တရုတ်နိုင်ငံကနေ ထိုင်ဝမ်၊တီဗက်၊ဟောင်ကောင်နဲ့ရှင်းကျန်းဒေသတို့ခွဲထွက်ရေးကို မထောက်ခံဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

 731

ဂျန်ဇက် (NP News) - မတ် ၂
တရုတ်နိုင်ငံအတွင်းကနေ တီဗက်၊ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ရှင်းကျန်းဒေသတို့ခွဲထွက်မယ့် အစီအစဉ်များကို အားပေးထောက်ခံမှာမဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အခိုင်မာပြောဆိုလိုက်ပါတယ်။

ဟွန်ဆန်ဟာ မတ်လ ၂ ရက်က Phnom Penh-Kampot အမှတ် ၃ လမ်းမကြီးဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က "ကျွန်တော်ဟာ မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ခွဲထွက်ရေးကို လက်မခံဘူး။ မထောက်ခံဘူးလို့ပြောခဲ့တယ်။ ကျွန်တော့်အနေနဲ့ တရုတ်ကို အခိုင်အမာထောက်ခံတယ်။ ဒါပေမယ့်တရုတ်နိုင်ငံကနေ ဟောင်ကောင်၊ ထိုင်ဝမ်၊ ရှင်းကျန်းတို့ခွဲထွက်မယ့်အစီအစဉ်ကိုလက်မခံဘူး"လို့ပြောပါတယ်။

ဟွန်ဆန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ထိစပ်မိတဲ့အတွက် ပြီးခဲ့တဲ့သီတင်းပတ်က သီးခြားနေထိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာလုပ်ငန်းများပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က "ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံကြီးတစ်နိုင်ငံကနေ ခွဲထွက်တာမျိုးကိုလက်မခံဘူး၊ ဒါကြောင့် ဆားဘီးယားနိုင်ငံကနေ ကိုဆိုဒေသခွဲထွက်ပြီး နိုင်ငံအဖြစ်ရပ်တည်ဖို့ အသိမှတ်မပြုဘူး၊ ဒါဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ရပ်တည်မှုအခြေနေပါ"လို့ပြောပါတယ်။

ထိုင်ဝမ်ဟာ ကိုယ်ပိုင်လွတ်လပ်ရေးရယူပြီး တရုတ်နိုင်ငံကခွဲထွက်ဖို့ အစီအစဉ်များရှိနေကာ အမေရိကန် ကူညီထောက်ပံ့ပေးမှုများရှိနေကြောင်းသိရပါတယ်။ ထိုင်ဝမ်နဲ့ပတ်သက်ပြီးကူညီပံ့ပိုးပေးမှုများကြောင့် တရုတ်နဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုများမြင့်တက်လျက်ရှိနေပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံကေန ထိုင္ဝမ္၊တီဗက္၊ေဟာင္ေကာင္နဲ႔ရွင္းက်န္းေဒသတို႔ခြဲထြက္ေရးကို မေထာက္ခံဘူးလို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂

တ႐ုတ္ႏိုင္ငံအတြင္းကေန တီဗက္၊ ေဟာင္ေကာင္၊ ထိုင္ဝမ္နဲ႔ ရွင္းက်န္းေဒသတို႔ခြဲထြက္မယ့္ အစီအစဥ္မ်ားကို အားေပးေထာက္ခံမွာမဟုတ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က အခိုင္မာေျပာဆိုလိုက္ပါတယ္။

ဟြန္ဆန္ဟာ မတ္လ ၂ ရက္က Phnom Penh-Kampot အမွတ္ ၃ လမ္းမႀကီးဖြင့္ပြဲအခမ္းအနားမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္ဟာ မေလးရွားဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့တယ္။ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္က ခြဲထြက္ေရးကို လက္မခံဘူး။ မေထာက္ခံဘူးလို႔ေျပာခဲ့တယ္။ ကြၽန္ေတာ့္အေနနဲ႔ တ႐ုတ္ကို အခိုင္အမာေထာက္ခံတယ္။ ဒါေပမယ့္တ႐ုတ္ႏိုင္ငံကေန ေဟာင္ေကာင္၊ ထိုင္ဝမ္၊ ရွင္းက်န္းတို႔ခြဲထြက္မယ့္အစီအစဥ္ကိုလက္မခံဘူး"လို႔ေျပာပါတယ္။

ဟြန္ဆန္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူနဲ႔ထိစပ္မိတဲ့အတြက္ ၿပီးခဲ့တဲ့သီတင္းပတ္က သီးျခားေနထိုင္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာလုပ္ငန္းမ်ားျပန္လည္လုပ္ကိုင္ေနၿပီျဖစ္ပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က "ကေမာၻဒီးယားႏိုင္ငံဟာ ႏိုင္ငံႀကီးတစ္ႏိုင္ငံကေန ခြဲထြက္တာမ်ိဳးကိုလက္မခံဘူး၊ ဒါေၾကာင့္ ဆားဘီးယားႏိုင္ငံကေန ကိုဆိုေဒသခြဲထြက္ၿပီး ႏိုင္ငံအျဖစ္ရပ္တည္ဖို႔ အသိမွတ္မျပဳဘူး၊ ဒါဟာ ကေမာၻဒီးယားႏိုင္ငံရဲ႕ရပ္တည္မႈအေျခေနပါ"လို႔ေျပာပါတယ္။

ထိုင္ဝမ္ဟာ ကိုယ္ပိုင္လြတ္လပ္ေရးရယူၿပီး တ႐ုတ္ႏိုင္ငံကခြဲထြက္ဖို႔ အစီအစဥ္မ်ားရွိေနကာ အေမရိကန္ ကူညီေထာက္ပံ့ေပးမႈမ်ားရွိေနေၾကာင္းသိရပါတယ္။ ထိုင္ဝမ္နဲ႔ပတ္သက္ၿပီးကူညီပံ့ပိုးေပးမႈမ်ားေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကားတင္းမာမႈမ်ားျမင့္တက္လ်က္ရွိေနပါတယ္။

Related news

© 2021. All rights reserved.