အမျိုးသားချင်း လိင်တူအဓမ္မကျင့်မှုအကြောင်း စာအုပ်ဖြန့်ဝေမှုအတွက် ထုတ်ဝေသူကို ဥပဒေအရ အရေးယူနိုင်ရန် ထိန်းသိမ်းထားပြီ

 15123

Iris (NP News) - ဧပြီ ၅
ညစ်ညမ်းစာပေဖြန့်ချိမှုအဖြစ် လူပြောသူပြောများခဲ့သော အမျိုးသားချင်း လိင်တူအဓမ္မပြုကျင့်ခြင်းကို အားပေးထားသည့် စာအုပ်ထုတ်ဝေသူအား ယာယီဖမ်းဆီးစစ်ဆေးနေပြီဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မများအပါအဝင် ထိရောက်သောဥပဒေပုဒ်မများဖြင့် အရေးယူသွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက ဆယ်ကျော်သက်လူငယ်များနှင့် ၎င်းတို့၏မိဘများကိုယ်တိုင် စာအုပ်တစ်ခုကို တိုးဝှေ့ဝယ်ယူခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါမြင်ကွင်းကို ယဉ်ကျေးမှုအခြေခံအားကောင်းလှသည့်လူထုကြားတွင် ဝေဖန်ထောက်ပြမှုများ မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။ ရွှေလာဘ်အမည်ရှိ စာအုပ်တိုက်က My Possessive Step-Bro အမည်ရှိသော စာအုပ်ကို ရန်ကုန်နှင့်မန္တလေးနှစ်နေရာ၌ တစ်ပြိုင်တည်းရောင်းချနေခြင်းမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် စာအုပ်အရောင်းပွဲတော်တစ်ခု စည်းကားမှုကို မုဒိတာပွားဖွယ်ဖြစ်သော်လည်း စာအုပ်အမျိုးအစားအရ ဝေဖန်စရာများဖြစ်ခဲ့ခြင်းဟု သိရသည်။ ဝေဖန်ထောက်ပြသူအချို့၏ ရေးသားချက်တွင် စာအုပ်အတွင်း၌ ပါဝင်သော အမျိုးသားလူငယ်နှစ်ဦး လိင်တူချစ်ကြိုက်ကြခြင်းကို အဆိုးမြင်ခြင်းမဟုတ်ဘဲ အမျိုးသားချင်း လိင်တူ အဓမ္မပြုကျင့်မှုကို ချစ်ခြင်းမေတ္တာဟူ၍ ခေါင်းစဉ်တပ်ကာ အဓမ္မပြုကျင့်သူကို ချစ်ခြင်းမေတ္တာခေါင်းစဉ်အောက်မှ ခွင့်လွှတ်ပေးခြင်းဟုသော စာပေအဆိပ်ခတ်မှုပင်ဖြစ်ကြောင်း ဆိုသည်။ " ထုတ်ဝေသူကို ထိန်းသိမ်းလိုက်ပါပြီ။ လိုအပ်တာများ စစ်မေးနေကြပါပြီ။ ပုံနှိပ်ဥပဒေေနေဲ့ရာ၊ ရာဇသတ်ကြီးနဲ့ရော၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေအေရရော ထိထိရောက်ရောက် အရေးယူပါမယ်။ စံပြ အနေနဲ့ အရေးယူပါမယ် " ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးက NP News ကို ဧပြီ(၅)ရက်တွင် ပြောသည်။ စာအုပ်စာပေများမှာ နိုင်ငံတစ်နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များစွာအပေါ် လွှမ်းမိုးမှုရှိနေပြီး ဆိုးဝါးညစ်နွမ်းလှသော စာပေများကိုသာ အားစိုက်ဖတ်ရှုမိပါက စိုးရိမ်စရာကောင်းသော အနာဂတ်ကိုသာ ဖြစ်ထွန်းစေနိုင်ကြောင်းလည်း ပညာရှင်များစွာက ထောက်ပြသည်။ အထူးသဖြင့် စာပေအဆိပ်သင့်မှု မဖြစ်စေရန်အတွက် စာပေယဉ်ကျေးမှုကို မြှင့်တင်ကြရန်သာ လိုအပ်ကြောင်း၊ တိုင်းပြည်တစ်ပြည်ကို အလုံးစုံးပျက်စီးစေလိုပါက စစ်မက်ပြု၍ တိုက်ခိုက်နေခြင်းထက် ညစ်နွမ်းစာပေများဖြင့် အစဉ်တစိုက် အကွက်ချဖျက်ဆီးခြင်းဖြင့် လူငယ်များစွာကို တိုင်းပြည်ချစ်စိတ်၊ လူမျိုးဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို စောင့်ရှောက်ထိန်းသိမ်းလိုစိတ် အစရှိသည့် အမျိုးသားလုံခြုံရေးစည်းများ ကျိုးပေါက်သွားစေနိုင်ကြောင်းလည်း ဆိုနိုင်သည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ညစ်ညမ်းစာပေများကို ထိထိရောက်ရောက် အရေးယူလိုနေသော်လည်း အဆိုပါအရေးယူမှုကို အခွင့်ကောင်းအဖြစ် အသုံးချကာ မှောင်ခိုဈေးကွက်အတွင်း၌ လူထုစိတ်ဝင်စားမှု မြင့်တက်သွားစေခြင်းမျိုး မဖြစ်စေလိုသောကြောင့် ထိန်းသိမ်းဆောင်ရွက်နေကြရကြောင်းလည်း ကြားသိရသည်။ သို့သော်လည်း ယခုဖြစ်ပွားခဲ့သော စာပေအမျိုးအစားကို ဖြန့်ချိသည့်လုပ်ရပ်မှာ လူငယ်မျိုးဆက်များအတွက် စိုးရိမ်ဖွယ်ဖြစ်နေသည့်အတွက် စံပြအဖြစ် အရေးယူကာ စာပေထုတ်ဝေခွင့်များကိုလည်း စနစ်တကျ ပြန်လည်တည့်မတ်ပေးသွားရန် စီစဉ်လာရပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

Zawgyi Version
အမ်ဳိးသားခ်င္း လိင္တူအဓမၼက်င့္မႈအေၾကာင္း စာအုပ္ျဖန္႔ေ၀မႈအတြက္ ထုတ္ေ၀သူကုိ ဥပေဒအရ အေရးယူႏုိင္ရန္ ထိန္းသိမ္းထားျပီ
Iris (NP News) - ဧျပီ ၅
ညစ္ညမ္းစာေပျဖန႔္ခ်ိမႈအျဖစ္ လူေျပာသူေျပာမ်ားခဲ့ေသာ အမ်ဳိးသားခ်င္း လိင္တူအဓမၼျပဳက်င့္ျခင္းကို အားေပးထားသည့္ စာအုပ္ထုတ္ေဝသူအား ယာယီဖမ္းဆီးစစ္ေဆးေနၿပီျဖစ္ၿပီး ရာဇသတ္ႀကီးဥပေဒပုဒ္မမ်ားအပါအဝင္ ထိေရာက္ေသာဥပေဒပုဒ္မမ်ားျဖင့္ အေရးယူသြားေတာ့မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

လြန္ခဲ့ေသာ ရက္ပိုင္းအတြင္းက ဆယ္ေက်ာ္သက္လူငယ္မ်ားႏွင့္ ၎တို႔၏မိဘမ်ားကိုယ္တိုင္ စာအုပ္တစ္ခုကို တိုးေဝွ႔ဝယ္ယူခဲ့သည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ၿပီး အဆိုပါျမင္ကြင္းကို ယဥ္ေက်းမႈအေျခခံအားေကာင္းလွသည့္လူထုၾကားတြင္ ေဝဖန္ေထာက္ျပမႈမ်ား ျမင့္တက္ခဲ့ေၾကာင္းလည္း သိရသည္။ ေ႐ႊလာဘ္အမည္ရွိ စာအုပ္တိုက္က My Possessive Step-Bro အမည္ရွိေသာ စာအုပ္ကို ရန္ကုန္ႏွင့္မႏၲေလးႏွစ္ေနရာ၌ တစ္ၿပိဳင္တည္းေရာင္းခ်ေနျခင္းမ်ိဳးျဖစ္ၿပီး ပုံမွန္အားျဖင့္ စာအုပ္အေရာင္းပြဲေတာ္တစ္ခု စည္းကားမႈကို မုဒိတာပြားဖြယ္ျဖစ္ေသာ္လည္း စာအုပ္အမ်ိဳးအစားအရ ေဝဖန္စရာမ်ားျဖစ္ခဲ့ျခင္းဟု သိရသည္။ ေဝဖန္ေထာက္ျပသူအခ်ိဳ႕၏ ေရးသားခ်က္တြင္ စာအုပ္အတြင္း၌ ပါဝင္ေသာ အမ်ိဳးသားလူငယ္ႏွစ္ဦး လိင္တူခ်စ္ႀကိဳက္ၾကျခင္းကို အဆိုးျမင္ျခင္းမဟုတ္ဘဲ အမ်ိဳးသားခ်င္း လိင္တူ အဓမၼျပဳက်င့္မႈကို ခ်စ္ျခင္းေမတၱာဟူ၍ ေခါင္းစဥ္တပ္ကာ အဓမၼျပဳက်င့္သူကို ခ်စ္ျခင္းေမတၱာေခါင္းစဥ္ေအာက္မွ ခြင့္လႊတ္ေပးျခင္းဟုေသာ စာေပအဆိပ္ခတ္မႈပင္ျဖစ္ေၾကာင္း ဆိုသည္။ " ထုတ္ေဝသူကို ထိန္းသိမ္းလိုက္ပါၿပီ။ လိုအပ္တာမ်ား စစ္ေမးေနၾကပါၿပီ။ ပုံႏွိပ္ဥပေဒေေနဲ႔ရာ၊ ရာဇသတ္ႀကီးနဲ႔ေရာ၊ အီလက္ထေရာနစ္ ဆက္သြယ္ေရးဥပေဒေအရေရာ ထိထိေရာက္ေရာက္ အေရးယူပါမယ္။ စံျပ အေနနဲ႔ အေရးယူပါမယ္ " ဟု ျပန္ၾကားေရး၀န္ၾကီးဌာနမွ ထိပ္တန္းသတင္းရင္းျမစ္တစ္ဦးက NP News ကုိ ဧျပီ(၅)ရက္တြင္ ေျပာသည္။ စာအုပ္စာေပမ်ားမွာ ႏုိင္ငံတစ္ႏုိင္ငံ၏ မ်ဳိးဆက္သစ္လူငယ္မ်ားစြာအေပၚ လႊမ္းမုိးမႈရွိေနျပီး ဆုိး၀ါးညစ္ႏြမ္းလွေသာ စာေပမ်ားကုိသာ အားစုိက္ဖတ္ရႈမိပါက စုိးရိမ္စရာေကာင္းေသာ အနာဂတ္ကုိသာ ျဖစ္ထြန္းေစႏုိင္ေၾကာင္းလည္း ပညာရွင္မ်ားစြာက ေထာက္ျပသည္။ အထူးသျဖင့္ စာေပအဆိပ္သင့္မႈ မျဖစ္ေစရန္အတြက္ စာေပယဥ္ေက်းမႈကုိ ျမွင့္တင္ၾကရန္သာ လုိအပ္ေၾကာင္း၊ တုိင္းျပည္တစ္ျပည္ကုိ အလုံးစုံးပ်က္စီးေစလုိပါက စစ္မက္ျပဳ၍ တုိက္ခုိက္ေနျခင္းထက္ ညစ္ႏြမ္းစာေပမ်ားျဖင့္ အစဥ္တစုိက္ အကြက္ခ်ဖ်က္ဆီးျခင္းျဖင့္ လူငယ္မ်ားစြာကုိ တုိင္းျပည္ခ်စ္စိတ္၊ လူမ်ဳိးဘာသာ၊ သာသနာႏွင့္ ယဥ္ေက်းမႈအမေြအႏွစ္မ်ားကုိ ေစာင့္ေရွာက္ထိန္းသိမ္းလုိစိတ္ အစရွိသည့္ အမ်ဳိးသားလုံျခဳံေရးစည္းမ်ား က်ဳိးေပါက္သြားေစႏုိင္ေၾကာင္းလည္း ဆုိႏုိင္သည္။

ျပန္ၾကားေရး၀န္ၾကီးဌာနအေနျဖင့္ ညစ္ညမ္းစာေပမ်ားကုိ ထိထိေရာက္ေရာက္ အေရးယူလုိေနေသာ္လည္း အဆုိပါအေရးယူမႈကုိ အခြင့္ေကာင္းအျဖစ္ အသုံးခ်ကာ ေမွာင္ခုိေစ်းကြက္အတြင္း၌ လူထုစိတ္၀င္စားမႈ ျမင့္တက္သြားေစျခင္းမ်ဳိး မျဖစ္ေစလုိေသာေၾကာင့္ ထိန္းသိမ္းေဆာင္ရြက္ေနၾကရေၾကာင္းလည္း ၾကားသိရသည္။ သုိ႔သော္လည္း ယခုျဖစ္ပြားခဲ့ေသာ စာေပအမ်ဳိးအစားကုိ ျဖန္႔ခ်ိသည့္လုပ္ရပ္မွာ လူငယ္မ်ဳိးဆက္မ်ားအတြက္ စုိးရိမ္ဖြယ္ျဖစ္ေနသည့္အတြက္ စံျပအျဖစ္ အေရးယူကာ စာေပထုတ္ေ၀ခြင့္မ်ားကုိလည္း စနစ္တက် ျပန္လည္တည့္မတ္ေပးသြားရန္ စီစဥ္လာရျပီျဖစ္ေၾကာင္း သတင္းရင္းျမစ္ထံမွ သိရသည္။

Picture

thae su

05/04/2022 23:19

အပုတ်တစ်ခုပေါ်လာတာဟာ ဖယ်ရှားပစ်နိုင်ဖို့ပဲ ဖြစ်မှာပါ. စာပေအပုတ်တွေကို ထပ်ပေါ်မလာအောင် ဖယ်ရှားနိုင်ဖို့ လိုပါတယ်. အပုတ်ကိုမှ မွှေးတယ်ထင်နေတဲ့ သညာဖောက်ပြန်နေတဲ့သူတွေ များလာရင်တော့ ခက်ပါလိမ့်မယ်.

Related news

© 2021. All rights reserved.