်ပါမယ့်ပါတီတွေရှိတယ်။ စောင့်ကြည့်တဲ့ပါတီတွေရှိတယ်။ မလုပ်ဘူးလို့ ကန့်ကွက်နေတဲ့ပါတီတွေရှိတယ်။ ဆိုတော့ အကုန်လုံးက ဒီစနစ်ကိုစပြီးတော့ ပါတီတွင်းမှာ အိမ်စာ ကောင်းကောင်းလုပ်နေကြပြီလို့ ယူဆလို့ရလား။ သူတို့ အိမ်စာရောနိုင်ကြပြီလား။
ဖြေ ။ ။ သူတို့အခု ဆွေးနွေးတိုင်ပင်တုန်းဖြစ်နေတဲ့ကာလမှာ ဘယ်လိုအတိအကျထွက်လာမလဲ မသိသေး တော့ သူတို့လည်း ဘာမှတော့ပြင်ဆင်ထားတာမရှိသေးဘူးပေါ့နော်။ ပထမဆုံးဘာလုပ်ရမှာလဲဆိုရင် ဒီဟာကို ဆွေးနွေးပြီးတဲ့အခါမှာ ဥပဒေကြမ်းထွက်လာရင် အဲဒီဥပဒေနဲ့ပတ်သက်ပြီးတော့ သက်ရောက်မယ့် ရွေးကောက်ပွဲ ပုံစံ၊ ရွေးကောက်ပွဲစနစ်တွေကို နားလည်အောင်ရှင်းပြရမယ်။ ပထမဆုံးတော့ ကိုယ့်ပါတီတွင်းမှာပဲ နားလည် အောင်ရှင်းပြရမယ်။ ကိုယ့်ပါတီတွင်းက နားလည်ပြီ၊ ပါတီဝင်တွေနားလည်ပြီဆိုရင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့ကိစ္စတွေကို စဉ်းစားရမယ်။ နောက်တစ်ခါ မဲပေးမယ့်ပြည်သူလူထု နားလည်အောင်ရှင်ပြရမယ်။ ဒါတွေပြင်ဆင်ထားရမှာပေါ့။ ဆိုတော့ ရွေးကောက်ပွဲမဲပေးတာက အရင်လို့ FPTP စနစ်လို မလွယ်ဘူး။ မလွယ်တဲ့ အတွက်ကြောင့် တော်တော်ရှင်းပြဖို့တော့ လိုလိမ့်မယ်။ အရင်စနစ်ကတော့ မဲထည့်လိုက်ပြီး မဲတွေရေလိုက် တယ်။ မြို့နယ်ရောက်ပြီးမဲတွေပေါင်းပြီးတဲ့အခါ အများဆုံးရတဲ့လူက အနိုင်ပဲ။ အခုကတော့ တွက်ရချက်ရဦး မယ်။ စောင့်ရမှာပေါ့။ အဲဒါတွေကအစ ပြည်သူလူထုကိုရှင်းပြဖို့လိုလေ့မယ်။ နောက်တစ်ခုက မဲဆန္ဒနယ်ကြီး တစ်ခုထဲမှာ ဒီစနစ်ကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ထက်ပိုပြီးတော့ ရှိလာတဲ့အခါမှာ အပြိုင်ပေါ့၊ ဒီခရိုင်ထဲက ဘယ်လွှတ်တော်ကိုယ်စားလှယ်ကတော့ အရည်အချင်းရှိတယ်ဆိုတဲ့ယှဉ်ပြိုင်မှု သိသာလာလိမ့် မယ်။ ကျွန်တော်တို့မဲဆန္ဒနယ်မှာ လွှတ်တော်ကိုယ်စားလှယ်သုံးယောက်ရှိတယ်ဆိုရင် အဲဒီသုံးယောက်မှာ ဘယ်တစ်ယောက်ကတော့ သွားတိုင်ပင်ပြီးဆောင်ရွက်ပေးလိုက်ရင် ထိထိရောက်ရောက်နဲ့မြန်မြန်ဆန်ဆန် ဖြစ်တယ်ဟဆိုပြီး နာမည်က ထွက်လာမှာပဲ။ ထွက်လာရင် သူနာမည်တက်လာသလို သူ့ပါတီလည်း နာမည် တက်လာမှာပေါ့။ တချို့လွှတ်တော်ကိုယ်စားလှယ်တွေက သွားတိုင်ပင်လိုက်ရင် ဘာလုပ်ပေးရမှန်းလဲ မသိဘူး။ ဘာအကြံဉာဏ်မှလည်း မထွက်ဘူး။ ကိုယ့်ကိုယ်ပဲပြန်ပြီးတော့ ဟောက်နေတယ်ဆိုရင် အဲဒီလူပဲ နာမည်ပျက်မှာ။ သူနာမည်ပျက်ရင် သူ့ပါတီလည်းနာမည်ပျက်မှာ။ ဆိုတော့ ပြိုင်ဆိုင်မှုက သိပ်သိသာတယ်။ ကျွန်တော်တို့ တစ်မြို့နယ်ကိုတစ်ယောက်ဆိုတဲ့စနစ်ထက်ပိုပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်တယ်။ အဲဒါတွေကတော့ ကောင်းတဲ့ အချက်တွေလို့ ပြောရမှာပေါ့ဗျ။

မေး ။ ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကဖြတ်သန်းခဲ့တာက ဒီမိုကရေးစီရွေးကောက်ပွဲကို FPTP စနစ်နဲ့သွားခဲ့ပြီးပြီ။ အခုလာမယ့်ဟာသည် PR စနစ်ပေါ့။ FPTP စနစ်နဲ့ ဆယ်နှစ်တိတိဖြတ်သန်းပြီးတဲ့နောက် အသစ် PR ကို စတင်တော့မယ်ဆိုတဲ့အခါကျတော့ ကြုံတွေ့ရမယ့်ပြည်သူတွေအတွက်က သူတို့နားလည်ထားရ မယ့်အကြောင်းအရာက ဘာလို့ပြောချင်လဲ။
ဖြေ ။ ။ နားလည်ထားဖို့အတွက်ကတော့ ပထမဆုံးအရေးကြီးတဲ့အချက်က ကျွန်တော်တို့မြို့နယ်မှာ ကိုယ့် မြို့နယ်ကိုကိုယ်စားပြုတဲ့ကိုယ်စားလှယ်က တစ်ယောက်တည်းမဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ မဲဆန္ဒနယ်ကြီး ကတော့ ဒီလောက်ကျယ်တယ်၊ ခရိုင်ဖြစ်ချင်ဖြစ်မယ်၊ ပြည်နယ်ဖြစ်ချင်ဖြစ်မယ်ပေါ့။ ခရိုင်ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့က ခရိုင်ဆိုတော့ ကိုယ်စားလှယ်သုံးယောက်ရှိတယ်။ ပြည်သူ့လွှတ်တော်မှာ၊ အမျိုးသားလွှတ် တော်မှာ ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီလွှတ်တော်ကိုယ်စားလှယ်အများကြီးထဲမှ ခင်ဗျားတို့ကြိုက်တဲ့လူကို အားကိုးပြီးတော့ နီးစပ်ရာကိုယ်စားလှယ်ကို ကိုယ့်ရဲ့အဆင်မပြေမှုတွေ၊ ဥပဒေအရနစ်နာတာတွေ သွားပြီးတော့ တိုင်ပင်အားကိုးလို့ရတယ်ဆိုတာမျိုးပဲပြောရမှာပေါ့။ ဆိုတော့ ဒီစနစ်ကြောင့် မဲပေးလိုက်တဲ့ ပြည်သူလူထုအနေ နဲ့လည်း ကိုယ်ပေးလိုက်တဲ့ကိုယ်စားလှယ်က ဘယ်တော့မှလွှတ်တော်ထဲမရောက်ဘူးဆိုတာမျိုး မရှိတော့ဘူး ပေါ့။ ဥပမာ- ကျွန်တော်တို့မြို့နယ်ဆို ကျွန်တော်သိတယ်။ မြို့ပေါ်ကတော်တော်များများက ပါတီကြီးတွေကိုပေး တာ။ ပထမအကြိမ်မှာဆို ပြည်ခိုင်ဖြိုးကိုပေးတယ်။ ဒုတိယအကြိမ်မှာဆို NLD ကိုပေးတယ်။ သူတို့မြို့ပေါ်က ပေးလိုက်တဲ့ အဲဒီကိုယ်စားလှယ်လောင်းတွေက ဘယ်တော့မှလွှတ်တော်ထဲကိုမရောက်ဘူး။ နယ်က ရှမ်းတိုင်းရင်းသားတွေပေးလိုက်တဲ့ရှမ်းပါတီတွေက ကိုယ်စားလှယ်ပဲအမတ်ဖြစ်တာ။ ဆိုတော့ ဒီစနစ်အောက်မှာ တော့ မျှလာနိုင်တာပေါ့။ အဲဒီလိုမျှလာနိုင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအများကြီး ဖြစ်လာတဲ့အခါ မှာကျတော့ အဆင်ပြေရာ၊ မိမိယုံကြည်ရာ လွှတ်တော်ကိုယ်စားလှယ်ကို အားကိုးလို့ရတာပေါ့။ Threshold နဲ့ ပတ်သက်ပြီးတော့ အခုကျွန်တော်တို့ရှင်းပြထားတာတွေကတော့ဗျာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနည်းဆုံး ထောက်ခံဆန္ဒမဲဘယ်လောက်ရမှ ကိုယ်စားလှယ်ဖြစ်မယ်ဆိုတဲ့ အရေအတွက်သတ်မှတ်ချက်ပေါ့။ အဲဒါကို အခုနိုင်ငံရေးပါတီတွေအနေနဲ့ ဆွေးနွေးပွဲမှာ ဆွေးနွေးနေကြတယ်။ တချို့နိုင်ငံရေးပါတီတွေက နည်းလွန်းရင်လည်း မသင့်တော်သလို၊ များလွန်ရင်လည်း ဘယ်ကိုယ်စားလှယ်မှ သတ်မှတ်ထားတဲ့ မဲအရေ အတွက်မရတာမျိုးမဖြစ်အောင် အဲဒီလိုမျိုးစိုးရိမ်ကြတာပေါ့။ အနည်းဆုံးရရမယ့် မဲအရေအတွက်ကို ခင်ဗျားပါတီ က ရမှ၊ တစ်နေရာအတွက်ရမှ တစ်ယောက်၊ နှစ်ဆရရင် နှစ်ယောက်ရမှာ။ သို့သော် ဘယ်လိုတွက်မလဲဆိုတာက ကျွန်တော်တို့ကရမ်းပြီးတော့မှ တစ်သောင်းရရမယ်၊ နှစ်သောင်းရရမယ်ဆိုတာမျိုး၊ ငါးရာခိုင်နှုန်းရရမယ်ဆိုတာ မျိုး အဲဒီလိုသတ်မှတ်လိုက်ရင် ကျွန်တော်တို့ရဲ့လွှတ်တော်နေရာက အသေသတ်မှတ်ထားတာ။ (၃၃ဝ) ထက် ပို လို့မရဘူး။ အဲဒီလို အနိမ့်ဆုံးရမှတ်ကို အရင်သတ်မှတ်လိုက်ရင် တွက်လိုက်တဲ့အခါ အဲဒီမဲရလဒ်က (၃၃ဝ) ထက် လည်း ပိုသွားနိုင်တယ်။ အဲဒီတော့ တခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်လဲဆိုရင် ပိုလာမယ့်သူတွေအတွက် လွှတ်တော်နေရာ (၃ဝ) ဖြစ်ဖြစ်၊ (၄ဝ) ဖြစ်ဖြစ် အပိုသတ်မှတ်ထားတာရှိတယ်။ အဲဒီတော့ ခုနကပြောတဲ့ (၃၃ဝ) ထက်ပိုသွားလို့ဆိုပြီး (၃ဝ) ထပ်ပြီး သတ်မှတ်ပြီးတော့ လွှတ်တော်နေရာပေးလိုက်တာမျိုး အဲဒီလိုကျင့်သုံးတယ် လို့ ရေးထားတယ်။ ကျွန်တော်မြင်တာက ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုလုပ်လို့မရဘူး။ ဘာလို့လည်းဆိုရင်(၃၃ဝ) ထက် ကျော်လို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့က Threshold ကိုသတ်မှတ်မယ်ဆိုရင် မဲလာပေးတဲ့၊ ရရှိတဲ့ ခိုင်လုံမဲတွေရဲ့သုံးပုံတစ်ပုံ ရတဲ့ပါတီက တစ်နေရာ၊ သုံးပုံနှစ်ပုံ ရတဲ့ပါတီက နှစ်နေရာ၊ အဲဒီလိုသတ်မှတ်မှရမယ်။ ကျွန်တော်ပြောတာ သဘောပေါက်လားတော့ မသိဘူး။ ဥပမာ- ဆိုကြပါစို့ မဲဆန္ဒနယ်ကြီးက နေရာ ဆယ်နေရာရှိ တယ်ဆိုပါစို့။ ဆယ်နေရာမှာ မဲလာပေးတဲ့သူက တစ်သိန်းရှိတယ်ဆိုရင် Threshold သတ်မှတ်ရင် ခိုင်လုံမဲအရေ အတွက်တစ်သိန်းရဲ့ ဆယ်ပုံပုံတစ်ပုံဆိုရင် တစ်သောင်းပေါ့။ အဲဒီတော့ တစ်သောင်းရရင် ခင်ဗျားက တစ်နေရာ သေချာတယ်။ အဲဒါက ကျွန်တော်တို့ရဲ့အခြေခံဥပဒေနဲ့သွားပြီးတော့ကိုက်လိမ့်မယ်။ ကြိုပြီးတော့ သတ်မှတ်တာ မဟုတ်ဘူး။ မဲရွေးချယ်ရမယ့်နေရာအရေအတွက်နဲ့ မဲပေးတဲ့သူရဲ့မဲနဲ့ အချိုးချရတာ။ ခင်ဗျား ဆယ်နေရာ ပြိုင်တာ မှာ လူအယောက်နှစ်ဆယ်ဝင်ပြိုင်တယ်။ လူအယောက်နှစ်ဆယ်ပြိုင်တာမှာ ဆယ်ရာခိုင်နှုန်းရတဲ့လူက တစ်နေ ရာရမယ်၊ ဒါကတရားတယ်။ ဆယ်ပုံတစ်ပုံတော့ ရသင့်တာပေါ့။ လူအယောက်တစ်သိန်းလာပေးတဲ့အထဲက ဆယ်နေရာမှာ ဆယ်ပုံတစ်ပုံရတာကို တစ်နေရာပေးတာကဖြစ်သင့်တာပေါ့။ အဲဒီတော့ ဟုတ်ပြီ။ အဲဒီလိုနည်းနဲ့ တွက်လိုက်တဲ့အခါကျတော့ ဆယ်ပုံပုံလို့ ငါးပုံရရင် ငါးနေရာ၊ ဆယ်ပုံပုံလို့ ဆယ်ပုံလုံးရရင် ဆယ်နေရာလုံး ယူ သွားပေါ့ဗျာ။ ဟုတ်ပြီ… နောက်တစ်ခုပြဿနာရှိတာက ပြိုင်တဲ့သူကများနေတယ် ဆယ့်ငါးယောက်၊ အယောက် နှစ်ဆယ်၊ နေရာက ဆယ်နေရာ၊ တစ်ယောက်မှ ဆယ်ရာခိုင်နှုန်းတောင်မရဘူးဆိုရင်တော့ အဲဒီအခါကျရင်တော့ ကျွန်တော့်အမြင်အရ မဲအများဆုံးရတဲ့သူတွေကို တန်းစီလိုက်ပြီး တစ်ကနေ တစ်ဆယ် ထိကိုပဲ ရွေးသွားတော့။ Threshold က အဲဒီမှာကျတော့ ဆယ်ပုံတစ်ပုံတောင် မလိုတော့ဘူး။ မဟုတ်ရင် အဲဒီရွေးကောက်ပွဲဖျက်ပြီး ပြန်လုပ်ရမှာလေ။ ဆိုတော့ ဒါကတော့ အဲဒါကိုကျွန်တော်စဉ်းစားထားတာပေါ့။ သူတို့နိုင်ငံရေးပါတီတွေ ဆွေးနွေး တဲ့အထဲမှာတော့ မပါဘူး။ ကျွန်တော့်ဆောင်းပါးထဲမှာတော့ ကျွန်တော်ထည့်ထားတယ်။ ရွေးကောက်ပွဲပြန်ဖျက် ပြီးတော့ အများဆုံး ဆယ်ယောက်ရတဲ့သူကိုပဲ နောက်တစ်ကျော့ပြန်ပြီးပြိုင်ဖို့ လုပ်ချင်လဲရတာပေါ့။ ဒါပေမယ့် အဲဒါမျိုးတွေများနေရင်လည်း ကုန်ကျစာရိတ်နဲ့ အချိန်ကုန်တာနဲ့မကာမိဘူးပေါ့။ ဒါမျိုးကိုလည်း ကြိုစဉ်းစားထား သင့်တယ်လို့ ကျွန်တော်ဆွေးနွေးချင်ပါတယ်။

ဟုတ်ကဲ့ ဦးရဲ။ PR စနစ်နဲ့ပတ်သက်ပြီး အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။


Zawgyi Version;
“မဲ အၿမဲတမ္းႏိုင္ေနတဲ့သူေတြကေတာ့ PR စနစ္ကို အလိုမရွိၾကဘူး”

ေမးျမန္း- ေက်ာ္မ်ိဳးမင္း၊ ေရးသား - စည္သူဟိန္း

နစကဘက္က ၂ဝ၂၃ ခုႏွစ္ ၾသဂုတ္လအတြင္း ျပန္လည္က်င္းပေပးမယ္လို႔ေျပာထားတဲ့ေ႐ြးေကာက္ပြဲမွာ PR စနစ္ကို အေျခခံသြားမယ္ဆိုတဲ့အခ်က္အပါအဝင္ PR စနစ္နဲ႔ပတ္သက္ၿပီး နစကရဲ႕ျပင္ဆင္ေဆာင္႐ြက္မႈအေပၚ ကြန္ျမဴနစ္ (ဗကပ) တပ္သားေဟာင္းတစ္ဦးလည္းျဖစ္သလို ထင္ရွားတဲ့လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္ခဲ့သူ ဦးရဲထြန္း (ႏိုင္ငံေရး ေလ့လာသုံးသပ္သူ) ႏွင့္ NP News သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ျဖစ္သူ ဦးေက်ာ္မ်ိဳးမင္း တို႔က PR စနစ္ကိုလုပ္ေစခ်င္တာ ဘယ္သူေတြလဲနဲ႔ PR စနစ္ကို မလုပ္ေစခ်င္တာ ဘယ္သူေတြလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေတြ႕ဆုံ ေမးျမန္းေဆြးေႏြးထားၾကပါတယ္။

ေမး ။ ။ ဦးရဲထြန္းေရ မဂၤလာပါခင္ဗ်ာ။ ဒီတစ္ေခါက္ NP News က ေမးမယ့္အေၾကာင္းအရာေလးကေတာ့ နစက က စီစဥ္ေနတဲ့ PR စနစ္အေၾကာင္းေလးနဲ႔ပတ္သက္ၿပီးေမးခ်င္တာပါ။ ပထမဆုံးအေနနဲ႔ေမးခ်င္တာက နစကရဲ႕ PR စနစ္ ျပင္ဆင္ေနတာကိုၾကည့္ၿပီးေတာ့ ဦးရဲ႕အေနနဲ႔ ပထမဆုံးစၿပီးသတိထားမိတဲ့အခ်က္က ဘာမ်ားျဖစ္မလဲခင္ဗ်ာ။
ေျဖ ။ ။ PR စနစ္ကို စၿပီး က်င့္သုံးမယ္လို႔ ေျပာလာတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ၂ဝ၁ဝ ပါတီစုံ ေ႐ြးေကာက္ပြဲေတြကစၿပီး ေတာက္ေလွ်ာက္မ်က္ေျခမပ်က္ ကိုယ္တိုင္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္လာ တဲ့အခါက်ေတာ့ အခုလိုသူတို႔ေၾကညာလိုက္တဲ့အေပၚမွာ ကြၽန္ေတာ္တို႔ကေတာ့ မအံ့ဩဘူးဗ်။ ဘာျဖစ္လို႔လည္း ဆိုေတာ့ PR စနစ္ကို စိတ္ဝင္စားလာတာက ၂ဝ၁ဝ မွ စတာမဟုတ္ဘူး။ ၁၉၉ဝ ေ႐ြးေကာက္ပြဲမွာ NLD ကေန ၿပီးေတာ့ မဲအျပတ္အသတ္နဲ႔ႏိုင္သြားတဲ့အခ်ိန္ေလာက္ကစၿပီးေတာ့ စိတ္ဝင္စားလာတာ။ စိတ္ဝင္စာတဲ့ ပါတီေတြ ထဲမွာလည္း အႀကီးအက်ယ္ရႈံးတဲ့ပါတီက အေစာဆုံးစိတ္ဝင္စားတယ္လို႔ေျပာရမွာေပါ့။ အဲဒီတုန္းကေတာ့ (တစည) ပါတီေပါ့။ ျမန္မာ့ဆိုရွယ္လွစ္လမ္းစဥ္လို႔ နာမည္ေျပာင္းထားတဲ့ (တစည) ပါတီေပါ့။ ဘာေၾကာင့္လည္း ဆိုေတာ့ သူတို႔က တစ္ျပည္လုံးအတိုင္းအတာအရေျပာရင္ သူတို႔ကိုေထာက္ခံတဲ့ ေထာက္ခံမဲေတြလည္း အမ်ား အျပားရွိတယ္။ ကြၽန္ေတာ္မွတ္မိသေလာက္ဆိုရင္ တစ္ျပည္လုံးေထာက္ခံမဲေတြမွာ (၃ဝ) ရာခိုင္ႏႈန္းေလာက္ကို ရတယ္ထင္တယ္။ ဒါေပမယ့္ လႊတ္ေတာ္ထဲမွာက်ေတာ့ သူတို႔က လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ (၁ဝ) ရာခိုင္ ႏႈန္းေတာင္ မရဘူး။ NLD အေနနဲ႔ဆိုရင္လည္း တစ္ျပည္လုံးမွာ ေထာက္ခံမဲက (၆ဝ) ရာခိုင္ႏႈန္းနီးပါး ရေပမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာက်ေတာ့ (၇ဝ) ရာခိုင္ႏႈန္းေက်ာ္ (၈ဝ) နီးပါးရတယ္။ ဆိုေတာ့ ဒီစနစ္က မဲ ေပး တဲ့ျပည္သူလူထုေတြကို အမွန္တကယ္ကိုယ္စားမျပဳႏိုင္ဘူး။ ငါတို႔ကိုေထာက္ခံသူေတြရဲ႕ မဲေတြဟာ အလဟသ ျဖစ္သြားတယ္ဆိုတဲ့ခံစားခ်က္ေတြ အဲဒီမွာတည္းက စၿပီးေတာ့ျဖစ္လာတဲ့အခါ ၂ဝ၁၅ ေ႐ြးေကာက္ပြဲမွာလည္း အဲဒီလိုက်င့္သုံးဖို႔အတြက္ လႊတ္ေတာ္ထဲမွာ ႀကိဳးစားလာမႈေတြရွိတယ္ေပါ့။ မေအာင္ျမင္ဘူးပဲ ဆိုရမွာေပါ့။ မလုပ္ ျဖစ္ခဲ့ဘူး။ မလုပ္ျဖစ္ခဲ့ဘဲနဲ႔ ၂ဝ၁၅ ေ႐ြးေကာက္ပြဲမွာ တစ္ခါရႈံးတယ္။ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာလည္း တစ္ခါရႈံး တယ္။ အခုေတာ့ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းပစ္လိုက္တာေပါ့။ UEC က ေ႐ြးေကာက္ပြဲ မဲ မသမာ မႈလုပ္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ဖ်က္သိမ္းပစ္လိုက္တာေပါ့။ ဘာပဲျဖစ္ျဖစ္ ၂ဝ၁၅ နဲ႔ ၂ဝ၂ဝ မွာလည္း အျပတ္ အသတ္ႏိုင္တယ္။ ဆိုေတာ့ ဒီစနစ္ကိုမေျပာင္းရင္ေတာ့ ေနာင္မွာလည္း ဒီလိုအလားတူ ဆုံးရႈံးမႈေတြျဖစ္ႏိုင္ တယ္ဆိုတဲ့စိုးရိမ္ခ်က္က ရႈံးသြားတဲ့ပါတီေတြမွာ ခံစားခ်က္ကရွိတယ္။ ဒါေၾကာင့္မလို႔ ဝိုင္းၿပီးေတာ့ ႀကိဳးစားၾကတဲ့ အခါမွာ အခု UEC က က်င္းပျပဳလုပ္တဲ့အစည္းအေဝးမွာတက္တာက (၆၂) ပါတီေလာက္ ရွိတာေပါ့ေနာ္။ ျပည္ခိုင္ၿဖိဳးအပါအဝင္ ဗမာလူထုမဲဆႏၵရွင္ေတြကိုကိုယ္စားျပဳတဲ့ ႏိုင္ငံေရးပါတီေတာ္ေတာ္မ်ားမ်ားက ဒါကို ေထာက္ခံၾကတာေပါ့။ ဒါေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီးေတာ့ေျပာရမယ္ဆိုရင္ အေျခခံဥပေဒမွာ ဘယ္လိုပဲဆိုထား သည္ျဖစ္ေစ မျဖစ္ျဖစ္ေအာင္ သူတို႔လုပ္လိမ့္မယ္။ လာမယ့္ ၂ဝ၂၃ ဩဂုတ္လမွာ သူတို႔ကတိေပးထားတဲ့ ေ႐ြးေကာက္ပြဲမွာ စၿပီး က်င့္သုံးလိမ့္မယ္ဆိုတာကို ကြၽန္ေတာ္တို႔ သိရွိထားပါတယ္ဗ်။

ေမး ။ ။ အခု UEC ကေန စၿပီးေတာ့ေဆြးေႏြးေနတဲ့ PR စနစ္က Close List ကို တည္ထားတယ္လို႔ သိရတယ္။ ခ႐ိုင္အေျချပဳ (သို႔မဟုတ္) လူဦးေရအေျချပဳတဲ့ပုံစံမ်ိဳး သြားတာေတြ႕ရတယ္။ တကယ္တမ္း ေ႐ြးေကာက္ပြဲကို PR စနစ္နဲ႔လုပ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လြယ္လြယ္ကူကူျဖစ္ပါ့မလား။ စနစ္အေၾကာင္း နားမလည္တာရယ္၊ စနစ္ကိုအယုံအၾကည္ ရွိေသးလားဆိုတာရယ္၊ ေနာက္တစ္ခုက စနစ္မွာ ေဖာ္ေဆာင္ရမယ့္လုပ္ငန္းစဥ္ေတြ ကြၽန္ေတာ္တို႔ဆီမွာ ျပည့္ျပည့္ဝဝရွိေသးလားဆိုတဲ့ ေမးခြန္းေတြမ်ားစြာ ရွိေနတာေတြ႕ရတယ္။ အဲဒီအေပၚမွာေရာ ဦးရဲအေနနဲ႔ ဘယ္လိုေျပာခ်င္လဲ။
ေျဖ ။ ။ တကယ္တမ္းကေတာ့ ကမာၻေပၚမွာအသုံးျပဳေနတဲ့ PR စနစ္က အၾကမ္းဖ်င္းအားျဖင့္ (၃) မ်ိဳးရွိတာေပါ့။ ပထမတစ္မ်ိဳးကေတာ့ Party List PR ေပါ့။ Party List PR ဆိုတဲ့နာမည္နဲ႔လိုက္ၿပီး မဲေပးရတာက ပါတီကို ေပးရ တာေပါ့။ အဲဒီအထဲမွာ တစ္သီးပုဂၢလေတြလည္း ပါတီလိုပဲ နာမည္တစ္ခုနဲ႔ဝင္ၿပိဳင္လို႔ရတယ္။ အဲဒီလိုရတဲ့ မဲ ေတြ ကို အခ်ိဳးခ်ၿပီးေတာ့ ဥပမာ- ေနရာ(၁ဝ)ေနရာရွိရင္ (၁ဝ) ေနရာကို အခ်ိဳးက် မဲအမ်ားဆုံးရတဲ့လူေတြက ေနရာ (၁ဝ)ေနရာကို ဝင္ယူတာေပါ့ဗ်ာ။ ဆိုေတာ့ အဲဒီမွာလည္း သူက Close List နဲ႔ Open List ဆိုၿပီး ထပ္ခြဲတာေပါ့။ ေနာက္တစ္ခုေတာ့ Single Transferable Vote ဆိုတာက ေပးလိုက္တဲ့မဲေတြကို ကိုယ္ေပးလိုက္တဲ့ကိုယ္စား လွယ္ေလာင္းက သတ္မွတ္ထားတဲ့မဲအေရအတြက္ျပည့္သြားၿပီဆိုရင္ ပိုတဲ့မဲေတြကို ေနာက္ကိုယ္စားလွယ္ ေလာင္းကိုလႊဲေျပာင္းေပးတဲ့နည္းစနစ္ေပါ့။ အဲဒီနည္းလည္းရွိတယ္။ ေနာက္တစ္နည္းကေတာ့ Mix Member PR ေပါ့။ သူကေတာ့ ကြၽန္ေတာ္တို႔ အခုလက္ရွိ မဲအမ်ားဆုံးအႏိုင္ရသူစနစ္(FPTP) နဲ႔ ေ႐ြးေကာက္ပြဲလုပ္လိုက္ တယ္။ လုပ္လိုက္ၿပီးတဲ့အခါက်ေတာ့ ဒီစနစ္နဲ႔ကိုယ္စားလွယ္ေတြကိုေ႐ြးတဲ့အျပင္ ကိုယ္စားလွယ္ မရတဲ့ပါတီကို ကုစားတဲ့အေနနဲ႔ ပါတီအလိုက္ေပးတဲ့မဲေတြနဲ႔ထပ္ၿပီးေတာ့ ေနရာခြဲေပးတာေပါ့။ အဲဒါက ေပါင္းစပ္ထားတာေပါ့။ အဲဒီေတာ့ အၾကမ္းဖ်င္းအားျဖင့္ေတာ့ အဲဒီလို(၃) မ်ိဳးရွိတယ္။ ကမာၻေပၚမွာကေတာ့ PR စနစ္တစ္မ်ိဳးမ်ိဳးကို ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြအတြက္အသုံးျပဳေနတဲ့ ႏိုင္ငံေပါင္း(၉၄) ႏိုင္ငံရွိတယ္။ အဲဒီ (၉၄) ႏိုင္ငံမွာ (၈၅) ႏိုင္ငံက အခုအ႐ိုးရွင္းဆုံးျဖစ္တဲ့ Party List PR ကို သုံးတယ္။ (၇) ႏိုင္ငံကေတာ့ Mix Member PR ေပါ့။ ဥပမာ- ထိုင္းႏိုင္ငံဆိုရင္ အဲဒီဟာကိုသုံးေနတယ္။ ေနာက္တစ္ခါ Single Transferable Vote ကေတာ့ ႏွစ္ႏိုင္ငံ ပဲရွိတယ္။ အိုင္ယာလန္နဲ႔ ေမာ္လ္တာေပါ့။ ဆိုေတာ့ ကြၽန္ေတာ္တို႔က အခုက အလြယ္ဆုံးနည္းစနစ္ကို သုံးမွာဆို ေတာ့ ပါတီကိုေပးရမွာ။ ပါတီကိုေပးရမွာအျပင္ကို ကိုယ္စားလွယ္ကိုလည္း ကြၽန္ေတာ္တို႔ကေ႐ြးခ်ယ္ခြင့္ ႀကိဳ ၿပီးေတာ့ ဒီမိုကေရစီနည္းက် Primary လို႔ေခၚတဲ့ပါတီတြင္းမွာ ကိုယ္စားလွယ္တစ္ဦးနဲ႔တစ္ဦး ဘယ္ၿမိဳ႕နယ္မွာ ေထာက္ခံမႈအမ်ားဆုံးရသလဲဆိုတဲ့စနစ္နဲ႔ တန္းစီတာလည္းရွိသလို ပါတီဗဟိုေကာ္မတီ ကေနဆုံျဖတ္ၿပီးေတာ့ ဒီမဲဆႏၵနယ္ႀကီးထဲမွာေတာ့ ကိုယ္စားလွယ္(၅)ေယာက္ေ႐ြးမယ္ဆိုရင္ ငါတို႔ပါတီက မဲ အကုန္လုံးရမယ္ဆိုရင္ (၅) ဦးက ပထမဦးစားေပးအေနနဲ႔ စိတ္ႀကိဳက္သူတို႔ဘာသာသူတို႔ စဥ္တာေပါ့။ အဲဒီလို စနစ္ကိုက်င့္သုံးမွာျဖစ္ တယ္။ ဆိုေတာ့ အခုဟာက Close List မွာ ပါတီေတြကပဲ စီရမွာဆိုေတာ့ ဘယ္ပါတီ ကေတာ့ ဘယ္သူေတြပါ တယ္။ ငါႀကိဳက္တဲ့ကိုယ္စားလွယ္ကေတာ့ ဘယ္ပါတီထဲမွာ စသျဖင့္ ဒါေတြကို ႀကိဳသိႏိုင္တာေပါ့။ ဒါေပမယ့္ မဲေပးလိုက္တဲ့အခါမွာ အဲဒီမဲက ပါတီကိုပဲေရာက္သြားမွာ။ ပါတီကိုေရာက္သြားၿပီးမွ အဲဒီ မဲ ေတြကိုေပါင္းၿပီးေတာ့ အခ်ိဳးခ်ၿပီးေတာ့မွ ကိုယ့္ပါတီက ကိုယ္မဲေပးလိုက္တဲ့ပါတီက မဲဆႏၵနယ္ႀကီးထဲမွာ (၁ဝ) ေနရာရွိတဲ့ေနရာမွာ ႏွစ္ေနရာရတယ္ဆိုရင္ ကိုယ့္ပါတီကစီေပးထားတဲ့ထဲက ထိပ္ဆုံးႏွစ္ေနရာက ရသြားမွာေပါ့။ က်န္တဲ့လူေတြက ေတာ့ မရဘူးေပါ့။ ဆိုေတာ့ အခုက်င့္သုံးတဲ့စနစ္က အဲဒီအလြယ္ဆုံးစနစ္ကို က်င့္သုံးမွာျဖစ္တယ္။ အရင္က်င့္ သုံးေနက် မဲအမ်ားဆုံးရသူအႏိုင္ရတဲ့စနစ္ေလာက္ေတာ့ ခ်က္ခ်င္းသိမွာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔က မဲဆႏၵနယ္ ႀကီးတစ္ခုလုံးမွာပါတဲ့ မဲေတြရဲ႕အေရအတြက္ကို သိရမယ္။ ၿပီးရင္ သူတို႔အတြက္ အနည္းဆုံးသတ္မွတ္ထားတဲ့ ကိုယ္စားလွယ္တစ္ေယာက္ရ ရမယ့္ မဲအေရအတြက္ ရ/မရဆိုတာ ပါတီက တြက္ရအုံးမယ္။ စုစုေပါင္း မဲေတြရဲ႕ (၅ဝ) ရာခိုင္ႏႈန္းရတယ္ဆိုရင္ အဲဒီကိုယ္စားလွယ္ေနရာ (၁ဝ) ေနရာရဲ႕တစ္ဝက္ကိုရမွာျဖစ္တယ္။ ဆိုေတာ့ ရလဒ္ေတြက ခ်က္ခ်င္းႀကီးသိမွာမဟုတ္ဘူး။ ထင္သာျမင္သာ မရွိဘူး။ ေ႐ြးေကာက္ပြဲေကာ္မရွင္က တြက္ခ်က္ ၿပီးေတာ့မွ သိရမွာျဖစ္တယ္။ ဆိုေတာ့ PR စနစ္ထဲမွာ အ႐ိုးရွင္းဆုံးစနစ္ကို သူတို႔ေ႐ြးခ်ယ္ထားတယ္လို႔ေတာ့ ဆို ရမွာေပါ့။

ေမး ။ ။ အဲဒီမွာ ကြၽန္ေတာ္တို႔ အေသးစိတ္စဥ္းစားၾကည့္တဲ့အခါ PR စနစ္ကို က်င့္သုံးမယ္ဆိုရင္ ပါတီတစ္ခုက ၿမိဳ႕နယ္ေပါင္း(၃၃ဝ) မွာ ဝင္ၿပိဳင္တယ္ဆိုရင္ သူ႔ရဲ႕ကိုယ္စားလွယ္ေပါင္း(၃၃ဝ) ကို ေ႐ြးတယ္ေပါ့။ ဒါေပမယ့္ သူႏိုင္တာက (၃၃ဝ) စာ မႏိုင္ဘူး။ (၁ဝဝ) စာပဲ ႏိုင္တယ္ဆိုရင္ အဲဒီသူ႔ရဲ႕ကိုယ္စားလွယ္ေလာင္း (၃၃ဝ) ထဲက (၁ဝဝ) ကို သူတို႔က ဘယ္လိုျပန္ေ႐ြးမလဲ။ ၿမိဳ႕နယ္ထဲက ေ႐ြးမွာလား။ ဒါမွမဟုတ္ သူ႔အထဲမွာပဲ မဲခြဲၿပီးေတာ့ အမ်ားဆုံးလူကို ေ႐ြးမွာလား။ အဲဒီဟာေလးကို စဥ္းစားၾကည့္ၿပီး ဘယ္လိုမ်ိဳးေ႐ြးရမယ္ထင္လဲဗ်။
ေျဖ ။ ။ အခု ကိုေက်ာ္မ်ိဳးမင္းေျပာတာကေတာ့ ၿမိဳ႕နယ္ေပါင္း(၃၃ဝ) ကို တစ္ၿပိဳင္နက္တည္း အဲဒီလိုတြက္မယ္ ဆိုတဲ့စဥ္းစားခ်က္က ႏိုင္ငံႀကီးတစ္ခုလုံးကို မဲဆႏၵနယ္ႀကီးတစ္ခုအျဖစ္စဥ္းစားလိုက္တာ။ အဲဒီလိုစဥ္းစားလိုက္ တယ္ဆိုရင္ေတာ့ မွန္တယ္။ ပါတီတစ္ခုက ဝင္ၿပိဳင္တဲ့အခါ (၃၃ဝ) လုံး တင္ႏိုင္ရင္ေကာင္းတာေပါ့။ အဲဒီလို မဟုတ္ဘဲ ကိုယ္တင္ႏိုင္သေလာက္ (၁ဝဝ) ပဲျဖစ္ျဖစ္တင္ၿပီးေတာ့မွ ကိုယ္က တစ္ႏိုင္ငံလုံးရဲ႕(၅ဝ) ရာခိုင္ႏႈန္း ရ ရင္ ခုနက စဥ္ထားတဲ့ (၃၃ဝ) ထဲက တစ္ဝက္ေလာက္ကေတာ့ လႊတ္ေတာ္ေနရာရမွာေပါ့။ ဒါကေတာ့ ေယဘုယ် အေနနဲ႔ တစ္ႏိုင္ငံလုံးကို မဲဆႏၵနယ္ႀကီးတစ္ခုအေနနဲ႔ စဥ္းစားတာေပါ့။ အခုေ႐ြးေကာက္ပြဲေကာ္မရွင္က (၆၂) ပါတီနဲ႔ ေဆြးေႏြးတဲ့ေဆြးေႏြးပြဲေတြမွာ ျပည္သူ႔လႊတ္ေတာ္အတြက္ဖြဲ႕စည္းထားတဲ့ အစုအဖြဲ႕တစ္ခုက ျပည္နယ္ တိုင္းေဒသႀကီးတစ္ခုခ်င္းကို မဲဆႏၵနယ္ႀကီးတစ္ခုအေနနဲ႔သတ္မွတ္ခ်င္တာ။ ေနာက္တစ္ဖြဲ႕က်ေတာ့ ခ႐ိုင္ေတြ ကို မဲဆႏၵနယ္ႀကီးတစ္ခုအျဖစ္နဲ႔ ဖြဲ႕ခ်င္တယ္။ အဲဒီမွာလည္း အေရအတြက္ကို မဲဆႏၵနယ္ႀကီးတစ္ခုမွာ ပါရမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္၊ လႊတ္ေတာ္ေနရာအေရအတြက္ကို ၿမိဳ႕နယ္အေရအတြက္နဲ႔ပဲသတ္မွတ္ဖို႔ အဆိုျပဳ ထားၾကတယ္။ အဲဒီေတာ့ ခြဲၿပီးသတ္မွတ္ဖို႔ကေတာ့ ေသခ်ာေနၿပီ။ ကိုေက်ာ္မ်ိဳးမင္း ခုနကေျပာသလို တစ္ႏိုင္ငံ လုံးကို တစ္ခုတည္းလုပ္ဖို႔ကေတာ့ မျဖစ္ႏိုင္ေတာ့ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က မဲဆႏၵနယ္ေလးေတြကို ျပည္နယ္တိုင္းေဒသႀကီးအဆင့္အေနနဲ႔လုပ္မွာလား။ ခ႐ိုင္အေနနဲ႔လုပ္မွာလားဆိုတာကေတာ့ မရွင္းေသးဘူး။ ခုထက္ထိ မဆုံးျဖတ္ရေသးဘူး။ အဲဒီေတာ့ ခ႐ိုင္အေနနဲ႔လုပ္မယ္ဆိုရင္ ခ႐ိုင္တစ္ခုမွာပဲ ဆိုၾကပါစို႔ (၃) ၿမိဳ႕နယ္ပဲ ပါၿပီး ကိုယ္စားလွယ္သုံးေယာက္ပဲ ေ႐ြးရမယ့္ခ႐ိုင္ရွိသလို၊ ခ႐ိုင္တစ္ခုမွာ ၿမိဳ႕နယ္(၅) ၿမိဳ႕နယ္ ကိုယ္စားလွယ္ငါး ေယာက္ေ႐ြးရတဲ့ မဲဆႏၵနယ္ေတြလည္း ရွိလာႏိုင္တယ္။ အဲဒီေတာ့ ခုနကေျပာသလို ႏိုင္ငံေရးပါတီတစ္ခုဟာ ေဒသတစ္ခုမွာ ဒီခ႐ိုင္မွာ သူ႔ပါတီအေနနဲ႔ သုံးေနရာစလုံးၿပိဳင္ႏိုင္တယ္လို႔ယူဆရင္ သုံးေယာက္ တန္းစီေပးမွာ ေပါ့။ ႏွစ္ေယာက္ပဲၿပိဳင္ႏိုင္တယ္ဆိုရင္ ႏွစ္ေယာက္ပဲထည့္လိုက္မွာေပါ့။ မဲေတြ ေရတြက္လို႔ရလာတဲ့အခါမွာ ရာခိုင္ႏႈန္းအရ (၅ဝ)ရာခိုင္ႏႈန္းရရင္ အဲဒါရဲ႕တစ္ဝက္ကိုရမယ္။ (၃ဝ)ရာခိုင္ႏႈန္းရရင္ သုံးပုံတစ္ပုံရမယ္။ အဲဒီလို တြက္ရမွာ။ အဲဒါကို ဘာနဲ႔သတ္မွတ္မွာလည္းဆိုရင္ အနည္းဆုံးရတဲ့ မဲအေရအတြက္နဲ႔ သတ္မွတ္မွာျဖစ္တယ္။ ဆိုေတာ့ တစ္ႏိုင္ငံလုံးကို မဲဆႏၵနယ္အျဖစ္သတ္မွတ္ၿပီးေတာ့ ေရတြက္ရတာထက္ေတာ့ ပိုလြယ္သြားတာေပါ့။ ဒါေပမယ့္ မဲေတြကို ရာခိုင္ႏႈန္းနဲ႔ အနိမ့္ဆုံးရမွတ္တြက္လိုက္တဲ့အခါမွာ အေလအလြင့္ျဖစ္တဲ့မဲကေတာ့ ပိုမ်ားလာ တာေပါ့။ တစ္ႏိုင္ငံလုံးတြက္လိုက္ရင္ေတာ့ အဲဒီမွာအေလအလြင့္ျဖစ္တဲ့ မဲအေရအတြက္က သက္သာတာေပါ့။

ေမး ။ ။ ဒါဆိုရင္ PR စနစ္နဲ႔ျဖစ္လာမယ့္ကိုယ္စားလွယ္ေတြက ဥပမာ- ဦးရဲထြန္းဆိုရင္ သီေပါၿမိဳ႕နယ္ လႊတ္ေတာ္အမတ္လို႔မေခၚေတာ့ဘဲနဲ႔ ခ႐ိုင္လႊတ္ေတာ္အမတ္(၁)၊ ခ႐ိုင္လႊတ္ေတာ္အမတ္(၂) ဆိုတာမ်ိဳးျဖစ္ သြားမွာလား။
ေျဖ ။ ။ အဲဒီလိုျဖစ္သြားၿပီးေတာ့ ၿမိဳ႕နယ္ကိုယ္စားျပဳမႈေပ်ာက္ဆုံးသြားလိမ့္မယ္။ ျပည္သူ႔လႊတ္ေတာ္မွာလည္း ခ႐ိုင္တစ္၊ ခ႐ိုင္ႏွစ္ စသျဖင့္ သတ္မွတ္ခ်င္လည္း သတ္မွတ္မွာေပါ့။ ရွမ္းျပည္နယ္ ျပည္သူ႔လႊတ္ေတာ္ အမွတ္ (၁)၊ အမွတ္(၂) ဆိုၿပီးသတ္မွတ္ခ်င္လည္း သတ္မွတ္မယ္။ ဒါမွမဟုတ္ ခ႐ိုင္နာမည္ေတြနဲ႔လည္း သတ္မွတ္ခ်င္ သတ္မွတ္မွာေပါ့။ ဒါ့အျပင္ ခ႐ိုင္တစ္နဲ႔ ခ႐ိုင္ႏွစ္မွာလည္း ကိုယ္စားလွယ္ဦးေရက တူမယ္မထင္ဘူး။ တခ်ိဳ႕ခ႐ိုင္ ေတြက သုံးေယာက္၊ တခ်ိဳ႕က ငါးေယာက္ေပါ့။ ဆိုေတာ့ အခုေဆြးေႏြေနတဲ့ႏိုင္ငံေရးပါတီေတြက အဲဒီမွာပါတဲ့ လူဦးေရကို တတ္ႏိုင္သမွ်ညီၫြတ္ေအာင္၊ အညီအမွ်ျဖစ္ေအာင္ မဲဆႏၵနယ္ေတြခြဲတဲ့အခါမွာ စီစဥ္ေပးသင့္ တယ္လို႔ေတာ့အႀကံျပဳထားတယ္။ ဘယ္ေလာက္ထိလုပ္ႏိုင္မလဲေတာ့ မသိေသးဘူး။ တစ္ဖက္ကလည္း အုပ္ခ်ဳပ္ ေရးယူနစ္ေတြ။ ရွိၿပီးသားယူနစ္ေတြကလည္းရွိေနေတာ့ အဲဒီမွာလူဦးေရကို ဟိုဘက္ကအုပ္စုက ဒီဘက္ကိုထည့္၊ ဒီဘက္က ဟိုဘက္ကိုသြားဆိုတာမ်ိဳးလုပ္ရင္ အုပ္ခ်ဳပ္ေရးနဲ႔ လႊတ္ေတာ္ေရးကိစၥေတြနဲ႔က ေရာယွက္တာေတြျဖစ္ လာႏိုင္တယ္။ ဆိုေတာ့ ဒါေတြကိုတြက္ၿပီးေတာ့ အတတ္ႏိုင္ဆုံးေတာ့ သူတို႔ မွ်တေအာင္ခြဲမယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ အဲဒီမွာ ပထမေမးခြန္းလိုပဲျပန္ၿပီး အႏွစ္ခ်ဳပ္ေျပာရရင္ ခ႐ိုင္တစ္ခုမွာ ၿမိဳ႕နယ္က သုံးခုရွိတယ္ဆိုပါစို႔။ ပါတီတစ္ခုက ကိုယ္စားလွယ္သုံးေယာက္လုံးထည့္ၿပီး ၿပိဳင္ခိုင္းတယ္။ ဒါေပမယ့္ သူႏိုင္တာက တစ္ေယာက္စာပဲ ႏိုင္တယ္ဆိုရင္ အဲဒီသုံးေယာက္ထဲက တစ္ေယာက္ကို ဘယ္လိုေ႐ြးထည့္မလဲ။
ေျဖ ။ ။ ခုနက ကြၽန္ေတာ္ေျပာသလိုေပါ့။ Close List ျဖစ္တဲ့အတြက္ ဦးစားေပးဇယားက မဲေတြ မေရတြက္ခင္၊ မရခင္ကတည္းက ႀကိဳၿပီးသတ္မွတ္ေပးထားတယ္။ Close List ဆိုတဲ့အဓိပၸါယ္က မဲေတြ မေရတြက္ခင္၊ ရလဒ္ မထြက္ခင္ကတည္းက ပါတီေတြက တစ္ေယာက္ပဲရရင္ နံပါတ္တစ္က ဘယ္သူ၊ နံပါတ္ႏွစ္က ဘယ္သူ၊ အဲဒီလို စီစဥ္ထားေပးမွာေပါ့။ အဲဒီေတာ့ သုံးေယာက္မွာ သုံးေယာက္လုံးပါရင္ အကုန္ရသြားမယ္။ တစ္ေယာက္ပဲရရင္ ပထမတစ္ေယာက္ပဲပါမယ္။ ဒါေၾကာင့္ Close List လို႔ေခၚတာ။ Close List ဆိုတာမွာလည္း ဗဟိုေကာ္မတီက သတ္မွတ္မွာလား၊ ငါတို႔စကားနားေထာင္တဲ့ေကာင္ေတြပါမယ္။ မင္းတို႔စကားမမ်ားၾကနဲ႔။ မင္းတို႔ခ႐ိုင္ကပါရင္ ဒီလိုတန္းစီထားတယ္။ အဲဒီလိုမ်ိဳး ဗဟိုေကာ္မတီက ဆုံးျဖတ္တာလား။ ဒါမွမဟုတ္ရင္လည္း ေ႐ြးေကာက္ပြဲ မတိုင္မီ ပါတီတြင္း အႀကိဳေ႐ြးေကာက္ပြဲေလးေတြ ရွိႏိုင္တယ္။ တခ်ိဳ႕ပါတီေတြက လုပ္ခ်င္လုပ္လိမ့္မယ္။ လႊတ္ေတာ္က ဥပေဒမသတ္မွတ္ေပမယ့္လို႔ တခ်ိဳ႕ပါတီေတြက ငါတို႔ပါတီေတြက ျပည္သူလူထုရဲ႕သေဘာထား ကိုလည္းလိုက္နာမယ္။ ဦးစားေပးမယ္ဆိုရင္ အဲဒီပါတီေတြက ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ ပါတီမွာ ေ႐ြးေကာက္ ပြဲေလးေတြလုပ္မွာ။ အဲဒီေတာ့မွ သူကေတာ့မဲအမ်ားဆုံးရတယ္ နံပါတ္တစ္၊ သူကေတာ့ဒုတိယ ဆိုၿပီးေတာ့ ပါတီ ဝင္ေတြရဲ႕ဆႏၵမဲနဲ႔ စဥ္ရင္စဥ္ေပးမွာ။ ဒါလည္း Close List လို႔ ေခၚတာပဲ။ ဒါေပမယ့္သူက ဒီမိုကေရစီ နည္းနည္း ပိုေပးတာေပါ့။ ေနာက္ Open List ဆိုတာရွိတယ္။ သူကလည္း Party list PR ပဲ။ သို႔ေသာ္ သူက Open List ျဖစ္တယ္။ ေ႐ြးေကာက္ပြဲမွာေပးလိုက္တဲ့ျပည္သူလူထုရဲ႕ မဲနဲ႔ စီတာေပါ့။ အဲဒါက်ေတာ့ ႀကိဳၿပီးမသတ္မွတ္ ထားဘူး။ ရတဲ့မဲေတြအေပၚမွာ မဲအမ်ားဆုံးရတဲ့လူက ထိပ္ဆုံးေရာက္သြားၿပီးေတာ့ အနည္းအမ်ားစီတာေပါ့။ အခု ကြၽန္ေတာ္တို႔ကေတာ့ Close List သြားမယ္။ ပါတီကေန Primary Election အေနနဲ႔ေ႐ြးမွာလား။ ဗဟိုက ေ႐ြး မွာလားဆိုတာကေတာ့ မသိေသးဘူး။ ဒါက ဥပေဒမသတ္မွတ္ဘဲနဲ႔ ကိုယ့္ပါတီရဲ႕သေဘာဆိုတာမ်ိဳးလည္း ျဖစ္ ေကာင္းျဖစ္ႏိုင္တာေပါ့။

ေမး ။ ။ အဲဒီေတာ့ အခုသြားမယ့္ PR ကို တခ်ိဳ႕ကေျပာတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔မညီဘူး။ တခ်ိဳ႕က ညီ တယ္ဆိုၿပီး ျငင္းေနၾကတာရွိတယ္။ ကြၽန္ေတာ္ကေတာ့ ဖြဲ႕စည္းပုံကို လက္တစ္လုံးျခားလုပ္တယ္လို႔ပဲ ျမင္တယ္။ ဥပေဒလည္းမေက်ာ္ေအာင္ လွလွပပလုပ္ထားတယ္လို႔ ျမင္တယ္။ ဦးရဲေရာ ဘယ္လိုျမင္လဲ။
ေျဖ ။ ။ အေျခခံဥပေဒမွာေတာ့ ေရးထားတဲ့အသုံးအႏႈန္းေတြ၊ ျပ႒ာန္းထားတဲ့ျပ႒ာန္းခ်က္ေတြက FPTP အတြက္ကိုပဲရည္႐ြယ္ထားတယ္ဆိုတာ ထင္ရွားပါတယ္။ အဲဒါကေတာ့ ျပည္သူ႔လႊတ္ေတာ္အတြက္ကို ေျပာတာ ေပါ့။ ျပည္သူ႔လႊတ္ေတာ္မွာဆိုရင္ ကိုယ္စားလွယ္(၃၃ဝ) ထက္မပိုတဲ့ ၿမိဳ႕နယ္ေပါင္း(၃၃ဝ) ကေန ၿပီးေတာ့ ၿမိဳ႕နယ္ကို အေျခခံ၍လည္းေကာင္း၊ လူဦးေရကိုအေျခခံ၍လည္းေကာင္း ဆိုတဲ့ စကားလုံးအသုံးႏႈန္းေတြ အရ ေတာ့ တစ္ၿမိဳ႕နယ္တစ္ေယာက္ဆိုတဲ့အဓိပၸါယ္သက္ေရာက္ေနတယ္။ တကယ္လို႔ ၿမိဳ႕နယ္ေတြပိုလာတယ္ ဆိုရင္ ေတာင္ အနီးစပ္ဆုံၿမိဳ႕နယ္နဲ႔ေပါင္းၿပီးေတာ့ (၃၃ဝ) ထက္မေက်ာ္ေအာင္ဆိုၿပီး အဲဒီလိုသတ္မွတ္ေပးထားတာ ဆိုေတာ့ ဒီ(၃၃ဝ)ထဲကေတာ့ ေက်ာ္လို႔မရဘူး။ အဲဒါအျပင္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ ေ႐ြးခ်ယ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ အေျခခံဥပေဒမွာျပ႒ာန္းေပးခ်က္ေတြကလည္း ႏိုင္ငံေရးပါတီေတြကိုေပးရမယ္။ ႏိုင္ငံေရး ပါတီကိုမဲထည့္ရမယ္လို႔ မပါဘူး။ ကိုယ္စားလွယ္ေတြကပဲ နာမည္စာရင္းသြင္းၿပီးေတာ့ သူတို႔က ဘယ္လို အရည္ အခ်င္းေတြနဲ႔ကိုက္ညီရမယ္။ လႊတ္ေတာ္တစ္ေနရာအတြက္ တစ္မဲပဲေပးရမယ္။ စသျဖင့္ေပါ့ အဲဒီဟာေတြက FPTP (မဲ အမ်ားဆုံးရသူအႏိုင္ရဆိုတဲ့စနစ္) သို႔မဟုတ္ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR) ကိုက်င့္သုံးရမယ္လို႔ ေရးထားတာမဟုတ္ဘဲနဲ႔ မဲဆႏၵနယ္ႀကီးေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္က လိုအပ္သလိုဖြဲ႕စည္းခြင့္ရွိတယ္ဆို တဲ့ လုပ္ပိုင္ခြင့္နဲ႔ လုပ္တာပဲ။ ဟုတ္ၿပီး ဒါဆိုရင္ ဒီလိုလုပ္တဲ့ဟာက အေျခခံဥပေဒနဲ႔ ညီသလား၊ မညီဘူးလားဆိုတဲ့ ျပႆနာကို ဘယ္လိုေျဖရွင္းထားတုန္းဆိုေတာ့ ပထမအႀကိမ္လႊတ္ေတာ္ကာလတုန္းက ဒါနဲ႔ပတ္သက္ၿပီးေတာ့ အမ်ိဳးသားလႊတ္ေတာ္ ဒီကိစၥေတြေဆာင္႐ြက္ေနၾကတဲ့အခ်ိန္ ဦးေအာင္ၾကည္ၫြန႔္နဲ႔ ဒီလိုလုပ္ေနတာေတြက အေျခခံဥပေဒနဲ႔ညီ/မညီ ဆုံးျဖတ္ေပးပါဆိုေတာ့ အဲဒီတုန္းက ခုံ႐ုံးက ဘယ္လိုဆုံးျဖတ္ေပးလဲဆိုေတာ့ အခု ဟာက ေ႐ြးေကာက္ပြဲစနစ္တစ္ခုေျပာင္းဖို႔အတြက္ ျပင္ဆင္ေနတဲ့ကာလျဖစ္တယ္။ မူၾကမ္းေရးေနတဲ့ကာလျဖစ္ တယ္။ ေ႐ြးေကာက္ပြဲဥပေဒမူၾကမ္းလည္း မထြက္ေသးဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ခုံ႐ုံးအေနနဲ႔ကေတာ့ လႊတ္ေတာ္ကျပဌာန္းလိုက္တဲ့ဥပေဒေတြကိုပဲ အေျခခံဥပေဒနဲ႔ ညီ၊ မညီ စစ္ေဆးခြင့္ရွိတယ္။ ဒီလိုလႊတ္ေတာ္ရဲ႕ လုပ္ရပ္ေတြ၊ လုပ္ေဆာင္ေနတာေတြ၊ ေဆြးေႏြးေနတာေတြ ဒါေတြကို ကြၽန္ေတာ္တို႔က အေျခခံဥပေဒနဲ႔ ညီ၊ မညီ ဆုံးျဖတ္ခြင့္မရွိပါဘူးဆိုၿပီးေတာ့ ပလပ္လိုက္တယ္။ ဒါက လႊတ္ေတာ္က ေနာက္ဆုံးဆုံျဖတ္လိုက္တဲ့ ဆုံးျဖတ္ ခ်က္လို႔ေျပာႏိုင္တာေပါ့။ ဆိုေတာ့ အခုေ႐ြးေကာက္ပြဲေကာ္မရွင္က မ်ားမ်ားမေျပာဘူး။ ဒါေလးပဲ ထုတ္ျပန္ ေၾကညာၿပီးေတာ့ က်ဳပ္တို႔ကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က လုပ္ပိုင္ခြင့္ရွိတဲ့ မဲဆႏၵနယ္ေတြကို လိုအပ္သလို ျပင္ဆင္ဖြဲ႕စည္းတာ ကြၽန္ေတာ္တို႔လုပ္မယ္။ ေ႐ြးေကာက္ပြဲစနစ္ကိုလည္း ဒီလိုလုပ္မယ္။ ခင္ဗ်ားတို႔ ခုံ႐ုံးတင္ခ်င္ တယ္။ တရားစြဲခ်င္တယ္ဆိုရင္ ေနာက္လႊတ္ေတာ္ေပၚလာေတာ့မွ အဲဒီလႊတ္ေတာ္ကေန ဒီေ႐ြးေကာက္ပြဲဥပေဒ ဟာ အေျခခံဥပေဒနဲ႔ ညီ၊ မညီ စြဲၾကဆိုတဲ့အဓိပၸါယ္ပဲ။ ဆိုေတာ့ လႊတ္ေတာ္လည္းမရွိေသးဘူး အခုခ်ိန္မွာ။ လႊတ္ေတာ္မရွိေတာ့ ခုံ႐ုံးမွာ စြပ္စြဲျပစ္တင္စရာ ေနရာလည္းမရွိေသးဘူး။ ခုံ႐ုံးရွိလို႔ ဒီအခ်ိန္မွာ ခုံ႐ုံးတင္ရင္လည္း လက္ခံမွာမဟုတ္ဘူး။ ဘာလို႔လည္းဆိုရင္ ဥပေဒေတာင္မထြက္ေသးဘူးဆိုၿပီးျငင္းမွာ။ ဆိုေတာ့ အဲဒီအေန အထားမွာျဖစ္ေနတယ္။ အဲဒီေတာ့ ညီတယ္၊ မညီဘူးဆိုတာကေတာ့ သဘာဝအတိုင္းေျပာလို႔ရပါတယ္။ မညီဘူး ေျပာတဲ့လူလည္းရွိတယ္။ အခုေဆြးေႏြးေနၾကတဲ့ႏိုင္ငံေရးပါတီေတြကေတာ့ ညီတယ္လို႔ေျပာၾကတာေပါ့။ ဒါက လည္း အေျခခံဥပေဒမွာ တိတိက်က်ႀကီး ျပ႒ာန္းထားတာမဟုတ္ေတာ့ ဒါကလည္း အျငင္းပြားစရာကိစၥေပါ့။ ဒါက ကြၽန္ေတာ္တို႔ႏိုင္ငံမွာတင္ ႀကဳံရတာမဟုတ္ဘူး။ အေမရိကန္ႏိုင္ငံတို႔မွာလည္း ဒီလိုဟာမ်ိဳးေတြ အမ်ားႀကီး ႀကဳံခဲ့တယ္။ ေနာက္ဆုံဆုံးျဖတ္ခ်က္ကဘာလဲဆိုရင္ ခုံ႐ုံးကဆုံးျဖတ္ခ်က္က အတည္ေပါ့ဗ်ာ။ သူတို႔လည္း အဲဒီ လိုပါပဲ။ အဲဒါကိုပဲ လိုက္နာၾကတာပါပဲ။

ေမး ။ ။ PR နဲ႔ပတ္သက္ရင္ မညီဘူးေျပာတဲ့လူလည္းရွိတယ္။ ညီတယ္လို႔ေျပာတဲ့သူလည္းရွိတယ္။ ေနာက္တစ္ခါ ညီတာ/မညီတာ အေျခအေနၾကည့္ၿပီးေတာ့ ဝင္သင့္/မဝင္သင့္ စဥ္းစားေနတဲ့လူေတြလည္းရွိ တယ္။ ဆိုေတာ့ PR စနစ္ရဲ႕ ဆိုးက်ိဳးဆိုးျပစ္၊ ေကာင္းက်ိဳးေကာင္းျပစ္ေတြက ဘာေတြရွိလဲ။ ဒီႏိုင္ငံနဲ႔ေရာ PR က တကယ္ ကိုက္မလားဆိုတာ ဦးရဲတစ္ေယာက္တည္းရဲ႕အျမင္ကေရာ ဘယ္လိုရွိမလဲ။
ေျဖ ။ ။ PR စနစ္နဲ႔ပတ္သက္ၿပီးေတာ့ ဘာေၾကာင့္ဒီဟာကိုစဥ္းစားလာတုန္း၊ နည္းနည္းပိုၿပီးေတာ့ ရႈပ္ရႈပ္ေထြး ေထြးျဖစ္ၿပီးေတာ့ နားလည္ရခက္တဲ့စနစ္ကို ဘာေၾကာင့္စဥ္းစားလာတာလဲဆိုတာကိုေျပာမွ ကြၽန္ေတာ္တို႔ ဒီဟာ ကိုနားလည္ႏိုင္လိမ့္မယ္။ FPTP စနစ္မွာ အားလုံးသိၾကတဲ့အတိုင္းပဲ ကြၽန္ေတာ္တို႔က လူဘယ္ႏွစ္ေယာက္ပဲ ၿပိဳင္ ၿပိဳင္၊ ေနရာက တစ္ေနရာပဲ။ ေနရာတစ္ေနရာမွာ လူဘယ္ႏွစ္ေယာက္ၿပိဳင္ၿပိဳင္ မဲအမ်ားဆုံးရတဲ့သူ အႏိုင္ရမွာပဲ။ အဲဒီေတာ့ ကိုယ့္ရဲ႕ၿပိဳင္ဖက္က တစ္မဲပဲပိုမ်ားလည္း သူကျဖစ္သြားမွာပဲ။ ႏွစ္ေယာက္ၿပိဳင္တဲ့အခ်ိန္မွာ တစ္ေယာက္က တစ္မဲပိုသာသြားၿပီးေတာ့ သူျဖစ္သြားတယ္ဆိုရင္ က်န္တဲ့သူကိုေထာက္ခံတဲ့မဲေတြက အလဟ သျဖစ္သြားတယ္ဆိုၿပီးေတာ့ ယူဆတာမ်ိဳး၊ သူတို႔ကို ကိုယ္စားျပဳခြင့္မရတာမ်ိဳး စဥ္းစားလာၾကတာရွိသလို၊ တစ္ေနရာတည္းၿပိဳင္တဲ့အခါမွာ လူဆယ္ေယာက္ေလာက္ကၿပိဳင္တဲ့အခါ အဲဒီအမ်ားဆုံးရသြားတဲ့လူက ဆယ္ ရာခိုင္ႏႈန္းေက်ာ္ပဲရတယ္။ က်န္တဲ့လူေတြ စုစုေပါင္းက (၉ဝ) ရာခိုင္ႏႈန္းနီးပါး ရတယ္ဆိုရင္ သူ႔ကိုမေထာက္ခံတဲ့ သူက (၉ဝ) ရာခိုင္ႏႈန္းနီးပါးရွိတယ္။ အဲဒီသေဘာမ်ိဳးပဲ ငါးေယာက္ၿပိဳင္တဲ့အခါမွာ တစ္ေယာက္က (၂၅) ရာခိုင္ ႏႈန္းေက်ာ္ေက်ာ္နဲ႔ႏိုင္သြားတယ္။ က်န္တဲ့ေလးေယာက္က (၇၅) ရာခိုင္ႏႈန္းနီးပါးနဲ႔ရႈံးသြားတယ္ဆိုရင္ သူ႔ကို မေထာက္ခံတဲ့သူက အဲဒီမဲဆႏၵနယ္မွာ (၇၅) ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ဆိုေတာ့ အဲဒီလိုဟာေတြျဖစ္တဲ့အျပင္ လႊတ္ေတာ္ထဲကိုေရာက္သြားတဲ့အခါမွာလည္း ျပည္သူလူထုရဲ႕မဲ (၅ဝ) ရာခိုင္ႏႈန္း (၆ဝ) ရာခိုင္ႏႈန္းႏိုင္တဲ့ပါတီက လႊတ္ေတာ္ေနရာ (၇ဝ) ရာခိုင္ႏႈန္း (၈ဝ) ရာခိုင္ႏႈန္းေလာက္အထိ ႏိုင္သြားတာမ်ိဳး ခုနကေျပာသလိုေပါ့။ အဲဒီလို ျဖစ္သြားတဲ့အခါမွာ အစိုးရဖြဲ႕ခြင့္တို႔၊ ႏိုင္ငံကိုဦးေဆာင္မယ့္ အစိုးရရဲ႕ေပၚလစီေတြ ေရးဆြဲတာ၊ ဥပေဒျပဌာန္း တာေတြမွာ တစ္ပါတီတည္းကေနၿပီးေတာ့ ႀကိဳက္သလိုလုပ္သြားလို႔ ရတာေပါ့။ အဲဒီအားနည္းခ်က္ေၾကာင့္ FPTP က တကယ္မွန္ရဲ႕လား။ ဒါဟာ ဒီမိုကေရစီကို တကယ္ကိုယ္စားျပဳမႈဟုတ္ရဲ႕လားလို႔စဥ္းစားလာၾကတာ ရွိတာ ေပါ့။ ဘာေကာင္းလဲဆိုေတာ့ သူကအဲဒီလိုအစိုးရဖြဲ႕ႏိုင္တဲ့အတြက္ လႊတ္ေတာ္ထဲမွာ အယုံအၾကည္မရွိ အဆို တင္သြင္တာတို႔၊ ေပၚလစီတစ္ခုခ်မွတ္ဖို႔အတြက္ ခက္ခက္ခဲခဲညႇိႏႈိင္းရတာတို႔၊ ႏိုင္ငံေရးပါတီေတြ အေပးအယူ လုပ္ရတာ အဲဒါမ်ိဳးေတြေတာ့ ကင္းသြားတာေပါ့။ ကိုယ့္တစ္ပါတီတည္း လြတ္လြတ္ကြၽတ္ကြၽတ္ စိတ္ႀကိဳက္လုပ္ သြားလို႔ရတာေပါ့။ ခုနကအားနည္းခ်က္ေတြကို စဥ္းစားလာတဲ့အခါမွာေတာ့ ဟုတ္ၿပီး၊ ဒါဆိုရင္ေတာ့ ကိုယ္စားလွယ္အမ်ားစုကို အခ်ိဳးက်ကိုယ္စားျပဳတဲ့စနစ္ကို က်င့္သုံးရင္မေကာင္းဘူးလားလို႔ စဥ္းစားလာၾက တယ္။ အဲဒီစနစ္က်ေတာ့ ကိုယ္စားလွယ္တစ္ေယာက္တည္းကိုေ႐ြးလို႔မရဘူး။ အဲဒီမဲဆႏၵနယ္က အနည္းဆုံး ေတာ့ ကိုယ္စားလွယ္ႏွစ္ေယာက္ေတာ့ ရွိရမယ္။ ႏွစ္ေယာက္ရွိမွ ရတဲ့မဲကိုခြဲယူၿပီးေတာ့ ကိုယ္စားျပဳလို႔ ရမွာျဖစ္ တယ္။ အဲဒီဟာကေတာ့ ေပးလိုက္တဲ့မဲက အမ်ားစုမဟုတ္ေပမယ့္ သတ္မွတ္ထားတဲ့မဲရရင္ သူက လႊတ္ေတာ္ ေနရာရႏိုင္တယ္။ ေနာက္ၿပီး လႊတ္ေတာ္ထဲမွာ ေနရာရလာၿပီဆိုရင္ ဘာပဲျဖစ္ျဖစ္ အစိုးရ ဖြဲ႕စည္းေရးကိစၥေတြမွာ ပဲျဖစ္ေစ၊ ဥပေဒျပဌာန္းေရးကိစၥေတြမွာျဖစ္ေစ ေျပာေရးဆိုခြင့္ရွိၿပီးေတာ့ တိုင္တိုင္ပင္ပင္နဲ႔လုပ္ကိုင္ႏိုင္တဲ့ဘက္ကို ဦးတည္လာႏိုင္တာေပါ့။ မေကာင္းတဲ့အခ်က္ကေတာ့ အစိုးရေတြက မတည္ၿငိမ္ဘူးေပါ့။ မၾကာခဏ ပါလီမန္ စနစ္ ျဖစ္ေနမွာဆိုရင္ ၫြန႔္ေပါင္းအစိုရေတြ ဖြဲ႕ရတဲ့အခါက်ေတာ့ အယုံအၾကည္မရွိ အဆိုတင္သြင္းခံရတာတို႔၊ မၾကာခဏ ဥပေဒတစ္ခုကိုမျပဌာန္းႏိုင္တာတို႔၊ ျမန္ျမန္ဆန္ဆန္မလုပ္ႏိုင္တာတို႔ အဲဒါမ်ိဳးေတြ အမ်ားႀကီးႀကဳံရႏိုင္ တာေပါ့။ ဆိုေတာ့ ေျပာခ်င္တာကေတာ့ အားေကာင္းခ်က္ရွိသလို အားနည္းခ်က္လည္းရွိတယ္။ အကုန္လုံး ေကာင္းတာေတာ့ မဟုတ္ဘူး။ အေျခခံကေတာ့ ဘာလဲဆိုေတာ့ ဒီလိုဥပေဒျပင္ခြင့္ရွိတဲ့သူေတြက အထူးသျဖင့္ ေတာ့ ရႈံးနိမ့္တဲ့ႏိုင္ငံေရးပါတီေတြက ေအာက္ေရာက္ေနတဲ့အခါမွာ သူကဒါကိုစဥ္းစားလာတာေပါ့။ တကယ္လို႔ သူတို႔အထက္ကရွိေနရင္ ဒါကိုစဥ္းစားမွာမဟုတ္ဘူး။ ဘာလို႔လည္းဆိုရင္ FPTP စနစ္နဲ႔ ေတာက္ေလွ်ာက္ အစိုးရ ျဖစ္ေနရင္ စဥ္းစားမွာမဟုတ္ဘူး။ အဲဒီေတာ့ သူတို႔က ျပင္ႏိုင္ခြင့္အာဏာနဲ႔ ျပင္ႏိုင္ခြင့္အေျခအေနလည္း ရွိလာတဲ့ အခါမွာ ေနာင္အနာဂါတ္မွာ ဒီစနစ္နဲ႔ဆိုရင္ေတာ့ ရႈံးမွာပဲဆိုတဲ့ခံစားခ်က္ ျဖစ္လာတဲ့အခါမွာ ျပင္တာေပါ့ဗ်ာ။

ေမး ။ ။ အဲဒီေတာ့ ဆိုလိုတာကေတာ့ အႏိုင္ရေနတဲ့ပါတီေတြဟာ ဘယ္ေတာ့မွ PR ကို စိတ္မဝင္စားဘူးေပါ့။
ေျဖ ။ ။ FPTP စနစ္နဲ႔ အႏိုင္ရေနတဲ့ပါတီေတြက ဘယ္ေတာ့မွစိတ္မဝင္စားဘူး။ ၿပီးခဲ့တဲ့ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းတုန္းက ျပည္ခိုင္ၿဖိဳးပါတီက အေျခခံဥပေဒပါျပင္ၿပီးေတာ့မွ လုပ္ႏိုင္တဲ့အခြင့္အေျခအေန ရွိ ေပမယ့္မလုပ္ခဲ့တာက သူတို႔ဆက္ႏိုင္လိမ့္မယ္ထင္လို႔။ ဒီစနစ္က ရႈပ္လည္းရႈပ္ပါတယ္။ FPTP စနစ္ပဲ ေကာင္းပါ တယ္။ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြ အခုမွစလုပ္တဲ့ႏိုင္ငံဆိုေတာ့ အဲဒါနဲ႔ပဲကိုက္တယ္ဆိုၿပီးေတာ့ေပါ့ဗ်ာ တကယ္က အဲဒီေလာက္ထိ သူတို႔ရႈံးလိမ့္မယ္လို႔ မထင္တာေပါ့။ အခုေတာ့ လုပ္ျဖစ္သြားၿပီေပါ့။

ေမး ။ ။ အဲဒီေတာ့ တခ်ိဳ႕ေတြကေထာက္ျပတဲ့အခ်က္ေတြရွိၾကတာေပါ့။ ဘာေထာက္ျပလဲဆိုေတာ့ ဒါက စစ္တပ္နဲ႔ ျပည္ခိုင္ၿဖိဳးေပါင္းၿပီးေတာ့ အစိုးရဖြဲ႕ခ်င္တဲ့အတြက္ PR စနစ္ကိုရေအာင္ အခြင့္အခါရတုန္းမွာ တမင္ အသက္သြင္းေနတာေပါ့။ ေျပာခ်င္တာက စစ္တပ္နဲ႔ျပည္ခိုင္ၿဖိဳး ႀကီးစိုးေအာင္လုပ္တဲ့စနစ္ႀကီးျဖစ္ေအာင္ လုပ္ တာလို႔ေျပာၾကတာရွိတယ္။ အဲဒီအခ်က္ကို ဦးရဲဘယ္လိုျမင္မိလဲ။
ေျဖ ။ ။ အဲဒီအခ်က္ကေတာ့ PR စနစ္အေၾကာင္းကို သူ႔ခ်ည္းပဲသုံးသပ္တဲ့အခါ ခုနကကြၽန္ေတာ္တို႔ေျပာခဲ့တာ က အေျခခံအခ်က္ေတြေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ၂ဝဝ၈ ဖြဲ႕စည္းပုံအရ တပ္မေတာ္က (၂၅) ရာခိုင္ႏႈန္းက အလို အေလ်ာက္ပါၿပီးသားျဖစ္ေတာ့ ဒီလိုအေျခအေနမ်ိဳးမွာ က်န္တဲ့ (၇၅) ရာခိုင္ႏႈန္းေသာေနရာမ်ားကို PR စနစ္နဲ႔ လုပ္မယ္ဆိုေတာ့ အလြယ္ေလးသိႏိုင္တဲ့ကိစၥျဖစ္တယ္။ ဒါကေတာ့ တပ္မေတာ္က ဘာပဲျဖစ္ျဖစ္ လႊတ္ေတာ္ႏိုင္ငံ ေရးမွာ အေရးႀကီးတဲ့အခန္းက႑ေနာက္ ေတာက္ေလွ်ာက္ပါေတာ့မွာေပါ့။ အစိုးရေ႐ြးခ်ယ္ဖို႔အတြက္ သမၼတ ေ႐ြးခ်ယ္ေရးကိစၥအပါအဝင္ ဥပေဒေတြျပ႒ာန္းတဲ့အခါမွာလည္း ကြၽန္ေတာ္တို႔ပထမအႀကိမ္နဲ႔ ဒုတိယအႀကိမ္ ကာလတုန္းက ဥပေဒတစ္ခုျပ႒ာန္းမယ္ဆိုရင္ တပ္ရဲ႕ေထာက္ခံမႈ၊ ေထာက္ခံမွာလား ကန႔္ကြက္မွာလားဆိုတာ သိပ္ၿပီးဂ႐ုစိုက္စရာမလိုဘူး။ ပထမအႀကိမ္တုန္းကလည္း ျပည္ခိုင္ၿဖိဳးက ဒီဥပေဒျပ႒ာန္းခ်င္တယ္ဆိုရင္ သူတို႔ အမ်ားစုသေဘာတူရင္ ဒါကျဖစ္သြားတာပဲ။ ဒုတိယအႀကိမ္မွာလည္း ထိုနည္း၎ေပါ့။ တပ္မေတာ္က(၂၅) ရာခိုင္ႏႈန္းပါေပမယ့္ သိပ္ၿပီးေတာ့ သက္ေရာက္မႈမရွိဘူး။ သူက အေျခခံဥပေဒျပင္ဆင္ေရးကိစၥမွာေတာ့ (၇၅) ရာခိုင္ႏႈန္းမေက်ာ္ရင္ မေအာင္ျမင္ႏိုင္တဲ့အတြက္ အဲဒီအခ်ိန္မွာပဲ တပ္က သက္ေရာက္မႈရွိတယ္။ အခုက်ေတာ့ မဟုတ္ေတာ့ဘူး။ PR စနစ္အရဆိုရင္ အႏိုင္ရပါတီကလည္း အရင္ေလာက္ လႊတ္ေတာ္ေနရာကိုႏိုင္သြားမွာ မဟုတ္ဘူး။ အတိုက္အခံပါတီဆိုတာလည္း အရင္ေလာက္နည္းေတာ့မွာ မဟုတ္ဘူး။ ဒါေၾကာင့္ အဲဒီပါတီေတြက တပ္နဲ႔နီးစပ္တဲ့ပါတီျဖစ္ရင္ တပ္နဲ႔ေပါင္းၿပီးေတာ့လည္း အစိုးရဖြဲ႕တာတို႔ ဥပေဒျပ႒ာန္းတာတို႔ကိစၥေတြမွာ ျဖစ္ လာႏိုင္တာေပါ့။ အဲဒီေတာ့ အမ်ားကတြက္ဆေနသလို ကာကြယ္ေရးဦးစီးခ်ဳပ္က သမၼတလုပ္ခ်င္ရင္လည္း လုပ္ႏိုင္တဲ့အေျခအေနက ပိုၿပီးေတာ့ မ်ားလာတာေပါ့။

ေမး ။ ။ အဲဒီေတာ့ ဒီအခင္းအက်င္းကိုဆိုၾကပါစို႔ တပ္မေတာ္က အေစာႀကီးကတည္းက (၂၅) ရာခိုင္ႏႈန္း အသာစီးယူထားၿပီးသားျဖစ္တယ္။ ဦးရဲေျပာသလို အစိုးရဖြဲ႕ေရးမွာ တပ္ရဲ႕အခန္းက႑က အေရးပိုၿပီးပါလာ သလိုျဖစ္လာတာေတြ႕ရတယ္။ အဲဒါဆို တပ္က သူတို႔ကိုအေလးထားေစခ်င္တာလား။ သူတို႔က အသာစီးယူ ခ်င္တာလား။ ဘယ္လိုျမင္မိလဲ။
ေျဖ ။ ။ ဒါကေတာ့ မၾကာေသးခင္ကျဖစ္ခဲ့တဲ့သမိုင္းေၾကာင္းကိုၾကည့္မယ္ဆိုရင္ေတာ့ ပထမပိုင္းမွာ႐ိုး႐ိုးပဲ။ PR စနစ္နဲ႔ပတ္သက္ၿပီး သိပ္သေဘာမေပါက္ၾကတာ။ ပထမဆုံး PR စနစ္နဲ႔ပတ္သက္ၿပီး လႊတ္ေတာ္ထဲမွာ စၿပီးေတာ့ တင္တာက NDF ပါတီ၊ ပထမဆုံးတင္ဖို႔ႀကိဳးစားတဲ့အခါမွာ အပယ္ခံရတာ။ ကြၽန္ေတာ္မွတ္မိသေလာက္ကေတာ့ လႊတ္ေတာ္ဥပေဒနဲ႔မညီလို႔ အပယ္ခံရတာ။ အဆိုတစ္ခုတင္မယ္ဆိုတဲ့အခ်ိန္မွာ ဒီအဆိုကို လႊတ္ေတာ္က လက္ခံ ေဆြးေႏြးျခင္းမျပဳခင္မွာ မီဒီယာေတြကို ထုတ္ျပန္ေၾကညာျခင္း မျပဳရဆိုတဲ့ ဥပေဒတစ္ခုရွိတယ္။ အဲဒါကို NDF က မီဒီယာကိုေျပာလိုက္တယ္။ အဲဒါေၾကာင့္ လႊတ္ေတာ္နာယက က ပယ္လိုက္တာ။ ဒါေပမယ့္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲၿပီးတဲ့အခါက်ေတာ့ ျပည္ခိုင္ၿဖိဳးပါတီက စိတ္ဝင္စားလာတယ္။ ဘာလို႔ဆို အဲဒီေ႐ြးေကာက္ပြဲမွာ သူတို႔က အႀကီးအက်ယ္ရႈံးတာကိုဗ်။ NLD က ေဒၚေအာင္ဆန္းစုၾကည္တို႔ဦးေဆာင္တဲ့ပါတီက လႊတ္ေတာ္ထဲ ေရာက္လာတဲ့အခါ သူတို႔ထိတ္လန႔္သြားတယ္။ ဒါဆိုရင္ေတာ့ ၂ဝ၁၅ အေျခအေန မေကာင္းႏိုင္ေတာ့ဘူးလို႔ေပါ့။ ဆိုေတာ့ အဲဒီမွာစဥ္းစာလာၿပီး NDF ကိုယ္စားလွယ္ကိုပဲ ျပန္တင္ခိုင္းတာ။ အဲဒီလိုျပန္တင္ၿပီး ေဆြးေႏြးၾကရင္းနဲ႔ ကြၽန္ေတာ္တို႔ အတြင္းပိုင္းသိရတဲ့သတင္းေတြအရေတာ့ လႊတ္ေတာ္ကေဆြးေႏြးဆုံးျဖတ္ျခင္းမျပဳခင္မွာပဲ ျပည္သူ႔လႊတ္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးေ႐ႊမန္းတို႔ ညႇိႏႈိင္းလိုက္ၿပီးတဲ့အခါက်ေတာ့ ဒီဟာကိုခုံ႐ုံးကို စာပို႔ၿပီးေတာ့ ေမးလိုက္တဲ့အခါမွာ ခုံ႐ုံးကလည္း ဒါဟာအေျခခံဥပေဒနဲ႔မညီပါဘူးဆိုၿပီး အေၾကာင္းျပန္လိုက္ေတာ့ အဲဒီမွာ နိတၳိတံသြားတယ္။ အဲဒီကာလမွာ ကြၽန္ေတာ္သတိထားလိုက္မိတာကလည္း သမၼတဦးသိန္းစိန္ကလည္း FPTP စနစ္ကသာလွ်င္ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ကိုက္ညီတယ္။ ကြၽန္ေတာ္တို႔ျပည္သူလူထုက မဲေပးတဲ့ဒီမိုကေရစီ အေတြ႕အႀကဳံနည္းေသးတယ္။ ဒါေၾကာင့္မို႔လို႔ အဲဒီစနစ္ပဲလုပ္သင့္တယ္လို႔ သူကေျပာလိုက္ေတာ့ တပ္ကလည္း အဲဒီအခ်ိန္မွာ သမၼတရဲ႕သေဘာထားကိုေထာက္ခံဖို႔ ကြၽန္ေတာ္တို႔သိသေလာက္ေတာ့ ပထမအႀကိမ္မွာ သမၼတ ကို တပ္ကသိပ္ၿပီးေတာ့ ဆန႔္က်င္ေလ့မရွိဘူး။ ဆိုေတာ့ အဲဒီတုန္းက သူတို႔ရဲ႕သေဘာထားကလည္း သိပ္ၿပီး ေတာ့ မေျပာၾကဘူး။ ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း မေျပာဘူး။ အခု ၂ဝ၁၅၊ ၂ဝ၂ဝ ႏွစ္ပြဲဆက္တိုက္ ရႈံးနိမ့္ၿပီး တဲ့အခါက်ေတာ့မွ ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း ေျပာလာတာေပါ့။ အဲဒီလိုစိတ္ဝင္စားလာတဲ့အခ်ိန္မွာ ခုနက ခင္ဗ်ားေျပာသလိုေပါ့ တြက္လိုက္တဲ့အခါက်ေတာ့ တကယ္လို႔သာ PR စနစ္ က်င့္သုံးလိုက္မယ္ဆိုရင္ ငါတို႔ တပ္ရဲ႕အခန္းက႑က လႊတ္ေတာ္ထဲမွာ ႀကီးမားလာမွ ပိုၿပီးေတာ့ ေျပာေရးဆိုခြင့္ေနရာရလာမွာ။ ေနာက္ၿပီးေတာ့ သမၼတလည္း ျဖစ္ႏိုင္တာပဲဆိုတာကေတာ့ လူတိုင္းသိတဲ့ကိစၥေပါ့ဗ်ာ။ ဒါကေတာ့ သမိုင္းေၾကာင္းေလးေတြနဲ႔ ယွဥ္ၿပီးေျပာျပတာေပါ့။ ဆိုေတာ့ ဒါက လုပ္သင့္တယ္။ လုပ္ရင္ တျခားႏိုင္ငံေရးပါတီေတြလည္း သေဘာက်မယ္။ ငါတို႔တပ္လည္း သေဘာတူမယ္ဆိုတဲ့ခံစားခ်က္ေပါ့။ အဲဒါနဲ႔ ဘာပဲျဖစ္ျဖစ္ ခုနကေျပာတဲ့အေျခအေနေတြအရ သူကလည္း ဒါကိုျဖစ္ေအာင္ႀကိဳးစားေတာ့တာေပါ့ဗ်ာ။

ေမး ။ ။ အဲဒါကို လူေတြျမင္တာက တပ္ကလုံးဝကို အသာစီးယူတယ္၊ အႏိုင္ယူတယ္ (သို႔မဟုတ္) အႏိုင္က်င့္ တယ္လို႔ျမင္ၾကတယ္။ အဲဒါကို တပ္ကသူတို႔ကို ၿပီးခဲ့တဲ့ (၅) ႏွစ္ေက်ာ္ (၁ဝ) ႏွစ္အတြင္းမွာ ေတာက္ေလ်ာက္ ေဘးဖယ္ခံထားရတာကိုျပန္ၿပီးေတာ့ အသာစီးျပန္ယူတယ္လို႔ျမင္လား။ ပူးေပါင္းေဆာင္႐ြက္မႈလုပ္ေစခ်င္တယ္ လို႔ျမင္လား။ ဒါမွမဟုတ္ တပ္က တမင္ကိုအခိုင္အမာေျခကုတ္ယူတယ္လို႔ျမင္မိလား။
ေျဖ ။ ။ အေျခခံအားျဖင့္ေတာ့ သူတို႔က ဒါကိုျဖစ္ခ်င္လို႔ အေစာကတည္းကေပါ့ဗ်ာ။ ၂ဝဝ၈ အေျခခံဥပေဒႀကီး ကို စကတည္းက အဲဒီလိုႀကီးထြက္လာရင္ေတာ့ အဲဒီလိုစြပ္စြဲစရာျဖစ္မွာေပါ့ေနာ္။ အေျခအေနက ဘယ္လိုေတြ မွန္းမသိဘဲနဲ႔ တပ္က (၂၅) ရာခိုင္ႏႈန္းလည္း ယူထားတယ္။ က်န္တဲ့ (၇၅) ရာခိုင္ႏႈန္းအေပၚမွာလည္း PR ဆိုၿပီး ေတာ့ ဘယ္ပါတီမွ Land slide မႏိုင္ေအာင္လုပ္ထားတယ္ဆိုရင္ေတာ့ အဲဒီလိုစြပ္စြဲစရာႀကီးျဖစ္ေနမွာေပါ့။ ဒါေပမယ့္ အခုအေနအထားကေတာ့ ဒီဟာကိုလုပ္ခ်င္လို႔ ဖ်ပ္ဖ်ပ္လူးေနတာက တပ္ကမဟုတ္ဘူး။ ဒါကိုလုပ္ခ်င္ ေနတာက အႏိုင္မရတဲ့ပါတီေတြက လုပ္ခ်င္ေနတာ။ ဆိုလိုတာက (၇၅) ရာခိုင္ႏႈန္းေသာေနရာမ်ားကို PR စနစ္နဲ႔ လုပ္တဲ့ေနရာမွာ ခုနကေျပာတဲ့မဲေတြကို၊ ေနရာေတြကို အခ်ိဳးက်ခြဲယူရမယ္ဆိုေပမယ့္ အင္အားေကာင္းတဲ့ ပါတီႀကီးတစ္ခုေပၚလာမွာလား (ဒါမွမဟုတ္) မွ်ၿပီးေတာ့ ေပၚလာမွာလားဆိုတာလည္း ကြၽန္ေတာ္တို႔ မသိႏိုင္ ေသးဘူး။ ဒါေပမယ့္ NLD က လာမယ့္ေ႐ြးေကာက္ပြဲမွာ ပါမယ္ဆိုရင္လည္း လႊတ္ေတာ္ထဲမွာရွိတဲ့ေနရာေတြရဲ႕ (၇ဝ) ရာခိုင္ႏႈန္းေလာက္မရေအာင္ေတာ့ ျဖစ္သြားလိမ့္မယ့္။ ျဖစ္သြားတဲ့အခါ ဘာကိုေမွ်ာ္မွန္းႏိုင္လဲဆိုေတာ့ တပ္ က အတိုက္အခံျပည္ခိုင္ၿဖိဳးပါတီနဲ႔ပူးေပါင္းၿပီးေတာ့ တပ္က သမၼတေနရာဝင္ယူတာတို႔ သူတို႔ကအစိုးရဖြဲ႕တာတို႔ အဲဒါမ်ိဳးေတြလည္းျဖစ္လာႏိုင္တာေပါ့။ ေျပာခ်င္တာက တပ္ကေနၿပီးဦးေဆာင္ၿပီးေတာ့ ရည္႐ြယ္ခ်က္နဲ႔လုပ္ တယ္လို႔ေျပာဖို႔ကေတာ့ ခက္တယ္။ ကြၽန္ေတာ္သိသေလာက္ကေတာ့ ဒါကိုစိတ္ဝင္စားတာက ရႈံးနိမ့္တဲ့ ပါတီေတြ က စၿပီးစိတ္ဝင္စားတာပဲ။ သူတို႔ရဲ႕တြန္းအား၊ သူတို႔ရဲ႕ဖိအားေတြ အမ်ားႀကီးပါပါတယ္။

ေမး ။ ။ အခု တခ်ိဳ႕ေတြ ေၾကာက္ေနၾကတာရွိတယ္။ PR စနစ္လာရင္ ဘာသာျခားေတြ လႊတ္ေတာ္ထဲ ေရာက္ လာၿပီးေတာ့ လႊမ္းမိုးသြားမွာကိုစိုးရိမ္ေနတဲ့လူတန္းစားတစ္စုက ေပၚလာတာေတြ႕ရတယ္။ အဲဒီေတာ့ ဒါကေရာ စိုးရိမ္စရာလား။ ဘယ္လိုျမင္မိလဲ။
ေျဖ ။ ။ ဒါက သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္တစ္ေယာက္ေမးတာကို ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပန္ေျဖလိုက္တဲ့အခါမွာ အေျဖကလည္း နည္းနည္းလြဲေနတဲ့အခါက်ေတာ့ စိုးရိမ္စိတ္ေတြက ေျပလည္မသြားဘဲနဲ႔ ပိုဆိုးလာတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အမွန္က သူေျပာတာက ဘာသာျခားတို႔ ဘာတို႔ဆိုတာက ကြၽန္ေတာ္တို႔ အေျခခံဥပေဒမွာေရာ ေ႐ြးေကာက္ပြဲဥပေဒမွာေရာ ဘာသာနဲ႔ကန႔္သတ္မထားဘူးေလ။ ေ႐ြးေကာက္ပြဲဝင္ႏိုင္တဲ့ ကိုယ္စားလွယ္တစ္ေယာက္ရဲ႕အရည္အခ်င္းမွာ ဘယ္ဘာသာကိုးကြယ္ရမယ္လို႔ကန႔္သတ္ထားတာမရွိဘူး။ ဆို ေတာ့ သူကအဲဒါကိုေျပာခ်င္တာ။ အဲဒီေတာ့ ဘယ္ဘာသာပဲျဖစ္ျဖစ္ သတ္မွတ္ထားတဲ့ကိုယ္စားလွယ္ အရည္ အခ်င္းျပည့္မွီရင္ ကိုယ္စားလွယ္ျဖစ္ႏိုင္တယ္။ အဲဒါက FPTP စနစ္မွာလည္းျဖစ္ႏိုင္တာပါပဲ။ ကြၽန္ေတာ္တို႔ပထမ အႀကိမ္မွာတုန္းက မြတ္ဆလင္ဘာသာကိုးကြယ္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေရာက္လာေသးတာပဲ။ ဆို ေတာ့ ဒါကဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာခ်င္တဲ့သေဘာ။ ဒါကကန႔္သတ္မထားဘူး။ ကန႔္သတ္မထားတဲ့အတြက္ ျပည္သူလူထုက ေ႐ြးေကာက္တင္ေျမႇာက္လိုက္ရင္ ေရာက္လာမွာပဲဆိုတဲ့သေဘာ။ သို႔ေသာ္ သူေသေသခ်ာခ်ာ မရွင္းျပတာက အဲဒီမွာကြၽန္ေတာ္တို႔ႏိုင္ငံသားျဖစ္ဖို႔နဲ႔ ကိုယ့္ကိုယ္ေမြးတဲ့အခ်ိန္မွာ မိဘႏွစ္ပါးလုံးက ႏိုင္ငံသားျဖစ္ ရမယ္ဆိုတဲ့သတ္မွတ္ခ်က္ေတြ အဲဒီဟာေတြက ျပင္မွမျပင္တာ။ မျပင္ဘူးဆိုတာက ေနာက္ေ႐ြးေကာက္ပြဲမွာ လည္း ဆက္ရွိေနမွာ။ ကြၽန္ေတာ္တို႔ပထမအႀကိမ္လႊတ္ေတာ္ထဲမွာဆိုရင္ အဲဒီဟာကို ေသခ်ာမစစ္ဘဲ လႊတ္ေတာ္ ထဲေရာက္လာၿပီးမွ ျပန္ျပဳတ္သြားတဲ့သူေတာင္ရွိတယ္။ အဲဒါ တျခားပါတီကမဟုတ္ဘူး။ ျပည္ခိုင္ၿဖိဳးပါတီကပဲ။ ျပည္ခိုင္ၿဖိဳးပါတီကပဲ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာၿပီးေတာ့မွပဲ ျပန္ၿပီးေတာ့စစ္လိုက္တဲ့အခါမွာ သူ႔မိဘ ႏွစ္ပါးက သူ႔ကိုေမြးတဲ့အခ်ိန္မွာ ႏိုင္ငံသားမျဖစ္ေသးလို႔ ျပန္ျပဳတ္သြားတာရွိတယ္။ ႏိုင္ငံသားျဖစ္ေနတာေတာင္မွ သတ္မွတ္ထားတဲ့အရည္အခ်င္းမျပည့္ရင္ လႊတ္ေတာ္ကိုယ္စားလွယ္မျဖစ္ဘူး။ သူကဒါကိုေျပာတာ။ ကြၽန္ေတာ္ တို႔ ေနာက္တစ္ခုစိုးရိမ္တာရွိတယ္။ အစြန္းေရာက္ေတြ။ ဂ်ာမဏီမွာ ဟစ္တလာရဲ႕နာဇီပါတီက အဲဒီလိုပဲ။ PR စနစ္နဲ႔လႊတ္ေတာ္ထဲေရာက္လာၿပီးမွ အာဏာရွင္စနစ္ကူးေျပာင္းသြားတယ္ေပါ့ဗ်ာ။ အဲဒီဟာနဲ႔ပတ္သက္ၿပီး ေတာ့လည္း စိုးရိမ္ၾကတာရွိတယ္။ ဘာသာျခားေတြက အေျခခံဥပေဒမွာေရာ ေ႐ြးေကာက္ပြဲဥပေဒမွာပါ ဘာသာ ေတြကို ဘယ္ဘာသာဝင္ျဖစ္ရမယ္လို႔ သတ္မွတ္ထားတာမရွိဘူး။ မရွိတဲ့အတြက္ေၾကာင့္ ႏိုင္ငံသားနဲ႔ပတ္သက္ တဲ့သတ္မွတ္ခ်က္ျပည့္မွီတယ္၊ ကိုက္ညီတယ္ဆိုရင္ ဘယ္ဘာသာပဲျဖစ္ျဖစ္ေပါ့ဗ်ာ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ႏိုင္တယ္။ ေနာက္တစ္ခုက တစ္ခ်ိဳ႕စိုးရိမ္ၾကတာရွိတယ္။ ဟစ္တလာ အာဏာရလာသလိုမ်ိဳးေပါ့။ အစြန္း ေရာက္ေတြအာဏာရလာသလို လႊတ္ေတာ္ထဲေရာက္လာမွာ မဟုတ္ဘူးလားဆိုတာမ်ိဳးေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံ မွာ ပါတီတစ္ခုတည္ေထာင္တယ္ဆိုရင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန စိစစ္ေပးၿပီး အဲဒီႏိုင္ငံေရးပါတီရဲ႕ သေဘာထားေတြ၊ စစ္ေဆးမႈေတြအရ သူတို႔ရဲ႕ရည္႐ြယ္ခ်က္ေတြ၊ ပန္းတိုင္ေတြ၊ လမ္းစဥ္ေတြက အစြန္းေရာက္ ေနတယ္ဆိုရင္ အဲဒီမွာတစ္ခါတည္း တည္ေထာင္ခြင့္ကိုျငင္းပယ္လို႔ရတယ္။ ဒါ့အျပင္ ေ႐ြးေကာက္ပြဲအတြင္းမွာ လည္း အစြန္းေရာက္တဲ့စည္း႐ုံးမႈေတြ၊ ကိုးကြယ္ရာဘာသာကိုအသုံးျပဳၿပီး စည္း႐ုံးတာေတြ အဲဒါေတြကိုလည္း အေရးယူဖို႔ျပ႒ာန္းထားတာေတြရွိတယ္။ ဆိုေတာ့ အဲဒီဟာေတြေၾကာင့္မို႔လို႔ ကြၽန္ေတာ္ေျပာခ်င္တဲ့သေဘာက အစြန္းေရာက္ေတြ လႊတ္ေတာ္ထဲေရာက္လာဖို႔ မလြယ္ပါဘူးလို႔ ေျပာခ်င္တာပါ။

ေမး ။ ။ စိုးရိမ္တဲ့သူကလည္း အသည္းအသန္ဝိုင္းၿပီး ဒါကိုစိုးရိမ္ေနၾကတာေတြ႕ရတယ္။ ဒါေပမယ့္ ေ႐ြးေကာက္ပြဲမွာ PR စနစ္က်င့္သုံးလိုက္ျခင္းအားျဖင့္ အခြင့္အေရးက တခ်ိဳ႕မရေသးတဲ့သူေတြဆီမွာ အခြင့္ အေရးပိုရလာႏိုင္တယ္လို႔ျမင္တာေပါ့။ အျခားတစ္ဖက္မွာလည္း တျခားရည္႐ြယ္ခ်က္ရွိတယ္ဆိုေပမယ့္လည္း အခြင့္အေရးကို အၿမဲတမ္းဆုံးရႈံးေနတဲ့ေနရာေဒသေတြမွာ ပိုရလာႏိုင္ေျခရွိတယ္လို႔ျမင္တယ္။ ဦးရဲေရာ အဲဒါကို ဘယ္လိုျမင္မိလဲ။ ဥပမာ- တိုင္းရင္းသားပါတီေဒသေတြမွာေပါ့။
ေျဖ ။ ။ မွန္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ PR စနစ္နဲ႔ပတ္သက္လို႔ စတင္ေဆြးေႏြးလိုက္တဲ့အခါမွာ PR စနစ္ရဲ႕ သေဘာတရားက လူနည္းစုတိုင္းရင္းသားေတြ၊ လူနည္းစုအုပ္စုေတြအတြက္ ကိုယ္စားျပဳမႈလႊတ္ေတာ္ထဲေရာက္ ေအာင္ ေကာင္းတဲ့စနစ္တစ္ခုတီထြင္ထားတာ။ ေကာင္းေစတဲ့တီထြင္မႈေပါ့။ ဒါေပမယ့္ ထူးထူးဆန္းဆန္း ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီစနစ္ကိုဆန႔္က်င္တာက တိုင္းရင္းသားလူနည္းစုပါတီေတြျဖစ္ေနတယ္။ ပထမအႀကိမ္မွာ ကတည္းက ကြၽန္ေတာ္ကိုယ္တိုင္ပါဝင္ခဲ့တဲ့ က်ားျဖဴပါတီက ဦးေဆာင္ၿပီးေတာ့ အဲဒီဟာကို ေဆြးေႏြးတဲ့အခ်ိန္မွာ လႊတ္ေတာ္ကိုသပိတ္ေမွာက္ၿပီး လႊတ္ေတာ္မတက္ဘဲေနခဲ့တာ။ တခ်ိဳ႕ကဒါကိုသေဘာမေပါက္ဘူး။ ဘယ္လိုျဖစ္ တာတုန္း၊ PR စနစ္ဆိုတာ လူနည္းစုေတြအတြက္ေကာင္းတဲ့စနစ္၊ ဘာျဖစ္လို႔မေထာက္ခံတာလဲေပါ့။ အဲဒီ အခ်ိန္မွာ ကြၽန္ေတာ္သုံးသပ္လိုက္တာက ဒီ PR စနစ္ဟာ အၿမဲတမ္း FPTP စနစ္နဲ႔ လုပ္တဲ့ေ႐ြးေကာက္ပြဲမွာ လူနည္းစုေတြအေနနဲ႔ သူတို႔ျဖစ္ေစခ်င္တဲ့သူတို႔ကိုယ္စားျပဳတဲ့ကိုယ္စားလွယ္ေတြအေနနဲ႔ ဘယ္ေတာ့မွာ လႊတ္ေတာ္ထဲမေရာက္ႏိုင္တဲ့အေျခအေနမ်ိဳးကို ကုစားတဲ့စနစ္ဆိုတာ သူတို႔ေျပာတဲ့အေျခအေနဆိုတာက ေဒသ ႀကီးတစ္ခုတည္းမွာ အတူေရာေနတဲ့လူနည္းစုကိုေျပာတာ။ ဥပမာ- ရွမ္း၊ ကရင္တို႔က ရန္ကုန္ဆိုတဲ့ၿမိဳ႕ႀကီးမွာ လာ ၿပီးေတာ့ စုေနၾကတယ္။ စုေနၾကေတာ့ ရွမ္းေတြ၊ ကရင္ေတြက လူနည္းစုျဖစ္ေနတယ္။ အဲဒီလိုဆိုေတာ့ ကြၽန္ေတာ္တို႔ေ႐ြးလိုက္တဲ့ကိုယ္စားလွယ္တိုင္းက ဗမာႀကိဳက္တဲ့ကိုယ္စားလွယ္ပဲ အၿမဲတမ္းလႊတ္ေတာ္ထဲမွာ ေရာက္မွာ။ ကြၽန္ေတာ္တို႔ မဲကနည္းတာကိုဗ်။ အဲဒီလိုအေျခအေနမွာ ခင္ဗ်ားတို႔ေပးလိုက္တဲ့မဲကလည္း သတ္မွတ္အေရအတြက္ျပည့္ရင္ လႊတ္ေတာ္ထဲကိုေရာက္ႏိုင္ပါတယ္ဆိုတဲ့စနစ္ကိုတီထြင္ဖို႔အတြက္ ကြၽန္ေတာ္ တို႔က မဲဆႏၵနယ္ႀကီးကိုခ်ဲ႕ၿပီးေတာ့ အခ်ိဳးက်ကိုယ္စားျပဳစနစ္ကိုေပးတာ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အေျခ အေနက အဲဒီလိုလူမ်ိဳးေတြအတြက္ တိုင္းရင္းသားလူမ်ိဳးေရးရာကိုယ္စားလွယ္၊ တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဆိုၿပီးေတာ့ အဲဒီအခြင့္အေရးကိုေပးထားတယ္။ ဒါက အဲဒီရန္ကုန္လိုမ်ိဳး ဗမာေတြအမ်ားစုေနတဲ့ေနရာ ေတြမွာ လူနည္းစုေတြ အခြင့္အေရးမဆုံးရႈံးေအာင္လို႔ေပါ့။ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ေတာ့ မေရာက္ႏိုင္ဘူး။ ဒါေပမယ့္ ျပည္နယ္တိုင္းေဒသႀကီးလႊတ္ေတာ္မွာ သူတို႔က ဝန္ႀကီးအျဖစ္နဲ႔တိုက္႐ိုက္ ေရာက္သြားႏိုင္တဲ့အခြင့္အေရးေပးထားတယ္။ ဒါကတစ္ခ်က္။ ေနာက္တစ္ခ်က္က ကြၽန္ေတာ္တို႔ျပည္နယ္ေတြ မွာဆိုရင္လည္း ခုနကလူနည္းစုေတြက သူ႔ေနရာနဲ႔ သူ႔ေနရာနဲ႔ အစုလိုက္၊ အစုလိုက္ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္ အလိုက္မွာ majority၊ ဥပမာ- သီေပါမွာဆို ရွမ္းလူဦးေရက (၈ဝ) ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ရွမ္းပါတီပဲႏိုင္မွာ၊ ဗမာပါတီတိုးလို႔မရဘူး။ အဲဒီေတာ့ နန႔္စန္းမွာဆို ပေလာင္လူမ်ိဳးေတြအမ်ားစုေနတာ။ သူတို႔က လူမ်ားစု။ သူတို႔ပဲ ေသခ်ာေပါက္ႏိုင္မွာ။ ကိုးကန႔္၊ အင္းသား စတဲ့ ၿမိဳ႕နယ္တိုင္းၿမိဳ႕နယ္အလိုက္မွာ သူတို႔က ေသခ်ာေပါက္ႏိုင္မွာ ျဖစ္တယ္။ ဒီစနစ္နဲ႔ဆို အဲဒီေနရာေတြကိုလႊဲေပးရမွာျဖစ္ေတာ့ မႀကိဳက္ဘူးေပါ့ဗ်ာ။ ဒါကြၽန္ေတာ္တို႔ က်ားျဖဴပါတီ ကိုယ္တိုင္က အဲဒီတုန္းက ဒါကိုဆန႔္က်င္ခဲ့တယ္ေပါ့။ ဒါေပမယ့္ ၂ဝ၁၅ နဲ႔ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲေတြမွာ က်ားျဖဴ ပါတီလည္း ရႈံးတယ္။ က်ားေခါင္းပါတီ (SNLD) ကပဲႏိုင္တယ္။ အဲဒီေတာ့ ခုနက ကိုေက်ာ္မ်ိဳးမင္းကို ကြၽန္ေတာ္ ေျပာခဲ့သလိုေပါ့ ရႈံးတဲ့အခါက်ေတာ့ စိတ္ဝင္စားလာတာေပါ့။ ရွမ္းအခ်င္းခ်င္း တူတာေတာင္မွ ငါတို႔မဲေတြမရဘူး။ သို႔ေသာ္ မဲေတာ့ တခ်ိဳ႕ရတယ္။ ရတဲ့မဲေလးေတြက အခ်ိဳးက်ေနရာမ်ား ရႏိုင္မလား။ ခုနကေျပာတဲ့ PR စနစ္က အေျဖျဖစ္လာမလား စိတ္ဝင္စားလာတာေပါ့။ အဲဒါလည္း ထူးျခားခ်က္တစ္ခုေပါ့။

ေမး ။ ။ FPTP ပဲ သြားသြား၊ PR ပဲ သြားသြား မည္သည့္ နည္းစနစ္ကိုပဲသြားသြား အမ်ားဆုံးအသာစီးရေနတဲ့ ပါတီတိုင္းဟာ သူ႔ကိုအေရးနိမ့္ႏိုင္တယ္လို႔ထင္ရတဲ့အျခားစနစ္ကို ႀကိဳက္မယ့္ပုံမေပၚဘူးေပါ့ေနာ္။ အဲဒါက လူနဲ႔ပဲ ဆိုင္တယ္လို႔ေျပာလို႔ရမလား။ သို႔မဟုတ္ သူတို႔ရဲ႕အစုအဖြဲ႕အေပၚမူတည္ၿပီး စဥ္းစားတယ္လို႔ေျပာလို႔ရမလား။
ေျဖ ။ ။ ဒီလိုေတာ့ရွိတာေပါ့။ ႏိုင္ငံေရးသမားဆိုတာ မ်ားေသာအားျဖင့္ ကိုယ့္ပါတီအက်ိဳး၊ ကိုယ္အာဏာရဖို႔ ဆို တာက အဓိကေပါ့။ State man ဆိုတဲ့ ႏိုင္ငံျပဳပုဂၢလိကေတြကေတာ့ သူက ကိုယ္မရွိခဲ့ရင္လည္း ေနာင္မွာ ပိုၿပီး ေတာ့ ႏိုင္ငံကို ဒီမိုကေရစီစနစ္ရဲ႕ေကာင္းက်ိဳးေတြကိုခံစားေစခ်င္တဲ့၊ ပိုမွ်တေစခ်င္တဲ့စနစ္ကိုစဥ္းစားတဲ့ ပုဂၢိဳလ္မ်ိဳးဆိုရင္ေတာ့ သူကေတာ့ ပါတီအက်ိဳးထက္ေက်ာ္ၿပီးေတာ့ စဥ္းစားတာေပါ့။ အဲဒီလိုစဥ္းစာတဲ့ပုဂၢိဳလ္မ်ိဳး ကေတာ့ ဒီစနစ္က ဘယ္လိုပဲျဖစ္ျဖစ္ မွ်တတဲ့ကိုယ္စားျပဳမႈကိုရတာပါပဲလား။ မဲေတြက သူတို႔ေပးလိုက္တဲ့ ကိုယ္စားလွယ္မႏိုင္ဘူးဆိုရင္ အလဟသျဖစ္မသြားဘဲနဲ႔ သူတို႔ကိုကိုယ္စားျပဳတဲ့လူ လႊတ္ေတာ္ထဲကို ေရာက္ႏိုင္ တာပဲဆိုၿပီးေတာ့ အဲဒီလိုမွ်တတဲ့စိတ္ထားရွိတဲ့ ႏိုင္ငံေရးသုခမိန္လို႔ေခၚတာေပါ့ဗ်ာ။ State man ေတြကေတာ့ လက္ခံႏိုင္တယ္။ အဲဒီေတာ့ ခုနက ကိုယ့္ပါတီအက်ိဳး၊ ကိုယ့္ပါတီအႏိုင္ရဖို႔ပဲ အဓိကစဥ္းစားတဲ့သူကေတာ့ ေတာက္ေလွ်ာက္ႏိုင္ေနႏိုင္တယ္ဆိုရင္ FPTP ကိုပဲ ဆက္ၿပီးက်င့္သုံးခ်င္မွာပဲ။ ရွင္းလည္းရွင္းတယ္။ လြယ္လည္း လြယ္တယ္။ အၿမဲတမ္းလည္း သူက ျပည္သူေထာက္ခံမႈ (၅ဝ) ရာခိုင္ႏႈန္းေလာက္နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ က (၇ဝ) ရာခိုင္ႏႈန္း (၈ဝ) ရာခိုင္ႏႈန္းေလာက္ရမွာဆိုေတာ့ ဘယ္သူမႀကိဳက္ဘဲေနမွာလဲ။ ရႈံးသြားတဲ့လူကေတာ့ (၃ဝ) ရာခိုင္ႏႈန္းေလာက္ရတာေတာင္ (၁ဝ) ရာခိုင္ႏႈန္းမရဘူးဆိုေတာ့နစ္နာတယ္လို႔ထင္တာေပါ့။ ခုနက ကိုေက်ာ္မ်ိဳးမင္းေျပာသလို လူပုဂၢိဳလ္နဲ႔လည္းဆိုင္ေတာ့ဆိုင္တာေပါ့။ ဒါေပမယ့္ ေယဘုလ်အားျဖင့္ေတာ့ အႏိုင္ရ တဲ့ပါတီေတြက PR စနစ္ကို သိပ္မလုပ္ခ်င္ၾကဘူးေပါ့။

ေမး ။ ။ အဲဒီေတာ့ PR စနစ္ရဲ႕လက္ရွိသြားေနတဲ့ Trend က တိုင္းရင္းသားေတြအတြက္ တကယ္ေရာ အခြင့္ အေရးရႏိုင္ေျခရွိသလား။ တခ်ိဳ႕ကေျပာတာေတာ့ PR စနစ္နဲ႔အတူခြဲၿပီးေတာ့ တိုင္းရင္းသားေတြကို PR စနစ္ရဲ႕ ေအာက္ကေနတဆင့္ အုပ္ခ်ဳပ္ေရးစနစ္အဆင့္ဆင့္မွာ အစိုးရျဖစ္လာတဲ့အဖြဲ႕အစည္းေတြက PR စနစ္နဲ႔ဆင့္ပြား ၿပီးေတာ့ အျခားေသာအုပ္ခ်ဳပ္ေရးစနစ္ေတြကိုဆင့္ပြားၿပီးေတာ့ မွ်ေျခလိုက္ေပးတာမ်ိဳး၊ ဥပမာ-ျပည္နယ္ေတြမွ သူ႔ျပည္နယ္ကို သူ႔ဝန္ႀကီးခ်ဳပ္ရေအာင္ေပးလိုက္တာမ်ိဳးအခြင့္အေရးေတြကို ဥပေဒေဘာင္နဲ႔အညီ လွလွပပေလး ေပးလိုက္တာမ်ိဳးေတြ ခြဲကစားလိုက္တာေပါ့။ အုပ္ခ်ဳပ္ေရးအာဏာကို လွလွပပခြဲေဝက်င့္သုံးတာမ်ိဳးေတြ သြားဖို႔ အလားအလာရွိတယ္ဆိုတာမ်ိဳး သုံးသပ္တာေတြ ေတြ႕ရတယ္။ ဦးရဲေရာ အဲဒါကို ဘယ္လိုျမင္မိလဲ။
ေျဖ ။ ။ အဲဒါေတာ့ တိုက္႐ိုက္ႀကီးေတာ့ PR စနစ္က်င့္သုံးတဲ့အတြက္ေၾကာင့္ သက္ဆိုင္ရာျပည္နယ္ေတြမွာ သူ႔လူမ်ိဳး၊ သူ႔ျပည္သူလူထု မဲနဲ႔တက္လာတဲ့ကိုယ္စားလွယ္ေတြက အစိုးရျဖစ္ခြင့္ဆိုတာက တိုက္႐ိုက္ႀကီးေတာ့ မသက္ဆိုင္ဘူးေပါ့။ အခု PR စနစ္က်င့္သုံးမယ့္ေနရာေတြက ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္ေထာင္စုမွာပဲရွိတာျဖစ္တယ္။ ဆိုေတာ့ ခုနကဟာက ဘာနဲ႔သြားဆိုင္လဲဆိုရင္ ပုဒ္မ (၂၆၁) ထင္တယ္။ အဲဒီ ဟာက ကာကြယ္ေရးဦးစီးခ်ဳပ္က မၾကာေသးခင္ကေျပာလိုက္တာ သတိထားမိတယ္။ အဲဒါေတြကိုလည္း သူက ျပင္ခ်င္တဲ့ဆႏၵရွိတယ္။ အေျခခံဥပေဒမွာက သမၼတက Nominate လုပ္ရမယ္ဆိုတာမ်ိဳး သတ္မွတ္ထားေပမယ့္ အေျခခံဥပေဒကိုမျပင္ဘဲနဲ႔လုပ္ခ်င္တယ္ဆိုရင္ သမၼတျဖစ္တဲ့သူက သူတို႔လႊတ္ေတာ္ကို တရားဝင္ မဟုတ္ဘဲနဲ႔ ညႇိလိုက္လို႔ရတယ္။ ညႇိလိုက္ၿပီးေတာ့ လႊတ္ေတာ္ရဲ႕သေဘာထားနဲ႔ လႊတ္ေတာ္က တင္လိုက္တဲ့သူကိုအတည္ျပဳ လိုက္မယ္ဆိုတာမ်ိဳးလုပ္လိုက္မယ္ဆိုရင္ရတယ္။ ဆိုေတာ့ အခုကာကြယ္ေရးဦးစီးခ်ဳပ္ကေတာ့ အေျခခံဥပေဒကို ျပင္ေပးမယ္လို႔ဆိုလိုတာလား၊ ဒါမွမဟုတ္ရင္လည္း အဲဒီလိုျဖစ္ေစခ်င္တယ္လို႔ဆိုလိုတာလား ဆိုတာေတာ့ မေျပာတတ္ဘူး။ သူက အဲဒီသေဘာထားရွိတယ္။ အဲဒါက ခုနက ကြၽန္ေတာ္ေျပာခ်င္တဲ့အဓိပၸါယ္က အေျခခံ ဥပေဒနဲ႔ဆိုင္တယ္။ ဆိုေတာ့ PR စနစ္က်င့္သုံးရင္ တိုင္းရင္းသားေတြအတြက္ အေျခအေနအခြင့္အလမ္း ပိုေကာင္းလာဖို႔အတြက္ကေတာ့ ဗမာလူမ်ိဳးအမ်ားစုေနတဲ့ေဒသေတြမွာပဲ တိုင္းရင္းသာပါတီေတြက ၿပိဳင္ဖို႔လို တယ္။ ဥပမာ- ရွမ္းပါတီတစ္ခုက ရွမ္းျပည္နယ္မွာတင္မဟုတ္ဘဲနဲ႔ မႏၲေလးတိုင္း၊ ရန္ကုန္တိုင္းေတြမွာ ၿပိဳင္မယ္ဆိုရင္ သူကသတ္မွတ္ထားတဲ့အနိမ့္ဆုံးရမွတ္ကိုရရင္ အဲဒီမႏၲေလးတိုင္းကလည္း ရွမ္းပါတီက ကိုယ္စား လွယ္တက္ႏိုင္တာပဲ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုေပါ့။ ဒါေတြကေတာ့ တိုင္းရင္းသားေတြ အတြက္ ေကာင္းတဲ့အခ်က္ေတြေပါ့။ မေကာင္းတဲ့အခ်က္ေတြကက်ေတာ့ သူတို႔က နဂိုၿမိဳ႕နယ္တစ္ခုကို လုံးဝ အႏိုင္ရေနတဲ့ေနရာမ်ိဳးေတြမွာက်ေတာ့ အဲဒီကမဲေတြကိုခြဲၿပီးေတာ့ ေနရာေပးရမလိုျဖစ္ေနတယ္။ ျဖစ္လာတဲ့ အတြက္ေၾကာင့္ လက္ေတြ႕မွာ ခ႐ိုင္လိုက္ မဲဆႏၵနယ္ႀကီးတစ္ခုသတ္မွတ္တဲ့အခါမွာ ဘယ္လိုေတြျဖစ္လာမလဲ ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ေသေသခ်ာခ်ာ အရင္မဲေပးပြဲေတြက ရတဲ့စာရင္းအခ်က္အလက္ေတြကို ဇယားနဲ႔ တြက္ခ်က္ၿပီးမွ သိမွာျဖစ္တယ္။ ကြၽန္ေတာ္လည္း လက္တမ္းႀကီးေတာ့မေျပာႏိုင္ဘူး။ PR စနစ္က ပိုေကာင္း သြားမွာလား ဒါမွမဟုတ္ တိုင္းရင္းသားပါတီေတြအတြက္ ပိုဆိုးသြားမွာလားဆိုတာ ေျပာလို႔မရေသးဘူးေပါ့။

ေမး ။ ။ သေဘာကေတာ့ လက္ေတြ႕က်င့္သုံးတဲ့အခါက်ရင္ေတာ့ နည္းနည္း တီးမိေခါက္မိ ရွိသြားမယ့္ သေဘာေပါ့။
ေျဖ ။ ။ အင္း။ တီးမိေခါက္မိရွိသြားမယ္။ ဒါေပမယ့္ နည္းနည္းပိုၿပီးမွန္းလို႔ရမွာက အရင္တုန္းက ရႈံးတဲ့ပါတီေတြ က သူတို႔က မဲရတယ္ဗ်ာ။ ေနရာသာမရတာ။ ဆိုေတာ့ သူတို႔ရတဲ့ အဲဒီမဲအေရအတြက္နဲ႔ သူက အခ်ိဳးက်ေနရာ ရမွာဆိုေတာ့ ဟိုအရင္က ႏိုင္ၿပီးေတာ့ ေနရာေတြရတဲ့ပါတီေတြဘက္က ၾကည့္မယ္ဆိုရင္ေတာ့ သူတို႔ကဆုံးရႈံး သြားမွာပဲ။ ဒီဘက္ကႏိုင္ရင္ ဟုတ္ဘက္ကရႈံးသြားမွာေသခ်ာတယ္ေလ။ ဆိုလိုတာက ရွမ္းႏွစ္ပါတီကိုေျပာမယ္ ဆိုရင္အခု က်ားေခါင္းက PR စနစ္က်င့္သုံးလိုက္တဲ့အတြက္ အရင္ရတဲ့ေနရာထက္ေလ်ာ့ေကာင္းေလ်ာ့သြား ႏိုင္တယ္။ အဲဒီေနရာေတြမွာ က်ားျဖဴပါတီက ေနရာတခ်ိဳ႕ရလာတာမ်ိဳးျဖစ္လာႏိုင္တယ္။ ဒီလိုဆိုရင္ က်ားျဖဴ ပါတီက PR စနစ္ေကာင္းတယ္လို႔ေျပာမွာေပါ့။ က်ားေခါင္းကေတာ့ မေကာင္းဘူးေျပာမွာေပါ့။ ျပည္ခိုင္ၿဖိဳးက ေျပာ မယ္ဆိုရင္လည္း သူကအရင္တုန္းက နည္းနည္းပဲရတာျဖစ္တဲ့အတြက္ PR စနစ္ေကာင္းတယ္လို႔ေျပာမွာပဲ။ ဆိုေတာ့ ထြက္လာမယ့္ရလဒ္ေတြအေပၚမွာ ကြၽန္ေတာ္တို႔ေတြၾကည့္ရမွာေပါ့။ ၾကည့္ၿပီးမွေျပာလို႔ရမွာေပါ့။ ဒါေၾကာင့္လည္းထင္ပါတယ္ က်ားေခါင္းပါတီ (SNLD) က ခုထက္ထိ PR စနစ္နဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕ သေဘာထားကိုပြင့္ပြင့္လင္းလင္းေတာ့မေျပာေသးဘူး။ ဆိုလိုတာက လာမယ့္ေ႐ြးေကာက္ပြဲမွာ ဝင္မလား၊ မဝင္ ဘူးလားဆိုတာ မေျပာေသးဘူးေပါ့။

ေမး ။ ။ တခ်ိဳ႕ကေထာက္ျပေနၾကတာက မတရားဘူးေပါ့။ ရႈံးတဲ့ပါတီေတြစုၿပီးေတာ့ သက္သက္ကို အခြင့္ အေရးရတုန္းမွာ ဒါကိုလုပ္တယ္လို႔ျမင္ၾကတယ္။ ေနာက္တစ္ခုက ရႈံးတာကိုရႈံးတယ္လို႔မျမင္ဘဲနဲ႔ Moderation နဲ႔ ေအာင္ခ်င္ၾကတဲ့သူေတြလို႔ေျပာၾကတာရွိတယ္။ အဲဒီလိုေျပာလာတဲ့စကားေတြက တကယ္ပဲ သူတို႔ေျပာတဲ့ အတိုင္း ျဖစ္ႏိုင္လားေပါ့။
ေျဖ ။ ။ ေ႐ြးေကာက္ပြဲစနစ္၊ ေ႐ြးေကာက္ပြဲရဲ႕သေဘာသဘာဝ၊ ျပည္သူလူထုကိုကိုယ္စားျပဳမႈ အဲဒီဟာေတြ ဘက္ကၾကည္ရင္ PR စနစ္က မေကာင္းဘူး၊ မတရားဘူးလို႔ေျပာဖို႔ကေတာ့ ခက္တာေပါ့။ ကြၽန္ေတာ္ေတာ့ အဲဒီ လိုမေျပာခ်င္ဘူး။ ဒါေပမယ့္ ၂ဝဝ၈ အေျခခံဥပေဒအရ (၂၅) ရာခိုင္ႏႈန္း တပ္ကေနရာယူထားတဲ့ အဲဒီအေန အထားကေနၾကည့္ေျပာရင္ေတာ့ မတရားဘူးေပါ့။ (၂၅) ရာခိုင္ႏႈန္းလည္း ရေနတယ္။ ထပ္ၿပီးေတာ့ ျပည္သူ လူထုေ႐ြးေကာက္တင္ေျမႇာက္ရမယ့္ေနရာေတြကိုလည္း ထပ္ၿပီး PR စနစ္နဲ႔ လုပ္ခိုင္းလိုက္တယ္ဆိုတဲ့ေနရာမွာ သူတို႔အတြက္က ႏိုင္ငံေရးအရပိုၿပီးအခြင့္အေရး ရသြားေစတာေပါ့။ အဲဒီဘက္ကၾကည့္ေျပာရင္ေတာ့ မတရား ဘူးလို႔ေျပာလို႔ရတာေပါ့။ သို႔ေသာ္ PR စနစ္ က်င့္သုံးတဲ့အေပၚမွာခ်ည္းပဲေျပာရင္ေတာ့ မတရားဘူးလို႔ ေျပာလို႔ မရဘူး။ ဒါက ေရရွည္မွာ ႏိုင္ငံအတြက္ မွ်တတဲ့စနစ္လို႔ေျပာႏိုင္ပါတယ္။

ေမး ။ ။ ဦးရဲအေနနဲ႔ဆိုရင္ေရာ ကိုယ္တိုင္က လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ဝင္ေရာက္ယွဥ္ ၿပိဳင္မယ့္သူအေနနဲ႔ PR စနစ္ကို ႀကိဳက္လား၊ မႀကိဳက္ဘူးလား။
ေျဖ ။ ။ ကြၽန္ေတာ္ေတာ့ ပုဂၢိဳလ္ေရးအရေျပာမယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲမဝင္ေတာ့ပါဘူး။ ဒါေပမယ့္ ဒီစနစ္ က်င့္သုံးမယ္ဆိုရင္ ပုဂၢလိကေတြအေနနဲ႔ ပိုၿပီးေတာ့အခြင့္အေရးရလာမယ္။ ပုဂၢလိကတစ္ေယာက္က ေတာ္တယ္၊ နာမည္ေက်ာ္တယ္၊ ျပည္သူလူထုအတြင္းမွာ ေပၚျပဴလာျဖစ္တယ္ဆိုရင္ သူက ပါတီတစ္ခုနဲ႔တန္းတူ အခြင့္အေရးရမွာ။ အရင္စနစ္နဲ႔မတူဘူး။ သူတစ္ေယာက္တည္းနဲ႔ကို သုံးေနရာရွိတဲ့ မဲဆႏၵနယ္ႀကီးထဲမွာ ၿပိဳင္မယ္ ဆိုရင္ တျခားသူေတြက ပုဂၢလိကနာမည္ မဲထည့္တဲ့ေနရာမွာ ထည့္ခြင့္မရွိဘူး။ သူကထည့္ခြင့္ရွိတယ္။ ဥပမာ- ေဒၚညိဳညိဳသင္းဆိုရင္ သူ႔က ပါတီေတြေနရာနဲ႔ယွဥ္ၿပီးေတာ့ကို မဲေပးခံရမွာ။ အဲဒီေတာ့ ဘယ္ပါတီမွမႀကိဳက္ဘူး၊ ငါေတာ့ ပုဂၢလိကေပးမယ္ဆိုတဲ့လူေတြက အဲဒီမွာအခြင့္ေကာင္းပဲ။ အဲဒီေတာ့ ဒီပုဂၢလိကေတြက FPTP ထက္ ပိုၿပီးေတာ့ သူတို႔က ေျပာႏိုင္ဆိုႏိုင္၊ လုပ္ႏိုင္ကိုင္ႏိုင္၊ မဲပိုရလာ၊ ပိုေကာင္းလာမယ္လို႔ ျမင္ပါတယ္။ ႏိုင္ငံေရးပါတီ အေနနဲ႔ၾကည့္မယ္ဆိုရင္ေတာ့ ပါတီထဲမွာ ေျပာႏိုင္ဆိုႏိုင္၊ နည္းနည္းအရည္အခ်င္းရွိတဲ့ လုပ္ရည္ကိုင္ရည္ရွိတဲ့ သူေတြက ပါတီနဲ႔သိပ္ၿပီးမတည့္ရင္ သူတို႔ကေနရာမရႏိုင္တဲ့အတြက္ သိပ္ၿပီးႀကိဳက္လွမယ္မထင္ဘူး။ အခု ကတည္းကၾကားေနရတာက ကိုယ့္ဘာသာကိုယ္ ေျပာႏိုင္ဆိုႏိုင္တဲ့လူေတြက ပါတီေတြကလည္း မ်ားေသာအား ျဖင့္ အဲဒီလိုလူေတြကိုသိပ္မႀကိဳက္ၾကဘူး။ NLD အပါအဝင္ေပါ့ဗ်ာ။ ေတာ္ေတာ္မ်ားမ်ား ႏိုင္ငံေရးပါတီေတြ ကေတာ့ ၿငိမ္ၿငိမ္သက္သက္ေနၿပီးေတာ့ ခိုင္းတဲ့အတိုင္း အလုပ္လုပ္တဲ့လူကိုပိုႀကိက္တာေပါ့။ အဲဒီလိုလူမ်ိဳးေတြ က ပါတီကစီထားတဲ့ List မွာ ထိပ္ကမေရာက္ႏိုင္ဘူး။ ဒါကလည္း ႏိုင္ငံေရးပါတီေတြနဲ႔ဆိုင္တာေပါ့။ တခ်ိဳ႕ပါတီ ေတြကေတာ့ လူေတာ္ေတြကိုအားေပးတယ္။ ျပည္သူလူထုရဲ႕ေထာက္ခံအားေပးမႈကိုေလးစားတယ္ဆိုရင္ သူတို႔က မဲဆႏၵနယ္အတြင္းမွာ Primary အရင္ဆုံး က်င္းပေပးလိုက္ၿပီးေတာ့မွ မဲအမ်ားဆုံးရတဲ့သူကို အစဥ္ လိုက္နံပါတ္စဥ္တပ္ၿပီးေတာ့မွ ဒါက ကြၽန္ေတာ္တို႔ဆုံးျဖတ္တာမဟုတ္ဘူး။ ေအာက္ကဆုံးျဖတ္ထားတဲ့ အတိုင္းပဲ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ပါတီက အခ်ိဳးက်တစ္ေနရာပဲရရင္ ထိပ္ဆုံးကလူပဲျဖစ္မွာ။ ဒါမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။ ကြၽန္ေတာ္တစ္ဦးခ်င္းအေနနဲ႔ကေတာ့ ေ႐ြးေကာက္ပြဲမဝင္ေတာ့ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ေဘးက ေလ့လာသုံသပ္သူအေနနဲ႔ပဲ ေျပာတာေကာင္းပါတယ္။

ေမး ။ ။ အခုက PR စနစ္ကို မျဖစ္မေနက်င့္သုံးမွာလို႔ေျပာလို႔ရေနၿပီေပါ့ဗ်ာ။ အဲဒီေတာ့ က်င့္သုံးဖို႔ ဆုံးျဖတ္လိုက္ ျခင္းအားျဖင့္ ႏိုင္ငံေရးပါတီေတြရဲ႕ၾကားထဲမွာ တစ္ခါတည္းစနစ္တစ္ခုကိုထိုးထည့္လိုက္ၿပီးေတာ့ ေျပာခ်င္တာက ႏိုင္ငံေရးအရႈပ္အေထြးျပႆနာေတြထိမပါနဲ႔ မင္းတို႔ပါတီအခ်င္းခ်င္းမွာတင္ အရင္ဆုံးရွင္းၾကဦးဆိုတဲ့ ႏိုင္ငံေရး စနစ္တစ္ခုကို တမင္ထည့္ၿပီးေတာ့ ျပႆနာေလးေတြကို အထဲမွာ ေအာက္ေျခထိလိုက္ၿပီး ဖန္တီး ေပးလိုက္ သလိုမ်ိဳး၊ ေျပာခ်င္တာက ျပႆနာကို ႏိုင္ငံေတာ္ျပႆနာအဆင့္ထိမေရာက္ဘဲ ေအာက္ေျခမွာတင္ ႏိုင္ငံေရးမွာ ပညာသားပါပါလုပ္ထားတဲ့ လွည့္ကြက္တစ္ခုလို႔ ေျပာလို႔ရမလား။
ေျဖ ။ ။ ႏိုင္ငံေရးမွာ တိုင္တိုင္ပင္ပင္နဲ႔ညႇိညႇိႏႈိင္းႏႈိင္းနဲ႔လုပ္သြားၾကဖို႔လိုတယ္။ အဲဒါကအေရးႀကီးတယ္ဆိုတဲ့ ဟာကို ျပ႒ာန္းေပးလိုက္တာပဲ။ ကိုေက်ာ္မ်ိဳးမင္း ေဖ့စ္ဘြတ္မွာ ေတြ႕ဖူးလိမ့္မယ္။ ကြၽန္ေတာ္တို႔ဆီက NLD အစိုးရ လက္ထက္ ဒုတိယသက္တမ္းမွာ ပိုလန္ႏိုင္ငံက ေလ့လာေရးခရီးတစ္ခုဖိတ္ေတာ့ သူတို႔ကို ကြန္ပ်ဴတာနဲ႔ အစိုးရ လုပ္တန္းကစားခိုင္းတာ။ အဲဒီမွာ ကစားပြဲရဲ႕ရည္႐ြယ္ခ်က္ကိုမသိတဲ့အခါက်ေတာ့ ပထမဦးဆုံးစၿပီးျပႆနာ တက္တာက ဝန္ႀကီးခ်ဳပ္လား၊ သမၼတလားမသိဘူး။ အစိုးရအဖြဲ႕ေခါင္းေဆာင္ကိုေ႐ြးခ်ယ္တာနဲ႔စၿပီး ျပႆနာ ျဖစ္တယ္။ သူတို႔ကခ်ေပးလိုက္တဲ့သူကိုသေဘာမတူဘူး၊ ကန႔္ကြက္တယ္ဆိုၿပီးေတာ့ ပူညံပူညံစျဖစ္တာပဲ ေလ့လာေရးအဖြဲ႕ထဲမွာ။ ၿပီးတဲ့အခါမွာ အဲဒီမွာ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးက တံတားေတြေဖာက္တယ္။ က်န္းမာေရးဝန္ႀကီးက ေဆးကုတယ္၊ ဘာညာေပါ့။ အဲဒါေတြက တစ္ေယာက္နဲ႔တစ္ေယာက္တိုင္ပင္မႈမရွိဘူး။ ကိုယ့္ဟာကိုယ္ေကာင္းမယ္ထင္တာေတြကို ေလွ်ာက္လုပ္ၾကတာ။ အဲဒီေတာ့ လမ္းေတြဇြတ္ေဖာက္တဲ့အခါ သစ္ေတာေတြျပဳန္းတာေပါ့။ သဘာဝသယံဇာတ ထိန္းသိမ္းေရးက မိုးေတြႀကီးၿပီး ေျမေတြၿပိဳတာေပါ့။ ဒုကၡေတြ ေရာက္ၾကရတာေပါ့။ ေနာက္ဆုံးက်ေတာ့ အႏွစ္ခ်ဳပ္ၾကည့္လိုက္တဲ့အခါ တိုင္းျပည္က မေအာင္ျမင္တဲ့ ျပည္နယ္ ႀကီးျဖစ္သြားတယ္။ လုပ္ခ်င္သလိုလုပ္ၾကေတာ့ ဘာမွမေအာင္ျမင္ဘူး။ ေနာက္ဆုံးက်ေတာ့ ကစားပြဲကိုကစား ခိုင္းတဲ့ အိမ္ရွင္ပိုလန္ႏိုင္ငံက ရွင္းျပတယ္။ မင္းတို႔ကို အစိုးရတစ္ရပ္အျဖစ္နဲ႔အုပ္ခ်ဳပ္တဲ့အခါမွာ ဘယ္လိုပူးေပါင္း ေဆာင္႐ြက္ရမယ္၊ ဘယ္လိုညႇိႏႈိင္းရမယ္၊ ဘတ္ဂ်က္ ဘယ္လိုသုံးရမယ္။ အဲဒါေတြသိဖို႔အတြက္ မင္းတို႔မွာ ဘယ္လိုမ်ိဳးစိတ္ဓာတ္ရွိသလဲဆိုတာ သိခ်င္လို႔ခိုင္းလိုက္တာဆိုေတာ့ ႀကိဳေျပာမထားတဲ့အခါက်ေတာ့ ကိုယ္က သူရဲေကာင္းပဲလုပ္ခ်င္ေနၾကတာ။ ငါေတာ္တယ္၊ ငါတတ္တယ္၊ ဒီလိုလုပ္လိုက္မယ္ဆိုၿပီးေတာ့မွ ဘယ္သူ႔မွ မတိုင္ပင္ဘူး။ ဟိုက ဘတ္ဂ်က္က မရွိပါဘူး၊ မေလာက္ဘူးဆိုတာကို မတိုင္ပင္ဘူး။ အဲဒီလိုမ်ိဳးေတြေပါ့။ အခုလည္း စနစ္က႐ိုက္သြင္းလိုက္တာ။ မင္းတို႔တိုင္တိုင္ပင္ပင္မလုပ္ၾကရင္ မင္းတို႔အစိုးရတစ္ရပ္အေနနဲ႔ ေကာင္းေကာင္းမြန္မြန္ဖြဲ႕ႏိုင္မွာမဟုတ္ဘူး။ မင္းတို႔တိုင္းျပည္လည္းတိုးတက္မွာ မဟုတ္ဘူးဆိုတဲ့ ဒီစနစ္အရကို က တိုင္ပင္ရမယ္။ လူေတာ္လူေကာင္းေတြ လူမွန္ေနရာမွန္ျဖစ္လာဖို႔ဆိုတာလည္း ခင္ဗ်ားပါတီႀကိဳက္ေတြခ်ည္းပဲ ေ႐ြးၿပီးတင္လိုက္ရင္လည္း ျပည္သူက အဲဒီပါတီကို မဲေပးေတာ့မွာမဟုတ္ဘူး။ ငါေတာ့ဒီပါတီကိုႀကိဳက္ေတာ့ ႀကိဳက္တယ္ကြ၊ ဒါေပမယ့္ ကိုယ္စားလွယ္ေတြနာမည္ၾကည့္လိုက္ေတာ့ တစ္ေယာက္မွေစာက္သုံးမက်ဘူးဆို အဲဒီပါတီကို ဘယ္သူမွေပးေတာ့မွာ မဟုတ္ဘူး။ အဲဒီေတာ့ ပါတီေတြက စကတည္းက အဲဒါကိုသိရမယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးတဲ့အခါမွာ ေသခ်ာစစ္၊ ေအာက္ေျခရဲ႕သေဘာထားေတြနားေထာင္ၿပီးေတာ့ ေအာက္ေျခမွာပဲ ကိုယ့္ပါတီထဲမွာပဲ Primary က်င္းပေပးလိုက္။ ေအာက္ေျခကေ႐ြးတဲ့သူေတြကိုပဲ အစဥ္လိုက္ တပ္ေပးလိုက္။ စသျဖင့္ေပါ့။ ဒါကိုအစကတည္းက အေလ့အက်င့္လုပ္သင့္တယ္။ အဲဒီလိုမဟုတ္ဘူးဆိုရင္ ဒီ PR စနစ္က လူမွန္၊ ေနရာမွန္မရွိဘူး။ လူေကာင္းေတြက ေခ်ာင္ထိုးခံထားရတယ္ဆိုၿပီး စနစ္ပါနာမည္ပ်က္မယ္။ အဲဒီ ပါတီလည္း တျဖည္းျဖည္းနဲ႔လူႀကိဳက္နည္းသြားမွာေပါ့။ ဒါက ႏိုင္ငံေရးအေတြ႕အႀကဳံေတြအရ စနစ္တစ္ခုအေပၚ မွာျဖစ္လာႏိုင္တဲ့ အေျခအေနေတြအေပၚမွာ ႏိုင္ငံေရးပါတီေတြက ပါးပါးနပ္နပ္နဲ႔က်င့္သုံးဖို႔လိုတယ္။ ကိုယ့္ပါတီ အၿမဲတမ္းအရည္အခ်င္းရွိေနေအာင္၊ လႊတ္ေတာ္ထဲေရာက္သြားရင္လည္း ဥပေဒျပဳေရးကအစ၊ အစိုးရအဖြဲ႕ ဖြဲ႕စည္းတာကအစ ေစ့စပ္ညႇိႏႈိင္းတဲ့အခါမွာ ကိုယ္ကအေျခခံ ဒီဥပေဒျပဳလိုက္ရင္ ဘယ္လိုအက်ိဳးသက္ေရာက္မႈ ရွိမွာလဲ။ ဘယ္လိုလူေတြက ထိခိုက္နစ္နာမွာလဲ။ ေနာက္ၿပီး ဘယ္လိုလူေတြက အက်ိဳးခံစားရမွာလဲ။ ဒါမ်ိဳးေတြ မသိဘဲနဲ႔ ေစ့စပ္ညႇိႏႈိင္းတာကို ဘယ္လိုလုပ္လို႔ရမွာလဲ။ ကိုယ့္ကိုမဲေပးတဲ့ မဲဆႏၵနယ္ကိုထိခိုက္ေစႏိုင္တဲ့ ဥပေဒ မ်ိဳးကို ကိုယ္ကသြားေထာက္ခံေနရင္ အဲဒီကိုယ္စားလွယ္ကို ဆဲမွာေလ။ ဆိုေတာ့ ခုနကေျပာသလို ကြၽန္ေတာ္တို႔ ပြင့္လင္းျမင္သာမႈရွိဖို႔လိုတယ္။ ေနာက္တစ္ခါ ေအာက္ေျခကိုလည္း ဒီမိုကေရစီေပးရမယ္။ ဒီစနစ္ေၾကာင္းမို႔လို႔ ႏိုင္ငံေရးပါတီေတြမွာ ပိုၿပီးေတာ့ ဒီမိုကေရစီက်က်ေဆြးေႏြးတာ၊ ညႇိႏႈိင္းတာေတြ ပိုလုပ္လာႏိုင္မယ္လို႔ ယူဆပါ တယ္။

ေမး ။ ။ ပါတီေတြအေနနဲ႔ လက္ရွိ PR စနစ္ေ႐ြးေကာက္ပြဲကိုသြားမယ္လို႔ ဆုံးျဖတ္ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ ျပည္တြင္းမွာရွိတဲ့ပါတီေတြထဲမွာ အဲဒီစနစ္ကို ဝင္ပါမယ့္ပါတီေတြရွိတယ္။ ေစာင့္ၾကည့္တဲ့ပါတီေတြရွိတယ္။ မလုပ္ဘူးလို႔ ကန႔္ကြက္ေနတဲ့ပါတီေတြရွိတယ္။ ဆိုေတာ့ အကုန္လုံးက ဒီစနစ္ကိုစၿပီးေတာ့ ပါတီတြင္းမွာ အိမ္စာ ေကာင္းေကာင္းလုပ္ေနၾကၿပီလို႔ ယူဆလို႔ရလား။ သူတို႔ အိမ္စာေရာႏိုင္ၾကၿပီလား။
ေျဖ ။ ။ သူတို႔အခု ေဆြးေႏြးတိုင္ပင္တုန္းျဖစ္ေနတဲ့ကာလမွာ ဘယ္လိုအတိအက်ထြက္လာမလဲ မသိေသး ေတာ့ သူတို႔လည္း ဘာမွေတာ့ျပင္ဆင္ထားတာမရွိေသးဘူးေပါ့ေနာ္။ ပထမဆုံးဘာလုပ္ရမွာလဲဆိုရင္ ဒီဟာကို ေဆြးေႏြးၿပီးတဲ့အခါမွာ ဥပေဒၾကမ္းထြက္လာရင္ အဲဒီဥပေဒနဲ႔ပတ္သက္ၿပီးေတာ့ သက္ေရာက္မယ့္ ေ႐ြးေကာက္ပြဲ ပုံစံ၊ ေ႐ြးေကာက္ပြဲစနစ္ေတြကို နားလည္ေအာင္ရွင္းျပရမယ္။ ပထမဆုံးေတာ့ ကိုယ့္ပါတီတြင္းမွာပဲ နားလည္ ေအာင္ရွင္းျပရမယ္။ ကိုယ့္ပါတီတြင္းက နားလည္ၿပီ၊ ပါတီဝင္ေတြနားလည္ၿပီဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ ေ႐ြးခ်ယ္တဲ့ကိစၥေတြကို စဥ္းစားရမယ္။ ေနာက္တစ္ခါ မဲေပးမယ့္ျပည္သူလူထု နားလည္ေအာင္ရွင္ျပရမယ္။ ဒါေတြျပင္ဆင္ထားရမွာေပါ့။ ဆိုေတာ့ ေ႐ြးေကာက္ပြဲမဲေပးတာက အရင္လို႔ FPTP စနစ္လို မလြယ္ဘူး။ မလြယ္တဲ့ အတြက္ေၾကာင့္ ေတာ္ေတာ္ရွင္းျပဖို႔ေတာ့ လိုလိမ့္မယ္။ အရင္စနစ္ကေတာ့ မဲထည့္လိုက္ၿပီး မဲေတြေရလိုက္ တယ္။ ၿမိဳ႕နယ္ေရာက္ၿပီးမဲေတြေပါင္းၿပီးတဲ့အခါ အမ်ားဆုံးရတဲ့လူက အႏိုင္ပဲ။ အခုကေတာ့ တြက္ရခ်က္ရဦး မယ္။ ေစာင့္ရမွာေပါ့။ အဲဒါေတြကအစ ျပည္သူလူထုကိုရွင္းျပဖို႔လိုေလ့မယ္။ ေနာက္တစ္ခုက မဲဆႏၵနယ္ႀကီး တစ္ခုထဲမွာ ဒီစနစ္ေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ထက္ပိုၿပီးေတာ့ ရွိလာတဲ့အခါမွာ အၿပိဳင္ေပါ့၊ ဒီခ႐ိုင္ထဲက ဘယ္လႊတ္ေတာ္ကိုယ္စားလွယ္ကေတာ့ အရည္အခ်င္းရွိတယ္ဆိုတဲ့ယွဥ္ၿပိဳင္မႈ သိသာလာလိမ့္ မယ္။ ကြၽန္ေတာ္တို႔မဲဆႏၵနယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္သုံးေယာက္ရွိတယ္ဆိုရင္ အဲဒီသုံးေယာက္မွာ ဘယ္တစ္ေယာက္ကေတာ့ သြားတိုင္ပင္ၿပီးေဆာင္႐ြက္ေပးလိုက္ရင္ ထိထိေရာက္ေရာက္နဲ႔ျမန္ျမန္ဆန္ဆန္ ျဖစ္တယ္ဟဆိုၿပီး နာမည္က ထြက္လာမွာပဲ။ ထြက္လာရင္ သူနာမည္တက္လာသလို သူ႔ပါတီလည္း နာမည္ တက္လာမွာေပါ့။ တခ်ိဳ႕လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သြားတိုင္ပင္လိုက္ရင္ ဘာလုပ္ေပးရမွန္းလဲ မသိဘူး။ ဘာအႀကံဉာဏ္မွလည္း မထြက္ဘူး။ ကိုယ့္ကိုယ္ပဲျပန္ၿပီးေတာ့ ေဟာက္ေနတယ္ဆိုရင္ အဲဒီလူပဲ နာမည္ပ်က္မွာ။ သူနာမည္ပ်က္ရင္ သူ႔ပါတီလည္းနာမည္ပ်က္မွာ။ ဆိုေတာ့ ၿပိဳင္ဆိုင္မႈက သိပ္သိသာတယ္။ ကြၽန္ေတာ္တို႔ တစ္ၿမိဳ႕နယ္ကိုတစ္ေယာက္ဆိုတဲ့စနစ္ထက္ပိုၿပီးေတာ့ ၿပိဳင္ဆိုင္မႈျပင္းထန္တယ္။ အဲဒါေတြကေတာ့ ေကာင္းတဲ့ အခ်က္ေတြလို႔ ေျပာရမွာေပါ့ဗ်။

ေမး ။ ။ ကြၽန္ေတာ္တို႔ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုကျဖတ္သန္းခဲ့တာက ဒီမိုကေရးစီေ႐ြးေကာက္ပြဲကို FPTP စနစ္နဲ႔သြားခဲ့ၿပီးၿပီ။ အခုလာမယ့္ဟာသည္ PR စနစ္ေပါ့။ FPTP စနစ္နဲ႔ ဆယ္ႏွစ္တိတိျဖတ္သန္းၿပီးတဲ့ေနာက္ အသစ္ PR ကို စတင္ေတာ့မယ္ဆိုတဲ့အခါက်ေတာ့ ႀကဳံေတြ႕ရမယ့္ျပည္သူေတြအတြက္က သူတို႔နားလည္ထားရ မယ့္အေၾကာင္းအရာက ဘာလို႔ေျပာခ်င္လဲ။
ေျဖ ။ ။ နားလည္ထားဖို႔အတြက္ကေတာ့ ပထမဆုံးအေရးႀကီးတဲ့အခ်က္က ကြၽန္ေတာ္တို႔ၿမိဳ႕နယ္မွာ ကိုယ့္ ၿမိဳ႕နယ္ကိုကိုယ္စားျပဳတဲ့ကိုယ္စားလွယ္က တစ္ေယာက္တည္းမဟုတ္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ရဲ႕ မဲဆႏၵနယ္ႀကီး ကေတာ့ ဒီေလာက္က်ယ္တယ္၊ ခ႐ိုင္ျဖစ္ခ်င္ျဖစ္မယ္၊ ျပည္နယ္ျဖစ္ခ်င္ျဖစ္မယ္ေပါ့။ ခ႐ိုင္ျဖစ္ဖို႔မ်ားပါတယ္။ ကြၽန္ေတာ္တို႔က ခ႐ိုင္ဆိုေတာ့ ကိုယ္စားလွယ္သုံးေယာက္ရွိတယ္။ ျပည္သူ႔လႊတ္ေတာ္မွာ၊ အမ်ိဳးသားလႊတ္ ေတာ္မွာ ဘယ္ႏွစ္ေယာက္ရွိလဲ။ အဲဒီလႊတ္ေတာ္ကိုယ္စားလွယ္အမ်ားႀကီးထဲမွ ခင္ဗ်ားတို႔ႀကိဳက္တဲ့လူကို အားကိုးၿပီးေတာ့ နီးစပ္ရာကိုယ္စားလွယ္ကို ကိုယ့္ရဲ႕အဆင္မေျပမႈေတြ၊ ဥပေဒအရနစ္နာတာေတြ သြားၿပီးေတာ့ တိုင္ပင္အားကိုးလို႔ရတယ္ဆိုတာမ်ိဳးပဲေျပာရမွာေပါ့။ ဆိုေတာ့ ဒီစနစ္ေၾကာင့္ မဲေပးလိုက္တဲ့ ျပည္သူလူထုအေန နဲ႔လည္း ကိုယ္ေပးလိုက္တဲ့ကိုယ္စားလွယ္က ဘယ္ေတာ့မွလႊတ္ေတာ္ထဲမေရာက္ဘူးဆိုတာမ်ိဳး မရွိေတာ့ဘူး ေပါ့။ ဥပမာ- ကြၽန္ေတာ္တို႔ၿမိဳ႕နယ္ဆို ကြၽန္ေတာ္သိတယ္။ ၿမိဳ႕ေပၚကေတာ္ေတာ္မ်ားမ်ားက ပါတီႀကီးေတြကိုေပး တာ။ ပထမအႀကိမ္မွာဆို ျပည္ခိုင္ၿဖိဳးကိုေပးတယ္။ ဒုတိယအႀကိမ္မွာဆို NLD ကိုေပးတယ္။ သူတို႔ၿမိဳ႕ေပၚက ေပးလိုက္တဲ့ အဲဒီကိုယ္စားလွယ္ေလာင္းေတြက ဘယ္ေတာ့မွလႊတ္ေတာ္ထဲကိုမေရာက္ဘူး။ နယ္က ရွမ္းတိုင္းရင္းသားေတြေပးလိုက္တဲ့ရွမ္းပါတီေတြက ကိုယ္စားလွယ္ပဲအမတ္ျဖစ္တာ။ ဆိုေတာ့ ဒီစနစ္ေအာက္မွာ ေတာ့ မွ်လာႏိုင္တာေပါ့။ အဲဒီလိုမွ်လာႏိုင္တဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအမ်ားႀကီး ျဖစ္လာတဲ့အခါ မွာက်ေတာ့ အဆင္ေျပရာ၊ မိမိယုံၾကည္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ကို အားကိုးလို႔ရတာေပါ့။ Threshold နဲ႔ ပတ္သက္ၿပီးေတာ့ အခုကြၽန္ေတာ္တို႔ရွင္းျပထားတာေတြကေတာ့ဗ်ာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ အနည္းဆုံး ေထာက္ခံဆႏၵမဲဘယ္ေလာက္ရမွ ကိုယ္စားလွယ္ျဖစ္မယ္ဆိုတဲ့ အေရအတြက္သတ္မွတ္ခ်က္ေပါ့။ အဲဒါကို အခုႏိုင္ငံေရးပါတီေတြအေနနဲ႔ ေဆြးေႏြးပြဲမွာ ေဆြးေႏြးေနၾကတယ္။ တခ်ိဳ႕ႏိုင္ငံေရးပါတီေတြက နည္းလြန္းရင္လည္း မသင့္ေတာ္သလို၊ မ်ားလြန္ရင္လည္း ဘယ္ကိုယ္စားလွယ္မွ သတ္မွတ္ထားတဲ့ မဲအေရ အတြက္မရတာမ်ိဳးမျဖစ္ေအာင္ အဲဒီလိုမ်ိဳးစိုးရိမ္ၾကတာေပါ့။ အနည္းဆုံးရရမယ့္ မဲအေရအတြက္ကို ခင္ဗ်ားပါတီ က ရမွ၊ တစ္ေနရာအတြက္ရမွ တစ္ေယာက္၊ ႏွစ္ဆရရင္ ႏွစ္ေယာက္ရမွာ။ သို႔ေသာ္ ဘယ္လိုတြက္မလဲဆိုတာက ကြၽန္ေတာ္တို႔ကရမ္းၿပီးေတာ့မွ တစ္ေသာင္းရရမယ္၊ ႏွစ္ေသာင္းရရမယ္ဆိုတာမ်ိဳး၊ ငါးရာခိုင္ႏႈန္းရရမယ္ဆိုတာ မ်ိဳး အဲဒီလိုသတ္မွတ္လိုက္ရင္ ကြၽန္ေတာ္တို႔ရဲ႕လႊတ္ေတာ္ေနရာက အေသသတ္မွတ္ထားတာ။ (၃၃ဝ) ထက္ ပို လို႔မရဘူး။ အဲဒီလို အနိမ့္ဆုံးရမွတ္ကို အရင္သတ္မွတ္လိုက္ရင္ တြက္လိုက္တဲ့အခါ အဲဒီမဲရလဒ္က (၃၃ဝ) ထက္ လည္း ပိုသြားႏိုင္တယ္။ အဲဒီေတာ့ တျခားႏိုင္ငံေတြမွာ ဘယ္လိုလုပ္လဲဆိုရင္ ပိုလာမယ့္သူေတြအတြက္ လႊတ္ေတာ္ေနရာ (၃ဝ) ျဖစ္ျဖစ္၊ (၄ဝ) ျဖစ္ျဖစ္ အပိုသတ္မွတ္ထားတာရွိတယ္။ အဲဒီေတာ့ ခုနကေျပာတဲ့ (၃၃ဝ) ထက္ပိုသြားလို႔ဆိုၿပီး (၃ဝ) ထပ္ၿပီး သတ္မွတ္ၿပီးေတာ့ လႊတ္ေတာ္ေနရာေပးလိုက္တာမ်ိဳး အဲဒီလိုက်င့္သုံးတယ္ လို႔ ေရးထားတယ္။ ကြၽန္ေတာ္ျမင္တာက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အဲဒီလိုလုပ္လို႔မရဘူး။ ဘာလို႔လည္းဆိုရင္(၃၃ဝ) ထက္ ေက်ာ္လို႔မရဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က Threshold ကိုသတ္မွတ္မယ္ဆိုရင္ မဲလာေပးတဲ့၊ ရရွိတဲ့ ခိုင္လုံမဲေတြရဲ႕သုံးပုံတစ္ပုံ ရတဲ့ပါတီက တစ္ေနရာ၊ သုံးပုံႏွစ္ပုံ ရတဲ့ပါတီက ႏွစ္ေနရာ၊ အဲဒီလိုသတ္မွတ္မွရမယ္။ ကြၽန္ေတာ္ေျပာတာ သေဘာေပါက္လားေတာ့ မသိဘူး။ ဥပမာ- ဆိုၾကပါစို႔ မဲဆႏၵနယ္ႀကီးက ေနရာ ဆယ္ေနရာရွိ တယ္ဆိုပါစို႔။ ဆယ္ေနရာမွာ မဲလာေပးတဲ့သူက တစ္သိန္းရွိတယ္ဆိုရင္ Threshold သတ္မွတ္ရင္ ခိုင္လုံမဲအေရ အတြက္တစ္သိန္းရဲ႕ ဆယ္ပုံပုံတစ္ပုံဆိုရင္ တစ္ေသာင္းေပါ့။ အဲဒီေတာ့ တစ္ေသာင္းရရင္ ခင္ဗ်ားက တစ္ေနရာ ေသခ်ာတယ္။ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕အေျခခံဥပေဒနဲ႔သြားၿပီးေတာ့ကိုက္လိမ့္မယ္။ ႀကိဳၿပီးေတာ့ သတ္မွတ္တာ မဟုတ္ဘူး။ မဲေ႐ြးခ်ယ္ရမယ့္ေနရာအေရအတြက္နဲ႔ မဲေပးတဲ့သူရဲ႕မဲနဲ႔ အခ်ိဳးခ်ရတာ။ ခင္ဗ်ား ဆယ္ေနရာ ၿပိဳင္တာ မွာ လူအေယာက္ႏွစ္ဆယ္ဝင္ၿပိဳင္တယ္။ လူအေယာက္ႏွစ္ဆယ္ၿပိဳင္တာမွာ ဆယ္ရာခိုင္ႏႈန္းရတဲ့လူက တစ္ေန ရာရမယ္၊ ဒါကတရားတယ္။ ဆယ္ပုံတစ္ပုံေတာ့ ရသင့္တာေပါ့။ လူအေယာက္တစ္သိန္းလာေပးတဲ့အထဲက ဆယ္ေနရာမွာ ဆယ္ပုံတစ္ပုံရတာကို တစ္ေနရာေပးတာကျဖစ္သင့္တာေပါ့။ အဲဒီေတာ့ ဟုတ္ၿပီ။ အဲဒီလိုနည္းနဲ႔ တြက္လိုက္တဲ့အခါက်ေတာ့ ဆယ္ပုံပုံလို႔ ငါးပုံရရင္ ငါးေနရာ၊ ဆယ္ပုံပုံလို႔ ဆယ္ပုံလုံးရရင္ ဆယ္ေနရာလုံး ယူ သြားေပါ့ဗ်ာ။ ဟုတ္ၿပီ… ေနာက္တစ္ခုျပႆနာရွိတာက ၿပိဳင္တဲ့သူကမ်ားေနတယ္ ဆယ့္ငါးေယာက္၊ အေယာက္ ႏွစ္ဆယ္၊ ေနရာက ဆယ္ေနရာ၊ တစ္ေယာက္မွ ဆယ္ရာခိုင္ႏႈန္းေတာင္မရဘူးဆိုရင္ေတာ့ အဲဒီအခါက်ရင္ေတာ့ ကြၽန္ေတာ့္အျမင္အရ မဲအမ်ားဆုံးရတဲ့သူေတြကို တန္းစီလိုက္ၿပီး တစ္ကေန တစ္ဆယ္ ထိကိုပဲ ေ႐ြးသြားေတာ့။ Threshold က အဲဒီမွာက်ေတာ့ ဆယ္ပုံတစ္ပုံေတာင္ မလိုေတာ့ဘူး။ မဟုတ္ရင္ အဲဒီေ႐ြးေကာက္ပြဲဖ်က္ၿပီး ျပန္လုပ္ရမွာေလ။ ဆိုေတာ့ ဒါကေတာ့ အဲဒါကိုကြၽန္ေတာ္စဥ္းစားထားတာေပါ့။ သူတို႔ႏိုင္ငံေရးပါတီေတြ ေဆြးေႏြး တဲ့အထဲမွာေတာ့ မပါဘူး။ ကြၽန္ေတာ့္ေဆာင္းပါးထဲမွာေတာ့ ကြၽန္ေတာ္ထည့္ထားတယ္။ ေ႐ြးေကာက္ပြဲျပန္ဖ်က္ ၿပီးေတာ့ အမ်ားဆုံး ဆယ္ေယာက္ရတဲ့သူကိုပဲ ေနာက္တစ္ေက်ာ့ျပန္ၿပီးၿပိဳင္ဖို႔ လုပ္ခ်င္လဲရတာေပါ့။ ဒါေပမယ့္ အဲဒါမ်ိဳးေတြမ်ားေနရင္လည္း ကုန္က်စာရိတ္နဲ႔ အခ်ိန္ကုန္တာနဲ႔မကာမိဘူးေပါ့။ ဒါမ်ိဳးကိုလည္း ႀကိဳစဥ္းစားထား သင့္တယ္လို႔ ကြၽန္ေတာ္ေဆြးေႏြးခ်င္ပါတယ္။

ေမး ။ ။ ဟုတ္ကဲ့ ဦးရဲ။ PR စနစ္နဲ႔ပတ္သက္ၿပီး အခုလိုျပည့္ျပည့္စုံစုံေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.