ပအိုဝ်းအမျိုးသားများအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ညီနောင်တိုင်းရင်းသားများနှင့်လက်တွဲကြိုးပမ်းမည်ဟု PPST ယုံကြည်ထား

1016

ပုံစာ - နှစ် (၇ဝ) ပြည့် ပအိုဝ်းအမျိုးသားနေ့
မျိုးကြီး (NP News)- မတ် ၁၆
ပအိုဝ်းအမျိုးသားများအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ညီနောင်တိုင်းရင်းသားများနှင့်လက်တွဲကြိုးပမ်းမည်ဟုယုံကြည်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) က ယနေ့ (မတ်လ ၁၆ ရက်)တွင် ထုတ်ပြန်ထားသည်။
(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ထည့်သွင်း ထုတ်ပြန်ထားခြင်းဖြစ် သည်။
မျက်မှောက်ကာလတွင် ပအိုဝ်းအမျိုးသားများအနေဖြင့် မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုအနာဂတ်အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဘဝတူညီနောင်တိုင်းရင်း သားများနှင့်လက်တွဲပြီး အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)သည် ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရေးတို့အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းသဘောတူချုပ်ဆိုထားသည့် လိုင်ဇာ၊ လော်ခီးလာ သဘောတူညီချက်များတွင် ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
ထို့ပြင် PNLO သည် ဘဝတူညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများနှင့်အတူ NCA စာချုပ်တွင်လည်း လက်မှတ်ရေးထိုးခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ်ပါဝင်ပြီး ကျရာတာဝန်များကို ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် မှတ်တမ်းတင်ကြောင်း PPST က ဆို သည်။
ဗုဒ္ဓမြတ်စွာဘုရားအား သုဝဏ္ဏဘူမိ သထုံပြည်သို့ပင့်ဆောင်ပူဇော်ခဲ့သော ပအိုဝ်းတစ်မျိုးသားလုံးကို ကိုယ်စားပြုသူ သူရိယစန္ဒာမင်းကြီး၏ မွေးနေ့တော် တပေါင်းလပြည့်နေကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ် မှတ်ကျင်းပခဲ့သည်မှာ ယနေ့တွင် ၇၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ပအိုဝ္းအမ်ိဳးသားမ်ားအေနျဖင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းျဖင့္ေျဖရွင္းရန္ ညီေနာင္တိုင္းရင္းသားမ်ားႏွင့္လက္တြဲႀကိဳးပမ္းမည္ဟု PPST ယုံၾကည္ထား
မ်ိဳးႀကီး (NP News)- မတ္ ၁၆
ပအိုဝ္းအမ်ိဳးသားမ်ားအေနျဖင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ေျဖရွင္းရန္ ညီေနာင္တိုင္းရင္းသားမ်ားႏွင့္လက္တြဲႀကိဳးပမ္းမည္ဟုယုံၾကည္ေၾကာင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST) က ထုတ္ျပန္ထားသည္။
(၇၃)ႏွစ္ေျမာက္ ပအိုဝ္းအမ်ိဳးသားေန႔အတြက္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) က ေပးပို႔သည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ထည့္သြင္း ထုတ္ျပန္ထားျခင္းျဖစ္ သည္။
မ်က္ေမွာက္ကာလတြင္ ပအိုဝ္းအမ်ိဳးသားမ်ားအေနျဖင့္ မဟာလူမ်ိဳးႀကီးဝါဒႏွင့္ အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရး၊ ျပည္ေထာင္စုအနာဂတ္အတြက္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းေရး၊ အမ်ိဳး သားျပန္လည္သင့္ျမတ္ေရးကို အေျခခံသည့္ စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးတို႔အတြက္ ဘဝတူညီေနာင္တိုင္းရင္း သားမ်ားႏွင့္လက္တြဲၿပီး အစဥ္တစိုက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟု ယုံၾကည္ေၾကာင္း သဝဏ္လႊာတြင္ ထည့္သြင္းေဖာ္ျပထားသည္။
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO)သည္ ၿငိမ္းခ်မ္းေရးရရွိေရး၊ ဖက္ဒရယ္ျပည္ေထာင္စုတည္ေထာင္ႏိုင္ေရးတို႔အတြက္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား စုေပါင္းသေဘာတူခ်ဳပ္ဆိုထားသည့္ လိုင္ဇာ၊ ေလာ္ခီးလာ သေဘာတူညီခ်က္မ်ားတြင္ ပါဝင္လက္မွတ္ေရးထိုးထားေၾကာင္း သိရသည္။
ထို႔ျပင္ PNLO သည္ ဘဝတူညီေနာင္တိုင္းရင္းသားလက္နက္ကိုင္ေတာ္ လွန္ေရးအဖြဲ႕အစည္းမ်ားႏွင့္အတူ NCA စာခ်ဳပ္တြင္လည္း လက္မွတ္ေရးထိုးျခင္းႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST)တြင္ အဖြဲ႕ဝင္အဖြဲ႕အစည္းအျဖစ္ပါဝင္ၿပီး က်ရာတာဝန္မ်ားကို ႀကိဳးပမ္းေဆာင္႐ြက္ေနသည့္အတြက္ မွတ္တမ္းတင္ေၾကာင္း PPST က ဆို သည္။
ဗုဒၶျမတ္စြာဘုရားအား သုဝဏၰဘူမိ သထုံျပည္သို႔ပင့္ေဆာင္ပူေဇာ္ခဲ့ေသာ ပအိုဝ္းတစ္မ်ိဳးသားလုံးကို ကိုယ္စားျပဳသူ သူရိယစႏၵာမင္းႀကီး၏ ေမြးေန႔ေတာ္ တေပါင္းလျပည့္ေနကို ပအိုဝ္းအမ်ိဳးသားေန႔အျဖစ္ သတ္ မွတ္က်င္းပခဲ့သည္မွာ ယေန႔တြင္ ၇၃ ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။