ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀) သန်းနီးပါးထုတ်ပေးထား

 178

NP News ဇွန် ၂၉ ရက်
ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ၄ နှစ်ကျော်ကာလအတွင်း လူဦးရေ ၉ ဒသမ ၈ သန်းကျော်အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပန်းခင်းစီမံချက်ကို နိုင်ငံသားတစ်ဦးသည် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရန်နှင့် နိုင်ငံသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာအသိအမှတ်ပြုနိုင်ရန်အတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက် ၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် ၄ နှစ်ကျော်ကာလ အတွင်း ပန်းခင်းစီမံချက် အဆင့် (၁၊ ၂၊ ၃ )အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အသက် (၁၀) နှစ်မှ (၁၈) နှစ်ကြားရှိ လူဦးရေ (၂,၂၃၅,၈၃၅) ဦး ၊ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေ (၂,၄၃၉,၅၅၅) ဦး၊ အသက် (၁၈) နှစ်ပြည့် လဲလှယ်ထုတ်ပေးခြင်းအနေဖြင့် လူဦးရေ (၂,၃၂၇,၁၀၆) ဦး ၊ ပျောက်ဆုံးပျက်စီးအနေဖြင့် ကတ်ပြားမိတ္တူထုတ်ပေးခြင်းတွင် လူဦးရေ( ၂,၈၃၇,၃၆၆) ဦး ၊ စုစုပေါင်းလူဦးရေ (၉,၈၃၉,၈၆၂) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ကို လက်ရှိတွင်လည်းဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်အဆင့် (၃) အနေဖြင့် လာမည့် အောက်တိုဘာလ (၃၁) ရက်နေ့အထိကို ဆောင်ရွက်ပေးရန်လျာထားကြောင်း၊ ယင်းကာလနောက်ပိုင်းတွင်လည်း ရွေးကောက်ပွဲပြုလုပ်ချိန်အထိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး မရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှတဆင့် စာရင်းတင်ပြလာ ပါက ကွင်းဆင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ပန္းခင္းစီမံခ်က္ျဖင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား (၁၀) သန္းနီးပါးထုတ္ေပးထား
NP News ဇြန္ ၂၉ ရက္
ပန္းခင္းစီမံခ်က္ျဖင့္ ၂၀၂၁ ခုႏွစ္မွစတင္၍ လက္ရွိအခ်ိန္ထိ ၄ ႏွစ္ေက်ာ္ကာလအတြင္း လူဦးေရ ၉ ဒသမ ၈ သန္းေက်ာ္အား ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ထုတ္ေပးၿပီးျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။
ဝန္ႀကီးဌာနအေနျဖင့္ အဆိုပါ ပန္းခင္းစီမံခ်က္ကို ႏိုင္ငံသားတစ္ဦးသည္ ႏိုင္ငံသားအခြင့္အေရး အျပည့္အဝ ရရွိရန္ႏွင့္ ႏိုင္ငံသားတစ္ဦးအျဖစ္ ခိုင္ခိုင္မာမာအသိအမွတ္ျပဳႏိုင္ရန္အတြက္ ၂၀၂၁ ခုႏွစ္၊ ေမလ ၃ ရက္ေန႔မွစတင္ေဆာင္႐ြက္ခဲ့ၿပီး အိမ္ေထာင္စုလူဦးေရစာရင္းႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္ ၊ ေက်း႐ြာမ်ားအေရာက္ ကြင္းဆင္းေဆာင္႐ြက္ေပး ခဲ့ေၾကာင္း သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ပန္းခင္းစီမံခ်က္ျဖင့္ ေဆာင္႐ြက္ေပးခဲ့သည့္ ၄ ႏွစ္ေက်ာ္ကာလ အတြင္း ပန္းခင္းစီမံခ်က္ အဆင့္ (၁၊ ၂၊ ၃ )အထိ တိုးျမႇင့္ေဆာင္႐ြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ အသက္ (၁၀) ႏွစ္မွ (၁၈) ႏွစ္ၾကားရွိ လူဦးေရ (၂,၂၃၅,၈၃၅) ဦး ၊ အသက္ (၁၈) ႏွစ္ႏွင့္အထက္ လူဦးေရ (၂,၄၃၉,၅၅၅) ဦး၊ အသက္ (၁၈) ႏွစ္ျပည့္ လဲလွယ္ထုတ္ေပးျခင္းအေနျဖင့္ လူဦးေရ (၂,၃၂၇,၁၀၆) ဦး ၊ ေပ်ာက္ဆုံးပ်က္စီးအေနျဖင့္ ကတ္ျပားမိတၱဴထုတ္ေပးျခင္းတြင္ လူဦးေရ( ၂,၈၃၇,၃၆၆) ဦး ၊ စုစုေပါင္းလူဦးေရ (၉,၈၃၉,၈၆၂) ဦးတို႔ကို ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ထုတ္ေပးေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ပန္းခင္းစီမံခ်က္ကို လက္ရွိတြင္လည္းေဆာင္႐ြက္ေပးလ်က္ရွိၿပီး ပန္းခင္းစီမံခ်က္အဆင့္ (၃) အေနျဖင့္ လာမည့္ ေအာက္တိုဘာလ (၃၁) ရက္ေန႔အထိကို ေဆာင္႐ြက္ေပးရန္လ်ာထားေၾကာင္း၊ ယင္းကာလေနာက္ပိုင္းတြင္လည္း ေ႐ြးေကာက္ပြဲျပဳလုပ္ခ်ိန္အထိ ရပ္ကြက္၊ ေက်း႐ြာမ်ားတြင္ ကိုင္ေဆာင္သင့္သည့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား တစ္မ်ိဳးမ်ိဳး မရွိခဲ့ပါက သက္ဆိုင္ရာ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားမွတဆင့္ စာရင္းတင္ျပလာ ပါက ကြင္းဆင္းေဆာင္႐ြက္ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.