ထိုင်း-မြန်မာတံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်သော်လည်း မြန်မာအလုပ်သမားစေလွှတ်မည့်လုပ်ငန်းများ ရပ်တန့်မှုမရှိဘဲ ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်

779

မျိုးကြီး (NP News) - ဧပြီ ၂၅
ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မည့် လုပ်ငန်းများမှာ ရပ်တန့်မှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လုပ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်း က NP News ကို ပြောကြားသည်။
အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ယနေ့ ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး မြဝတီမြို့ဘက်ခြမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိုင်းသို့ အလုပ်သွား ရောက်လုပ်ကိုင်ရန်စီစဉ်ထားသည့် အလုပ်သမားများအနေဖြင့် စိုးရိမ်မှုများရှိခဲ့ကြောင်း ၎င်းတို့က ပြောဆိုထားသည်။
“ဒါနဲ့ပတ်သက်ပြီးတော့ ဒီအချိန်အထိ ထိုင်းဘက်ကလည်း ဘာမှပြောတာမရှိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ အထက်ဌာနတွေကလည်း လမ်းညွန်တာမရှိဘူး။ ပြောချင်တာကတော့ လုပ်စရာရှိတဲ့အလုပ်ကို ပုံမှန်ပဲ ဆက်လုပ်သွားဖို့ ရှိပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမား ၅ဝဝ ကျော်ကို ပထမဆုံးစမ်းသပ်ပြီး စေလွှတ်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်းလည်း ပြောသည်။
ဧပြီ ၂၃ ရက် ည ၁၁ နာရီခန့်တွင် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတား အနီး မြန်မာဘက်ခြမ်းတွင် ကားဖြင့် ဗုံးဖောက်ခွဲ ဖျက်ဆီးမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး မစိုရိမ်းရ သည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ကားဖြင့်ဗုံးဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ကားတစ်စီးအပါအဝင် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရုံးနှင့် လူနေအိမ် အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထိုင္း-ျမန္မာတံတားအနီး ဗုံးေပါက္ကြဲမႈျဖစ္ေသာ္လည္း ျမန္မာအလုပ္သမားေစလႊတ္မည့္လုပ္ငန္းမ်ား ရပ္တန႔္မႈ မရွိဘဲ ပုံမွန္အတိုင္းဆက္လက္ေဆာင္ရြက္
မ်ိဳးႀကီး (NP News) - ဧၿပီ ၂၅
ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတားအနီး ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေသာ္လည္း ထိုင္းႏိုင္ငံသို႔ ျမန္မာအလုပ္သမား ေစလႊတ္မည့္ လုပ္ငန္းမ်ားမွာ ရပ္တန႔္မႈမရွိဘဲ ပုံမွန္အတိုင္း ဆက္လုပ္ေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္း က NP News ကို ေျပာၾကားသည္။
အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက ယေန႔ ဧၿပီ ၂၅ ရက္ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ အထက္ပါကဲ့သို႔ ထည့္သြင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ထိုင္း-ျမန္မာခ်စ္ၾကည္ေရးတံတားအနီး ျမဝတီၿမိဳ႕ဘက္ျခမ္းတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ထိုင္းသို႔ အလုပ္သြား ေရာက္လုပ္ကိုင္ရန္စီစဥ္ထားသည့္ အလုပ္သမားမ်ားအေနျဖင့္ စိုးရိမ္မႈမ်ားရွိခဲ့ေၾကာင္း ၎တို႔က ေျပာဆိုထားသည္။
“ဒါနဲ႔ပတ္သက္ၿပီးေတာ့ ဒီအခ်ိန္အထိ ထိုင္းဘက္ကလည္း ဘာမွေျပာတာမရွိဘူး။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အထက္ဌာနေတြကလည္း လမ္းၫြန္တာမရွိဘူး။ ေျပာခ်င္တာကေတာ့ လုပ္စရာရွိတဲ့အလုပ္ကို ပုံမွန္ပဲ ဆက္လုပ္သြားဖို႔ ရွိပါတယ္” ဟု အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက ေျပာသည္။
ဆက္လက္ၿပီး ၎က ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္ ျမန္မာအလုပ္သမား ၅ဝဝ ေက်ာ္ကို ပထမဆုံးစမ္းသပ္ၿပီး ေစလႊတ္ရန္အတြက္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္းလည္း ေျပာသည္။
ဧၿပီ ၂၃ ရက္ ည ၁၁ နာရီခန႔္တြင္ ထိုင္း-ျမန္မာ အမွတ္(၁) ခ်စ္ၾကည္ေရးတံတား အနီး ျမန္မာဘက္ျခမ္းတြင္ ကားျဖင့္ ဗုံးေဖာက္ခြဲ ဖ်က္ဆီးမႈျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕ဝင္ ၂ ဦး မစိုရိမ္းရ သည့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။
ထို႔ျပင္ ကားျဖင့္ဗုံးေဖာက္ခြဲဖ်က္ဆီးခံရမႈေၾကာင့္ ကားတစ္စီးအပါအဝင္ လူဝင္မႈႀကီးၾကပ္ေရးစစ္ေဆး႐ုံးႏွင့္ လူေနအိမ္ အေဆာက္အဦးတစ္ခ်ိဳ႕ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။