အိမ်သာတက်နေစဉ် အမိုးစလပ်ပြင်ပြိုကျမှုကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသား အပြင်းအထန် ဒဏ်ရာရ

 39

ရောင်နီ (NP News) - ဇွန် ၂၃

ဇွန်လ ၁၉ ရက်က စင်ကာပူနိုင်ငံ၊ Yishun HDB လူနေအိမ်ရာ တိုက်ခန်းရှိ မာစတာအိပ်ခန်း၊ သန့်စင်ခန်းမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသား အိမ်သာပေါ်ထိုင်နေစဉ် အမိုးစလပ်ပြင် ပြိုကျလာတာကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသူကတော့ အငြိမ်းစားယူထားတဲ့ မစ္စတာ မိုဟာမတ်ဟက်ရှန်အာဆက် ဖြစ်ပြီး ဦးခေါင်းဒဏ်ရာ ချုပ်ရိုး ၁၀ ချက်ကျော် ချုပ်ခဲ့ရကာ ပခုံးနဲ့ ဒူးမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မစ္စတာဟက်ရှန်ဟာ အစ္စလာမ် ဘာသာရေးဆိုင်ရာ နံနက်ခင်း ဆုတောင်းပွဲအတွက် ပြင်ဆင်နေချိန် နံနက် ၄ နာရီခွဲခန့်အချိန်က အိမ်ရဲ့မာစတာအိပ်ခန်း အိမ်သာအတွင်းမှာ ထိုင်နေစဉ်အပေါ်က အမိုးစလပ်ပြိုကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဇွန်လ ၂၀ ရက်က Nee Soon GRC အမတ် ကေရှန်မူဂန်က အဆိုပါတိုက်ခန်းကို သွားရောက်ခဲ့ပြီး မစ္စတာဟက်ရှန်ရဲ့ ဇနီးသည်နဲ့ စကားပြောဆိုကာ အိမ်ပြုပြင်မှုတွေအတွက် ပေးချေမှု အပါအဝင် မိသားစုထံ အကူအညီတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

Zawgyi Version:
အိမ္သာတက္ေနစဥ္ အမိုးစလပ္ျပင္ၿပိဳက်မႈေၾကာင့္ အသက္ ၆၅ ႏွစ္အ႐ြယ္ အမ်ိဳးသား အျပင္းအထန္ ဒဏ္ရာရ
ေရာင္နီ (NP News) - ဇြန္ ၂၃
ဇြန္လ ၁၉ ရက္က စင္ကာပူႏိုင္ငံ၊ Yishun HDB လူေနအိမ္ရာ တိုက္ခန္းရွိ မာစတာအိပ္ခန္း၊ သန႔္စင္ခန္းမွာ အသက္ ၆၅ ႏွစ္အ႐ြယ္ အမ်ိဳးသား အိမ္သာေပၚထိုင္ေနစဥ္ အမိုးစလပ္ျပင္ ၿပိဳက်လာတာေၾကာင့္ ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရရွိခဲ့ပါတယ္။
အဆိုပါျဖစ္ရပ္ကို ႀကဳံေတြ႕ခဲ့ရသူကေတာ့ အၿငိမ္းစားယူထားတဲ့ မစၥတာ မိုဟာမတ္ဟက္ရွန္အာဆက္ ျဖစ္ၿပီး ဦးေခါင္းဒဏ္ရာ ခ်ဳပ္႐ိုး ၁၀ ခ်က္ေက်ာ္ ခ်ဳပ္ခဲ့ရကာ ပခုံးနဲ႔ ဒူးမွာလည္း ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ မစၥတာဟက္ရွန္ဟာ အစၥလာမ္ ဘာသာေရးဆိုင္ရာ နံနက္ခင္း ဆုေတာင္းပြဲအတြက္ ျပင္ဆင္ေနခ်ိန္ နံနက္ ၄ နာရီခြဲခန႔္အခ်ိန္က အိမ္ရဲ႕မာစတာအိပ္ခန္း အိမ္သာအတြင္းမွာ ထိုင္ေနစဥ္အေပၚက အမိုးစလပ္ၿပိဳက်ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဇြန္လ ၂၀ ရက္က Nee Soon GRC အမတ္ ေကရွန္မူဂန္က အဆိုပါတိုက္ခန္းကို သြားေရာက္ခဲ့ၿပီး မစၥတာဟက္ရွန္ရဲ႕ ဇနီးသည္နဲ႔ စကားေျပာဆိုကာ အိမ္ျပဳျပင္မႈေတြအတြက္ ေပးေခ်မႈ အပါအဝင္ မိသားစုထံ အကူအညီေတြ ေပးအပ္သြားမယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.