ခြိမ်းခြောက်မှုများကြောင့် ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ဖျက်သိမ်းလိုက်ရ

 776

သက်ပိုင် (NP News) - ဇူလိုင် ၅

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် သံဃာတော်အပါးရာနှင့်ချီ ပါဝင်ကြွရောက်မည့် ငြိမ်းချမ်းရေး ဆုတောင်းပွဲအား ခြိမ်းခြောက်မှုများကြောင့် ဖျက်သိမ်းလိုက်ရကြောင်း အခမ်းအနားနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါအခမ်းအနားကို ဇူလိုင်လ (၆) ရက်၊ နံနက် (၉)နာရီအချိန်တွင် ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သွားရန် စီစဉ်ထားခဲ့သော်လည်း ဘုရားသုံးဆူ လုံခြုံရေးတာဝန်ယူထားသူကို KNU တပ်မဟာ (၆) နှင့် တော်လှန်ရေးအဖွဲ့အစည်းဆိုသူများက ဖိအားပေးသောကြောင့် လုံခြုံရေးတာဝန်ယူမပေးနိုင်တော့သည့်အတွက် ယခုကဲ့သို့ ပွဲဖျက်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဘုရားသုံးဆူ လုံခြုံရေးတာဝန်ယူထားတဲ့သူကို KNU တပ်မဟာ (၆) နဲ့ တော်လှန်ရေးအဖွဲ့အစည်း ဆိုသူတွေက ဖိအားတွေပေးလို့ လုံခြုံရေးတာဝန်ယူမပေးနိုင်တော့ကြောင်း မနေ့ညက ပြောတယ်။ ပွဲကို နာမည်ဖျက်နေတာတွေလည်း ရှိတယ်။ ဘုရားသုံးဆူမြို့ခံတွေဆိုပြီး အမည်ခံထားတဲ့သူတွေကလည်း Facebook post ထဲမှာ ဒီပွဲကိုဆက်ပြီးဖြစ်အောင်လုပ်ရင် "တော်လှန်ရေးနည်း" နဲ့ အရေးယူသွားမယ်လို့လည်း ချိန်းခြောက်ထားတယ်” ဟု အခမ်းအနားနှင့်ပတ်သက်၍ သိရှိသူက ဆိုသည်။
ထို့အပြင် ထိုင်း-မြန်မာနယ်စပ်နှင့် ကရင်ပြည်နည် အတွင်း တည်ငြိမ်အးချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆုတောင်းရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည့် အဆိုပါပွဲသို့ကြွလာသည့် ဆရာတော်များအား ယနေ့(ဇူလိုင် ၅ ရက်) နေ့လည်ပိုင်းက ကြာအင်းဆိပ်ကြီးမရောက်မီ (၁၂) မိုင်ဂိတ်တွင် KNU မှ တားဆီးခဲ့သည့်အတွက် လှည့်ပြန်ခဲ့ရမှုများလည်းရှိခဲ့ကြောင်း သိရသည်
အဆိုပါအခမ်းအနားသို့ လှိုင်းဘွဲ့မြို့နယ်မှ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ၊ ကြာအင်း ဆရာတော် ဘဒ္ဒန္တသူရိယ၊ ပိုင်ကျုံကျောင်းကြီး ဆရာတော် ဒေါက်တာပညာဒီပ၊ ဘားအံမြို့နယ်မှ ဗုဒ္ဓဂယာ/ကြားတောရဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ၊ ချမ်း သာအေးဆရာတော် ဘဒ္ဒန္တစန္ဒာဝန္ဒာဝရ၊ နယ်မှ ဝဲကင်းအံ ဆရာတော် ကာ့ကရိတ်မြို့ ဘဒ္ဒန္တ သုန္ဒရ၊ ခ ၊ ခနိမ့်ဖော်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တ ပညာဇောတ၊ နဘူး အောင်သိဒ္ဓိဆရာတော် ဘဒ္ဒန္တ ဝိလာသ၊ မြဝတီမြို့ နယ်မှ တောင်ကလေးအေးရိပ်သာ ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသ၊ မိုးကုတ်စက်ဝိုင်းကျောင်းဆရာတော် ရာတော် ဘဒ္ဒန္တသူရိယတို့အပြင် အခြား ဆရာတော်များစွာလည်း ပါဝင်တက်ရောက်ကြမည်ဟုလည်း သိရှိခဲ့သည်။

Zawgyi Version:
ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ထိုင္းျမန္မာနယ္စပ္တြင္ ျပဳလုပ္မည့္ ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲ ဖ်က္သိမ္း လိုက္ရ
သက္ပိုင္ (NP News) - ဇူလိုင္ ၅

ထိုင္း-ျမန္မာနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ သံဃာေတာ္အပါးရာႏွင့္ခ်ီ ပါဝင္ႂကြေရာက္မည့္ ၿငိမ္းခ်မ္းေရး ဆုေတာင္းပြဲအား ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ဖ်က္သိမ္းလိုက္ရေၾကာင္း အခမ္းအနားႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါအခမ္းအနားကို ဇူလိုင္လ (၆) ရက္၊ နံနက္ (၉)နာရီအခ်ိန္တြင္ ဓမၼေဟဝန္ ဘုန္းေတာ္ႀကီးေက်ာင္း၌ ျပဳလုပ္သြားရန္ စီစဥ္ထားခဲ့ေသာ္လည္း ဘုရားသုံးဆူ လုံၿခဳံေရးတာဝန္ယူထားသူကို KNU တပ္မဟာ (၆) ႏွင့္ ေတာ္လွန္ေရးအဖြဲ႕အစည္းဆိုသူမ်ားက ဖိအားေပးေသာေၾကာင့္ လုံၿခဳံေရးတာဝန္ယူမေပးႏိုင္ေတာ့သည့္အတြက္ ယခုကဲ့သို႔ ပြဲဖ်က္လိုက္ရျခင္းျဖစ္ေၾကာင္း သိရသည္။
“ဘုရားသုံးဆူ လုံၿခဳံေရးတာဝန္ယူထားတဲ့သူကို KNU တပ္မဟာ (၆) နဲ႔ ေတာ္လွန္ေရးအဖြဲ႕အစည္း ဆိုသူေတြက ဖိအားေတြေပးလို႔ လုံၿခဳံေရးတာဝန္ယူမေပးႏိုင္ေတာ့ေၾကာင္း မေန႔ညက ေျပာတယ္။ ပြဲကို နာမည္ဖ်က္ေနတာေတြလည္း ရွိတယ္။ ဘုရားသုံးဆူၿမိဳ႕ခံေတြဆိုၿပီး အမည္ခံထားတဲ့သူေတြကလည္း Facebook post ထဲမွာ ဒီပြဲကိုဆက္ၿပီးျဖစ္ေအာင္လုပ္ရင္ "ေတာ္လွန္ေရးနည္း" နဲ႔ အေရးယူသြားမယ္လို႔လည္း ခ်ိန္းေျခာက္ထားတယ္” ဟု အခမ္းအနားႏွင့္ပတ္သက္၍ သိရွိသူက ဆိုသည္။
ထို႔အျပင္ ထိုင္း-ျမန္မာနယ္စပ္ႏွင့္ ကရင္ျပည္နည္ အတြင္း တည္ၿငိမ္အးခ်မ္းေရးအတြက္ ၿငိမ္းခ်မ္းေရး ဆုေတာင္းရန္ ရည္႐ြယ္ခ်က္ျဖင့္ က်င္းပမည့္ အဆိုပါပြဲသို႔ႂကြလာသည့္ ဆရာေတာ္မ်ားအား ယေန႔(ဇူလိုင္ ၅ ရက္) ေန႔လည္ပိုင္းက ၾကာအင္းဆိပ္ႀကီးမေရာက္မီ (၁၂) မိုင္ဂိတ္တြင္ KNU မွ တားဆီးခဲ့သည့္အတြက္ လွည့္ျပန္ခဲ့ရမႈမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္
အဆိုပါအခမ္းအနားသို႔ လႈိင္းဘြဲ႕ၿမိဳ႕နယ္မွ မဲဆမိတ္ဆရာေတာ္ ဘဒၵႏၲစႏၵရ၊ ၾကာအင္း ဆရာေတာ္ ဘဒၵႏၲသူရိယ၊ ပိုင္က်ဳံေက်ာင္းႀကီး ဆရာေတာ္ ေဒါက္တာပညာဒီပ၊ ဘားအံၿမိဳ႕နယ္မွ ဗုဒၶဂယာ/ၾကားေတာရဆရာေတာ္ ဘဒၵႏၲ စႏၵာဝရ၊ ခ်မ္း သာေအးဆရာေတာ္ ဘဒၵႏၲစႏၵာဝႏၵာဝရ၊ နယ္မွ ဝဲကင္းအံ ဆရာေတာ္ ကာ့ကရိတ္ၿမိဳ႕ ဘဒၵႏၲ သုႏၵရ၊ ခ ၊ ခနိမ့္ေဖာ္ေက်ာင္းႀကီးဆရာေတာ္ ဘဒၵႏၲ ပညာေဇာတ၊ နဘူး ေအာင္သိဒၶိဆရာေတာ္ ဘဒၵႏၲ ဝိလာသ၊ ျမဝတီၿမိဳ႕ နယ္မွ ေတာင္ကေလးေအးရိပ္သာ ဆရာေတာ္ ဘဒၵႏၲ အဂၢဝံသ၊ မိုးကုတ္စက္ဝိုင္းေက်ာင္းဆရာေတာ္ ရာေတာ္ ဘဒၵႏၲသူရိယတို႔အျပင္ အျခား ဆရာေတာ္မ်ားစြာလည္း ပါဝင္တက္ေရာက္ၾကမည္ဟုလည္း သိရွိခဲ့သည္။

Related news

© 2021. All rights reserved.