အီရန်နိုင်ငံရှိ နျူကလီးယားအဆောက်အဦးများကိုတိုက်ခိုက်ရာမှာ အမေရိကန်စစ်တပ်က ပေါင် သုံးသောင်း အလေးချိန်ရှိတဲ့ ဗုံးတွေကိုအသုံးပြုခဲ့ဟုဆို

548

ဂျန်ဇက် (NP News) - ဇွန် ၂၂
အမေရိကန် စစ်တပ်ဟာ အီရန်နိုင်ငံရှိ နျူကလီးယားအဆောက်အဦးများကိုတိုက်ခိုက်ရာမှာ GBU-57 အမျိုးအစား ဗုံးတွေကိုတိုက်ပွဲအတွင်း ပထမဆုံးအကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဗုံးတွေဟာ အလေးချိန် ပေါင် ၃ သောင်းရှိပြီး ဘန်ကာဘက်စတာဗုံးတွေ အဖြစ်လူသိများပါတယ်။ အဲဒီဗုံးတွေကို အမေရိကန်နိုင်ငံထုတ် ဘီတူး စပရက်စ်အမျိုးအစား လေယာဉ်နဲ့သာ တင်ဆောင် တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။
GBU-57 ဗုံး တွေဟာ ခံတပ်နဲ့ မြေအောက်နက်နက်မှာ မြှုပ်ထားတဲ့ ဘန်ကာတွေ၊ ဥမင်လိုဏ်ခေါင်းလို ပစ်မှတ်တွေ ကို တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး GPS-လမ်းညွှန်စနစ်ပါဝင်ကာ မြေအောက် ၆၁ မီတာ သို့မဟုတ် ပေ ၂၀၀ ခန့်အထိ ထိုးဖောက်ပြီးမှ ပေါက်ကွဲနိုင်စွမ်းရှိပါတယ်။ အဲဒီဗုံးဟာ အရှည် ၆ ဒသမ ၂ မီတာ သို့မဟုတ် ၂၀ ဒသမ.၅ ပေလောက်ရှိပြီး အလေးချိန် ပေါင် ၃၀၀၀၀ ခန့်ရှိပါတယ်။ ဗုံးရဲ့ ခေါင်းပိုင်းမှာ ပေါက်ကွဲအားပြင်းတဲ့ ပစ္စည်းပေါင် ၅၃၀၀ ကျော်လောက် ပါဝင်ပါတယ်။ အထူးစွမ်းဆောင်ရည်မြင့် သံမဏိသတ္တုစပ်နဲ့ လုပ်ထားတဲ့ ဗုံး ကိုယ်ထည်က ပေါက်ကွဲစေတဲ့ပစ္စည်း အများကြီး သယ်ဆောင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ GBU-57 ဗုံး (ဂျီဘီယူ ဖစ်ဖတီဆဲဗင်း ဗုံး) ကို အမေရိကန်တစ်ဦးတည်းသာ ပိုင်ဆိုင်ပါတယ်။ အဲဒီဗုံးရဲ့အလေးချိန်ဟာ ပေါင် ၃၀၀၀၀ ခန့်ရှိတဲ့ သာမန်စစ်ဘက်သုံးလေယာဉ်တွေ။ တိုက်လေယာဉ်တွေ သယ်ဆောင်နိုင်စွမ်းမရှိကြပါဘူး အမေရိကန်နိုင်ငံထုတ် B-2 Spirit (ဘီတူး စပရစ်) အမျိုးအစား လေယာဉ်တစ်မျိုး တည်းကပဲ အဲဒီဘန်ကာ-ဘတ်စတာ ဗုံးတွေကို သယ်ဆောင်နိုင်အောင် လုပ်ထားပါတယ်။ အဲဒီအလေးချိန် ပေါင် ၃ သောင်းရှိတဲ့ ဗုံးကို စစ်ပွဲမှာ သုံးခဲ့ဖူးတယ်ဆိုတဲ့ အစီရင်ခံစာတော့ မရှိပါဘူး။အမေရိကန်နိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်တွေမှာ (ဂျီဘီယူ ဖစ်ဖတီဆဲဗင်း ဗုံး) ကို စတင်တီထွင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ GBU-57 (ဂျီဘီယူ ဖစ်ဖတီဆဲဗင်း ဗုံး) ကို စမ်းသပ်မှု ဒါမှမဟုတ် လေ့ကျင့်မှုတွေမှာပဲ အသုံးပြုခဲ့ပါတယ်။

Zawgyi Version:
အီရန္ႏိုင္ငံရွိ န်ဴကလီးယားအေဆာက္အဦးမ်ားကိုတိုက္ခိုက္ရာမွာ အေမရိကန္စစ္တပ္က ေပါင္ သုံးေသာင္း အေလးခ်ိန္ရွိတဲ့ ဗုံးေတြကိုအသုံးျပဳခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၂
အေမရိကန္ စစ္တပ္ဟာ အီရန္ႏိုင္ငံရွိ န်ဴကလီးယားအေဆာက္အဦးမ်ားကိုတိုက္ခိုက္ရာမွာ GBU-57 အမ်ိဳးအစား ဗုံးေတြကိုတိုက္ပြဲအတြင္း ပထမဆုံးအႀကိမ္ အသုံးျပဳတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီဗုံးေတြဟာ အေလးခ်ိန္ ေပါင္ ၃ ေသာင္းရွိၿပီး ဘန္ကာဘက္စတာဗုံးေတြ အျဖစ္လူသိမ်ားပါတယ္။ အဲဒီဗုံးေတြကို အေမရိကန္ႏိုင္ငံထုတ္ ဘီတူး စပရက္စ္အမ်ိဳးအစား ေလယာဥ္နဲ႔သာ တင္ေဆာင္ တိုက္ခိုက္ႏိုင္စြမ္းရွိပါတယ္။
GBU-57 ဗုံး ေတြဟာ ခံတပ္နဲ႔ ေျမေအာက္နက္နက္မွာ ျမႇဳပ္ထားတဲ့ ဘန္ကာေတြ၊ ဥမင္လိုဏ္ေခါင္းလို ပစ္မွတ္ေတြ ကို တိုက္ခိုက္ဖို႔ ဒီဇိုင္းထုတ္ထားတာျဖစ္ၿပီး GPS-လမ္းၫႊန္စနစ္ပါဝင္ကာ ေျမေအာက္ ၆၁ မီတာ သို႔မဟုတ္ ေပ ၂၀၀ ခန႔္အထိ ထိုးေဖာက္ၿပီးမွ ေပါက္ကြဲႏိုင္စြမ္းရွိပါတယ္။ အဲဒီဗုံးဟာ အရွည္ ၆ ဒသမ ၂ မီတာ သို႔မဟုတ္ ၂၀ ဒသမ.၅ ေပေလာက္ရွိၿပီး အေလးခ်ိန္ ေပါင္ ၃၀၀၀၀ ခန႔္ရွိပါတယ္။ ဗုံးရဲ႕ ေခါင္းပိုင္းမွာ ေပါက္ကြဲအားျပင္းတဲ့ ပစၥည္းေပါင္ ၅၃၀၀ ေက်ာ္ေလာက္ ပါဝင္ပါတယ္။ အထူးစြမ္းေဆာင္ရည္ျမင့္ သံမဏိသတၱဳစပ္နဲ႔ လုပ္ထားတဲ့ ဗုံး ကိုယ္ထည္က ေပါက္ကြဲေစတဲ့ပစၥည္း အမ်ားႀကီး သယ္ေဆာင္ႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ GBU-57 ဗုံး (ဂ်ီဘီယူ ဖစ္ဖတီဆဲဗင္း ဗုံး) ကို အေမရိကန္တစ္ဦးတည္းသာ ပိုင္ဆိုင္ပါတယ္။ အဲဒီဗုံးရဲ႕အေလးခ်ိန္ဟာ ေပါင္ ၃၀၀၀၀ ခန႔္ရွိတဲ့ သာမန္စစ္ဘက္သုံးေလယာဥ္ေတြ။ တိုက္ေလယာဥ္ေတြ သယ္ေဆာင္ႏိုင္စြမ္းမရွိၾကပါဘူး အေမရိကန္ႏိုင္ငံထုတ္ B-2 Spirit (ဘီတူး စပရစ္) အမ်ိဳးအစား ေလယာဥ္တစ္မ်ိဳး တည္းကပဲ အဲဒီဘန္ကာ-ဘတ္စတာ ဗုံးေတြကို သယ္ေဆာင္ႏိုင္ေအာင္ လုပ္ထားပါတယ္။ အဲဒီအေလးခ်ိန္ ေပါင္ ၃ ေသာင္းရွိတဲ့ ဗုံးကို စစ္ပြဲမွာ သုံးခဲ့ဖူးတယ္ဆိုတဲ့ အစီရင္ခံစာေတာ့ မရွိပါဘူး။အေမရိကန္ႏိုင္ငံဟာ ၂၀၀၀ ျပည့္ႏွစ္ေတြမွာ (ဂ်ီဘီယူ ဖစ္ဖတီဆဲဗင္း ဗုံး) ကို စတင္တီထြင္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွာ GBU-57 (ဂ်ီဘီယူ ဖစ္ဖတီဆဲဗင္း ဗုံး) ကို စမ္းသပ္မႈ ဒါမွမဟုတ္ ေလ့က်င့္မႈေတြမွာပဲ အသုံးျပဳခဲ့ပါတယ္။