မြန်မာအိမ်အကူအမျိုးသမီးကို ရိုက်နှက်ကန်ကြောက်ခဲ့တဲ့ စင်ကာပူအမျိုးသမီး ပြစ်ဒဏ်ပေးခံရဖွယ်ရှိနေ

 731

ဂျန်ဇက် (NP News) - ဧပြီ ၆
စင်ကာပူ အိမ်ရှင်အမျိုးသမီးတစ်ဦးဟာ မြန်မာ အိမ်အကူအမျိုးသမီးကို ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်မှုများ၊ ကျူးလွန်ခြင်းအတွက် ဒဏ်ငွေဒေါ်လာ ၅ဝဝဝ ဒဏ်ရိုက်ခံရနိုင်တဲ့အပြင် ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ပေးခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ Zhao Lin ဟာ အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာအိမ်အကူအမျိုးသမီး မအိဆိုသူကို ရိုက်နှက်ကန်ကျောက်မှုများပြုလုပ်ခဲ့တယ်လို့ မကြာသေးမီက ဝန်ခံထွက်ဆိုခဲ့တယ်လို့ စင်ကာပူ အခြေစိုက် သတင်းများကဆိုပါတယ်။

အဆိုပါ စင်ကာပူအိမ်ရှင်အမျိုးသမီးဟာ မြန်မာ အမျိုးသမီးရဲ့လုပ်ပုံကိုင်ပုံများကို ကျေနပ်နှစ်သက်ခြင်းမရှိချိန်မှာ လစာ ၅ဝဝ အနက် ဒေါ်လာ ၁ဝဝ နဲ့ ၂ဝဝ ကို လျော့ပေးခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူအခြေစိုက်သတင်းဌာနများရဲ့ဖော်ပြချက်အရ Zhao Lin ဟာ မြန်မာအိမ်အကူအမျိုးသမီး မအိကို ရိုက် နှက်ကန်ကြောက်မှုများအပါအဝင် သူမအပေါ်စွဲဆိုထားသည့် စွဲချက် ၄ ခုကို အပြစ်ရှိကြောင်းဝန်ခံထားပြီး စင်ကာပူတရားရုံးလာမယ့် မေလ ၉ ရက်နေ့မှာ စင်ကာပူအိမ်ရှင်အမျိုးသမီး Zhao Lin ရဲ့အမှုကို အပြီးသတ်ဆုံး ဖြတ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

စင်ကာပူအစိုးရရှေ့နေဖြစ်သူ တီယို လူဂျီယာက "မအိဟာ ရိုက်နှက်ခံရမှုများနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းခံရမှုများ ကြောင့် ငိုကြွေးခဲ့ရတယ်" လို့ပြောပါတယ်။ မအိဟာ အဆိုပါစင်ကာပူအမျိုးသမီးရဲက နေအိမ်မှာ စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်မှာ စတင်အလုပ်လုပ်ကိုင်ခဲ့ကာ ၂ဝ၁၇ ခုနှစ်မှာ စတင်ပြီး ရိုက်နှက်ကန် ကြောက်တာမျိုးတွေ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ မအိဟာ Zhao Lin ရဲ့အိမ်မှာ အိမ်မှုကိစ္စများ လုပ် ဆောင်ရတဲ့အပြင် အိမ်ရှင်ရဲ့သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ပေးရတယ်လို့ သိရပါတယ်။

Zawgyi Version;
ျမန္မာအိမ္အကူအမ်ိဳးသမီးကို ႐ိုက္ႏွက္ကန္ေၾကာက္ခဲ့တဲ့ စင္ကာပူအမ်ိဳးသမီး ျပစ္ဒဏ္ေပးခံရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၆
စင္ကာပူ အိမ္ရွင္အမ်ိဳးသမီးတစ္ဦးဟာ ျမန္မာ အိမ္အကူအမ်ိဳးသမီးကို ႐ုပ္ပိုင္းဆိုင္ရာ ႐ိုက္ႏွက္မႈမ်ား၊ က်ဴးလြန္ျခင္းအတြက္ ဒဏ္ေငြေဒၚလာ ၅ဝဝဝ ဒဏ္႐ိုက္ခံရႏိုင္တဲ့အျပင္ ေထာင္ဒဏ္ ၁ ႏွစ္ခြဲ ျပစ္ဒဏ္ေပးခံရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ Zhao Lin ဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ျမန္မာအိမ္အကူအမ်ိဳးသမီး မအိဆိုသူကို ႐ိုက္ႏွက္ကန္ေက်ာက္မႈမ်ားျပဳလုပ္ခဲ့တယ္လို႔ မၾကာေသးမီက ဝန္ခံထြက္ဆိုခဲ့တယ္လို႔ စင္ကာပူ အေျခစိုက္ သတင္းမ်ားကဆိုပါတယ္။

အဆိုပါ စင္ကာပူအိမ္ရွင္အမ်ိဳးသမီးဟာ ျမန္မာ အမ်ိဳးသမီးရဲ႕လုပ္ပုံကိုင္ပုံမ်ားကို ေက်နပ္ႏွစ္သက္ျခင္းမရွိခ်ိန္မွာ လစာ ၅ဝဝ အနက္ ေဒၚလာ ၁ဝဝ နဲ႔ ၂ဝဝ ကို ေလ်ာ့ေပးခဲ့တယ္လို႔ သိရပါတယ္။

စင္ကာပူအေျခစိုက္သတင္းဌာနမ်ားရဲ႕ေဖာ္ျပခ်က္အရ Zhao Lin ဟာ ျမန္မာအိမ္အကူအမ်ိဳးသမီး မအိကို ႐ိုက္ ႏွက္ကန္ေၾကာက္မႈမ်ားအပါအဝင္ သူမအေပၚစြဲဆိုထားသည့္ စြဲခ်က္ ၄ ခုကို အျပစ္ရွိေၾကာင္းဝန္ခံထားၿပီး စင္ကာပူတရား႐ုံးလာမယ့္ ေမလ ၉ ရက္ေန႔မွာ စင္ကာပူအိမ္ရွင္အမ်ိဳးသမီး Zhao Lin ရဲ႕အမႈကို အၿပီးသတ္ဆုံး ျဖတ္ဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။

စင္ကာပူအစိုးရေရွ႕ေနျဖစ္သူ တီယို လူဂ်ီယာက "မအိဟာ ႐ိုက္ႏွက္ခံရမႈမ်ားနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ညႇင္းပန္းခံရမႈမ်ား ေၾကာင့္ ငိုေႂကြးခဲ့ရတယ္" လို႔ေျပာပါတယ္။ မအိဟာ အဆိုပါစင္ကာပူအမ်ိဳးသမီးရဲက ေနအိမ္မွာ စင္ကာပူႏိုင္ငံကို ေရာက္ရွိခဲ့ၿပီးေနာက္ ၂ဝ၁၆ ခုႏွစ္မွာ စတင္အလုပ္လုပ္ကိုင္ခဲ့ကာ ၂ဝ၁၇ ခုႏွစ္မွာ စတင္ၿပီး ႐ိုက္ႏွက္ကန္ ေၾကာက္တာမ်ိဳးေတြ ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ မအိဟာ Zhao Lin ရဲ႕အိမ္မွာ အိမ္မႈကိစၥမ်ား လုပ္ ေဆာင္ရတဲ့အျပင္ အိမ္ရွင္ရဲ႕သားျဖစ္သူကို ထိန္းသိမ္းေစာင့္ေရွာက္ေပးရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.