အိန္ဒိယမှာ တန်ချိန် ၅ဝဝ တန် သံတံတားကို တစစီဖြုတ် ခိုးယူသွားမှုဖြစ်ပွား

 887

ရောင်နီ (NP News) – ဧပြီ ၁ဝ
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ နိုင်ငံရဲ့အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ဘီယာပြည်နယ်မှာ သတ္ထုသူခိုးဂိုဏ်းက တန်ချိန် ၅ဝဝ တန်ဖိုးရှိ သံမဏိတံတားကို တစစီ ဖြိုခွဲဖျက်ဆီးကာ ခိုးယူသွားကြောင်း ရဲတပ်ဖွဲ့က စနေနေ့ (ဧပြီ ၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။

သူခိုးတွေဟာ အစိုးရ ဆည်မြောင်းအရာရှိတွေ အသွင်ဆောင်ပြီး ခိုးယူသွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိ ဆပ်ဘ်ဟက် ကူးမားက AFP ကို ပြောပါတယ်။

၎င်းတို့ဟာ ဘူဒိုဇာများနဲ့ ဓာတ်ငွေ့ဖြတ်စက်များ ယူဆောင်လာပြီး တံတားကို နှစ်ရက်ကျော်ကြာထိ တစစီဖြိုခွဲ ဖြုတ်ယူကာ ထွက်ပြေးသွားခဲ့ကြောင်း၊ တံတားအစိတ်အပိုင်းတွေကို ထရပ်ကားတွေနဲ့ သယ်ဆောင်သွားခဲ့ ကြောင်း မစ္စတာကူးမားက ပြောကြားပါတယ်။

အဆိုပါတံတားဟာ အများပြည်သူကူးသန်းသွားလာရေးအတွက် တည်ဆောက်ခဲ့တဲ့ နှစ် ၅ဝ သက်တမ်းရှိ သံသတ္ထုတံတားဖြစ်ပြီး ၎င်းရဲ့အနီးအနားမှာလည်း လွန်ခဲ့တဲ့ ၅ နှစ်က တည်ဆောက်ခဲ့တဲ့ အခြားတံတားတစ်စင်း ရှိသေးတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါ ထူးထူးဆန်းဆန်းဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပေမယ့်လည်း အခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
အိႏၵိယမွာ တန္ခ်ိန္ ၅ဝဝ တန္ သံတံတားကို တစစီျဖဳတ္ ခိုးယူသြားမႈျဖစ္ပြား
ေရာင္နီ (NP News) – ဧၿပီ ၁ဝ
အိႏၵိယႏိုင္ငံအေရွ႕ပိုင္း၊ ႏိုင္ငံရဲ႕အဆင္းရဲဆုံး ျပည္နယ္တစ္ခုျဖစ္တဲ့ ဘီယာျပည္နယ္မွာ သတၳဳသူခိုးဂိုဏ္းက တန္ခ်ိန္ ၅ဝဝ တန္ဖိုးရွိ သံမဏိတံတားကို တစစီ ၿဖိဳခြဲဖ်က္ဆီးကာ ခိုးယူသြားေၾကာင္း ရဲတပ္ဖြဲ႕က စေနေန႔ (ဧၿပီ ၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

သူခိုးေတြဟာ အစိုးရ ဆည္ေျမာင္းအရာရွိေတြ အသြင္ေဆာင္ၿပီး ခိုးယူသြားခဲ့တာျဖစ္တယ္လို႔ ရဲအရာရွိ ဆပ္ဘ္ဟက္ ကူးမားက AFP ကို ေျပာပါတယ္။

၎တို႔ဟာ ဘူဒိုဇာမ်ားနဲ႔ ဓာတ္ေငြ႕ျဖတ္စက္မ်ား ယူေဆာင္လာၿပီး တံတားကို ႏွစ္ရက္ေက်ာ္ၾကာထိ တစစီၿဖိဳခြဲ ျဖဳတ္ယူကာ ထြက္ေျပးသြားခဲ့ေၾကာင္း၊ တံတားအစိတ္အပိုင္းေတြကို ထရပ္ကားေတြနဲ႔ သယ္ေဆာင္သြားခဲ့ ေၾကာင္း မစၥတာကူးမားက ေျပာၾကားပါတယ္။

အဆိုပါတံတားဟာ အမ်ားျပည္သူကူးသန္းသြားလာေရးအတြက္ တည္ေဆာက္ခဲ့တဲ့ ႏွစ္ ၅ဝ သက္တမ္းရွိ သံသတၳဳတံတားျဖစ္ၿပီး ၎ရဲ႕အနီးအနားမွာလည္း လြန္ခဲ့တဲ့ ၅ ႏွစ္က တည္ေဆာက္ခဲ့တဲ့ အျခားတံတားတစ္စင္း ရွိေသးတယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕က အဆိုပါ ထူးထူးဆန္းဆန္းျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေပမယ့္လည္း အခုအခ်ိန္အထိ ဖမ္းဆီးႏိုင္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.