တစ်ပြိုင်နက်ထိုးစစ်ဆင်နေသဖြင့် ဗန်းမော်နှင့်စဉ့်ကူးကို ရှေ့ဆင့်နောက်ဆင့် ပြန်ထိန်းချုပ်နိုင်ဖွယ်ရှိ

 769

သုတကျော် (NP News) - သြဂုတ် ၁၀
ဗန်းမော်နှင့် စဉ့်ကူးကို တပ်မတော်က တစ်ပြိုင်နက် ထိုးစစ်ဆင်နေပြီး တစ်ပြိုင်နက် သို့မဟုတ် ရှေ့ဆင့်နောက်ဆင့် ပြန်လည်ထိန်းချုပ်နိုင်ဖွယ်ရှိနေကြောင်း NP News သတင်းဌာနက စစ်ရေး သတင်းအရင်းအမြစ်အချို့ထံ မေးမြန်းထားသော အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၁၇)ရက်တွင် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော တပ်မတော် စစ်သင်္ဘောစုသည် ဩဂုတ်လ (၁)ရက် တွင် ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ပြီး ယင်းသင်္ဘောစုသွားရာ ဧရာဝတီမြစ်ကြောင်းမှ သပိတ်ကျင်းမြို့ ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည့်အပြင် ယခုအခါ ယင်းမြို့၏ အောက်ဘက်မှ စဉ့်ကူးမြို့ကိုလည်း တပ်မတော်မှ ထိုးစစ်ဆင်နေကြောင်း သိရသည်။ NP News သတင်းဌာနက သီးသန့် စုံစမ်းထားသော အချက်အလက်များအရ KIA နှင့် ပူးပေါင်းအဖွဲ့တို့ ထိန်းချုပ်ထားသည့် အမှတ် (၃၆၆) အမြောက်တပ်ကိုလည်း ပြန်လည်သိမ်းပိုက် ရရှိထားသည့်အပြင် ဒရုန်းနှင့် ခြေလျင်တို့ အချိုးကျကျ ပေါင်းစပ်တိုက်ခိုက်နေကြောင်း သိရသည်။
" ဗန်းမော်မြို့ရဲ့ (၆၀) ရာခိုင်နှုန်း ကျော်ကို တပ်ဘက်ကရထားပါပြီ။ တစ်ဖက်က ခံမတိုက်နိုင်တော့ဘူး။ (၆) ရာခိုင်နှုန်း ဆိုတာကလည်း တခြားနယ်မြေ ရှင်းလင်းစရာတွေ ရှိလို့ပါ" ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကဆိုသည်။ တပ်မတော်က လက်ရှိထိုးစစ်ဆင်နေသော စဉ့်ကူးမြို့မှာ MDY – PDF က ထိန်းချုပ်ထားခြင်းဖြစ်ပြီး သပိတ်ကျင်းမြို့ကို ပြန်လည်ရရှိပြီးနောက် MDY – PDF တို့ အားကောင်းရာ ယင်းမြို့ကို ထပ်မံရရှိရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ သပိတ်ကျင်းမြို့ကို တပ်မတော်က ပြန်လည်ရရှိသွားခြင်းသည် TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့ကိုလည်း ထောက်ထားနိုင်မည် ဖြစ်သည့် အပြင် TNLA နှင့် MDY – PDF ကြားက ဆက် သွယ်ရေးလမ်းကြောင်းကိုလည်း ကောင်းစွာဖြတ်တောက်ထားနိုင်သည့်အခြေအနေဖြစ်သည် " ဗန်းမော်နဲ့စဉ့်ကူးနဲ့က တစ်ပြိုင်တည်း ရချင်လည်း ရမယ်။ ရှေ့ဆင့်နောက်ဆင့်လည်း ရချင်ရမယ်။ အခြေအနေကကောင်းတယ်။ သေချာတာကတော့ တစ်ပြိုင်နက်တည်းသိမ်းဖို့အတွက် ထိုးစစ်ဆင်နေတာပါ" ဟု ၎င်းက ဆိုသည်။

Zawgyi Version:
တစ္ၿပိဳင္နက္ထိုးစစ္ဆင္ေနသျဖင့္ ဗန္းေမာ္ႏွင့္စဥ့္ကူးကို ေရွ႕ဆင့္ေနာက္ဆင့္ ျပန္ထိန္းခ်ဳပ္ႏိုင္ဖြယ္ရွိ
သုတေက်ာ္ (NP News) - ၾသဂုတ္ ၁၀
ဗန္းေမာ္ႏွင့္ စဥ့္ကူးကို တပ္မေတာ္က တစ္ၿပိဳင္နက္ ထိုးစစ္ဆင္ေနၿပီး တစ္ၿပိဳင္နက္ သို႔မဟုတ္ ေရွ႕ဆင့္ေနာက္ဆင့္ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ဖြယ္ရွိေနေၾကာင္း NP News ဂ်ာနယ္က စစ္ေရး သတင္းအရင္းအျမစ္အခ်ိဳ႕ထံ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။ ၿပီးခဲ့သည့္ ဇူလိုင္လ (၁၇)ရက္တြင္ မႏၲေလး ေဂါဝိန္ဆိပ္ကမ္းမွ ထြက္ခြာလာေသာ တပ္မေတာ္ စစ္သေဘၤာစုသည္ ဩဂုတ္လ (၁)ရက္ တြင္ ဗန္းေမာ္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး ယင္းသေဘၤာစုသြားရာ ဧရာဝတီျမစ္ေၾကာင္းမွ သပိတ္က်င္းၿမိဳ႕ ကိုလည္း ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္အျပင္ ယခုအခါ ယင္းၿမိဳ႕၏ ေအာက္ဘက္မွ စဥ့္ကူးၿမိဳ႕ကိုလည္း တပ္မေတာ္မွ ထိုးစစ္ဆင္ေနေၾကာင္း သိရသည္။ NP News ဂ်ာနယ္က သီးသန႔္ စုံစမ္းထားေသာ အခ်က္အလက္မ်ားအရ KIA ႏွင့္ ပူးေပါင္းအဖြဲ႕တို႔ ထိန္းခ်ဳပ္ထားသည့္ အမွတ္ (၃၆၆) အေျမာက္တပ္ကိုလည္း ျပန္လည္သိမ္းပိုက္ ရရွိထားသည့္အျပင္ ဒ႐ုန္းႏွင့္ ေျခလ်င္တို႔ အခ်ိဳးက်က် ေပါင္းစပ္တိုက္ခိုက္ေနေၾကာင္း သိရသည္။
" ဗန္းေမာ္ၿမိဳ႕ရဲ႕ (၆၀) ရာခိုင္ႏႈန္း ေက်ာ္ကို တပ္ဘက္ကရထားပါၿပီ။ တစ္ဖက္က ခံမတိုက္ႏိုင္ေတာ့ဘူး။ (၆) ရာခိုင္ႏႈန္း ဆိုတာကလည္း တျခားနယ္ေျမ ရွင္းလင္းစရာေတြ ရွိလို႔ပါ" ဟု အထက္ပါစစ္ေရးသတင္းရင္းျမစ္ကဆိုသည္။ တပ္မေတာ္က လက္ရွိထိုးစစ္ဆင္ေနေသာ စဥ့္ကူးၿမိဳ႕မွာ MDY – PDF က ထိန္းခ်ဳပ္ထားျခင္းျဖစ္ၿပီး သပိတ္က်င္းၿမိဳ႕ကို ျပန္လည္ရရွိၿပီးေနာက္ MDY – PDF တို႔ အားေကာင္းရာ ယင္းၿမိဳ႕ကို ထပ္မံရရွိရန္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။ သပိတ္က်င္းၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ရရွိသြားျခင္းသည္ TNLA ထိန္းခ်ဳပ္ရာ မိုးကုတ္ၿမိဳ႕ကိုလည္း ေထာက္ထားႏိုင္မည္ ျဖစ္သည့္ အျပင္ TNLA ႏွင့္ MDY – PDF ၾကားက ဆက္ သြယ္ေရးလမ္းေၾကာင္းကိုလည္း ေကာင္းစြာျဖတ္ေတာက္ထားႏိုင္သည့္အေျခအေနျဖစ္သည္ " ဗန္းေမာ္နဲ႔စဥ့္ကူးနဲ႔က တစ္ၿပိဳင္တည္း ရခ်င္လည္း ရမယ္။ ေရွ႕ဆင့္ေနာက္ဆင့္လည္း ရခ်င္ရမယ္။ အေျခအေနကေကာင္းတယ္။ ေသခ်ာတာကေတာ့ တစ္ၿပိဳင္နက္တည္းသိမ္းဖို႔အတြက္ ထိုးစစ္ဆင္ေနတာပါ" ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.