နိုင်ငံသားမှတ်ပုံတင်ကတ်အစား ထောက်ခံစာများပြသ၍ ခရီးသွားခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်

2512

NP News - မတ် ၅
ခရီးသွားလာခြင်းနှင့် အစစ်ဆေးခံခြင်းများတွင် နိုင်ငံသားမှတ်ပုံတင်ကတ် အစား ထောက်ခံစာများ ပြသခြင်းကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်တွင် အသိပေး ထုတ်ပြန်ကြေညာလိုက်သည်။
အသက်(၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်နေရာ များတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားမှတ်ပုံတင်ကတ်အား လာမယ့် ဧပြီလ ၁ ရက်၊ နံနက် (၆) နာရီမှစတင်၍ ပြသ စစ်ဆေးခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုး ထုတ် ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ် သည့်နေရာများတွင် တစ်အိမ်တက်ဆင်းဆောင်ရွက်ပေးခြင်းများအား ၂ဝ၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယင်းကဲ့သို့ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများ အားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း တရားဝင်ကြေညာ လိုက်ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံသားကတ်(မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ကြောင်းလည်း သတိပေးထားသည်။
ပန်းခင်းစီမံချက်အား ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့ တွင် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့် မြို့နယ်(၉) မြို့နယ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ႏိုင္ငံသားမွတ္ပုံတင္ကတ္အစား ေထာက္ခံစာမ်ားျပသ၍ ခရီးသြားျခင္း၊ အစစ္ေဆးခံျခင္းမ်ားအား ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း ထုတ္ျပန္
NP News - မတ္ ၅
ခရီးသြားလာျခင္းႏွင့္ အစစ္ေဆးခံျခင္းမ်ားတြင္ ႏိုင္ငံသားမွတ္ပုံတင္ကတ္ အစား ေထာက္ခံစာမ်ား ျပသျခင္းကို ခြင့္ျပဳေတာ့မည္ မဟုတ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက မတ္လ ၅ ရက္တြင္ အသိေပး ထုတ္ျပန္ေၾကညာလိုက္သည္။
အသက္(၁၈) ႏွစ္ျပည့္ၿပီးသူ ႏိုင္ငံသားတိုင္းအေနျဖင့္ ခရီးသြားလာရာတြင္လည္းေကာင္း၊ တည္းခိုေနထိုင္ေနရာ မ်ားတြင္လည္းေကာင္း၊ ႏိုင္ငံသားကတ္ (မွတ္ပုံတင္) ျပသေဆာင္႐ြက္ရသည့္ လုပ္ငန္းမ်ားတြင္လည္းေကာင္း တရားဝင္ထုတ္ေပးထားသည့္ ႏိုင္ငံသားမွတ္ပုံတင္ကတ္အား လာမယ့္ ဧၿပီလ ၁ ရက္၊ နံနက္ (၆) နာရီမွစတင္၍ ျပသ စစ္ေဆးခံရမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
အသက္ (၁၆) ႏွစ္ႏွင့္အထက္ အက်ဳံးဝင္သူမ်ားအား ဥပေဒအရ ကိုင္ေဆာင္သင့္သည့္ကတ္တစ္မ်ိဳးမ်ိဳး ထုတ္ ေပးေရးအတြက္ “ပန္းခင္း” စီမံခ်က္ျဖင့္ ႐ုံးတြင္ ေဆာင္႐ြက္ေပးျခင္း၊ ကြင္းဆင္းေဆာင္႐ြက္ေပးျခင္း၊ လိုအပ္ သည့္ေနရာမ်ားတြင္ တစ္အိမ္တက္ဆင္းေဆာင္႐ြက္ေပးျခင္းမ်ားအား ၂ဝ၂၁ ခုႏွစ္ ေမလ ၃ ရက္ေန႔မွ ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၃ ရက္အထိ ႏိုင္ငံတစ္ဝွမ္းလုံးတြင္ ေန႔စဥ္ရက္ဆက္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းႏွင့္ ယင္းကဲ့သို႔ ေန႔စဥ္ရက္ဆက္ ေဆာင္႐ြက္ေပးေနမႈေၾကာင့္ ႏိုင္ငံသားကတ္ (မွတ္ပုံတင္) အစား ေထာက္ခံစာမ်ား အားျပသ၍ ခရီးသြားလာျခင္း၊ အစစ္ေဆးခံျခင္းမ်ားအား ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း တရားဝင္ေၾကညာ လိုက္ျခင္းျဖစ္သည္။
ထို႔ျပင္ ႏိုင္ငံသားကတ္(မွတ္ပုံတင္) အတု ကိုင္ေဆာင္ျခင္းႏွင့္ ကတ္အပို ထားရွိ ကိုင္ေဆာင္ျခင္းမ်ားသည္ တည္ဆဲဥပေဒမ်ားအရ ျပစ္မႈေျမာက္ေၾကာင္းလည္း သတိေပးထားသည္။
ပန္းခင္းစီမံခ်က္အား ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ျပည္ေထာင္စုနယ္ေျမ (ေနျပည္ေတာ္) တို႔ တြင္ တိုင္းလုံးကြၽတ္ လ်ာထားခ်က္ ရာႏႈန္းျပည့္ၿပီးစီးၿပီျဖစ္ေၾကာင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းတြင္လည္း ပန္းခင္းစီမံခ်က္ လ်ာထားခ်က္ ရာႏႈန္းျပည့္ ေဆာင္႐ြက္ၿပီးစီးသည့္ ၿမိဳ႕နယ္(၉) ၿမိဳ႕နယ္ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။