ထိုင်းနိုင်ငံကအလိုရှိဆုံး မူးယစ်တရားခံတစ်ဦးကို မြန်မာရဲတပ်ဖွဲ့ထံမှ ထိုင်းရဲတပ်ဖွဲ့ ပြန်လွှဲပြောင်းရယူ

1182

ဂျန်ဇက် (NP News) - ဧပြီ ၉
ထိုင်းရဲတပ်ဖွဲ့က အလိုအရှိဆုံး မူးယစ်သံသယရှိသူတရားခံတစ်ဦးဖြစ်တဲ့ တာဝါချိုင်ကို မြန်မာနိုင်ငံထံမှပြန်လည်လွှဲပြောင်းရယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
တာဝါချိုင်ဟာ တာချီလိတ်မြို့တွင် ပုန်းခိုနေခဲ့ပြီး မူးယစ်မှောင်ခိုလုပ် ငန်းများကို စီမံခန့်ခွဲလုပ်ကိုင်နေခဲ့သူဖြစ်ကြောင်း ထိုင်းမူးယစ်ရဲတပ်ဖွဲ့ NSB ကပြောပါတယ်။ တာဝါချိုင်းဟာ မူးယစ်ဆေးဝါးမှုများအပြင် ငွေ ကြေးခဝါချမှုများနဲ့ စွဲချက်တင်ခံထားရသူဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က အလို ရှိဆုံးတရားခံတစ်ဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် သောကြာနေ့(ဧပြီလ ၈ ရက်) က မယ်ဆိုင်မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မြန်မာအာဏာပိုင်များထံမှ လွှဲပြောင်းရယူခဲ့ကြောင်း NSB အဖွဲ့ ရဲမှူးကြီး ဆာရာယက် ဆန်ဂွမ်ဖိုခိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ရဲမှူးကြီး ဆာရာယက်က "တာဝါချိုင်ဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်မပြေးခင် ထိုင်းနိုင်ငံတောင်ပိုင်းဒေသနဲ့ ပတ်တာလမ်ဒေသတို့မှာဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုများနဲ့ပတ်သက်ပြီး နောက်ကွယ်က အဓိကကြိုးကိုင်လှုပ်ရှားခဲ့သူဖြစ်တယ်။ မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝါးများ မှောင်ခိုတင်ပို့မှုတွေမှာလည်း ပါဝင်ပတ်သတ်ခဲ့သူဖြစ်တယ်"လို့ပြောပါတယ်။
တာဝါချိုင်ကို ၂ဝ၂ဝ ခုနှစ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးထိုင်းရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးခဲ့ပေမယ့် ၄င်းဟာ ထိုင်းထောင်ထဲမှာ ၁၄ ရက် ကြာနေထိုင်ခဲ့ပြီးနောက်ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ထပ်မံထွက်ပြေးခဲ့ကြောင်း သိရပါတယ်။
ရဲမှူးကြီး ဆာရာယက်က တာဝါချိုင်ဟာ ၂ဝ၁၇ ခုနှစ်မှာ တာချီလိတ်မြို့အတွင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ အဓိကပြုလုပ်နေသူတစ်ဦးဖြစ်လာခဲ့သလို Khon Kaen မြို့အတွင်းရှိ ကာရာအိုကေဘားဝန်ထမ်းတစ်ဦးကို သတ်ဖြတ်မှုကျူးလွန်ခဲ့သူအဖြစ် သံသယရှိခံရသူအမျိုးသမီးသုံးဦးကိုလည်း အကူညီပေးခဲ့ဖူးကြောင်း ဆိုပါတယ်။ ထိုင်းအမျိုးသမီးတွေဖြစ်တဲ့ နွန်ဝါချိုင်း၊ ရတ်ချာဒါ၊ ဆတ်တာယာဘမ်ဒစ်ဆိုသူဟာ အ သက် ၂၂ နှစ်အရွယ်ရှိ ထိုင်းကာရာအိုကေ ဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။

zawgyi version
ထိုင္းႏိုင္ငံကအလိုရွိဆုံး မူးယစ္တရားခံတစ္ဦးကို ျမန္မာရဲတပ္ဖြဲ႕ထံမွ ထိုင္းရဲတပ္ဖြဲ႕ ျပန္လႊဲေျပာင္းရယူ
ဂ်န္ဇက္ (NP News) - ဧၿပီ ၉
ထိုင္းရဲတပ္ဖြဲ႕က အလိုအရွိဆုံး မူးယစ္သံသယရွိသူတရားခံတစ္ဦးျဖစ္တဲ့ တာဝါခ်ိဳင္ကို ျမန္မာႏိုင္ငံထံမွျပန္လည္လႊဲေျပာင္းရယူခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္လိုက္ပါတယ္။
တာဝါခ်ိဳင္ဟာ တာခ်ီလိတ္ၿမိဳ႕တြင္ ပုန္းခိုေနခဲ့ၿပီး မူးယစ္ေမွာင္ခိုလုပ္ ငန္းမ်ားကို စီမံခန႔္ခြဲလုပ္ကိုင္ေနခဲ့သူျဖစ္ေၾကာင္း ထိုင္းမူးယစ္ရဲတပ္ဖြဲ႕ NSB ကေျပာပါတယ္။ တာဝါခ်ိဳင္းဟာ မူးယစ္ေဆးဝါးမႈမ်ားအျပင္ ေငြ ေၾကးခဝါခ်မႈမ်ားနဲ႔ စြဲခ်က္တင္ခံထားရသူျဖစ္ၿပီး ထိုင္းရဲတပ္ဖြဲ႕က အလို ရွိဆုံးတရားခံတစ္ဦးျဖစ္ေၾကာင္း၊ ၿပီးခဲ့သည့္ ေသာၾကာေန႔(ဧၿပီလ ၈ ရက္) က မယ္ဆိုင္ၿမိဳ႕ရွိ စစ္ေဆးေရးဂိတ္မွာ ျမန္မာအာဏာပိုင္မ်ားထံမွ လႊဲေျပာင္းရယူခဲ့ေၾကာင္း NSB အဖြဲ႕ ရဲမႉးႀကီး ဆာရာယက္ ဆန္ဂြမ္ဖိုခိုင္က ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
ရဲမႉးႀကီး ဆာရာယက္က "တာဝါခ်ိဳင္ဟာ ျမန္မာႏိုင္ငံဘက္ျခမ္းကို ထြက္မေျပးခင္ ထိုင္းႏိုင္ငံေတာင္ပိုင္းေဒသနဲ႔ ပတ္တာလမ္ေဒသတို႔မွာျဖစ္ပြားခဲ့တဲ့ မူးယစ္ေဆးဝါးေမွာင္ခိုမႈမ်ားနဲ႔ပတ္သက္ၿပီး ေနာက္ကြယ္က အဓိကႀကိဳးကိုင္လႈပ္ရွားခဲ့သူျဖစ္တယ္။ ျမန္မာႏိုင္ငံဘက္ျခမ္းကေန ထိုင္းႏိုင္ငံထဲကို မူးယစ္ေဆးဝါးမ်ား ေမွာင္ခိုတင္ပို႔မႈေတြမွာလည္း ပါဝင္ပတ္သတ္ခဲ့သူျဖစ္တယ္"လို႔ေျပာပါတယ္။
တာဝါခ်ိဳင္ကို ၂ဝ၂ဝ ခုႏွစ္က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီးထိုင္းရဲတပ္ဖြဲ႕ထံလႊဲေျပာင္းေပးခဲ့ေပမယ့္ ၄င္းဟာ ထိုင္းေထာင္ထဲမွာ ၁၄ ရက္ ၾကာေနထိုင္ခဲ့ၿပီးေနာက္ထြက္ေျပးလြတ္ေျမာက္သြားခဲ့ၿပီး ျမန္မာႏိုင္ငံဘက္ျခမ္းကို ထပ္မံထြက္ေျပးခဲ့ေၾကာင္း သိရပါတယ္။
ရဲမႉးႀကီး ဆာရာယက္က တာဝါခ်ိဳင္ဟာ ၂ဝ၁၇ ခုႏွစ္မွာ တာခ်ီလိတ္ၿမိဳ႕အတြင္းရွိ မူးယစ္ေဆးဝါးေရာင္းဝယ္မႈမ်ား အဓိကျပဳလုပ္ေနသူတစ္ဦးျဖစ္လာခဲ့သလို Khon Kaen ၿမိဳ႕အတြင္းရွိ ကာရာအိုေကဘားဝန္ထမ္းတစ္ဦးကို သတ္ျဖတ္မႈက်ဴးလြန္ခဲ့သူအျဖစ္ သံသယရွိခံရသူအမ်ိဳးသမီးသုံးဦးကိုလည္း အကူညီေပးခဲ့ဖူးေၾကာင္း ဆိုပါတယ္။ ထိုင္းအမ်ိဳးသမီးေတြျဖစ္တဲ့ ႏြန္ဝါခ်ိဳင္း၊ ရတ္ခ်ာဒါ၊ ဆတ္တာယာဘမ္ဒစ္ဆိုသူဟာ အ သက္ ၂၂ ႏွစ္အ႐ြယ္ရွိ ထိုင္းကာရာအိုေက ဝန္ထမ္းတစ္ဦးကို သတ္ျဖတ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဖမ္းမိခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကဆိုပါတယ္။