လာမည့်အပတ်အတွင်း သိန္နီမြို့သို့ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများပြန်လည်ဝင်ရောက်ဖွယ်ရှိနေကြောင်း သတင်းထွက်နေ

 662

သန့်ဇင်(NP News)-စက်တင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သို့ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လာမည့် စက်တင်ဘာလ ဒုတိယအပတ်အတွင်း ပြန်လည်ဝင်ရောက်ဖွယ်ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

MNDAA လက်နက်ကိုင်အဖွဲ့သည် သိန္နီမြို့ကို တစ်နှစ်ခွဲကျော်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းကထွက်ပေါ်လာခဲ့သော သတင်းများအရ သန္နီမြို့ရှိ ဌာနဆိုင်ရာအဆောင်အဦးများတွင် နိုင်ငံတော်အလံများ ပြန်လည်လွှင့်တင်ခဲ့ကြောင်း သိရသည်။

“ပြန်ဝင်နိုင်တယ်လို့တော့ ကြားတယ်။ ဒီကြားထဲမှာတော့ စအဖတို့တော့ အရပ်ဝတ်တွေနဲ့ပြန်ဝင်နေပြီလို့ သိရတယ်။ ဝန်ထမ်းတွေ ပြန်ဝင် မယ်ဆိုရင် ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေအရင်ဝင်မယ်လို့တော့ ကြားတယ်”ဟု ဒေသခံအမျိုသားတစ်ဦးက NP News ကိုပြော သည်။

လက်ရှိတွင် သိန္နီမြို့အတွင်း MNDAA အဖွဲ့ဝင်အချို့ကျန်ရှိနေသေးသော်လည်း အများစုမှာ ရုံးတွင်းပစ္စည်းများယူဆောင်ကာ ပြောင်းရွှေ့ နေပြီ ဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

“လောလေဆယ်ဆယ်သိန္နီက အကုန်ပြန်ဝင်ဖို့ကတော့ နည်းနည်းလေးတော့ကြာဦးမယ်ထင်တယ်။ နောက်တစ်ပတ်ထဲဝင်နိုင်တာက ပညာရေးနဲ့ ကျန်းမာရေးတွေကတော့ အရင်ဝင်နိုင်တယ်။ အခုလည်း မြန်မာကျောင်းတွေပြန်ဖွင့်ကို သန့်ရှင်းရေးတွေလုပ်တယ်။ စီစဉ်နေတယ်။ နိုင်ငံရေးအခြေအနေအရ ပြောရတော့ ခက်သေးတယ်”ဟု ၎င်းဆိုသည်။

ဩဂုတ်လ ၁၄ရက်ကလည်း သိန္နီမြို့မှ MNDAAတို့ ပြန်လည်ဆုတ်ခွါရန် ကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် MNDAAတို့ လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်ကလည်း မြို့နယ်ပေါင်း (၆၃) မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ယင်းမြို့နယ်များအတွင်း သိန္နီမြို့လည်းပါဝင်ခဲ့ကြောင်း သိရသည်။

“သိန္နီမှာက MNDAA ဂိတ်တွေရှိနေသေးပေမယ့် ပြောရတော့ခက်တယ်။ မြန်မာအလံတွေပြန်ထောင်ပြီးတော့ စာသင်ကျောင်းတွေဖွင့် ဖို့တော့ ပြင်ဆင်နေတယ်။ ကျန်းမာရေးရေးနဲ့ ပညာရေးပြန်ဝင်မယ်လို့တော့ သိရတယ်။ မကြာခင်တော့ ပြန်ရတော့မယ်လို့တော့ သိရတယ်”ဟု အထက်ပါသတင်းအရင်းမြစ်က ပြောသည်။

Zawgyi Version:
လာမည့္အပတ္အတြင္း သိႏၷီၿမိဳ႕သို႔ ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားျပန္လည္ဝင္ေရာက္ဖြယ္ရွိေနေၾကာင္း သတင္းထြက္ေန
သန႔္ဇင္(NP News)-စက္တင္ဘာ ၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕သို႔ ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား လာမည့္ စက္တင္ဘာလ ဒုတိယအပတ္အတြင္း ျပန္လည္ဝင္ေရာက္ဖြယ္ရွိေနေၾကာင္း သတင္းထြက္ေပၚေနသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

MNDAA လက္နက္ကိုင္အဖြဲ႕သည္ သိႏၷီၿမိဳ႕ကို တစ္ႏွစ္ခြဲေက်ာ္ထိန္းခ်ဳပ္ခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ရက္ပိုင္းကထြက္ေပၚလာခဲ့ေသာ သတင္းမ်ားအရ သႏၷီၿမိဳ႕ရွိ ဌာနဆိုင္ရာအေဆာင္အဦးမ်ားတြင္ ႏိုင္ငံေတာ္အလံမ်ား ျပန္လည္လႊင့္တင္ခဲ့ေၾကာင္း သိရသည္။

“ျပန္ဝင္ႏိုင္တယ္လို႔ေတာ့ ၾကားတယ္။ ဒီၾကားထဲမွာေတာ့ စအဖတို႔ေတာ့ အရပ္ဝတ္ေတြနဲ႔ျပန္ဝင္ေနၿပီလို႔ သိရတယ္။ ဝန္ထမ္းေတြ ျပန္ဝင္ မယ္ဆိုရင္ က်န္းမာေရးနဲ႔ ပညာေရးဝန္ထမ္းေတြအရင္ဝင္မယ္လို႔ေတာ့ ၾကားတယ္”ဟု ေဒသခံအမ်ိဳသားတစ္ဦးက NP News ကိုေျပာ သည္။

လက္ရွိတြင္ သိႏၷီၿမိဳ႕အတြင္း MNDAA အဖြဲ႕ဝင္အခ်ိဳ႕က်န္ရွိေနေသးေသာ္လည္း အမ်ားစုမွာ ႐ုံးတြင္းပစၥည္းမ်ားယူေဆာင္ကာ ေျပာင္းေ႐ႊ႕ ေနၿပီ ျဖစ္ေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။

“ေလာေလဆယ္ဆယ္သိႏၷီက အကုန္ျပန္ဝင္ဖို႔ကေတာ့ နည္းနည္းေလးေတာ့ၾကာဦးမယ္ထင္တယ္။ ေနာက္တစ္ပတ္ထဲဝင္ႏိုင္တာက ပညာေရးနဲ႔ က်န္းမာေရးေတြကေတာ့ အရင္ဝင္ႏိုင္တယ္။ အခုလည္း ျမန္မာေက်ာင္းေတြျပန္ဖြင့္ကို သန႔္ရွင္းေရးေတြလုပ္တယ္။ စီစဥ္ေနတယ္။ ႏိုင္ငံေရးအေျခအေနအရ ေျပာရေတာ့ ခက္ေသးတယ္”ဟု ၎ဆိုသည္။

ဩဂုတ္လ ၁၄ရက္ကလည္း သိႏၷီၿမိဳ႕မွ MNDAAတို႔ ျပန္လည္ဆုတ္ခြါရန္ ကိစၥႏွင့္ပတ္သက္၍ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ MNDAAတို႔ လားရႈိးၿမိဳ႕ရွိ ဆင္ႏွစ္ေကာင္ဟိုတယ္တြင္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ (၃၁) ရက္ကလည္း ၿမိဳ႕နယ္ေပါင္း (၆၃) ၿမိဳ႕နယ္ကို အေရးေပၚအေျခအေနအျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ၿပီး ယင္းၿမိဳ႕နယ္မ်ားအတြင္း သိႏၷီၿမိဳ႕လည္းပါဝင္ခဲ့ေၾကာင္း သိရသည္။

“သိႏၷီမွာက MNDAA ဂိတ္ေတြရွိေနေသးေပမယ့္ ေျပာရေတာ့ခက္တယ္။ ျမန္မာအလံေတြျပန္ေထာင္ၿပီးေတာ့ စာသင္ေက်ာင္းေတြဖြင့္ ဖို႔ေတာ့ ျပင္ဆင္ေနတယ္။ က်န္းမာေရးေရးနဲ႔ ပညာေရးျပန္ဝင္မယ္လို႔ေတာ့ သိရတယ္။ မၾကာခင္ေတာ့ ျပန္ရေတာ့မယ္လို႔ေတာ့ သိရတယ္”ဟု အထက္ပါသတင္းအရင္းျမစ္က ေျပာသည္။

Related news

© 2021. All rights reserved.