ရုရှားနိုင်ငံက မီးတောင်တစ်ခု နှစ်ပေါင်း(၄၅၀)အတွင်း ပထမဆုံးအကြိမ်ပေါက်ကွဲ

 537

Pika (NP News) - သြဂုတ် ၄

ရုရှားနိုင်ငံ အရှေ့ပိုင်း Kamchatka ဒေသမှာရှိတဲ့ မီးတောင်တစ်ခုဟာ နှစ်ပေါင်း(၄၅၀)အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့တယ်လို့ ရုရှားအရေးပေါ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Kamchatka ဒေသမှာ စံချိန်တင်အားအပြင်းဆုံးငလျင်တွေထဲက တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလို မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားတဲ့ဓါတ်ပုံတွေမှာ ၁၅၅ဝ ပြည့် နှစ်တုန်းက နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့တဲ့ Krasheninnikov မီးတောင်ကနေ ပြာမှုန့်တွေ လွင့်စင်ထွက်လာတာ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် Krasheninnikov မီးတောင်ရဲ့ပြာမှုန့်တွေဟာ ကောင်းကင်ပေါ်ကို အမြင့် (၆၀၀၀) မီတာလောက်အထိ ရောက်ရှိခဲ့ပုံပေါ်တယ်လို့လည်း Kamchatka ဒေသအရေးပေါ်အခြေအနေ ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Kamchatka ဒေသ အရေးပေါ်အခြေအနေဝန်ကြီးဌာနက “မီးတောင်ကနေထွက်လာတဲ့ပြာမှုန့်တွေဟာ အရှေ့ဘက်ကို ပျံ့သွားပြီး ပစိဖိတ်သမုဒ္ဒရာဘက်ကို ဦးတည်နေ ပါတယ်။ အဲဒီလမ်းကြောင်းတစ်လျှောက်မှာ လူနေထူထပ်တဲ့ဧရိယာတွေတော့ မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
ဥရောပနဲ့အာရှတိုက်မှာ လှုပ်ရှားမှုအမြင့်ဆုံးဖြစ်ပြီး Kamchatka ဒေသမှာရှိတဲ့အခြားမီးတောင်တစ်ခုဖြစ်တဲ့ Klyuchevskoy မီးတောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေါက်ကွဲခဲ့ပြီးနောက် Krasheninnikov မီးတောင်ပေါက်ကွဲမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံက မီးေတာင္တစ္ခု ႏွစ္ေပါင္း(၄၅၀)အတြင္း ပထမဆုံးအႀကိမ္ေပါက္ကြဲ
Pika (NP News) - ၾသဂုတ္ ၄
႐ုရွားႏိုင္ငံ အေရွ႕ပိုင္း Kamchatka ေဒသမွာရွိတဲ့ မီးေတာင္တစ္ခုဟာ ႏွစ္ေပါင္း(၄၅၀)အတြင္း ပထမဆုံးအႀကိမ္ ေပါက္ကြဲခဲ့တယ္လို႔ ႐ုရွားအေရးေပၚအာဏာပိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Kamchatka ေဒသမွာ စံခ်ိန္တင္အားအျပင္းဆုံးငလ်င္ေတြထဲက တစ္ခုလႈပ္ခတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလို မီးေတာင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံပိုင္မီဒီယာက ထုတ္ျပန္ထားတဲ့ဓါတ္ပုံေတြမွာ ၁၅၅ဝ ျပည့္ ႏွစ္တုန္းက ေနာက္ဆုံးအႀကိမ္ေပါက္ကြဲခဲ့တဲ့ Krasheninnikov မီးေတာင္ကေန ျပာမႈန္႔ေတြ လြင့္စင္ထြက္လာတာ ကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ Krasheninnikov မီးေတာင္ရဲ႕ျပာမႈန႔္ေတြဟာ ေကာင္းကင္ေပၚကို အျမင့္ (၆၀၀၀) မီတာေလာက္အထိ ေရာက္ရွိခဲ့ပုံေပၚတယ္လို႔လည္း Kamchatka ေဒသအေရးေပၚအေျခအေန ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Kamchatka ေဒသ အေရးေပၚအေျခအေနဝန္ႀကီးဌာနက “မီးေတာင္ကေနထြက္လာတဲ့ျပာမႈန႔္ေတြဟာ အေရွ႕ဘက္ကို ပ်ံ႕သြားၿပီး ပစိဖိတ္သမုဒၵရာဘက္ကို ဦးတည္ေန ပါတယ္။ အဲဒီလမ္းေၾကာင္းတစ္ေလွ်ာက္မွာ လူေနထူထပ္တဲ့ဧရိယာေတြေတာ့ မရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဥေရာပနဲ႔အာရွတိုက္မွာ လႈပ္ရွားမႈအျမင့္ဆုံးျဖစ္ၿပီး Kamchatka ေဒသမွာရွိတဲ့အျခားမီးေတာင္တစ္ခုျဖစ္တဲ့ Klyuchevskoy မီးေတာင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေပါက္ကြဲခဲ့ၿပီးေနာက္ Krasheninnikov မီးေတာင္ေပါက္ကြဲမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.