ဘော်တစ်ဒေသနိုင်ငံတွေရဲ့သံတမန်တွေကို နှင်ထုတ်ပြီး ရုရှားအစိုးရ လက်တုံ့ပြန်

 889

ဂျန်ဇက် (NP News) - မတ် ၃ဝ
ရုရှားဟာ ဘော်တစ်ဒေသအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ အက်စ်တိုးနီးယား၊လက်ဗီးယား၊ လစ်သူယေးနီးယား နိုင်ငံတို့က သံတမန် ၁ဝ ဦးကို နှင်ထုတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါနိုင်ငံတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့ပြီးနောက် ရုရှားဘက်က လက်တုံ့ ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါနိုင်ငံတွေက သံတမန်တွေဟာ တရားမျှတ မှုမရှိတဲ့လုပ်ရပ်တွေ၊ နှောင့်ယှက်မှုများရှိခဲ့တဲ့အတွက် နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းကို ရုရှား တပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့အနောက်အုပ်စုကြား သံတမန်ရေးရာစစ်ပွဲဖြစ်လာခဲ့ပြီး သံတမန် တွေကို အပြန်အလှန်နှင်ထုတ်တာမျိုးတွေရှိနေခဲ့ပါတယ်။

ရုရှားဟာ လစ်သူယေးနီးယားနိုင်ငံကသံတမန် လေးဦး၊ လတ်ဗီးယားနိုင်ငံက သံတမန် သုံးဦး၊ အက်စတိုးနီးယား နိုင်ငံက သံတမန် သုံးဦး ကို နှင်ထုတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှား သံတမန်တွေကို ဆင်ခြင်မဲ့စွာ နှင်ထုတ်တဲ့လုပ်ရပ်တွေကို သင့်တော်တဲ့တုံ့ပြန်မှုများ ပြန်လည်ပြုလုပ်သွားမှာဖြစ် တယ်လို့ ဆိုထားပါတယ်။

လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှားအာဏာပိုင်တွေရဲ့လုပ်ရပ်က တရားမျှတမှုမရှိဘူးလို့ ဝေဖန်ခဲ့ပါ တယ်။ ရုရှားဟာ ဆလိုဗက်ကီးယားနိုင်ငံက သံတမန်တွေကို ၇၂ နာရီအတွင်း ရု ရှားနိုင်ငံအတွင်းက ထွက်ခွာဖို့ နှင်ထုတ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဘော်တစ်နိုင်ငံက သံတမန်တွေကို ထပ်မံနှင်ထုတ်ခဲ့တာဖြစ်ပါတယ်။

အခုလအတွင်း ဥရောပနိုင်ငံတွေဟာ ၎င်းတို့နိုင်ငံအတွင်းကနေ ရုရှားသံတမန်တွေကို နှင်ထုတ်တာမျိုးတွေ စတင်လုပ်ဆောင်ခဲ့ပြီး ပိုလန်ဟာ ရုရှားသံတမန်ပေါင်း ၄၅ ဦးကို မကြာသေးမီက ထုတ်ပယ်ခဲ့ပြီးနောက် အခြား ဥရောပနိုင်ငံတွေကလည်း ရုရှားသံတမန်တွေကို နှင်ထုတ်တာမျိုးတွေ လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေဘာ္တစ္ေဒသႏိုင္ငံေတြရဲ႕သံတမန္ေတြကို ႏွင္ထုတ္ၿပီး ႐ုရွားအစိုးရ လက္တုံ႔ျပန္
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ
႐ုရွားဟာ ေဘာ္တစ္ေဒသအဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္တဲ့ အက္စ္တိုးနီးယား၊လက္ဗီးယား၊ လစ္သူေယးနီးယား ႏိုင္ငံတို႔ က သံတမန္ ၁ဝ ဦးကို ႏွင္ထုတ္လိုက္တယ္လို႔ သိရပါတယ္။

အဆိုပါႏိုင္ငံေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္က ႐ုရွားသံတမန္ေတြကို ႏွင္ထုတ္ခဲ့ၿပီးေနာက္ ႐ုရွားဘက္က လက္တုံ႔ ျပန္ခဲ့တာလည္းျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အဆိုပါႏိုင္ငံေတြက သံတမန္ေတြဟာ တရားမွ်တ မႈမရွိတဲ့လုပ္ရပ္ေတြ၊ ေႏွာင့္ယွက္မႈမ်ားရွိခဲ့တဲ့အတြက္ ႏွင္ထုတ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ယူကရိန္းကို ႐ုရွား တပ္ဖြဲ႕မ်ား တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားနဲ႔အေနာက္အုပ္စုၾကား သံတမန္ေရးရာစစ္ပြဲျဖစ္လာခဲ့ၿပီး သံတမန္ ေတြကို အျပန္အလွန္ႏွင္ထုတ္တာမ်ိဳးေတြရွိေနခဲ့ပါတယ္။

႐ုရွားဟာ လစ္သူေယးနီးယားႏိုင္ငံကသံတမန္ ေလးဦး၊ လတ္ဗီးယားႏိုင္ငံက သံတမန္ သုံးဦး၊ အက္စတိုးနီးယား ႏိုင္ငံက သံတမန္ သုံးဦး ကို ႏွင္ထုတ္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႐ုရွား သံတမန္ေတြကို ဆင္ျခင္မဲ့စြာ ႏွင္ထုတ္တဲ့လုပ္ရပ္ေတြကို သင့္ေတာ္တဲ့တုံ႔ျပန္မႈမ်ား ျပန္လည္ျပဳလုပ္သြားမွာျဖစ္ တယ္လို႔ ဆိုထားပါတယ္။

လတ္ဗီးယားႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ႐ုရွားအာဏာပိုင္ေတြရဲ႕လုပ္ရပ္က တရားမွ်တမႈမရွိဘူးလို႔ ေဝဖန္ခဲ့ပါ တယ္။ ႐ုရွားဟာ ဆလိုဗက္ကီးယားႏိုင္ငံက သံတမန္ေတြကို ၇၂ နာရီအတြင္း ႐ု ရွားႏိုင္ငံအတြင္းက ထြက္ခြာဖို႔ ႏွင္ထုတ္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေဘာ္တစ္ႏိုင္ငံက သံတမန္ေတြကို ထပ္မံႏွင္ထုတ္ခဲ့တာျဖစ္ပါတယ္။

အခုလအတြင္း ဥေရာပႏိုင္ငံေတြဟာ ၎တို႔ႏိုင္ငံအတြင္းကေန ႐ုရွားသံတမန္ေတြကို ႏွင္ထုတ္တာမ်ိဳးေတြ စတင္လုပ္ေဆာင္ခဲ့ၿပီး ပိုလန္ဟာ ႐ုရွားသံတမန္ေပါင္း ၄၅ ဦးကို မၾကာေသးမီက ထုတ္ပယ္ခဲ့ၿပီးေနာက္ အျခား ဥေရာပႏိုင္ငံေတြကလည္း ႐ုရွားသံတမန္ေတြကို ႏွင္ထုတ္တာမ်ိဳးေတြ လုပ္ေဆာင္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.