IBEC ဆရာတော်အား ဖိလစ်ပိုင်အခြေစိုက် Asian University International က ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးမည်

 338

သုတကျော် (NP News) - ဇွန် ၂၉
IBEC ဆရာတော်အား ဖိလစ်ပိုင် အခြေစိုက် Asian University International က ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးမည်ဖြစ်ကြောင်း သိရသည်။
IBEC ဆရာတော်အနေဖြင့် နှစ်ပေါင်း (၂၀) ကာလအတွင်း ဆောင်ရွက်ခဲ့သော ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပညာရေးဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံစီမံဆောင်ရွက်ခဲ့မှုများကြောင့် ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Asian University International မှ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုလာမည့် ဩဂုတ်လ ၁၆ ရက်တွင် မနီလာမြို့ရှိ၊ Heritage Hotel၊ The Grand Ballroom ခန်းမကြီးတွင် IBEC ဆရာတော်အား ချီးမြှင့်အပ်နှင်းမည်ဖြစ်ကြောင်း IBEC - Myanmar Official Information Office Committee က အသိပေးထားသည်။
ယခင်ကလည်း International Human Rights က ဆရာတော် ၏ ဆရာတော်၏ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များ၊ Covid - 19 ကပ်ရောဂါကာလအတွင်း ဆောင်ရွက်ချက်များအား ဂုဏ်ပြုခြင်းဖြင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့၊ International Peace University ကလည်း "Doctor of Social Works " အဖြစ် ချီးမြှင့်ခဲ့သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များအပြင် ယခုအခါသည် တတိယအကြိမ်မြောက်ဖြစ် ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
IBEC ဆရာေတာ္အား ဖိလစ္ပိုင္အေျခစိုက္ Asian University International က ပညာေရးဆိုင္ရာစီမံခန္႔ခြဲမႈဂုဏ္ထူးေဆာင္ပါရဂူဘြဲ႕ေပးမည္
သုတေက်ာ္ (NP News) - ဇြန္ ၂၉
IBEC ဆရာေတာ္အား ဖိလစ္ပိုင္ အေျခစိုက္ Asian University International က ပညာေရးဆိုင္ရာစီမံခန္႔ခြဲမႈဂုဏ္ထူးေဆာင္ပါရဂူဘြဲ႕ေပးမည္ျဖစ္ေၾကာင္း သိရသည္။
IBEC ဆရာေတာ္အေနျဖင့္ ႏွစ္ေပါင္း (၂၀) ကာလအတြင္း ေဆာင္႐ြက္ခဲ့ေသာ ပညာေရးဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား၊ ပညာေရးဆိုင္ရာစီမံခန္႔ခြဲမႈလုပ္ငန္းမ်ား၊ ပညာေရးျဖင့္ လူသားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားတြင္ စြမ္းစြမ္းတမံစီမံေဆာင္႐ြက္ခဲ့မႈမ်ားေၾကာင့္ ခ်ီးျမႇင့္အပ္ႏွင္းျခင္း ျဖစ္ေၾကာင္း သိရသည္။
ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕အေျခစိုက္ Asian University International မွ ပညာေရးဆိုင္ရာစီမံခန္႔ခြဲမႈဂုဏ္ထူးေဆာင္ပါရဂူဘြဲ႕ကိုလာမည့္ ဩဂုတ္လ ၁၆ ရက္တြင္ မနီလာၿမိဳ႕ရွိ၊ Heritage Hotel၊ The Grand Ballroom ခန္းမႀကီးတြင္ IBEC ဆရာေတာ္အား ခ်ီးျမႇင့္အပ္ႏွင္းမည္ျဖစ္ေၾကာင္း IBEC - Myanmar Official Information Office Committee က အသိေပးထားသည္။
ယခင္ကလည္း International Human Rights က ဆရာေတာ္ ၏ ဆရာေတာ္၏ လူမႈအက်ိဳးျပဳလုပ္ငန္းေဆာင္႐ြက္ခ်က္မ်ား၊ Covid - 19 ကပ္ေရာဂါကာလအတြင္း ေဆာင္႐ြက္ခ်က္မ်ားအား ဂုဏ္ျပဳျခင္းျဖင့္ ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕၊ International Peace University ကလည္း "Doctor of Social Works " အျဖစ္ ခ်ီးျမႇင့္ခဲ့ေသာ ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕မ်ားအျပင္ ယခုအခါသည္ တတိယအႀကိမ္ေျမာက္ျဖစ္ ထပ္ဆင့္ဂုဏ္ျပဳခ်ီးျမႇင့္ခံရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.