ရုပ်ရှင်အစည်းအရုံးဝင် (သို့မဟုတ်)အစည်းအရုံးဝင်အဖြစ်လျှောက်ထားဆဲသူများကိုသာ ရိုက်ကူးခွင့်ပေးခြင်းနှင့် ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက်ပေးမည်

 109

ချယ်ရီ (NP News) - ဩဂုတ် ၉
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် (သို့မဟုတ်) လျှောက်ထားဆဲ အနုပညာရှင်များပါဝင်သော ရုံတင်ရုပ်ရှင်ဇာတ်ကား အပါအဝင် ဇာတ်လမ်းတွဲ၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုများကိုသာ ရိုက်ကူးခွင့်ပေးခြင်းနှင့် ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က ယမန်နေ့ (ဩဂုတ်လ ၈ ရက်) တွင် ထုတ်ပြန်ကြေညာထားသည်။
(၁၉၉၆) ရုပ်ရှင်ဥပဒေပါ ပြဌာန်းချက်များအရ ရုပ်ရှင်နှင့်ဆက်စပ်သော လုပ်ငန်းလိုင်စင်များ လျှောက်ထားပါက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထောက်ခံချက်ပေးရခြင်း၊ အများပြည်သူသို့ပြသမည့် ရုံတင်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို အစရှိသည်တို့ ရိုက်ကူး သည့်အခါ ရိုက်ကူးခွင့်ပေးခြင်း၊ ဆင်ဆာကြည့်ရှုပေးရန် ဆင်ဆာအဖွဲ့သို့ ထောက်ခံတင်ပြပေးခြင်းများကို နိုင်ငံတော်တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းပုံ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရ ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထိုသို့ဆောင်ရွက်ရာတွင် လာမည့်အောက်တိုဘာလ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် သို့မဟုတ် အစည်းအရုံးဝင်အဖြစ် လျှောက်ထားဆဲ အနုပညာရှင်၊ အတတ်ပညာရှင်များပါဝင်သော ရုံတင်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယို ဇာတ်လမ်း၊ တေးသီချင်း ဗီဒီယို၊ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတိုများကိုသာ ရိုက်ကူးခွင့်ပေးခြင်းနှင့် ဆင်ဆာကြည့်ရှုခွင့်ထောက်ခံချက် ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က အသိပေးကြေညာထားသည်။

Zawgyi Version:
႐ုပ္ရွင္အစည္းအ႐ုံးဝင္ (သို႔မဟုတ္)အစည္းအ႐ုံးဝင္အျဖစ္ေလွ်ာက္ထားဆဲသူမ်ားကိုသာ ႐ိုက္ကူးခြင့္ေပးျခင္းႏွင့္ ဆင္ဆာၾကည့္ရႈခြင့္ ေထာက္ခံခ်က္ေပးမည္
ခ်ယ္ရီ (NP News) - ဩဂုတ္ ၉
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဝင္ (သို႔မဟုတ္) ေလွ်ာက္ထားဆဲ အႏုပညာရွင္မ်ားပါဝင္ေသာ ႐ုံတင္႐ုပ္ရွင္ဇာတ္ကား အပါအဝင္ ဇာတ္လမ္းတြဲ၊ ေတးသီခ်င္းဗီဒီယို၊ မွတ္တမ္း႐ုပ္ရွင္၊ ဇာတ္လမ္းတိုမ်ားကိုသာ ႐ိုက္ကူးခြင့္ေပးျခင္းႏွင့္ ဆင္ဆာၾကည့္ရႈခြင့္ ေထာက္ခံခ်က္ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး က ယမန္ေန႔ (ဩဂုတ္လ ၈ ရက္) တြင္ ထုတ္ျပန္ေၾကညာထားသည္။
(၁၉၉၆) ႐ုပ္ရွင္ဥပေဒပါ ျပဌာန္းခ်က္မ်ားအရ ႐ုပ္ရွင္ႏွင့္ဆက္စပ္ေသာ လုပ္ငန္းလိုင္စင္မ်ား ေလွ်ာက္ထားပါက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ေထာက္ခံခ်က္ေပးရျခင္း၊ အမ်ားျပည္သူသို႔ျပသမည့္ ႐ုံတင္႐ုပ္ရွင္ဇာတ္ကား၊ ဇာတ္လမ္းတြဲ၊ ဗီဒီယိုဇာတ္လမ္း၊ ေတးသီခ်င္းဗီဒီယို၊ မွတ္တမ္း႐ုပ္ရွင္၊ ဇာတ္လမ္းတို အစရွိသည္တို႔ ႐ိုက္ကူး သည့္အခါ ႐ိုက္ကူးခြင့္ေပးျခင္း၊ ဆင္ဆာၾကည့္ရႈေပးရန္ ဆင္ဆာအဖြဲ႕သို႔ ေထာက္ခံတင္ျပေပးျခင္းမ်ားကို ႏိုင္ငံေတာ္တည္ဆဲဥပေဒမ်ား၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဖြဲ႕စည္းပုံ ျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ရ ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ လာမည့္ေအာက္တိုဘာလ(၁)ရက္ေန႔မွစ၍ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဝင္ သို႔မဟုတ္ အစည္းအ႐ုံးဝင္အျဖစ္ ေလွ်ာက္ထားဆဲ အႏုပညာရွင္၊ အတတ္ပညာရွင္မ်ားပါဝင္ေသာ ႐ုံတင္႐ုပ္ရွင္ဇာတ္ကား၊ ဇာတ္လမ္းတြဲ၊ ဗီဒီယို ဇာတ္လမ္း၊ ေတးသီခ်င္း ဗီဒီယို၊ မွတ္တမ္း႐ုပ္ရွင္ႏွင့္ ဇာတ္လမ္းတိုမ်ားကိုသာ ႐ိုက္ကူးခြင့္ေပးျခင္းႏွင့္ ဆင္ဆာၾကည့္ရႈခြင့္ေထာက္ခံခ်က္ ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး က အသိေပးေၾကညာထားသည္။

Related news

© 2021. All rights reserved.