စစ်ကိုင်းတိပိဋကဆရာတော်၏ ရုပ်ကလာပ်တော်အား ထိုင်းနိုင်ငံမှ မုံရွာမြို့သို့ပြန်လည်ပင့်ဆောင်လာပြီး ဖေဖော်ဝါရီလ ၁၃ ရက်တွင် အန္တိမအဂ္ဂိဈာပနကျင်းပမည်

1286

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၉
စစ်ကိုင်း တိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသ၏ ရုပ်ကလာပ်တော်အား ထိုင်းနိုင်ငံမှတဆင့် မုံရွာမြို့ သုဗောဓာရုံကျောင်းတိုက်သို့ ယနေ့ (ဖေဖော် ဝါရီလ ၉ ရက်)နံနက်ပိုင်းတွင်ပြန်လည် ပင့်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
တိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသ၏ ရုပ်ကလာပ်တော်ကို မြန်မာအမျိုးသားလေကြောင်း Flight No. UB-2502 ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပင့်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ နံနက် ၁၁ နာရီ ၂၄ မိ နစ်တွင် ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ဆရာတော်၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်လာသည့် လေယာဉ်ကုန်ကျစရိတ် ဒေါ်လာ ၂၅ဝဝ ကိုမြန်မာအမျိုးသားလေကြောင်းမှ လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်း တိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသ၏ ရုပ်ကလာပ်တော်အား မုံရွာမြို့ရှိ သုဗောဓာရုံကျောင်းတိုက်တွင် ထားရှိကြောင်းသိရသည်။
တိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသ၏ အန္တိမအဂ္ဂိဈာပနကို ဖေဖော်ဝါရီလ ၁၃ ရက် နေ့လည် ၁၂ နာရီအချိန်တွင် သုဗောဓာရုံကျောင်းတိုက်အတွင်း ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"လောလောဆယ် အစည်းအဝေးသိရတဲ့အနေအ ထားကတော့ အခမ်းအနားကြီးကြီးမားမားတော့ မပါဘူး။ ကျောင်းထဲမှာပဲ သဂြိုလ်ဖို့ လောလောဆယ်တော့ ညှိနှိုင်းထားပါတယ်။ ကျန်တဲ့ ပွဲလမ်းသဘင်တွေ မပါတော့ဘဲနဲ့ ကျောင်းထဲမှာပဲ လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ပြဿတ်နဲ့ မီးဂြိုလ်ဖို့ အဲလိုပဲလုပ်မှာပါ"ဟု ဂရုဏာမြင့်မိုရ်ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း (မုံရွာမြို့)မှ တာဝန်ခံကိုမျိုးမင်းထွန်းက NP News ကို ပြောကြားသည်။
တိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bumrungrad ဆေးရုံတွင် ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန်နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရန် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်သွား ရောက်ကုသခဲ့ကြောင်း သိရသည်။
ဘဒ္ဒန္တအဘိဇာတဘိဝံသသည် ရိုးတွင်းချဉ်ဆီအစား ထိုးလဲလှယ်ကုသရန်နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီလ ၇ ရက် ညနေ ၅ နာရီ ၅ဝ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသသည် စစ်ကိုင်း တိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၉၆၈ခုနှစ် စက်တင်ဘာလ ၂၉ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ပြီး မွေးချင်း (၇)ဦးအနက် တတိယမြောက် သားရတနာဖြစ်သည်။
ဆရာတော်သည် ၁၉၇၉ ခုနှစ်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ခဲ့ရှိပြီး ဓမ္မာစရိယ (၁ဝ)ဘွဲ့၊ ပါဋ္ဌိပါရဂူ (၃) ဘွဲ့၊ ဝိဒူ (၅)ဘွဲ့၊ မဟာဝိဒူ (၅)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာဘွဲ့များအပါအဝင် စုစုပေါင်း ဘွဲ့တံဆိပ်ပေါင်း ၄၇ ဘွဲ့ကိုရရှိခဲ့သည်။ ဆရာတော်သည် မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သည့် တိပဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ် ၁၅ ပါးမှတစ်ပါးလည်းဖြစ်သည်။
ဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသသည် မေ့သားလှ(အောင်မြေ)နှင့် ဓမ္မာစရိယဓမ္မအောင်စည် က လောင်အမည်တို့ဖြင့် သာသနာပြု ကဗျာ၊ ဆောင်းပါးများလည်း ရေးသားခဲ့ကြောင်းသိရသည်။
ဆရာတော် ဘဒ္ဒန္တအဘိဇာတဘိဝံသသည် ပျံလွန်မူတော်ချိန်တွင် သက်တော် ၅၄ နှစ်ရှိပြီဖြစ်ပြီး သိက္ခာတော် ၃၅ ဝါရှိပြီဖြစ်ကြောင်းသိရသည်။

zawgyi version
စစ္ကိုင္းတိပိဋကဆရာေတာ္၏ ႐ုပ္ကလာပ္ေတာ္အား ထိုင္းႏိုင္ငံမွ မုံ႐ြာၿမိဳ႕သို႔ျပန္လည္ပင့္ေဆာင္လာၿပီး ေဖေဖာ္ဝါရီလ ၁၃ ရက္တြင္ အႏၲိမအဂၢိဈာပနက်င္းပမည္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၉
စစ္ကိုင္း တိပိဋကဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသ၏ ႐ုပ္ကလာပ္ေတာ္အား ထိုင္းႏိုင္ငံမွတဆင့္ မုံ႐ြာၿမိဳ႕ သုေဗာဓာ႐ုံေက်ာင္းတိုက္သို႔ ယေန႔ (ေဖေဖာ္ ဝါရီလ ၉ ရက္)နံနက္ပိုင္းတြင္ျပန္လည္ ပင့္ေဆာင္ခဲ့ေၾကာင္း သတင္းရရွိသည္။
တိပိဋကဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသ၏ ႐ုပ္ကလာပ္ေတာ္ကို ျမန္မာအမ်ိဳးသားေလေၾကာင္း Flight No. UB-2502 ျဖင့္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွ ယေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ ပင့္ေဆာင္ခဲ့ၿပီး စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕သို႔ နံနက္ ၁၁ နာရီ ၂၄ မိ နစ္တြင္ ေရာက္ရွိလာခဲ့ေၾကာင္းသိရသည္။
ဆရာေတာ္၏ ႐ုပ္ကလာပ္ေတာ္အား ပင့္ေဆာင္လာသည့္ ေလယာဥ္ကုန္က်စရိတ္ ေဒၚလာ ၂၅ဝဝ ကိုျမန္မာအမ်ိဳးသားေလေၾကာင္းမွ လႉဒါန္းခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
လက္ရွိတြင္ စစ္ကိုင္း တိပိဋကဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသ၏ ႐ုပ္ကလာပ္ေတာ္အား မုံ႐ြာၿမိဳ႕ရွိ သုေဗာဓာ႐ုံေက်ာင္းတိုက္တြင္ ထားရွိေၾကာင္းသိရသည္။
တိပိဋကဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသ၏ အႏၲိမအဂၢိဈာပနကို ေဖေဖာ္ဝါရီလ ၁၃ ရက္ ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ သုေဗာဓာ႐ုံေက်ာင္းတိုက္အတြင္း ၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ေလာေလာဆယ္ အစည္းအေဝးသိရတဲ့အေနအ ထားကေတာ့ အခမ္းအနားႀကီးႀကီးမားမားေတာ့ မပါဘူး။ ေက်ာင္းထဲမွာပဲ သၿဂိဳလ္ဖို႔ ေလာေလာဆယ္ေတာ့ ညႇိႏႈိင္းထားပါတယ္။ က်န္တဲ့ ပြဲလမ္းသဘင္ေတြ မပါေတာ့ဘဲနဲ႔ ေက်ာင္းထဲမွာပဲ လုပ္ဖို႔အစီအစဥ္ရွိပါတယ္။ ျပႆတ္နဲ႔ မီးၿဂိဳလ္ဖို႔ အဲလိုပဲလုပ္မွာပါ"ဟု ဂ႐ုဏာျမင့္မိုရ္က်န္းမာေရးႏွင့္လူမႈကူညီေရးအသင္း (မုံ႐ြာၿမိဳ႕)မွ တာဝန္ခံကိုမ်ိဳးမင္းထြန္းက NP News ကို ေျပာၾကားသည္။
တိပိဋကဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသသည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ Bumrungrad ေဆး႐ုံတြင္ ႐ိုးတြင္းခ်ဥ္ဆီအစားထိုးလဲလွယ္ကုသရန္ႏွင့္ေသြးျဖဴဥေရာဂါတို႔အတြက္ ေဆးကုသမႈခံယူရန္ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၁၈ ရက္တြင္ စတင္သြား ေရာက္ကုသခဲ့ေၾကာင္း သိရသည္။
ဘဒၵႏၲအဘိဇာတဘိဝံသသည္ ႐ိုးတြင္းခ်ဥ္ဆီအစား ထိုးလဲလွယ္ကုသရန္ႏွင့္ေသြးျဖဴဥေရာဂါတို႔အတြက္ ေဆးကုသမႈခံယူေနစဥ္ ေဖေဖာ္ဝါရီလ ၇ ရက္ ညေန ၅ နာရီ ၅ဝ မိနစ္အခ်ိန္တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသသည္ စစ္ကိုင္း တိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ ဆင္နင္းေက်း႐ြာတြင္ ခမည္းေတာ္ဦးတင္ရႏွင့္ မယ္ေတာ္ ေဒၚၫြန႔္ခင္တို႔မွ ၁၉၆၈ခုႏွစ္ စက္တင္ဘာလ ၂၉ ရက္ တနဂၤေႏြေန႔တြင္ ဖြားျမင္ခဲ့ၿပီး ေမြးခ်င္း (၇)ဦးအနက္ တတိယေျမာက္ သားရတနာျဖစ္သည္။
ဆရာေတာ္သည္ ၁၉၇၉ ခုႏွစ္တြင္ ရွင္သာမေဏအျဖစ္သို႔ ေရာက္ခဲ့ရွိၿပီး ဓမၼာစရိယ (၁ဝ)ဘြဲ႕၊ ပါ႒ိပါရဂူ (၃) ဘြဲ႕၊ ဝိဒူ (၅)ဘြဲ႕၊ မဟာဝိဒူ (၅)ဘြဲ႕ႏွင့္ အျခားအစိုးရ တိပိဋကဆိုင္ရာဘြဲ႕မ်ားအပါအဝင္ စုစုေပါင္း ဘြဲ႕တံဆိပ္ေပါင္း ၄၇ ဘြဲ႕ကိုရရွိခဲ့သည္။ ဆရာေတာ္သည္ ျမန္မာႏိုင္ငံတြင္ေပၚေပါက္ခဲ့သည့္ တိပဋကဓရ တိပိဋကေကာဝိဒ သာသနာ့အာဇာနည္ အရွင္ျမတ္ ၁၅ ပါးမွတစ္ပါးလည္းျဖစ္သည္။
ဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသသည္ ေမ့သားလွ(ေအာင္ေျမ)ႏွင့္ ဓမၼာစရိယဓမၼေအာင္စည္ က ေလာင္အမည္တို႔ျဖင့္ သာသနာျပဳ ကဗ်ာ၊ ေဆာင္းပါးမ်ားလည္း ေရးသားခဲ့ေၾကာင္းသိရသည္။
ဆရာေတာ္ ဘဒၵႏၲအဘိဇာတဘိဝံသသည္ ပ်ံလြန္မူေတာ္ခ်ိန္တြင္ သက္ေတာ္ ၅၄ ႏွစ္ရွိၿပီျဖစ္ၿပီး သိကၡာေတာ္ ၃၅ ဝါရွိၿပီျဖစ္ေၾကာင္းသိရသည္။