မြဝတီ-ကော့ကရိတ် အာရှလမ်းမ၌ ယာဉ်ဖြတ်သန်းသွားလာမှုနှင့် ကူးသန်းရောင်းဝယ်ခြင်းများကို ယာယီရပ်ဆိုင်းရန် KNU အသိပေး

1200

NP News - မတ် ၂၆
မြဝတီ-ကော့ကရိတ် အာရှလမ်းမ၌ ယာဉ်ဖြတ်သန်းသွားလာမှုနှင့် ကူးသန်းရောင်းဝယ်ခြင်းများကို မတ်လ ၂၇ ရက်မှစ၍ ယာယီရပ်ဆိုင်းထားရန် ကရင်အမျိုးသားအစည်းအ ရုံး(KNU)က ယနေ့ (မတ်လ ၂၆ ရက်) ကအသိပေးထုတ်ပြန်လိုက်သည်။
လက်ရှိအခြေအနေတွင် KNLA နှင့် တပ်ပေါင်းစုများအား အင်အားသုံးခြေမှုန်းရန်အ တွက် တပ်မတော်မှအင်အားအလုံးအရင်းဖြင့် ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေလမ်းမကြီးများအားအသုံးပြုကာ ဒူးပလာယာခရိုင်နှင့်တပ်မဟာ(၆)နယ်မြေအတွင်းသို့ တပ်အင်အားများပို့ဆောင်လျက်ရှိသည်ဟု KNU ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့သော တပ်မတော်၏ လုပ်ဆောင်ချက်များသည် KNU ဒူးပလာယာခရိုင်နှင့် အ မှတ်(၆)တပ်မဟာအတွက် ကြီးမာသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နည်းမျိုးစုံဖြင့် တုန့်ပြန်ရတော့မည်ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။
ထို့ကြောင့် စိန်ခေါ်မှုများအားရင်ဆိုင်ရန်အတွက် မတ်လ ၂၇ ရက်မှစ၍ ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေလမ်းမကြီးအား အသုံးပြုလျက် ယာဉ်များဖြတ်သန်းသွား လာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများကို ယာယီရပ်ဆိုင်းထားကြရန် KNU က အသိပေးထုတ်ပြန်ထားသည်။
ယခုအသိပေးထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်ကြောင်း မထုတ်ပြန်မီ အတည်ဖြစ်နေမည်ဖြစ်ပြီး ပြည်သူလူထု၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များနှင့် လိုအပ်ချက်များကို နားလည်ပါကြောင်းလည်း KNU က ဆိုထားသည်။
ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်နှင့် လေးကေ့ကော်မြို့သစ်ဒေသတို့တွင်လည်း တပ်မတော်နှင့် KNU တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများမှာ နေ့စဉ်နီးပါးလိုလို ဖြစ်ပွားမှုများ ရှိနေသည်။
ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေလမ်းမကြီးများတွင် KNU နှင့် တပ်မတော်တို့အကြား စစ်ပွဲများဖြစ်ပွားလာနိုင်သည့်အခြေအနေရှိပြီး ဒေသခံပြည်သူများအနေဖြင့် စစ်ဘေးအန္တရာယ်အပြင် စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများရပ်အပေါ် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။

zawgyi version
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမ၌ ယာဥ္ျဖတ္သန္းသြားလာမႈႏွင့္ ကူးသန္းေရာင္းဝယ္ျခင္းမ်ားကို ယာယီရပ္ဆိုင္းရန္ KNU အသိေပး
NP News - မတ္ ၂၆
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမ၌ ယာဥ္ျဖတ္သန္းသြားလာမႈႏွင့္ ကူးသန္းေရာင္းဝယ္ျခင္းမ်ားကို မတ္လ ၂၇ ရက္မွစ၍ ယာယီရပ္ဆိုင္းထားရန္ ကရင္အမ်ိဳးသားအစည္းအ ႐ုံး(KNU)က ယေန႔ (မတ္လ ၂၆ ရက္) ကအသိေပးထုတ္ျပန္လိုက္သည္။
လက္ရွိအေျခအေနတြင္ KNLA ႏွင့္ တပ္ေပါင္းစုမ်ားအား အင္အားသုံးေျခမႈန္းရန္အ တြက္ တပ္မေတာ္မွအင္အားအလုံးအရင္းျဖင့္ ေကာ့ကရိတ္-ျမဝတီလမ္းမႀကီးႏွင့္ ျမဝတီ-ေဝၚေလလမ္းမႀကီးမ်ားအားအသုံးျပဳကာ ဒူးပလာယာခ႐ိုင္ႏွင့္တပ္မဟာ(၆)နယ္ေျမအတြင္းသို႔ တပ္အင္အားမ်ားပို႔ေဆာင္လ်က္ရွိသည္ဟု KNU ၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထိုသို႔ေသာ တပ္မေတာ္၏ လုပ္ေဆာင္ခ်က္မ်ားသည္ KNU ဒူးပလာယာခ႐ိုင္ႏွင့္ အ မွတ္(၆)တပ္မဟာအတြက္ ႀကီးမာေသာစိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး နည္းမ်ိဳးစုံျဖင့္ တုန႔္ျပန္ရေတာ့မည္ျဖစ္ေၾကာင္း KNU ၏ ထုတ္ျပန္ခ်က္တြင္ အသိေပးေဖာ္ျပထားသည္။
ထို႔ေၾကာင့္ စိန္ေခၚမႈမ်ားအားရင္ဆိုင္ရန္အတြက္ မတ္လ ၂၇ ရက္မွစ၍ ေကာ့ကရိတ္-ျမဝတီလမ္းမႀကီးႏွင့္ ျမဝတီ-ေဝၚေလလမ္းမႀကီးအား အသုံးျပဳလ်က္ ယာဥ္မ်ားျဖတ္သန္းသြား လာျခင္း၊ ကူးသန္းေရာင္းဝယ္ျခင္းမ်ားကို ယာယီရပ္ဆိုင္းထားၾကရန္ KNU က အသိေပးထုတ္ျပန္ထားသည္။
ယခုအသိေပးထုတ္ျပန္ခ်က္ကို ျပန္လည္ပယ္ဖ်က္ေၾကာင္း မထုတ္ျပန္မီ အတည္ျဖစ္ေနမည္ျဖစ္ၿပီး ျပည္သူလူထု၏ စားဝတ္ေနေရး၊ စီးပြားေရး၊ လူမႈေရးကိစၥရပ္မ်ားႏွင့္ လိုအပ္ခ်က္မ်ားကို နားလည္ပါေၾကာင္းလည္း KNU က ဆိုထားသည္။
ကရင္ျပည္နယ္ရွိ ေကာ့ကရိတ္ၿမိဳ႕နယ္ႏွင့္ ေလးေက့ေကာ္ၿမိဳ႕သစ္ေဒသတို႔တြင္လည္း တပ္မေတာ္ႏွင့္ KNU တို႔အၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈမ်ားမွာ ေန႔စဥ္နီးပါးလိုလို ျဖစ္ပြားမႈမ်ား ရွိေနသည္။
ေကာ့ကရိတ္-ျမဝတီလမ္းမႀကီးႏွင့္ ျမဝတီ-ေဝၚေလလမ္းမႀကီးမ်ားတြင္ KNU ႏွင့္ တပ္မေတာ္တို႔အၾကား စစ္ပြဲမ်ားျဖစ္ပြားလာႏိုင္သည့္အေျခအေနရွိၿပီး ေဒသခံျပည္သူမ်ားအေနျဖင့္ စစ္ေဘးအႏၲရာယ္အျပင္ စားဝတ္ေနေရး၊ စီးပြားေရး၊ လူမႈေရးကိစၥမ်ားရပ္အေပၚ စိုးရိမ္ပူပန္မႈမ်ားရွိေနေၾကာင္း သိရသည္။