မင်းလှမြို့နယ်တွင် လုံခြုံရေးအခြေအနေနှင့် တတ်ရောက်မည့် ကျောင်းသားမရှိသောကြောင့် စာသင်ကျောင်း (၂)ကျောင်း ပိတ်ထားရ

 938

Pearl (NP News) - ဇူလိုင် ၁

မင်းလှမြို့နယ်တွင် လုံခြုံရေးအခြေအနေနှင့် တတ်ရောက်မည့် ကျောင်းသားမရှိသောကြောင့် စာသင်ကျောင်း (၂)ကျောင်း ပိတ်ထားရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၃၆)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၀၇)ကျောင်း စုစုပေါင်း (၁၅၅) ကျောင်းရှိကြောင်းသိရသည်။ အဆိုပါ (၁၅၅)ကျောင်းအနက် အခြေခံပညာမူလတန်းကျောင်း (ဆားချောင်းလေး) နှင့် အခြေခံပညာမူလတန်းကျောင်းခွဲ (ကျွန်းကုန်း)တို့ကိုသာပိတ်ထားပြီး ကျန်အခြေခံပညာစာသင်ကျောင်း (၁၅၃)ကျောင်းကို ပုံမှန်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပညာမူလတန်းကျောင်း (ဆားချောင်းလေး) သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်မှစ၍ လုံခြုံရေးအခြေအနေအရပိတ်ထားခြင်းဖြစ်ပြီး အခြေခံပညာမူလတန်းကျောင်းခွဲ (ကျွန်းကုန်း) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများမရှိသည့်အတွက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားခြင်းသာဖြစ်ကြောင်း သိရသည်။

zawgyi version
မင္းလွၿမိဳ႕နယ္တြင္ လုံၿခဳံေရးအေျခအေနႏွင့္ တတ္ေရာက္မည့္ ေက်ာင္းသားမရွိေသာေၾကာင့္ စာသင္ေက်ာင္း (၂)ေက်ာင္း ပိတ္ထားရ
Pearl (NP News) - ဇူလိုင္ ၁

မင္းလွၿမိဳ႕နယ္တြင္ လုံၿခဳံေရးအေျခအေနႏွင့္ တတ္ေရာက္မည့္ ေက်ာင္းသားမရွိေသာေၾကာင့္ စာသင္ေက်ာင္း (၂)ေက်ာင္း ပိတ္ထားရေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။

ပဲခူးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္အတြင္း အေျခခံပညာအထက္တန္းေက်ာင္း (၁၂)ေက်ာင္း၊ အေျခခံပညာအလယ္တန္းေက်ာင္း (၃၆)ေက်ာင္း၊ အေျခခံပညာမူလတန္းေက်ာင္း (၁၀၇)ေက်ာင္း စုစုေပါင္း (၁၅၅) ေက်ာင္းရွိေၾကာင္းသိရသည္။ အဆိုပါ (၁၅၅)ေက်ာင္းအနက္ အေျခခံပညာမူလတန္းေက်ာင္း (ဆားေခ်ာင္းေလး) ႏွင့္ အေျခခံပညာမူလတန္းေက်ာင္းခြဲ (ကြၽန္းကုန္း)တို႔ကိုသာပိတ္ထားၿပီး က်န္အေျခခံပညာစာသင္ေက်ာင္း (၁၅၃)ေက်ာင္းကို ပုံမွန္ဖြင့္လွစ္ကာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ပညာသင္ၾကား ေပးလ်က္ရွိေၾကာင္း သိရသည္။

အေျခခံပညာမူလတန္းေက်ာင္း (ဆားေခ်ာင္းေလး) သည္ ၂၀၂၄ ခုႏွစ္ ဇူလိုင္ ၁၆ ရက္မွစ၍ လုံၿခဳံေရးအေျခအေနအရပိတ္ထားျခင္းျဖစ္ၿပီး အေျခခံပညာမူလတန္းေက်ာင္းခြဲ (ကြၽန္းကုန္း) တြင္ ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္တြင္ တက္ေရာက္ပညာသင္ၾကားမည့္ ေက်ာင္းသား ေက်ာင္းသူမ်ားမရွိသည့္အတြက္ ၂၀၂၅ - ၂၀၂၆ ပညာသင္ႏွစ္တြင္ ေက်ာင္းဖြင့္လွစ္ျခင္းမရွိဘဲ ပိတ္ထားျခင္းသာျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.