နှစ်လတာကာလအတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်စဉ် ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာ ၁၉ ဦးထက်မနည်း သေဆုံးခဲ့

 668

မျိုးကြီး (NP News) - ဧပြီ ၂၄
ယခု ၂ဝ၂၂ ခုနှစ် နှစ်လတာကာလအတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်စဉ် ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာ ၁၉ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်များဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီလအထိ အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်စဉ် အကြိမ် ၅ဝ ဖြစ်ပွားခဲ့ ပြီး ၎င်းယာဉ်တိုက်မှုများကြောင့် ၇၉ ဦးဒဏ်ရာရရှိခဲ့ကာ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမောင်းရင်တော့ အဓိကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ မောင်းဖို့လိုတယ်။ အမြဲသတိရှိနေဖို့လိုတယ်။ အမြန်လမ်းဆိုတော့ ကားတွေ အရှိန်နဲ့သွားနေတာများတယ်။ တစ်ချက်ကလေး အိပ်ငိုက်တာတို့၊ သတိလွတ်သွားတာတို့ဖြစ်သွားရင်တော့ အန္တရာယ်ဖြစ်ဖို့က များတယ်။ ဘာပဲ ဖြစ်ဖြစ် ဂရုစိုက်ဖို့လိုတယ်” ဟု အမြန်လမ်းတွင် ယာဉ်အသုံးပြုသွားလာနေသူတစ်ဦးက မှတ်ချက်ပြုသည်။

၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာလုံး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း အကြိမ် ပေါင်း ၂၄ဝ ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃၉၄ ဦးရှိခဲ့ပြီး ၈၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂ဝ၂ဝ ပြည့်နှစ်တွင်လည်း အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်စဉ် ၄၁၂ ကြိမ်အထိဖြစ်ပွားခဲ့ရာ ၈၄ ဦး သေဆုံးခဲ့ပြီး ၄၄၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Zawgyi Version;
ႏွစ္လတာကာလအတြင္း အျမန္လမ္းတြင္ ယာဥ္တိုက္မႈျဖစ္စဥ္ ၂၉ ႀကိမ္ျဖစ္ပြားခဲ့ရာ ၁၉ ဦးထက္မနည္း ေသဆုံးခဲ့
မ်ိဳးႀကီး (NP News) - ဧၿပီ ၂၄
ယခု ၂ဝ၂၂ ခုႏွစ္ ႏွစ္လတာကာလအတြင္း အျမန္လမ္းတြင္ ယာဥ္တိုက္မႈျဖစ္စဥ္ ၂၉ ႀကိမ္ျဖစ္ပြားခဲ့ရာ ၁၉ ဦး ထက္မနည္းေသဆုံးခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ဇန္နဝါရီလမွ ေဖေဖာ္ဝါရီလအထိ ျဖစ္ပြားခဲ့ေသာ ယာဥ္တိုက္မႈျဖစ္စဥ္မ်ားျဖစ္ၿပီး ယာဥ္တိုက္မႈေၾကာင့္ ၂၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းလည္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီမွ ေဖေဖာ္ဝါရီလအထိ အျမန္လမ္းတြင္ ယာဥ္တိုက္မႈျဖစ္စဥ္ အႀကိမ္ ၅ဝ ျဖစ္ပြားခဲ့ ၿပီး ၎ယာဥ္တိုက္မႈမ်ားေၾကာင့္ ၇၉ ဦးဒဏ္ရာရရွိခဲ့ကာ ၇ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

“ရန္ကုန္-မႏၲေလးအျမန္လမ္းမွာ ကားေမာင္းရင္ေတာ့ အဓိကေတာ့ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းနဲ႔အညီ ေမာင္းဖို႔လိုတယ္။ အၿမဲသတိရွိေနဖို႔လိုတယ္။ အျမန္လမ္းဆိုေတာ့ ကားေတြ အရွိန္နဲ႔သြားေနတာမ်ားတယ္။ တစ္ခ်က္ကေလး အိပ္ငိုက္တာတို႔၊ သတိလြတ္သြားတာတို႔ျဖစ္သြားရင္ေတာ့ အႏၲရာယ္ျဖစ္ဖို႔က မ်ားတယ္။ ဘာပဲ ျဖစ္ျဖစ္ ဂ႐ုစိုက္ဖို႔လိုတယ္” ဟု အျမန္လမ္းတြင္ ယာဥ္အသုံးျပဳသြားလာေနသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တစ္ႏွစ္တာလုံး အျမန္လမ္းတြင္ ယာဥ္တိုက္မႈျဖစ္စဥ္ေပါင္း အႀကိမ္ ေပါင္း ၂၄ဝ ျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရရွိခဲ့သူ ၃၉၄ ဦးရွိခဲ့ၿပီး ၈၄ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္လည္း အျမန္လမ္းတြင္ ယာဥ္တိုက္မႈျဖစ္စဥ္ ၄၁၂ ႀကိမ္အထိျဖစ္ပြားခဲ့ရာ ၈၄ ဦး ေသဆုံးခဲ့ၿပီး ၄၄၆ ဦးအထိ ဒဏ္ရာရရွိခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.