ပညာရေးအားနည်းလာမှုအပေါ် သုတေသနပြုလုပ်အဖြေရှာရန် လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ က ဆို

 437

ချယ်ရီ (NP News) - ဩဂုတ် ၁၃
သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပညာရေးအားနည်းလာမှုအပေါ် သုတေသနပြုလုပ်အဖြေရှာရန် လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၁၂ ရက်) က နေပြည်တော်၌ ပြုလုပ်သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် လက်ရှိ ကျောင်းတက်ရောက်နေသူ ဦးရေ (၇) သန်းကျော်ခန့်ရှိပြီး ယခင်နှစ်က ဖွင့်လှစ်သင်ကြားခဲ့သည့် စာသင်ကျောင်းများအနက် ယခုနှစ်တွင် မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိသကဲ့သို့ ယခင်နှစ်တွင် ဖွင့်လှစ်နိုင်မှုမရှိခဲ့သည့် ကျောင်းများအနေဖြင့် ယခုနှစ်တွင် ဖွင့်လှစ်နိုင်သည်များလည်းရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ပြောကြားသည်။
မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ်သင်ကြားနေသည့်ကျောင်းများအား သဘာဝဘေးအန္တရာယ်ကြောင့် မဖြစ်မနေပိတ်ရသည်မှအပ ကျောင်းပိတ်ရခြင်းများမရှိစေရေးကို အလေးထားအားပေးဆောင်ရွက်ရမည်ဖြစ်ပြီး “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့်အတိုင်း ပညာရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း ကော်မရှင်ဥက္ကဋ္ဌ က ဆိုသည်။
ထို့ပြင် ပညာရေးနှင့်ပတ်သက်၍ (၂၀၂၄-၂၀၂၅) နှင့် (၂၀၂၅-၂၀၂၆) ခုနှစ် စာရင်းဇယားများကို ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များအားလုံးတွင် ကျောင်းတက်ရောက်သူဦးရေ မပြည့်မီခြင်း၊ တန်းစဉ်ကူးပြောင်းမှုအားနည်းခြင်းများကို တွေ့မြင်ရသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပညာရေးအားနည်းလာမှုအပေါ် သုတေသနပြုလုပ်အဖြေရှာသွားရန် လိုအပ်ပြီး မိမိတို့ကော်မရှင်မှလည်း ပညာရေးအားကောင်းလာစေရန် အထူးအလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

Zawgyi Version:
ပညာေရးအားနည္းလာမႈအေပၚ သုေတသနျပဳလုပ္အေျဖရွာရန္ လိုအပ္ေၾကာင္း ေကာ္မရွင္ဥကၠ႒ က ဆို
ခ်ယ္ရီ (NP News) - ဩဂုတ္ ၁၃
သက္ဆိုင္ရာဝန္ႀကီးဌာနအေနျဖင့္ ပညာေရးအားနည္းလာမႈအေပၚ သုေတသနျပဳလုပ္အေျဖရွာရန္ လိုအပ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၁၂ ရက္) က ေနျပည္ေတာ္၌ ျပဳလုပ္ေသာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ေက်ာင္းမ်ား ဖြင့္လွစ္သင္ၾကားေပးႏိုင္မႈႏွင့္ပတ္သက္၍ လက္ရွိအခ်ိန္အထိ စာရင္းမ်ားအရ တစ္ႏိုင္ငံလုံးတြင္ လက္ရွိ ေက်ာင္းတက္ေရာက္ေနသူ ဦးေရ (၇) သန္းေက်ာ္ခန႔္ရွိၿပီး ယခင္ႏွစ္က ဖြင့္လွစ္သင္ၾကားခဲ့သည့္ စာသင္ေက်ာင္းမ်ားအနက္ ယခုႏွစ္တြင္ မဖြင့္လွစ္ႏိုင္သည့္ ေက်ာင္းမ်ားရွိသကဲ့သို႔ ယခင္ႏွစ္တြင္ ဖြင့္လွစ္ႏိုင္မႈမရွိခဲ့သည့္ ေက်ာင္းမ်ားအေနျဖင့္ ယခုႏွစ္တြင္ ဖြင့္လွစ္ႏိုင္သည္မ်ားလည္းရွိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ က ေျပာၾကားသည္။
မိမိတို႔အေနျဖင့္ လက္ရွိဖြင့္လွစ္သင္ၾကားေနသည့္ေက်ာင္းမ်ားအား သဘာဝေဘးအႏၲရာယ္ေၾကာင့္ မျဖစ္မေနပိတ္ရသည္မွအပ ေက်ာင္းပိတ္ရျခင္းမ်ားမရွိေစေရးကို အေလးထားအားေပးေဆာင္႐ြက္ရမည္ျဖစ္ၿပီး “ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးဖို႔ ပညာေရးကိုအားေပးစို႔” ဟူသည့္အတိုင္း ပညာေရးသည္ ႏိုင္ငံအတြက္ အလြန္အေရးႀကီးေၾကာင္း ေကာ္မရွင္ဥကၠ႒ က ဆိုသည္။
ထို႔ျပင္ ပညာေရးႏွင့္ပတ္သက္၍ (၂၀၂၄-၂၀၂၅) ႏွင့္ (၂၀၂၅-၂၀၂၆) ခုႏွစ္ စာရင္းဇယားမ်ားကို ၾကည့္ရႈခဲ့ရာ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားအားလုံးတြင္ ေက်ာင္းတက္ေရာက္သူဦးေရ မျပည့္မီျခင္း၊ တန္းစဥ္ကူးေျပာင္းမႈအားနည္းျခင္းမ်ားကို ေတြ႕ျမင္ရသည့္အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနအေနျဖင့္ ပညာေရးအားနည္းလာမႈအေပၚ သုေတသနျပဳလုပ္အေျဖရွာသြားရန္ လိုအပ္ၿပီး မိမိတို႔ေကာ္မရွင္မွလည္း ပညာေရးအားေကာင္းလာေစရန္ အထူးအေလးေပးေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.