ဂျပန်မှာ မိလ္လာပိုက်ကျင်းထဲပြုတ်ကျမှုကြောင့် အလုပ်သမား ၄ ဦး သေဆုံး

 578

ရောင်နီ (NP News) - သြဂုတ် ၃
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မြောက်ဘက်၊ ဆိုင်တမာစီရင်စု၊ ကျိုဒိုမှာ သြဂုတ် ၂ ရက် (စနေနေ့) က မိလ္လာပိုက် အခြေအနေ စစ်ဆေးရင်း အလုပ်သမားလေးဦး မြေကျင်းထဲပြုတ်ကျကာ သေဆုံးသွားခဲ့ပါတယ်။
အရင်ဆုံး အလုပ်သမားတစ်ဦး မြေကျင်းထဲပြုတ်ကျခဲ့တာဖြစ်ပြီး သူ့ကိုကယ်ဆယ်ရင်းက ကျန်သုံးယောက် ပါ ပြုတ်ကျသွားကာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သြဂုတ် ၂ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့ပြီး အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုတွေ ရခဲ့တယ်လို့ ကျိုဒို မီးသတ်ဌာန ဌာနချုပ်က ပြောကြားပါတယ်။ ဩဂုတ်လ ၂ ရက် ညနေ ၄ နာရီမှာပဲ အလုပ်သမားလေးဦးစလုံးကို နှလုံးရပ်သွားကာ နောက်ပိုင်းသေဆုံးကြောင်း အတည်ပြုခဲ့ ပါတယ်။ ကျိုဒိုသတင်းဌာနက ပြောကြားချက်အရ သေဆုံးသူ လေးဦးစလုံး အသက် ၅၀ ဝန်းကျင် အရွယ်တွေ ဖြစ်ပြီး သူတို့ပြုတ်ကျသွားတဲ့ တွင်းပေါက်ဟာ ၁၂ မီတာမှ ၁၅ မီတာကြားထိ နက်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၈ ရက်က ဆိုင်တမာ၊ ရာရှီအို လမ်းဆုံမှာ လူအသေအပျောက်ရှိတဲ့ ကြီးမားတဲ့တွင်းကြီး ဖြစ်ပေါ် လာခဲ့ပြီးနောက်ပိုင်း မိလ္လာပိုက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ အချိန်မှာ အခုလိုမတော်တဆမှုဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

Zawgyi Version:
ဂ်ပန္မွာ မိလႅာပိုက္က်င္းထဲျပဳတ္က်မႈေၾကာင့္ အလုပ္သမား ၄ ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၃
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ေျမာက္ဘက္၊ ဆိုင္တမာစီရင္စု၊ က်ိဳဒိုမွာ ၾသဂုတ္ ၂ ရက္ (စေနေန႔) က မိလႅာပိုက္ အေျခအေန စစ္ေဆးရင္း အလုပ္သမားေလးဦး ေျမက်င္းထဲျပဳတ္က်ကာ ေသဆုံးသြားခဲ့ပါတယ္။
အရင္ဆုံး အလုပ္သမားတစ္ဦး ေျမက်င္းထဲျပဳတ္က်ခဲ့တာျဖစ္ၿပီး သူ႔ကိုကယ္ဆယ္ရင္းက က်န္သုံးေယာက္ ပါ ျပဳတ္က်သြားကာ ေသဆုံးခဲ့တာျဖစ္ပါတယ္။ ၾသဂုတ္ ၂ ရက္ နံနက္ ၉ နာရီ ၂၅ မိနစ္ခန႔္မွာ ျဖစ္ပြားခဲ့ၿပီး အကူအညီေတာင္းတဲ့ ဖုန္းေခၚဆိုမႈေတြ ရခဲ့တယ္လို႔ က်ိဳဒို မီးသတ္ဌာန ဌာနခ်ဳပ္က ေျပာၾကားပါတယ္။ ဩဂုတ္လ ၂ ရက္ ညေန ၄ နာရီမွာပဲ အလုပ္သမားေလးဦးစလုံးကို ႏွလုံးရပ္သြားကာ ေနာက္ပိုင္းေသဆုံးေၾကာင္း အတည္ျပဳခဲ့ ပါတယ္။ က်ိဳဒိုသတင္းဌာနက ေျပာၾကားခ်က္အရ ေသဆုံးသူ ေလးဦးစလုံး အသက္ ၅၀ ဝန္းက်င္ အ႐ြယ္ေတြ ျဖစ္ၿပီး သူတို႔ျပဳတ္က်သြားတဲ့ တြင္းေပါက္ဟာ ၁၂ မီတာမွ ၁၅ မီတာၾကားထိ နက္တယ္လို႔ သိရပါတယ္။
ဇန္နဝါရီ ၂၈ ရက္က ဆိုင္တမာ၊ ရာရွီအို လမ္းဆုံမွာ လူအေသအေပ်ာက္ရွိတဲ့ ႀကီးမားတဲ့တြင္းႀကီး ျဖစ္ေပၚ လာခဲ့ၿပီးေနာက္ပိုင္း မိလႅာပိုက္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတဲ့ အခ်ိန္မွာ အခုလိုမေတာ္တဆမႈျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.