အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနာပြည်နယ်မှာ စက်ရုံမီးလောင်မှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံး

96
ရောင်နီ (NP News) - ဇူလိုင် ၂
အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနာ ပြည်နယ်ရှိ Sigachi Industries (SIGC.NS) စက်ရုံမှာ တနင်္လာနေ့(ဇွန်လ ၃၀ ရက်) က မီးလောင်မှုဖြစ်ပွားပြီး လူ ၁၂ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဒဏ်ရာရသူ လူလေးဦး အလွန်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး လူ ၁၀ ဦး စက်ရုံအတွင်း ပိတ်မိနေသေး တယ်လို့ ဟိုက်ဒရာဘတ်ဒေသ စစ်ဆေးရေးမှူးချုပ် ဗွီဆက်ရာနာရာရာနာ က ပြောကြားပါတယ်။
"ဓာတ်ပေါင်းဖို အနီးတစ်ဝိုက်က ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်တယ်" လို့ ၎င်း က ဆိုပါတယ်။ Sigachi ဆေးရုံဟာ ဆေးဝါး၊ အစားအသောက်၊ အလှကုန်နဲ့ ဓာတုဗေဒလုပ်ငန်းတွေ ထုတ်လုပ်ပေးနေတဲ့စက်ရုံဖြစ်ပါတယ်။ မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ စက်ပစ္စည်းတွေနဲ့ အဆောက်အဦတွေ ပျက်စီးသွားတဲ့အတွက် ရက်ပေါင်း ၉၀ ထိ စက်ရုံလည်ပတ်မှု ရပ်ဆိုင်းထားမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် နာရမ်ဒရာမိုဒီရဲ့ရုံးကတော့ သေဆုံးသွားသူတိုင်းရဲ့မိသားစုဝင်တွေအတွက် ရူပီး ၂၀၀,၀၀၀ (ဒေါ်လာ ၂,၃၃၂.၇၂) နဲ့ ဒဏ်ရာရရှိသူတစ်ဦးစီအတွက် ရူပီး ၅၀,၀၀၀ လျော်ကြေးပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံ၊ တယ္လန္ဂါနာျပည္နယ္မွာ စက္႐ုံမီးေလာင္မႈေၾကာင့္ လူ ၁၂ ဦးထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၂
အိႏၵိယႏိုင္ငံ၊ တယ္လန္ဂါနာ ျပည္နယ္ရွိ Sigachi Industries (SIGC.NS) စက္႐ုံမွာ တနလၤာေန႔(ဇြန္လ ၃၀ ရက္) က မီးေလာင္မႈျဖစ္ပြားၿပီး လူ ၁၂ ဦး ေသဆုံးကာ ၂၆ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
ဒဏ္ရာရသူ လူေလးဦး အလြန္စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနၿပီး လူ ၁၀ ဦး စက္႐ုံအတြင္း ပိတ္မိေနေသး တယ္လို႔ ဟိုက္ဒရာဘတ္ေဒသ စစ္ေဆးေရးမႉးခ်ဳပ္ ဗြီဆက္ရာနာရာရာနာ က ေျပာၾကားပါတယ္။
"ဓာတ္ေပါင္းဖို အနီးတစ္ဝိုက္က ေပါက္ကြဲမႈျဖစ္ခဲ့တာျဖစ္တယ္" လို႔ ၎ က ဆိုပါတယ္။ Sigachi ေဆး႐ုံဟာ ေဆးဝါး၊ အစားအေသာက္၊ အလွကုန္နဲ႔ ဓာတုေဗဒလုပ္ငန္းေတြ ထုတ္လုပ္ေပးေနတဲ့စက္႐ုံျဖစ္ပါတယ္။ မီးေလာင္မႈေၾကာင့္ စက္႐ုံအတြင္းရွိ စက္ပစၥည္းေတြနဲ႔ အေဆာက္အဦေတြ ပ်က္စီးသြားတဲ့အတြက္ ရက္ေပါင္း ၉၀ ထိ စက္႐ုံလည္ပတ္မႈ ရပ္ဆိုင္းထားမယ္လို႔ ကုမၸဏီက ေၾကညာခဲ့ပါတယ္။
အိႏၵိယ၀န္ႀကီးခ်ဳပ္ နာရမ္ဒရာမိုဒီရဲ႕႐ုံးကေတာ့ ေသဆုံးသြားသူတိုင္းရဲ႕မိသားစုဝင္ေတြအတြက္ ႐ူပီး ၂၀၀,၀၀၀ (ေဒၚလာ ၂,၃၃၂.၇၂) နဲ႔ ဒဏ္ရာရရွိသူတစ္ဦးစီအတြက္ ႐ူပီး ၅၀,၀၀၀ ေလ်ာ္ေၾကးျပန္ေပးခဲ့တယ္လို႔ သိရပါတယ္။