အငြင်းပွားနယ်စပ်ဒေသရှိ တပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းရေး မဖြေရှင်းနိုင်သေးဘူးဆိုရင် တရုတ်နဲ့ပုံမှန်ဆက်ဆံရေးပြန်ဖြစ်မှာမဟုတ်သေးဟု အိန္ဒိယအစိုးရဆို

 778

ဂျန်ဇက် (NP News) - မတ် ၂၆
ပိုင်နက်နယ်မြေ အငြင်းပွားလျက်ရှိနေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံ နယ်စပ်ဒေသမှာ တပ်စွဲထားတဲ့ နှစ်နိုင်ငံတပ်ဖွဲ့များ ပြန်ခွဲခွာရေးကို အပြီးသတ်မဖြေရှင်းနိုင်သေးဘူးဆိုရင် အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားဆက်ဆံရေးက ပုံမှန်အတိုင်းပြန်ဖြစ်လာဦးမှာမဟုတ်သေးကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က နှစ်နိုင်ငံကြားအငြင်းပွားနေတဲ့ နယ်စပ်ကိစ္စများကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးနဲ့ တပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခွာရေးက နှစ်နိုင်ငံဆက်ဆံရေးမှာအဓိကအကျဆုံးအချက်ဖြစ်နေကြောင်းဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယနဲ့တရုတ်နိုင်ငံနယ်စပ်ဒေသဖြစ်တဲ့ ဟိမဝန္တာဒေ သပိုင်နက်နယ်မြေ အငြင်းပွားမှုများဖြစ်ခဲ့တဲ့ ၂ဝ၂ဝ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်တဲ့ တရုတ်အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးဟာ တပ်ဖွဲ့ဝင်ပေါင်း ထောင်ချီဖြန့်ကျက်ချထားပြီး နှစ်နိုင်ငံနယ်စပ်ဒေသ စစ်ဘက်တာဝန်ရှိသူများဟာ နယ်စပ်ဒေသအရေးကိစ္စများကို အကြိမ်များစွာဆွေးနွေးခဲ့ပေမယ့် တိုးတက်မှုအနည်းငယ်သာရှိသေးကြောင်းသိရပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက "၂ဝ၂ဝ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံက နယ်စပ်ဒေသမှာတပ်ဖွဲ့ဝင်များဖြန့်ကျက်ချထားခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေး ပုံမှန်အတိုင်းမရှိတော့ဘူး" လို့ပြောပါတယ်။ တရုတ်နိုင်ငံရဲ့တောင်းဆိုချက်အရ အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံခြာရေးဝန်ကြီးလာရောက်မယ့်သတင်းကို ကြိုတင်ထုတ်ပြန်တာမျိုးမရှိခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ နယ်စပ်ဒေသမှာရှိနေတဲ့ တပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းခြင်းရှိ၊မရှိဆိုတဲ့အချက်ကို အတိကျထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက "ကျွန်‌တော်တို့နှစ်ဦးစလုံးဟာ အပစ်ခတ်ရပ်စဲရေး အဓိကအရေးကြီးတယ်ဆိုတဲ့အချက်နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့ ဆွေးနွေးခဲ့တယ်"လို့ပြောပါတယ်။

zawgyi version
အျငင္းပြားနယ္စပ္ေဒသရွိ တပ္ဖြဲ႕ဝင္မ်ား ျပန္႐ုတ္သိမ္းေရး မေျဖရွင္းႏိုင္ေသးဘူးဆိုရင္ တ႐ုတ္နဲ႔ပုံမွန္ဆက္ဆံေရးျပန္ျဖစ္မွာမဟုတ္ေသးဟု အိႏၵိယအစိုးရဆို
ဂ်န္ဇက္ (NP News) - မတ္ ၂၆

ပိုင္နက္နယ္ေျမ အျငင္းပြားလ်က္ရွိေနတဲ့ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံ နယ္စပ္ေဒသမွာ တပ္စြဲထားတဲ့ ႏွစ္ႏိုင္ငံတပ္ဖြဲ႕မ်ား ျပန္ခြဲခြာေရးကို အၿပီးသတ္မေျဖရွင္းႏိုင္ေသးဘူးဆိုရင္ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံၾကားဆက္ဆံေရးက ပုံမွန္အတိုင္းျပန္ျဖစ္လာဦးမွာမဟုတ္ေသးေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar က ႏွစ္ႏိုင္ငံၾကားအျငင္းပြားေနတဲ့ နယ္စပ္ကိစၥမ်ားကိုၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေရးနဲ႔ တပ္ဖြဲ႕ဝင္မ်ား ျပန္ဆုတ္ခြာေရးက ႏွစ္ႏိုင္ငံဆက္ဆံေရးမွာအဓိကအက်ဆုံးအခ်က္ျဖစ္ေနေၾကာင္းဆိုပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံနယ္စပ္ေဒသျဖစ္တဲ့ ဟိမဝႏၲာေဒ သပိုင္နက္နယ္ေျမ အျငင္းပြားမႈမ်ားျဖစ္ခဲ့တဲ့ ၂ဝ၂ဝ ခုႏွစ္ေနာက္ပိုင္း အိႏၵိယႏိုင္ငံကို ပထမဆုံးအႀကိမ္သြားေရာက္တဲ့ တ႐ုတ္အဆင့္ျမင့္အရာရွိတစ္ဦးျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံစလုံးဟာ တပ္ဖြဲ႕ဝင္ေပါင္း ေထာင္ခ်ီျဖန႔္က်က္ခ်ထားၿပီး ႏွစ္ႏိုင္ငံနယ္စပ္ေဒသ စစ္ဘက္တာဝန္ရွိသူမ်ားဟာ နယ္စပ္ေဒသအေရးကိစၥမ်ားကို အႀကိမ္မ်ားစြာေဆြးေႏြးခဲ့ေပမယ့္ တိုးတက္မႈအနည္းငယ္သာရွိေသးေၾကာင္းသိရပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက "၂ဝ၂ဝ ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံက နယ္စပ္ေဒသမွာတပ္ဖြဲ႕ဝင္မ်ားျဖန႔္က်က္ခ်ထားခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ပုံမွန္အတိုင္းမရွိေတာ့ဘူး" လို႔ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ေတာင္းဆိုခ်က္အရ အိႏၵိယႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံျခာေရးဝန္ႀကီးလာေရာက္မယ့္သတင္းကို ႀကိဳတင္ထုတ္ျပန္တာမ်ိဳးမရွိခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔ဟာ နယ္စပ္ေဒသမွာရွိေနတဲ့ တပ္ဖြဲ႕ဝင္မ်ားကို ျပန္႐ုတ္သိမ္းျခင္းရွိ၊မရွိဆိုတဲ့အခ်က္ကို အတိက်ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္‌ေတာ္တို႔ႏွစ္ဦးစလုံးဟာ အပစ္ခတ္ရပ္စဲေရး အဓိကအေရးႀကီးတယ္ဆိုတဲ့အခ်က္နဲ႔ သံတမန္ဆက္ဆံေရး ပုံမွန္အတိုင္းျပန္ျဖစ္ေစဖို႔ ေဆြးေႏြးခဲ့တယ္"လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.