မဂ္ဂါဝပ် ၂ဝ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်လုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၇ ခုကို MIC ကလုပ်ကိုင်ခွင့်ပြု

 888

ဖူးပြည့် (NP News) - မတ် ၃၁
တည်ဆောက်ရေးကာလ ၆ လအတွင်း ၂ဝ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အား ပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းကို မတ်လ ၃ဝ ရက်က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ (၂/၂ဝ၂၂) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းသစ် ၇ ခုနှင့် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းတို့ကိုခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၅.၇၅၉ သန်း နှင့် ငွေကျပ် ၄၃ ဘီလျံကျော်ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၅၃ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂ဝ၂၂ ခုနှစ်၊ မတ်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခုရှိပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၆၈၄.၆၈၆ သန်းရှိကာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၃၈ ခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် ငွေကျပ် ၄၆၈ ဘီလျံကျော်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၄၂၈၈ဝ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၁ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သောနိုင်ငံများသည် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံ ကြပြီး လျှပ်စစ်ကဏ္ဍ ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတို့တွင် အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်သည် မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ အမေရိကန်ဒေါ်လာ ၅.၈ ဘီလျံဖြစ်သော်လည်း ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝန်းစီးပွားရေးလုပ်ငန်းများထိခိုက်မှုရှိနေချိန်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃.၈ ဘီလျံနီးပါး အထိဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းလျာ ထားချက်၏ ၆၅ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်၏ စာရင်းအချက်အလက်များအရသိရသည်။

zawgyi version
မဂၢါဝပ္ ၂ဝ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မည့္လုပ္ငန္းအပါအဝင္ လုပ္ငန္းသစ္ ၇ ခုကို MIC ကလုပ္ကိုင္ခြင့္ျပဳ
ဖူးျပည့္ (NP News) - မတ္ ၃၁

တည္ေဆာက္ေရးကာလ ၆ လအတြင္း ၂ဝ မဂၢါဝပ္ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အား ေပးစက္႐ုံတည္ေဆာက္၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းလုပ္ငန္းကို မတ္လ ၃ဝ ရက္က က်င္းပသည့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္(MIC)၏ (၂/၂ဝ၂၂) ႀကိမ္ေျမာက္အစည္းအေဝးတြင္ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

အဆိုပါအစည္းအေဝးတြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္က႑၊ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းက႑၊ စက္မႈက႑၊ ဝန္ေဆာင္မႈက႑တို႔တြင္ ရင္းႏွီးျမႇဳပ္ႏွံမည့္လုပ္ငန္းသစ္ ၇ ခုႏွင့္ ေဆာင္႐ြက္ဆဲရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၂ ခု၏ မတည္ေငြရင္းတိုးျမႇင့္ျခင္းတို႔ကိုခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၈၅.၇၅၉ သန္း ႏွင့္ ေငြက်ပ္ ၄၃ ဘီလ်ံေက်ာ္ရွိၿပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၃၅၅၃ ေနရာကို ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွ ၂ဝ၂၂ ခုႏွစ္၊ မတ္လအထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီး ျမႇဳပ္ႏွံမႈ ခြင့္ျပဳမႈအေနျဖင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၄၈ ခုရွိၿပီး စုစုေပါင္း ရင္းႏွီး ျမႇဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၆၈၄.၆၈၆ သန္းရွိကာ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈအေနျဖင့္ လုပ္ငန္း ၃၈ ခုရွိၿပီး စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ ေငြက်ပ္ ၄၆၈ ဘီလ်ံေက်ာ္ရွိေၾကာင္း သိရသည္။ အဆိုပါလုပ္ငန္းမ်ားမွ အလုပ္အကိုင္အခြင့္ အလမ္းေပါင္း ၄၂၈၈ဝ ခု ဖန္တီးေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ၊ ေဒသေပါင္း ၅၁ ခုရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာႏိုင္ငံမ်ားသည္ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္ေၾကာင္း သိရသည္။ အဓိကအားျဖင့္ စီးပြားေရးက႑ ၁၂ ခုတြင္ ရင္းႏွီးျမႇဳပ္ႏွံ ၾကၿပီး လွ်ပ္စစ္က႑ ၊ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑၊ ကုန္ထုတ္လုပ္မႈ က႑တို႔တြင္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂ဝ-၂ဝ၂၁ ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈရည္မွန္းခ်က္သည္ ျမန္ မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးစီမံကိန္းအရ အေမရိကန္ေဒၚလာ ၅.၈ ဘီလ်ံျဖစ္ေသာ္လည္း ကိုဗစ္-၁၉ ႐ိုက္ခတ္မႈေၾကာင့္ ကမာၻတစ္ဝန္းစီးပြားေရးလုပ္ငန္းမ်ားထိခိုက္မႈရွိေနခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ ၃.၈ ဘီလ်ံနီးပါး အထိဝင္ေရာက္ခဲ့သည္။ ထို႔ေၾကာင့္ ၿပီးခဲ့သည့္ႏွစ္တြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးစီမံကိန္းလ်ာ ထားခ်က္၏ ၆၅ ရာခိုင္ႏႈန္းေက်ာ္သာ ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မ ရွင္၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.